သတင်းတို

မတ္တရာမြို့နယ်မှာ စစ်တပ်က ငါးရှာနေတဲ့သားအဖ ၂ ဦးကို ပစ်သတ်ပြီးနောက် ရွာထဲဝင်မွှေ

"ကိုယ့်ဒေသကိုယ် နေနေတဲ့အချိန် ရုတ်တရက်ဝင်ပြီး ပစ်တာခတ်တာပေါ့။ အင်အား ၃၀ လောက်ရှိတယ်။ အမျိုးသား နှစ်ဦးသေပြီး ၁၅ နှစ်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထဲရေးဌာန၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အုတ်ဖိုကကေတီဗီဆိုင်ကို ဗုံးနဲ့တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူကို UGF က တောင်းပန်စကားဆို

" အဲ့ဒီဆိုင်မှာ လောင်းကစားဝိုင်းမျိုးစုံလုပ်နေကြတယ်။ ပြည်သူတွေက တိုင်တာများလို့ စကစ ဘက်တော်သားတွေကို ဗုံးနဲ့ပစ်ခတ်တိုက်ခဲ့တာပါ။ ဘာမှမဆိုင်တဲ့ ဝန်ထမ်းကို ထိခိုက်မိလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အခုလိုတိုက်ခိုက်ရာမှာ အပြစ်မဲ့ပြည်သူတဦးဒဏ်ရာရခဲ့လို့ ကျနော်တို့အဖွဲ့ကတောင်းပန်ပါတယ်"

ချင်းတွင်းမြစ်ထဲ အမြန်ရေယာဥ် ၂စီး တိုက်ခိုက်ခံရလို့ ၃ ဦး‌သေဆုံးဟုဆို

"စကစ အင်အားကတော့ မသိရဘူး။ ဧရာဝတီမြစ်ကနေ မုံရွာနမခ တပ်ထဲကို လက်နက်ခဲယမ်း စားနပ်ရိက္ခာနဲ့ ဆီတွေသယ်လာတာ။ သေဆုံးတာကတော့ ** ၃ ကောင်သေပြီး ဒဏ်ရာရတာတွေလည်း များတယ်လို့ ဖရဲသီးသတင်းပေးချက်အရ သိရတာ။"

ကလေးမြို့မှာ မိုင်းဆင်ရင်း ပေါက်ကွဲမှုဖြစ်လို့ ရဲဘော် ၁ ဦး သေဆုံး

“ဇင်းကလင်းဂိတ်နား မိုင်းထောင်တာ မိုင်းကရှော့ဖြစ်ပြီး ထကွဲတာ၊ မိုးတွင်း စိုစွတ်ရာသီဆိုတော့ ထောင်တဲ့အချိန် ရှော့ဝင်တာပေါ့။”လို့ ကလေးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တသောင်းခွဲနဲ့ငှားလာတဲ့ပျူနဲ့ ရဲတွေပေါင်းပြီး မတ္တရာအနောက်ခြမ်းက ပြည်သူတွေရဲ့နေအိမ်ရှိ ပစ္စည်းတွေယူနေ

"ပြည်သူတွေကိုတော့ ဖမ်းတာ၊ ဆီးတာမျိုးမလုပ်သေးဘူး။ ရှောင်တိမ်းနေတဲ့အိမ်တွေက ပစ္စည်းတွေကိုယူတာတော့ လုပ်တယ်။ ဒီအဖွဲ့က တိုက်ခိုက်ရေးလာတဲ့ စစ်တပ်မဟုတ်ဘူး။ မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်ကနေ တနေ့ ၁၅၀၀၀ နဲ့ ငှားလာတဲ့ ပျူတွေနဲ့အောင်ပင်လယ်ကရဲတွေ အုပ်စုဖြစ်တယ်လို့ စုံစမ်းသိရတယ်။ အင်အား ၄၀ လောက်ပါတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးက ပြောပါတယ်။

ရွှေဘိုမှာ ဆိုင်ကယ်တွင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"သိရသလောက်က ဆိုင်ကယ်အတွင်းကနေ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ပုံပါ။ လမ်းကလည်း ကွန်ကရစ်လမ်း။ လမ်းဘေးမှာလည်း ပေါက်ကွဲမှုဖြစ်ထားတဲ့ လက္ခဏာ မရှိနေဘူး။ ဆိုင်ကယ်တူးဘောက်နဲ့ ကာဗာတွေက တစစီ ပြုတ်ထွက်နေတယ်လို့တော့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ငွေစက္ကူဂယက် ဘဏ်တွေအထိပါ လှုပ်ခတ်၊ မန္တလေးရွှေစျေးကွက်ပိတ်ထား

"မနေ့ကတည်းက ထုတ်ချင်နေတာ ဘဏ်ပိတ်ရက်မို့လေ။ ငွေကိုဘဏ်ထဲအပ်ထားလည်းရှုံးမှာမို့ ရွှေလေးရသလောက် ဝယ်ထားမလို့ပါ။ အကုန်လုံးလည်းထုတ်နေကြတာ။ ဒီနားက ဘဏ်သုံးဘဏ်ကပ်လျက် အကုန်လူတွေ အပြည့်ပဲ" လို့ မန္တလေးမြို့ ကျုံးဘေး၂၆ လမ်းပေါ်က ဘဏ်မှာ ငွေထုတ်နေတဲ့အမျိုးသမီးတဦးက ပြောပါတယ်။

ဒိုက်ဦးထောင်က နိုင်ကျဉ်းတွေကို စစ်ကြောသတ်ဖြတ်နေတဲ့ ခလရ(၃၀)တပ်ရင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံရလို့ ၃ ဦးထိခိုက်

"နှစ်လုံးသွားပစ်တာ တလုံးဘဲ ကျကွဲတယ်။ တလုံးက မကွဲဘူး။ အဲတပ်က ဒိုက်ဦးထောင်က နိုင်ငံရေးအကျဥ်းသားတွေကို စစ်ကြောရေးလုပ်၊ နှိပ်စက်တဲ့ တပ်ဘဲ။ အကျဥ်းသားတွေကို သတ်ပစ်တာလည်း သူတို့တပ်ကဘဲ"လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ အမျိုးသမီးငယ်တဦး ရေနစ်သေဆုံး

"သူ့အိမ်ဘေးခြံထဲက ၁၅ ပေပတ်လည်လောက်ပဲရှိတဲ့ ရေကန်ထဲနစ်သေတာ။ သူကတော့ရေမကူးတတ်ဘူး သူ့ အမျိုးသားကအလုပ်သွားတယ်၊ သူ့အဖေကလည်းမြို့ကိုစျေးဝယ်သွားတယ်။ သူ့အမေကလည်းအိမ်မှာဘဲဆိုတော့ သူရေနစ်တာမသိဘူးပေါ့" လို့ ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

နေပြည်တော်ကိုသွယ်တန်းထားတဲ့ ဓာတ်အားပေးတာဝါတိုင်တွေ ဖောက်ခွဲခံရလို့ ကျိုးကျပျက်စီး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နဲ့ သူဌေးကုန်းရွာကြားက မဟာဓာတ်အားပေးတိုင် ၂ တိုင်ကို KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးခဲ့တဲ့အတွက် ကျိုးကျပျက်စီးခဲ့တယ်လို့ နယ်ခံတွေကတဆင့် သိရပါတယ်။

ရှိမ်းမကားရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်းကိုထိမှန်ပျက်စီး

“ရွာသားတွေကို သူတို့(စစ်ကောင်စီ)ပြောထားတယ်။ ကာကွယ်ရေးအဖွဲ့တွေ ငါတို့ကိုလက်နက်ကြီး နဲ့လာပစ်ရင် ငါတို့လည်း ဘုန်းကြီးကျောင်းတွေကို ပြန်ပစ်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့မနေ့က သူတို့ကို ဘယ်သူမှလက်နက်ကြီးတွေနဲ့မပစ်ဘူး။ သူတို့ဘာသာသူတို့ပဲ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ရွာသားတွေထိခိုက်တာတွေတော့မရှိဘူး”လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

ဒီပဲယင်းမှာ နှစ်နှစ်နီးပါးအထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေကို ထန်းသားနေအိမ်တွေ ဆောက်လုပ်ပေး

“အဓိကဦးစားပေးက အားကိုးရာမဲ့ပြီးယာယီတဲထိုးကာ နေထိုင်ကြသူတွေနဲ့ သူများအိမ်မှာမှီခိုနေသူတွေကို ဆောက်လုပ်ပေးနေတာပါ။ သူများအိမ်မှာမှီခိုနေသူတွေကို ကြာလာတော့ အိမ်ရှင်တွေက မကြည်ဖြူကြတာတွေလည်း ရှိလာတယ်။ ဒါ့ကြောင့် လက်ရှိ အိမ် ၃ လုံး ဆောက်နေပါတယ်" လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကျောက်တံခါးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်လို့​ ကလေး ၂ ဦးအပါမိသားစုဝင် ၄ ဦးသေဆုံး

"သူတို့က မိသားစုတွေပါ။ သားမိသားဖတွေပေါ့။ ၄ ယောက်တန်းစီပြီးတော့ အိပ်နေချိန်မှာ အိမ်ခေါင်မိုးကို လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးတော့ ပွဲချင်းပြီးသေသွားတာ" လို့ ကျောက်တံခါးဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

အုတ်ဖိုက Melody KTV ဗုံးခွဲခံရပြီး ဝန်ထမ်း ၁ ဦးဒဏ်ရာရ

"ဗုံးပစ်ခံရတဲ့ အချိန်မှာ ဆိုင်ကအလုပ်သမားတွေက ဆိုင်သန့်ရှင်းရေးလုပ်နေချိန်လို့ သိရတယ်။ ပိုင်ရှင်ကတော့ စကစနဲ့ပေါင်းပြီး အကုန်နီးပါး လုပ်နေသူဘဲ။ ထိတာကတော့ အလုပ်သမားတယောက်ဘဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

စဉ့်ကူးက NLD ပါတီဝင်တဦးအပါ အမျိုးသား ၃ ဦး စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

"စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးကတည်းက မိသားစုတွေနဲ့ တွေ့ခွင့်မပေးဘူး။ ရိုက်နှက်စစ်ဆေးတာတွေကြောင့် ခန္ဓာကိုယ်တွေ၊ မျက်နှာတွေ၊လက်တွေမှာ ဒဏ်ရာတွေရရှိနေ​ကြပေမယ့် ဆေးကုသမှုလုံးဝမပေး​ဘူး လို့ ဖရဲသီး (အတွင်းသတင်းပေး)ဆီကသိရတယ်"လို့ စဉ့်ကူးပကဖလက်အောက်ခံ မြေပြင်ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10