သတင်းတို

ပဲခူးမြို့ရှောင်လမ်းရှိ စစ်ကောင်စီထောက်ပို့တပ် တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများရှိ

"၄၀ မမနဲ့သွားပစ်ကြတာ။ အဲ့ဂိတ်မှာက စစ်ကောင်စီတပ်သားတွေက လူဦးရေက ပုံမှန်တော့မရှိဘူး။ ၅ ဦးရှိရင်လည်းရှိတယ်။ အဲ့ထက်ပိုရှိရင်လည်းရှိတယ်။ ပစ်ခတ်မှုကတော့ သိပ်မကြာလိုက်ပါဘူး"

ကျဆုံးရဲဘော်ရဲ့ ကျန်ရစ်သူ ချို့တဲ့မိသားစုဝင် ၅ ဦးကို ထောက်ပံ့ဖို့ အကူအညီလိုအပ်နေ

"ရဲဘော်ရဲ့မိသားစုကို မထောက်ပံ့နိုင်သေးပါဘူး။ သူတို့က လက်လုပ်လက်စားတွေဆိုတော့ ချို့တဲ့ကြတယ်။ ထောက်ပံ့ပေးဖို့ အကူအညီလိုအပ်နေတာပါ"

ဒီပဲယင်းမှာ ၃ ရက်ကြာစစ်ကြောင်းထိုးခဲ့တဲ့ ခမရ ၇၁ က အမျိုးသား ၂ ဦးကို သတ်ပြီး ကားဆိုင်ကယ်တွေကို မီးရှို့

"ဦးဝင်းအောင်ကို ပုဂံရွာနားက ငရုတ်ခင်းမှာ ပစ်သတ်ထားခဲ့တာ။ သူ့ရဲ့အလောင်းကို ဒေသခံတွေရွာကို ပြန်ဝင်လာချိန်မှာ တွေ့ရတာ"

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရလို့သေဆုံး

ပစ်ခတ်ခံရသူဟာ အသက် ၄၅ နှစ်ဝန်းကျင် ကြို့ကိုးပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းဖြစ်ပြီး အောက်တိုဘာလ ၄ ရက် ဒီကနေ့ မနက် ၈နာရီခွဲဝန်းကျင်မှာ နေအိမ်ကနေ ဆိုင်ကယ် နဲ့ ထွက်လာချိန် အနီးကပ် သေနတ်နဲ့ ၈ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

နွားထိုးကြီးမှာ စစ်အုပ်စုစီးနင်းလာတဲ့ အိမ်စီးကား ၂ စီးကို PDF က မိုင်းဆွဲ

မိုင်းဆွဲခံလိုက်ရတဲ့ကားတွေပေါ်က စစ်သားနဲ့ ရဲတွေက နွားထိုးကြီးမြို့ကို သွားရာလမ်းတလျောက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ဒေသခံတွေထိခိုက်မှု ရှိ၊မရှိကို မသိရသေးဘူးလို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ လူဦးရေစာရင်းကောက်နေ

"ရွာထဲမှာ လက်နက်တကားကားနဲ့ တအိမ်တက်ဆင်း လာပြီးမေးတာ။ပြီးတော့မှ မှတ်ပုံတင်နဲ့အိမ်ထောင်စုဇယားကိုယူပြီး စကစကသတ်မှတ်တဲ့ ဘုန်းကြီးကျောင်း စုရပ်ကိုသွားပြီးမှ သူတို့မေးသမျှ ဖြေရတာ။ အိမ်မှာ ဘယ်နှစ်ဦးနေလဲ၊ ဘာလုပ်လဲ၊ ဘယ်သွားလဲ အကုန်မေးတာ။ ဘာကြောင့်ကောက်ခံတယ်ဆိုတာကိုတော့ ပြောတာမရှိဘူး"

အင်းတော်မှာ ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

ဦးဉာဏိကဟာ သူနေထိုင်ရာဘုန်းကြီးကျောင်းမှာရှိနေစဉ် အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်သူ အမျိုးသား ၃ ဦးက စက်တင်ဘာ ၂၇ ရက် ညပိုင်းမှာ ဆိုင်ကယ် ၂ စီးနဲ့လာရောက်ဖမ်းဆီးသွားပြီးနောက် ၅ ရက်အကြာမှာ အခုလိုအလောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

"အဲ့နေ့က သူတို့က PDF တွေရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးရမ်းပစ်တာ။ ရွာပြင်လယ်ကွက်တွေထဲလည်း ကျတယ်။ ရွာထဲကျတော့ လူထိတယ်။ အစမှန်တဲ့ နှစ်ယောက်က အိမ်နီးနားချင်းတွေပါ"

မြိုင်မှာ နေအိမ် ၂ လုံးနဲ့ တဲ ၁ လုံးကို စစ်တပ်က မီးရှို့

“သူတို့ဘက်က အထိနာသွားလို့ထင်တယ်။ ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပြီးတော့ ရွာရဲ့အစွန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ခဏတဖြုတ်နားတဲ့ ကမ့်(တဲ)လေးတခုရှိတယ်။ အဲဒီကမ့်လေးကို မီးရှို့တယ်။ နောက်ပြီး အဲဒီကမ့်နဲ့နီးတဲ့ ရွာစပ်က နေအိမ် ၂ လုံးကို မီးရှို့သွားတာ”

စစ်စခန်းနားထိကပ်ကာ စနိုက်ပါနဲ့ပစ်ခံရလို့ စစ်သား ၁ ဦးသေဆုံး

"လမ်းအနောက်ဘက် ကင်းဘန်ကာကနေ ထွက်လာတဲ့ ခွေးတကောင်ကို ကျနော်တို့တွေ့တယ်။ ဘောင်းဘီအရှည်နဲ့ အင်္ကျီအဖြူ ချိုင်းပြတ်(ဂျိုင်းပြတ်) ဝတ်ထားတယ်။ သူကိုင်တဲ့သေနတ်က အူစီ ဒင်ကအနီရောင်လေးနဲ့ အဲဒါတွေပါမြင်ရတယ်။ သူ့ကိုတွေ့တော့ ကျ‌နော်တို့က စနိုက်ပါ ၂ လက်နဲ့ တပြိုင်နက်တည်း ပစ်လိုက်တာ။ အဲ့ဒီခွေးကတော့ တခါတည်းဆိုက်လဲကျပြီး သေသွားတယ်။"

တိုက်ပွဲနားချိန်မှာ ပြည်သူအကျိုးပြုလုပ်ငန်းတွေ ကူညီလုပ်ပေးနေတဲ့ YPDF တပ်ဖွဲ့

" ပြည်သူမှပြည်သူသို့ ဆိုတဲ့အတိုင်း ကူညီရတာပါ။ တော်လှန်ရေးမှာ ပြည်သူတရပ်လုံး ပါဝင်မှ အောင်နိုင်မယ်။ တိုက်ပွဲဝင်ရင်းနဲ့ ပြည်သူကိုလည်း စည်းရုံးရင်း နိုင်သမျှကူညီပေးဖြစ်ပါတယ် "

အထူးကွန်မန်ဒိုတွေရဲ့ တိုက်ခိုက်တာခံရလို့ ဆက်ကြေးကောက်နေတဲ့ ဒုရဲအုပ် ၁ ဦးနဲ့ ရဲတပ်ကြပ် ၂ ဦးသေဆုံး

"လမ်းဘက်ကိုထွက်ပြီး ဆက်ကြေးကောက်တဲ့ ကောင်တွေကို ကျနော်တို့က လမ်းခုလတ်မှာပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ နောက်ပြီးတော့ ကျနော်တို့ ဂန်း ၃ လက်ရခဲ့တယ်၊ ရဲ** ၃ ကောင်သေတယ်၊ အနီးကပ်တိုက်ခိုက်ခဲ့တာ၊ ၇ မီတာပဲဝေးတာ၊ တပွင့်ဗိုလ် ဒုရဲအုပ်နဲ့ ရဲတပ်ကြပ် ၂ ယောက်သေတာ"

မတ္တရာ-မိုးကုတ်ကားလမ်းပေါ်မှာ ပျူစောထီးကားတိုက်ခိုက်ခံရ

"နှစ်ဖက် အပြန်အလှန်ပစ်ကြတာ။ တော်တော်ကြာတယ်။ ခဏနေတော့ စစ်တပ်က စစ်ကူတွေရောက်လာပြီး နာရေးကားတွေလည်းရောက်လာတယ်"

မြိုင်နယ်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ စစ်တပ်က ဒေသခံတဦးကိုသတ်သွား (ရုပ်/သံ)

“စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေကို လွတ်လာတဲ့ ၂ ယောက်က ပြောပြတယ်။ သူတို့ ၂ ယောက်ကို ဘုန်းကြီးကျောင်းထဲမှာဖမ်းထားတော့ သူတို့တွေ့ရတယ်။ ကယ်ကြပါဦး ဆိုတာတွေလည်း ကြားရတယ်။ တပ်ကြပ်တယောက် သေသွားတာကိုတော့ ကျနော်တို့အတွင်း သတင်းကနေကြားရတာပါ။”

ဝေါက ကျေးရွာ ၃ ရွာကို စစ်တပ်က အဝင်အထွက်ပိတ်ထားလို့ ဒေသခံတွေ အခက်တွေ့

"အပြင်စျေးသည်တွေလည်း မဝင်ရ။ ရွာက လူတွေလည်း အပြင်ထွက် အလုပ်လုပ်မရတော့ ငတ်တော့မယ့် သဘောရှိနေတယ်။ ခုတော့ ရှိတာချွေတာစားနေရတယ်။ လက်ပံရွာက အဆိုးဆုံးပဲ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10