သတင်းတို

ခမ်းပတ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတဦး သေဆုံး

“အခုထိလည်းတိုက်ပွဲကမပြီးသေးဘူး၊ အခုလည်း တိုက်ပွဲကဖြစ်နေတာပါ၊ ထိခိုက်သေဆုံးတာကတော့ ဒေသခံဘက်က တယောက်တော့ကြားတယ်၊ သေဆုံးတာက အမျိုးသားလို့တော့ ကြားထားတယ်၊ ခမ်းပတ်ဒေသခံတဦးပါ”

ကျောက်ရစ်ရွာစစ်စခန်းကို ကျားခင်စိန်က ၄၀ မမနဲ့ပစ်ခတ်၊ စစ်တပ်ကင်းပုန်းအဖွဲ့နဲ့လည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်

“ကျနော်တို့က M 79 ၄၀ မမ တကမ်းကနေလှမ်းထုတာ။ ၁ ချက်ပဲပစ်ခတ်နိုင်ခဲ့တယ်။ ပစ်တာကတော့ သုံး၊ လေးချက်လောက်ပစ်ဖို့ပါ။ စစ်ကောင်စီရဲ့ကင်းပုန်းတွေရှိတာကြောင့် ကာကွယ်ရေးအဖွဲ့တွေက ကာပစ် ပစ်ပေးရင်းကနေ ပစ်ရတာမို့ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်။ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး” လို့ T.G.R Wormen Drone Force ကျားခင်စိန်က မြေလတ်အသံကို ပြောပါတယ်။

ခင်ဦးနယ်က ရွာတွေကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ၃ ဦးဒဏ်ရာရ၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးရပြန်

"စစ်** တွေက သိမ်တော်ရွာကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ဒီနယ်ထဲမှာ အဲ့ဒီစစ်ကြောင်းပတ်မွှေနေတာ။ ရွာ ၆ ရွာကပြည်သူတွေမိုးထဲရေထဲမှာ စစ်ဘေးရှောင်နေရတယ်။ ပြည်သူ ၃ ဦးဒဏ်ရာရထားတယ်။ စိုးရိမ်ရလားဆိုတာ မသိရသေးဘူး" လို့ ခင်ဦးဒေသခံ ကိုရန်ငြိမ်းက မြေလတ်အသံကို ပြောပါတယ်။

ကျပ် ၂၀,၀၀၀ တန်ထုတ်မယ့်သတင်းကြောင့် ရွှေဈေးခုန်တက်၊ ရွှေဆိုင်တွေအရောင်းကန့်သတ်

"အခုထိ စျေးကွက်က ပွင့်မလာသေးဘူး။ ပွင့်မလာဘူးဆိုတာက ရွှေလုပ်ငန်းရှင်များ အသင်းက ချလာပေး တဲ့သတ်မှတ် သိန်းနှစ်ဆယ်ကျော်ဆိုတဲ့စျေးရှိတယ်။ ပုံမှန်တောင် ၃၃ သိန်းကျော် ပေါက်နေတာ။ ဘယ်လိုလုပ် အဲဒီစျေးနဲ့အရောင်းအဝယ်လုပ်လို့ ရမလဲ။ အခုက ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ အဲတာကိုမှ အခုက ကုန်သည် ရော၊ ပြည်သူရောက အဝယ်ပဲရှိတယ်။ အရောင်းက မရှိဘူး" လို့ ပြင်ပရွှေရောင်းဝယ်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။

ကန့်ဘလူမှာ စစ်တပ်က စပါးတွေကို မီးရှို့တာ၊ စစ်ကြောင်းထိုးတာကြောင့် စိုက်ပျိုးရေး မလုပ်နိုင်လို့ လာမယ့်နှစ် ဆန်ရှားပါးမှုဖြစ်နိုင်

"စစ်တပ်စစ်ကြောင်းက ဖမ်းတာ ပစ်တာသတ်ဖြတ်နေတာဆိုတော့ လယ်ထဲမဆင်းရဲကြဘူး။ ကျီးလန့်စာစားနေရတာဆိုတော့ ဒီအတိုင်းပဲလယ်ကို လွှတ်ထားရတာ။ ဒီကြားထဲ မိုးမရွာလို့ ချောင်းနား၊ အင်းနားနီးတဲ့လယ်တွေလောက်ပဲ စက်ရေတင်ပြီး သမန်းစို(ရေများများနဲ့ထွန်ယက်တာ)စိုက်ပျိုးနိုင်တယ်”

ဆိပ်ဖြူမြို့ဝင်ခွင့် ရုတ်တရက်ပိတ်ပြီး စစ်ကြောင်းထိုးတဲ့အတွက် ကျေးရွာတချို့ ရိက္ခာပြတ်တောက်လာ

“ဟင်းချက်စရာတွေဆိုရင် ဝယ်လို့ကိုမရတော့ဘူး၊ ဒေသထွက် ကြက်သွန်တို့ မြေပဲတို့နဲ့ပဲ ဖြစ်သလို စားနေရတာ၊ စစ်ရှောင် ၈၀၀ လောက် ကျွေးရတဲ့ရွာတွေဆို တော်တော်ကို ရုန်းကန်နေရတယ်၊ နောက်ရက်တွေမှာ ခုတိုင်းဆက်ဖြစ်နေရင် ဆန်လုံးဝပြတ်သွားတော့မှာ၊ မနေ့ကဆို စစ်ရှောင်တွေကျွေးဖို့ ငပိရည်ကျို လုံးဝမရှိတော့ဘူး၊ ရွာတွေမှာကို မရှိတော့တာ၊ ရှေ့လျှောက် ဘယ်လိုလုပ်ရမှန်းကိုမသိသေးဘူး၊ စားရေးသောက်ရေးက တော်တော်ခက်သွားမှာ။”လို့ နောက်ထပ် ကျေးရွာသားတဦးက ပြောပါတယ်။

ပျူစောထီးရွာကို စီးနင်းချိန် သေနတ် ၃ လက်ရရှိကာ ပျူ ၉ ဦးကိုပါ ရှင်းလင်းနိုင်ခဲ့ဟုဆို

“ကပ်လျက်ပျူရွာက ကူပစ်ပေးနေတော့ ကင်းတကင်းတော့ကျန်ခဲ့တယ်၊ အပြည့်အဝမသိမ်းနိုင်ခဲ့ဘူး။ ကျန်တဲ့ဟာ အကုန်သိမ်းနိုင်ခဲ့တယ်။ အဲ့မှာက လက်နက်ကိုင်ထားတဲ့ ပျူ ၂၀လောက်ရှိတယ်၊ တိုက်ပွဲဖြစ်တော့ သူတို့က ပစ်ပြေး ပြေးသွားတာ။ ဘေးကပျူရွာတခုနဲ့လည်း တအားကပ်နေတော့ ရှင်းစရာရှိတာရှင်းပြီး ပြန်ထွက်ခဲ့ကြတယ်”

ကြံ့ခိုင်ရေးပါတီဝင်ရဲ့နေအိမ် ဗုံးပစ်ခံရလို့ ကလေးငယ် ၁ ဦး ဒဏ်ရာရ

"ပထမတော့ အသံဗုံးပေါက်တယ်လို့ ကြားတာ။ နောက်မှ လက်ပစ်ဗုံးပစ်ခံရတယ်လို့ သိရတယ်။ ဗုံးလာပစ်တာကို အိမ်ထဲကို မရောက်လိုက်ဘဲ အပြင်မှာပဲ ကျကွဲသွားတာ"

စစ်ကောင်စီက ကျပ် ၂ သောင်းတန်ကို အစိမ်းရောင်သုံးပြီး ထုတ်ဝေမည်

စစ်ကောင်စီက ဆင်ဖြူတော်လို့သတ်မှတ်ကာ ခေါ်ယူထားတဲ့ ရခိုင်မြောက်ပိုင်းက ဆင်ပေါက် ၁ နှစ်ပြည့် အထိမ်းအမှတ်နဲ့ထုတ်ဝေတာဖြစ်ပြီး အကန့်အသတ်နဲ့ထုတ်ဝေမယ်လို့ ဆိုပါတယ်။

တပ်မ ၁၀၁ စစ်သားတွေ တပ်စွဲထားတဲ့ဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

"ကျနော်တို့ ၁၉ ရက်က အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ ပွဲတပွဲပုံဖော်ခဲ့တာ၊ အရှေ့ချောက်ကန်ရွာမှာ **တွေဂိတ်လုပ်ထားတဲ့နေရာကို နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ၊ ပစ်ခတ်တိုက်ခိုက်အချိန်က ၅ မိနစ်လောက် ကြာပါတယ်၊ ကျနော်တို့ မနေ့က ကြားထားတဲ့သတင်းအရတော့ **၁ ကောင်သေပြီး ၃ ကောင်ကတော့ ခြေထောက်တွေလက်တွေ ထိမှန်သွားတယ်၊ ဒီနေ့ထပ်တိုးသတင်းကတော့ ပခုက္ကူဆေးရုံမှာတင်ထားတဲ့ **၁ ကောင်ကတော့ သေပြီလို့ သတင်းကြားရတယ်"

PDF တွေရှိတဲ့နေရာကို ရေလာခပ်တဲ့ စစ်သား၂ဦး ပစ်ခံရလို့ သေဆုံး

“ ၂ ယောက်ကတော့ သေချာပေါက် ဇကာပေါက်ဖြစ်သွားတာ။ လမ်းပေါ်ကနေ သူတို့ကို တရွတ်တိုက်ပြန်ဆွဲသွားတာကို မျက်မြင်တွေ့တဲ့သူတယောက်က ပြောပါတယ်။ ကျ‌နော်တို့ဘက်ကတော့ ၂ ဦး ဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး။”

မုံရွာမှ  ကာကွယ်ရေးရဲဘော် ၄ ဦးနဲ့ ဒေသခံ ၁ ဦး အသတ်ခံရ

“ သူတို့အဖွဲ့က ပျူရွာကနေ အိမ်စီးကား၊ ဆိုင်ကယ်တွေနဲ့ လာတာ။ ဆိုင်ကယ်နဲ့ အသတ်ခံလိုက်ရတဲ့ ၂ ယောက်ထဲက တယောက်က ဆာမူရိုင်း Localအဖွဲ့ဝင်တဦးနဲ့ ပြည်သူတဦးပါ။ နောက်ထပ် ၃ ယောက် ကတော့ CHU PDF အဖွဲ့က ရဲဘော်တုတ်ပေါနဲ့ ကူတောပုလ္လင် ပကဖ ၂ ဦးပါ ”

RPG လက်နက်စမ်းသပ်တဲ့အနေနဲ့ တံတားလုံခြုံရေးတပ်ဖွဲ့ကို ပစ်ခတ်ခဲ့ရာ ၁ ဦးသေ

"ကျနော်တို့မှာက လက်နက်အသစ်တွေရလာရင် စမ်းသပ်တဲ့အခါ အလကား မဖြစ်အောင် စကစ အဖွဲ့တွေရှိတဲ့ နေရာကို သွားသွားပစ်လေ့ရှိတယ်။ မနေ့ကသွားပစ်ပြီးတော့ စကစဘက်က ချက်ချင်းတောင် ပြန်မပစ်နိုင်ဘူး"

မပခတိုင်းမှူးနေရာကို ဗိုလ်မှူးချုပ် စိုးလှိုင်ကို အစားထိုး၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင် အစအနပျောက်နေ

ဇူလိုင်လ ဒုတိယပတ်အတွင်းက ယခင် မပခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်အပါအဝင် စစ်တပ်အကြီးတန်းအရာရှိတွေ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံခဲ့ရပြီးနောက် တိုင်းမှူးအသစ် စစ်ဗိုလ်ချုပ်တဦး အစား ထိုးရောက်ရှိလာတာပါ။

ဟန်လင်းမြို့ဟောင်းထဲက စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

“ ဟန်လင်းထဲမှာက စစ်**တွေက လူမနေတဲ့ပြည်သူ့အိမ်တွေ တက်နေပြီးစခန်းလုပ်ကြတာ။ ဖရဲသီးသတင်းနဲ့ချရတာ ထိထိမိမိရှိပါတယ်“

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10