သတင်းတို

မြောင်က ကျောက်ရစ်ရဲစခန်းကို ရှော့တိုက်ဒုံး ၆ လုံးနဲ့ PDFပူးပေါင်းအဖွဲ့က တိုက်ခိုက်

"၆ လုံးပစ်တာမှာ ၄ လုံးက စခန်းထဲကိုကျတယ်။ ကျန် ၂ လုံးမှာ ၁ လုံးကကျော်ကျသွားပြီး တလုံးက မရောက်လိုက်ဘူး။ သေဆုံး၊ ဒဏ်ရာရစာရင်းမသိရသေးဘူး" လို့ လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ- ၃ )မှ တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။

ပုလဲနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ကို လက်နက်ကြီးမျိုးစုံနဲ့ တိုက်ခိုက်လို့ ၁ ဦး သေဆုံးဟုဆို

"မိနစ် ၄၀ အတွင်း ဆက်တိုက်ပစ်တော့သူတို့ဘက်က ခါတိုင်းလို ပြန်ပစ်တာမျိုးတော့မရှိဘူး။ အိပ်ချင်မူးတူးနဲ့ လက်နက်ငယ်နဲ့ပြန်ပစ်တာပဲရှိတယ်။ လက်နက်ကြီးနဲ့ပြန်ပစ်တာမျိုးလည်းမရှိသလို ပစ်ပြီးအမြန်ပြန်ဆုတ်လာတော့ ကျနော်တို့ဘက်က ထိခိုက်တာမျိုးမရှိဘူး"လို့ DRPAရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဘဏ် လုံခြုံရေးတဲထဲက စစ်သားတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရလို့ ၁ ဦး ထိခိုက်ဒဏ်ရာရ

"ရှောင်တခင်ဝင်ပြီး ချောက်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဗုံးနှစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပါတယ်။ ပထမ တလုံးက error တက်ပြီး မကွဲဘူး၊ ဒုတိယ တလုံးကိုပစ်သွင်းလိုက်တဲ့အခါမှာ စီးပွားရေးဘဏ်ရဲ့ အတွင်းမှာလုံခြုံရေးယူနေတဲ့ တဲထဲကို တည့်တည့်ကျရောက်ပြီးတော့ ပြင်းထန်စွာပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲခဲ့တာမှာ မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေးယူနေတဲ့ စစ်** တယောက်ထိမှန်ပြီးတော့ နေရာမှာတင် လဲကျသွားတာမြင်တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူဦးရေ များပြားနိုင်တယ်" လို့ ဗိုလ်ပေတ က ပြောပါတယ်။

နတ်မောက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးဆိုသူ ရှင်းလင်းခံရ

“သူ့နေအိမ်က သော့ခတ်ထားတာ၊ သော့ကိုရိုက်ဖျက်ပြီးတော့ ကျနော်တို့ဝင်တယ်၊ သူကထွက်ပြေးတဲ့ အပြေးမှာ နောက်ကနေပစ်တာ၊ ပစ်တော့ ပထမ ၁ ချက်မှာတင် ထိပြီးသေသွားတာ၊ နောက်ကျောမှန်ပြီး ရင်ဘတ်ပွင့်ထွက်သွားတာ၊ ၃ ချက်ပစ်ခတ်ခဲ့တယ်”

နေပြည်တော် အကြမ်းဖက်နှိမ်နှင်းရေးသင်တန်းက အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေး

“ သူတို့သင်တန်းတက်ဖို့ အရွေးခံရပြီး နေပြည်တော် မိုးဆွေသင်တန်းကျောင်းကို ရောက်တာ သိပ်မကြာသေးဘူးလို့သိရတယ်။ အဲ့ဒီသင်တန်းဝင်ခွင့်ရဖို့က ဆေးပြန်စစ်ရတယ်။ သိုက်ချောင်း ကုတင် ၁၀၀၀ ကို ဆေးစစ်ဖို့သွားတာကနေ ဆေးစစ်ဖို့ စောင့်နေကြတုန်း ဆေးရုံကနေထွက်ပြေးသွားတာ “

ABSDF Column - 3 တပ်ရင်းရိက္ခာဖူလုံရေး စပါးနဲ့ စားသုံးသီးနှံတွေ စိုက်ပျိုး

“တပ်ရိက္ခာရယ် လက်ရှိကပြည်သူတွေက အာဏာသိမ်းလို့ကြပ်တည်းလာလို့ ကျနော်တို့လည်းစိုက်ခင်းတွေကို တည်ဆောက်ပြီးတော့ ကိုယ့်ရိက္ခာကိုယ် ဖြည့်တင်းဖို့ရည်ရွယ်တာပါ။ ပြည်သူတွေကြပ်တည်းလာရင်လည်း ထွက်ရှိလာတဲ့သီးနှံတွေကို ပြန်လည်မျှဝေသွားမှာပါ"

၆၀ မမကျည်အစ ထိမှန်လို့ အဒေါ်ဖြစ်သူနဲ့ တူမတို့ ဆေးရုံတင်ထားရ

“အဲ့ဒီရွာနှစ်ရွာက အကွာအဝေး တမိုင်လောက်ပဲရှိတယ်။ မကြာမကြာ ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိတယ်။ ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲနဲ့ ဒီအတိုင်းရွာတွေဘက်ကို ပစ်နေတာ ရွာသားတွေလည်း လက်နက်ကြီးပစ်တုန်းခဏပဲရှောင်ရတာ အခုရွာသားတွေ ရွာထဲမှာပြန်ရောက်နေပါပြီ”

မန္တလေးမှ ဗန်းမော် ဆန်တက်သွားတဲ့ စစ်သင်္ဘောက ရမ်းပစ်လို့ သားအမိ ၂ ဦးဒဏ်ရာရ

"မန်းလေးကနေ ထွက်လာတဲ့ သင်္ဘောတွေက မင်းကွန်းမှာ တထောင့်နားကြတယ်။ အဲကနေ ဆက်သွား တဲ့အချိန်မှာ ရှေ့ပြေးသင်္ဘောက စက်လက်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကျည်ထိသွားတာ"လို့ မတ္တရာဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

မတ္တရာ၊ ညောင်အုပ်ကျေးရွာက ဒေသခံနှစ်ဦးထပ်မံ အသတ်ခံရ

"ဒီနေ့​(ဇူလိုင် ၂၆) မနက်ရတဲ့သတင်းအရတော့ စစ်တပ်က ရွာထဲမှာ အပိုင်းသုံးပိုင်းခွဲပြီး နေရာသုံးခုမှာ တပ်စွဲထားတယ်။ ရွာအရှေ့ပိုင်းမှာ လူနှစ်ယောက်ထပ်သတ်ခံထားရတယ်လို့ သတင်းရတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၏ ပြည်ထဲရေးဌာန ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ အမည်မဖော်လိုတဲ့ မြို့နယ်ရဲမှူးက ပြောပါတယ်။

ရေစကြိုမှာ ရိက္ခာလာပို့တဲ့ကား မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူတွေရှိ

“အရင်က တောင်ပေါ်မှာရိက္ခာပျက်လို့ရှိရင် တောင်အောက်ဆင်းပြီး အနီးနားရွာတွေဆီကနေ အဆင့်ဆင့်ယူကြတာ၊ ယူတဲ့အချိန်မှာလည်း ကာကွယ်ရေးအဖွဲ့တွေနဲ့ ခဏခဏတိုက်ပွဲဖြစ်လို့ အခုဆို ရိက္ခာပို့မယ်ဆိုရင် သူတို့စစ်ကြောင်းထိုးတဲ့ ပုံစံမျိုးနဲ့လာပို့နေရတာ။ ထိခိုက်တာတွေကတော့ မိုင်းဆွဲလိုက်တဲ့အချိန် စစ်***တွေလဲကျသွားတာတွေ တွေ့ရတယ်” လို့ Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံ ကို ပြောပါတယ်။

နံဇက စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၇ဦးသေပြီး သေနတ် ၅ လက် သိမ်းဆည်းရမိ

"စစ်ကောင်စီတပ်ရှိနေတဲ့ နေရာကိုပူးပေါင်းတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာ။ အတော်ကြာပစ်ခတ်ပြီးမှ စကစ ဘက်ကထိခိုက်ကျဆုံးများစွာနဲ့ ပြန်ဆုတ်သွားတယ်။"လို့် တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက် ပျူခေါင်းဆောင် ဦးမြင့်သိန်း ပစ်သတ်ခံရ

"ကျနော်တို့က အခြားမစ်ရှင်တခုနဲ့ သွားရမှာ သူ့ကိုဆိုင်ထဲမှာတွေ့လို့ ရှင်းလိုက်တာပါ။ သူကလည်း သူ့ကိုရှင်းလင်းချိန်မှာ ပြန်လည်ခုခံတာတွေ လုပ်တာရှိတယ်။ ၄ ချက်ပစ်ခတ်ခဲ့တာပါ" လို့ people Defense Force Column 1 တာဝန်ရှိသူက ပြောပါတယ်။

ပြည်မြို့မှာ ကားတစီး လမ်းဘေးသစ်ပင်ဝင်တိုက်ပြီး ယာဉ်မောင်း ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

"ကားက ဘယ်ကလာတယ်ဆိုတာ မသိရပါဘူး။ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိတာ။ ကားထဲမှာ အမျိုးသား ၃ ဦး ညှပ်ပြီး ပိတ်မိနေလို့ ဝိုင်းဝန်းကယ်ထုတ်ခဲ့ရတယ်" လို့ ပရဟိတပါရမီအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးအတုကို စနိုက်ပါနဲ့ ပစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရလို့ စခန်းမှူးအပါ ၂ ဦး ဒဏ်ရာပြင်းထန်ရ

"ကျနော်တို့က ပထမ ရှောင်တခင်မြို့တွင်းကိုဝင်ရောက်ပြီး မိုင်း ၂ လုံးဆင်ထားပါတယ်၊ စစ်** ရဲ**တွေအလာကိုစောင့်နေတဲ့အချိန်မှာ ဗိုလ်အိမ်နံပါတ် ၆၀ ကနေ ကားနဲ့ ချောက်မြို့နယ်စခန်းမှူးအပါ ၅ ဦး ရောက်လာပါတယ်။ ဗုံးအတုတလုံးကိုလည်း ကျနော်တို့ထောင်ထားတဲ့နေရာရဲ့ မျက်နှာချင်းဆိုင် ကြံ့ခိုင်ရေးရုံးရှေ့မှာ မြင်သာအောင်ချထားတယ်။ဗုံးအတုကို သူတို့ကတွေ့သွားပြီး စနိုက်ပါနဲ့ မတ်တပ်ရပ်ပြီး ၃ ချက်ပစ်ပြီးတော့ ဖောက်ခွဲဖျက်ဆီးကြတယ်။ စခန်းမှူးနဲ့စစ်ခွေး ၁ ကောင်က ကျနော်တို့မိုင်းဆင်ထားတဲ့နေရာကို လျှောက်လာတဲ့အခါ မိုင်းရဲ့တည့်တည့်နီးပါးရောက်တဲ့အချိန် ဖောက်ခွဲဖျက်ဆီးလိုက်နိုင်တယ်" လို့ Chauk Guerrilla Force ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။

ပေါက်နဲ့မြိုင်မှာ တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

"ပေါက်မြို့ အုံးတောရွာအရှေ့ဘက် စစ်ဆေးရေးဂိတ်မှာ စစ်** အကောင် ၃၀ နဲ့ ပျူ ၁၀ ကောင်ကျော်လောက်က စစ်ဆေးနေတာ။ ဂိတ်ထဲကနေ ၇ ယောက်ထွက်လိုက် ၅ ယောက်ထွက်လိုက် စစ်ဆေးနေတာကို ကျနော်တို့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ စစ်** ၄ ကောင်သေပြီး ၁ ကောင်ဒဏ်ရာရတယ်။ ပြီးတော့ ညနေ ၅ နာရီ ၂၀ မိနစ်မှာ မြိုင်မြို့နယ်၊ ကန်နီပျူရွာက စစ်အုပ်စုကို ကျနော်တို့အဖွဲ့တွေက ချောင်းပြီးပစ်ခတ်ခဲ့တယ်။ အဲဒါကသိပ်မကြာဘူး ၇ မိနစ်လောက်ပဲကြာတယ်။ သူတို့ဘက်က ၁ ကောင်လဲကျသွားတယ်။ ညက အမိန့်ပြန်တယ်"လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10