သတင်းတို

ဒီပဲယင်း ဝဘာရွာကို စစ်တပ်မီးရှို့၊ အနီးနားက ရွာခံ ထောင်ချီ ထွက်ပြေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၂၁ ရက် မနေ့ မနက် ၁၁ နာရီကျော်မှာ စစ်ကြောင်းထိုးကာ ကျေးရွာ ၁ ရွာကို မီးရှို့တာကြောင့် နောက်ထပ်ကျေးရွာ ၁၀ ရွာခန့်က ဒေသခံထောင်ချီပြီး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမှာ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

"သူတို့(စကစနဲ့ရဲ)တွေက ပြည်ကားတွေနဲ့ လိုက်လာပြီးတော့ ကျနော်တို့ဂိတ်ကိုမရောက်မီ မီတာ ၃၀၀ လောက်မှာဆင်းပြီးတော့ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခတ်တာ”

ကျောက်ကြီးမှာ မြေးအဖိုး ၂ ဦး ပစ်သတ်ခံရ

"သူတို့က စစ်ရှောင်နေရာကနေ ထိုင်းသွားမယ်ဆိုပြီး မျက်ရဲက နေအိမ်မှာ လိုအပ်တဲ့ အဝတ်အစားနဲ့ စာရွက်စာတမ်းတွေ ပြန်ယူပြီး လပတ်ကို ပြန်လာချိန်မှာ ပစ်သတ်ခံရတာ"

မုံရွာထောင်က ထောင်ပိုင်နဲ့ ၀န်ထမ်းတချို့ ထုတ်ပယ်ခံရ၊ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်/ကျဉ်းတွေကိုလည်း ထပ်တိုးပုဒ်မနဲ့တရားစွဲ

"အခုဖြုတ်ခံရတဲ့ ထောင်ပိုင်နဲ့ ၀န်ထမ်းတွေက တောင်းဆိုသမျှကို လိုက်လျောတဲ့လူတွေမဟုတ်သလို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး တောင်းဆိုမှုကို လိုက်လျောပေးလို့ရတဲ့ အခြေအနေလည်း မဟုတ်ဘူး ။ အထက်အမိန့်အရ အကုန်လုပ်ရတာ"

မုံရွာမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ "ဘူးသပိတ်" ပြုလုပ်

"စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲဖို့ ပြောချင်ပါတယ်။ တော်လှန်ရေးရဲ့ ဒေါက်တိုင်ပစ္စည်းတွေဖြစ်လို့ ပြည်သူတွေ ဘူးသပိတ်မှာ ပါဝင်ပေးကြပါ"

စစ်ရှောင်နဲ့ CDM တွေစားသုံးဖို့ S&C အဖွဲ့က သီးနှံတွေထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်တချို့မှာ စားသောက်ဖို့ခက်ခဲနေတဲ့ ပြည်သူတွေအတွက် ဇူလိုင်လအတွင်းမှာ အသီးအနှံတွေစိုက်ပျိုးထောက်ပံ့နေပြီး၊ စိုက်ခင်းထပ်မံတိုးချဲ့ဖို့အတွက်လည်း လုပ်ကိုင်နေတယ်လို့ မီးဘေး၊ စစ်ဘေးနဲ့ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ S&C ထံက သိရပါတယ်။

ကန့်ဘလူနယ် ယောရွာက ကင်းလှည့်ပျူအဖွဲ့  ခြုံခိုတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

“ကျနော်တို့ရှေ့တင် ၃ ယောက်လဲသွားတာ တွေ့တယ်။ နောက်ဆက်တွဲကတော့ ပြန်လိုက်နေတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေ မရှိဘူး။”

စစ်အုပ်စု တပ်စွဲခဲ့တဲ့ ကျေးရွာမှာ လူအရိုးစုတွေ တွေ့ရှိ (ရုပ်/သံ)

စစ်ကောင်စီတပ်စွဲခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ကျေးရွာအနီးမှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံတွေရဲ့အလောင်းတွေနဲ့ မီးရှို့ခံထားရတဲ့ အရိုးစုတွေ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယင်းမာပင်နဲ့ရေဦးမှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

အောက်တိုဘာ၂၁ ရက် ဒီမနက် ၁ နာရီကျော်မှာ ယင်းမာပင်မြို့နယ်က ပျူစောထီးတွေနဲ့ စစ်ကောင်စီ တပ်သားအင်အား ၁၀၀ ခန့် တပ်စွဲနေတဲ့ ဘန်ဘွေးကျေးရွာကို ၆၀ မမ၊ ၈၀ မမ၊၁၂၀ မမ တို့နဲ့ နာရီဝက်အကြာသွားရောက် တိုက်ခိုက်ခဲ့တာလို့ Black Vote Fighter မှ တာဝန်ရှိသူတဦး က ပြောပါတယ်။

ဒီပဲယင်းမြို့နယ်က ဝဘာရွာကို စစ်တပ်မီးရှို့၊ အနီးနားက ရွာခံ ထောင်ချီ ထွက်ပြေးနေရ

"ရွာသားတွေကတော့ စစ်ကြောင်းမဝင်ခင်ကတည်းက သတင်းရလို့ ထွက်ပြေးသွားပြီ။ ရွာမှာ လူတယောက်မှမရှိချိန် မီးရှို့တာ။ အိမ်ဘယ်လောက်ပျက်စီးနေလဲ မသိရသေးဘူး"

ဖြူးမြို့နယ်က လှုပ်ရှားစစ်ကြောင်းနဲ့ တံတားစောင့်အဖွဲ့ကို PDF က ဒရုန်းနဲ့တိုက်ခိုက်

"ပစ်မှတ်ကို တည့်ထိမှန်လို့ စကစဘက်က ထိခိုက်သေဆုံးရှိတယ်။ သူတို့ဘက်ကလည်း စက်လတ်တွေနဲ့ ဒရုန်းကို ပြန်ပစ်တာရှိတယ်"

ဒီပဲယင်းမြို့တွင်းက စစ်တပ်အထိုင်ချနေရာကို PDF တွေက ၆၀ မမနဲ့ သွားရောက်ပစ်ခတ်

“သူတို့ကို မီတာ ၁,၅၀၀ လောက်အကွာမှာ သွားပစ်ခဲ့တယ်။ ထိခိုက်မှုတော့ ရှိနိုင်တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ အချိန်မှာ မီးခိုးလုံးတွေလည်း တက်သွားတာတွေ့တယ်။ ပစ်မှတ်လည်း တိတိကျကျ ရောက်တယ်။ သူတို့ဘက်ကတော့ ကျနော်တို့ကို ပြန်ပစ်တာမျိုးမရှိဘူး”

ရဲတပ်သား ၁ ဦး လက်နက်နဲ့အတူ ဖမ်းဆီးရမိထားကြောင်း ပခုက္ကူပကဖ ထုတ်ပြန်လာ

" ဖမ်းဆီးရမိထားတာတော့ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မထုတ်ပြန်ဖြစ်တာပါ။ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ စစ်သုံ့ပန်းဥပဒေအရပဲ ထားမှာပါ"

ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး အညာမှာ ဘာတွေလုပ်နေလဲ (ရုပ်/သံ)

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Monywa People Defence Force(MPDF) ကို ဇွန်လ ၆ ရက် ၂၀၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဗမာတစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက်ရည်ရွယ်ပြီး MPDF ကို ဖျက်သိမ်းကာ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး Burma Liberation Democratic Front - BLDF ကို တပ်ခွဲ ၆ ခုနဲ့ ၂၀၂၂ ခုနှစ်အစပိုင်းမှာ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

ကပစတပ်က တပ်ကြပ်ကြီးတဦး ရှေ့တန်းပို့ခံရပြီး စစ်မတိုက်ဘဲပြန်လာလို့ စစ်ကြောရေးမှာ သတ်ခံရ

"ဖြစ်စဉ်က ဟုတ်ပါတယ်။ သူ့ကိုဖမ်းပြီးနှိပ်စက်တာ လက်လွန်သွားပြီး ဆေးရုံအပို့ လမ်းမှာသေသွားတာ။ မိသားစုကိုတော့ ဖြစ်စဉ်အမှန်ကို မပြောထားဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10