သတင်းတို

မတ္တရာမှာ လေဖြတ်ဝေဒနာရှင် အမျိုးသားကို စစ်တပ်က လည်ပင်းလှီးသတ်သွား

"အကုန်လုံးက ရွာထဲက ရှောင်နေတဲ့အချိန် သူကကျန်ခဲ့တာ။ တွေ့ပြီးသတ်သွားတာလို့ သိရပါတယ်"

စလင်းက ရေနံမှော် စစ်တပ်စခန်းကုန်းကို PDF တွေတိုက်ခိုက် ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရဟုဆို

“ရဲဘော်အင်အားအနည်းဆုံးနဲ့ တိုက်ခိုက်ခဲ့တာ။ ပထမ ကျနော်တို့ပစ်တဲ့အချိန်မှာတော့ သူတို့ဘက်က ၂ ဦး သေဆုံးပြီး ၇ ဦးက ဒဏ်ရာရတယ်”

ပဲခူးရိုးမက CDM ဆင်ဦးစီးတွေနဲ့ ဆင် ၁၃ ကောင် ပြန်ရဖို့ စစ်ကောင်စီ ကြိုးစားနေ

"သူတို့ဆန္ဒနဲ့ CDM ဝင်လာတာကို နတ်တလင်းထွေအုပ်တို့၊ သစ်တောတို့က PDF တွေက ဆင်စခန်းကို PDF တိုက်လို့ ပါသွားတာဆိုပြီး အထက်ကိုလိမ်ပြီးတင်တာ။ အဲ့ဒါကို အထက်က လူကြီးဆိုသူတွေ ရောက်လာပြီး ပြန်ရဖို့ စည်းဝေးလုပ်တာ။ စစ်တပ်ဘက်က ဘယ်လိုလုပ်မယ်ဆိုတာတော့ မသိရသေးဘူး“

ဝက်လက်နယ်က စစ်ကောင်စီတပ်စွဲခဲ့တဲ့ကျေးရွာမှာ လူအရိုးစုတွေ တွေ့ရှိ

စစ်ကောင်စီတပ်တွေက စစ်ကိုင်း-ရွှေဘို မီးရထားသံလမ်းဘေးက သုံးဆင့်ကန်ကျေးရွာကို တလခွဲနည်းပါးအကြာ ဝင်ရောက်တပ်စွဲထားပြီးနောက် အောက်တိုဘာ ၁၇ ရက်က ပြန်ထွက်သွားလို့ ဒေသခံကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ ကျေးရွာထဲက မီးရှို့ခံထားရတဲ့ အရိုးတွေနဲ့ သုံးဆင့်ကန်ရွာရဲ့ မြောက်ဘက်က မြေကွက်လပ်တခုမှာ အလောင်း ၂ လောင်းကို တွေ့ခဲ့တာလို့ ဝက်လက်အခြေစိုက် နန်းတက်မင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ထီးချိုင့်မှာ အမျိုးသမီးတဦးကို စစ်အုပ်စုက ပစ်သတ်

“မနေ့ညက သူတို့ ၂ ယောက်ဆိုင်ပိတ်ပြီး မြို့ထဲပြန်လာတဲ့အချိန် အပစ်ခံလိုက်ရတယ်။ သူ (မသွန်းရတီ) ကဆုံးသွားတယ်။ တယောက်ကတော့ ဒဏ်ရာရသွားတယ်”

ရေဦးတိုက်ပွဲမှာ PDF ၁ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိ

"မိုင်းဆွဲတဲ့အချိန်မှာ ၆ ယောက်သေပြီး ၆ ယောက်ဒဏ်ရာရတာကို မျက်မြင်ပါပဲ။ ပြီးတော့ သေတဲ့ကောင်တွေကို ပျော်ဘွေရွာက နေအိမ်တွေနဲ့အတူ မီးရှို့ထားခဲ့တယ်။ ပုံပျက်နေတဲ့ အရိုးစုတွေကို တွေ့ခဲ့ရတယ်"

စပါးရိတ်ခွင့်နဲ့ မိုင်းဖြုတ်ပေးခ တောင်သူ ၁ ဦးလျှင် ကျပ် ၄၀,၀၀၀ စစ်တပ်ကို ပေးရ

"ငွေတောင်းတာကတော့ စစ်တပ်က မပါဘူး။ ကျေးရွာဆယ်အိမ်ခေါင်းတွေကနေတဆင့် တောင်းတာ။ မပေးချင်ပေမယ့်လည်း အသက်အန္တရာယ်စိုးရိမ်ရလို့ မပေးမနေရ ပေးနေရတာ"

အလုံမင်းဒေါင့်ဆိပ်ကမ်းက သစ်သယ်လာတဲ့ ဖလပ်ခွံ ၈ စီး တိုက်ခိုက်ခံရပြီး ၁ စီးသောင်တင်နေ

"ရှစ်စီးမြောက်ကို တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ပစ်ခတ်တာမှာ စလင်အခန်းထိတယ်၊ တိုက်ခိုက်ပြီးနောက်မှာ ‌မော်တော်ကြီးက ဂလန့်ထိုးပြီး သောင်တင်သွားတယ်၊ ကျနော်တို့ပစ်တာ ၁၅ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ ထိခိုက်သေဆုံးမှုကတော့ အခုထိမသိရသေးဘူး၊ ကျ‌နော်တို့စုံစမ်းနေဆဲပါ"

စစ်တပ်က ဒေသခံ ၂ ဦးကိုသတ်ပြီး ကျော်ဇေယျာရွာက နေအိမ် ၈ လုံးကို မီးရှို့

"အသတ်ခံရတဲ့ ၂ ယောက်က ဖမ်းခံရပြီးမှ ပစ်သတ်သွားတာ။ ပြီးမှနေအိမ်တွေကို မီးရှို့တာ။ ညတော့ မအိပ်ခဲ့ဘူး"

ကျောက်ရစ်ရဲစခန်းနဲ့စစ်ကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ ၁၀ ဦးခန့် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၁၀၀ လောက်တပ်စွဲနေတဲ့ ကျောက်ရစ်ရဲကင်းစခန်းနဲ့ စခန်းကနေ ကင်းရွာဘက်ကို စစ်သားအင်အား ၃၀ ကျော် နဲ့စစ်ကြောင်းထွက်တဲ့အဖွဲ့တို့ကို တပြိုင်နက်တည်း ဒရုန်း ၁ စီး၊ မောင်းသူမဲ့လေယာဥ် ၂ စီးတို့နဲ့ ဗုံးသီး ၉ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကာကွယ်ရေးအဖွဲ့စခန်းတွေကို စုံစမ်းနေတဲ့ စစ်ကောင်စီသတင်းပေးဆိုသူကို PDF က ပစ်ခတ်ရှင်းလင်း

"ပြည်သူတွေရဲ့တိုင်ကြားမှုကြောင့် စကစ သတင်းပေးဆိုတာ အတည်ပြုပြီးနေအိမ်မှာဘဲ ၄ ချက်ပစ် ရှင်းခဲ့တာ။ သူမိသားစုဝင်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး" လို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၁ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကျောက်တံခါးမြို့နယ်က အုပ်ချူပ်ရေးမှူးလင်မယားနဲ့ ပျူ  ၂ ဦးကို PDF က ရှင်းလင်း

“အုပ်ကြီးလင်မယားနဲ့ ပျူစောထီး ၂ ယောက်က စစ်ကောင်စီရဲ့သတင်းပေးတွေ။ သေချာသတင်းယူပြီးမှ ရှင်းလင်းခဲ့တာပါ။ ပျူစောထီးတွေကို ရှင်းတဲ့နေရာနဲ့ အုပ်ကြီးကိုရှင်းတဲ့နေရာက သိပ်မဝေးဘူး။ ပွဲချင်းပြီးပဲ” လို့ HERO ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူ ကိုမိုးကြိုးက ပြောပါတယ်။

ယင်းမာပင်မှာ အရပ်သား ၆ ဦးကိုသတ်သွားတဲ့ စစ်ကြောင်းက ပြည်သူ ၁ ဦးကို ထပ်မံသတ်သွား

"စစ်ကြောင်းက လာဘို့ရွာထဲကို၀င်ပြီး လမ်းမှာတွေ့တဲ့ ပြည်သူတယောက်ကိုသတ်သွားတာ။ အရင်ရက်က လူ ၆ ယောက်ကိုသတ်ခဲ့တဲ့ စစ်ကြောင်းပဲ"လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကိုပြောပါတယ်။

ချောင်းဦးမှာ ရဲတပ်သား ၂ ဦးကို PDFက ပစ်ခတ်ရှင်းလင်း

အသတ်ခံရသူ ၂ ဦးမှာ ကံဇီးကျေးရွာထဲ စစ်ကောင်စီတပ်နဲ့ပေါင်းကာ တပ်စွဲနေတဲ့ ရဲတပ်သား ထွန်းကျော်စွာ၊ အောင်ဆန်းမြင့်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးကို မုံရွာခရိုင် အမှတ် ၅ တပ်ရင်း - Aung San Force က ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ညောင်လေးပင်မှာ ဒေသခံတွေပိုင် နွား၊ ကျွဲ ရာချီကို စစ်ကောင်စီတပ်ဖွဲ့တွေက ရောင်းစားနေဟုဆို

"စစ်တပ်မထောက်ခံတဲ့ ဒေသခံအများစုက အရင်ကတည်းက စစ်ရှောင်နေကြရတာ။ ပြီးခဲ့တဲ့ နောက်ဆုံးတိုက်ပွဲ မဖြစ်ခင်က မပြေးဘဲနေသူဆိုလို့ စကစနဲ့ပတ်သက်သူတွေလို့ ဆိုရမယ့်သူတွေနဲ့ အိမ်စောင့်လောက်ကျန်တဲ့သူတွေပဲ။ တကယ် တိုက်ပွဲဖြစ်ချိန်ကျတော့ သူတို့လည်း ပြေးရတော့ သူတို့ဟာတွေက အများဆုံးကျန်တာ" လို့ အထက်ပါ ဒေသခံကဆက်ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10