သတင်းတို

ပခုက္ကူမှာPDF တွေတိုက်ခိုက်လို့ ပျူစောထီး ၂ ဦးသေဆုံးဟုဆို

“ပခုက္ကူမြို့နယ်၊ ကန်တော်နဲ့ကမ္မအကြားမှာ ကား ၂ စီးနဲ့လာတာ၊ ရပ်ခိုင်းတာမှာ စစ်တဲ့အဖွဲ့ကိုတိုက်မဲ့ပုံစံလုပ်တာနဲ့ ကျနော်တို့ ပစ်တော့တာ၊ ထိတာက ၄ ကောင်ထိတယ်၊ လျှပ်စစ်မှူးနဲ့ ပျူ ၃ ကောင်ထိတယ်၊ ပျူ ၂ ကောင်ကသေတယ်၊ လျှပ်စစ်မှူးရဲ့ဖုန်း‌ကတော့ ကားပေါ်ကကျကျန်ခဲ့လို့ ရလိုက်တယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်နေတဲ့ ကမ္မအုပ်ချုပ်ရေးရုံး မိုင်းခွဲခံရ

"သူတို့ရုံးထဲထိ မိုင်းဆင်တိုက်ခိုက်ခဲ့တာပါ။ ရုံးမှာက လူတွေမရှိဘူး။ ကမ္မမြို့မှာက စကစ ဘက်က အုပ်ချုပ်ဖို့ မနိုင်နင်းဘူး။ လက်ရှိကလည်း စကစ ဘက်က ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်နေတာလေ။ သူတို့အစီအစဥ် မဖြစ်ဖို့အတွက်တော့ ကျနော်တို့ဘက်က ရတဲ့နည်းလမ်းနဲ့ လုပ်မှာဖြစ်တယ်။ မိုင်းကြီးတလုံးဘဲ ထောင်ပြီး ဖောက်ခွဲခဲ့တာပါ" လို့ ပြောပါတယ်။

မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံး

“မြွေမြစ်ရိုးရွာကနေ ဇီးကုန်းရွာအကူး ရွာ ၂ ရွာကြားထဲမှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာ၊ အင်အားက ၈၀ လောက်ပါတယ်၊ စစ်ကြောင်းနဲ့ထိပ်တိုက်မရင်ဆိုင်ပဲ ပျောက်ကြားစနစ်နဲ့လိုက်ပစ်တာ၊ ၁ ယောက် ထိမှန်ပြီးသေတယ်” လို့ ပြောပါတယ်။

ပုသိမ်ကြီးနယ်က စစ်ကောင်စီသတင်းပေးတဦး ရှင်းလင်းခံရ

"ဖြူစင်သန့်က ရွေးကောက်ပွဲအတွက် မဲစာရင်း၊ သန်းခေါင်းစာရင်းတွေ လိုက်လံကောက်ပေးနေသူ တယောက်ပါ။ ပြီးတော့ ရဲဘော်တွေကိုလည်း ချိန်းဆိုပြီး သူနဲ့သွားတွေ့တဲ့ ရဲဘော်တွေဖမ်းဆီးခံရတာတွေ ရှိပါတယ်။ သူရဲ့ မိသားစုနဲ့ သူက စကစ ဒေါက်တိုင်ဖြစ်တယ်"လို့ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတဦး ကျည်ထိမှန်သေဆုံး

“လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာကတော့ နေ့တိုင်းဆိုသလိုပါပဲ။ အရင်ကတော့ လူထိခိုက်တာမျိုးတော့ရှိတယ်။ သေတဲ့အထိတော့မဖြစ်ဖူးဘူး။ ဒီတခေါက်တော့ မိသားစုလေးဦးလည်းထိသွားတယ်။ အငယ်ဆုံးသမီးကတော့ ဆုံးသွားတယ်။ ရွာထဲကကျွဲ ၂ ကောင်လည်းထိသွားတယ်”လို့ ရေဦးဒေသခံတဦးက ပြောပါတယ်။

တော်လှန်ရေးကာလ ၂ နှစ်ပြည့်မှာ PDF အင်အား ၂၀၀ ကျော် ဆန္ဒပြ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁ ရက်ဒီမနက်၇ နာရီလောက်မှာ တော်လှန်ရေးကာလ ၂ နှစ်ပြည့်သွားပေမယ့် ရဲဘော်တွေအနေနဲ့ ဘယ်တော့မှသွေးမအေးကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

PDF မကြောက်လို့စခန်းမှူးလုပ်နေတာ‌ဟုကြွေးကြော်နေတဲ့ ရဲစခန်းကို PDF တိုက်ခိုက်

"လက်မှတ်ကုန်းနယ်မြေရဲစခန်းကလည်း ခဏခဏကြွေးကြော်နေတာ၊ PDF မကြောက်လို့ စခန်းမှူးလုပ်နေတာ၊ သတ္တိရှိရင် မိုက်တဲ့ကောင်ထွက်ခဲ့၊ ဘယ်ကောင် PDF ကိုထောက်ပို့ရဲလည်း ကြွေးကြော်နေလို့ ရဲစခန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာ" လို့ People's Defence Force Yenangyaung (မကွေးခရိုင်အမှတ်-၂ တပ်ရင်း)မှ ဗိုလ်စံသျှားက ပြောပါတယ်။

စာသင်ကျောင်းနဲ့နေအိမ်တွေကိုမီးရှို့နေတဲ့ စစ်အုပ်စု ဗုံကြဲတိုက်ခိုက်ခံရ

"ဖလံကုန်းရေနံမှော်ကို ရိက္ခာပို့လာပြီး ထန်းပေါက်ကုန်းရွာက စာသင်ကျောင်းရယ်၊ ကင်းတဲ ၂ တဲကို မီးရှို့တယ်၊ ညနေရောက်တော့ အိမ် ၅ လုံးကိုမီးရိူ့တာ၊ ကျနော်တို့က ရွာနဲ့နီးတာရယ် ရေနံတွင်းလည်းရှိတော့ မတိုက်ပဲနေတာကို အခုလိုမီးရှို့လို့ ဒေသခံအဖွဲ့တွေပေါင်းပြီး ဒရုန်းနဲ့အီနာဂါဗုံးသီး ၆ လုံးသုံးပြီးဗုံးချခဲ့တာ" လို့ Anonymous Special Task Force-Pauk အဖွဲ့မှ ရဲဘော်စင်္ကြာက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသူအပါ ၂ ဦးကို LPDF တွေပြန်လွှတ်ပေး

"ဖမ်းသွားတာက LPDF အဖွဲ့တွေက ဖမ်းသွားတာ။ စကစ နဲ့ပတ်သက်တယ်ဆိုပြီးတော့ဖမ်းတာ။ LPDF အဖွဲ့တွေကိုတော့ သတင်းပေးဒလန်မလုပ်ရင်၊ ပြည်သူကို ဒုက္ခမပေးရင် ဖမ်းလို့မရဘူးဆိုပြီး ရှင်းပြခဲ့တယ်။ ပကဖ က ညှိနှိုင်ပေးပြီး ပြန်လွှတ်ပေးဖို့ပြောခဲ့လို့ ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်"လို့ ပြောပါတယ်။

မြောင်မှာ တပ်မ ၉၉ ကစစ်သားတွေ ၃ ကြိမ်တိုက်ခိုက်ခံရ

“မြောင်နဲ့ကူတို့ကုန်းရွာအကြား ညနေ ၃ နာရီ ဝန်းကျင်မှာ ရှေ့ထွက်မိုင်း ၃ လုံးနဲ့တိုက်ခိုက်တာ၊ နေရာမှာတင်ပွဲခြင်းပြီး ၁ ကောင်သေတယ်၊ ဒဏ်ရာအပြင်းအထန် ၄ ကောင်ရပြီး ကားနဲ့စခန်းကို တိုက်သွားတယ်၊ စခန်းရောက်မှ ၃ ကောင်ထပ်သေတယ်” လို့ ပြောပါတယ်။

ခင်ဦးနယ်က ဒေသခံ ၂၀ ဦးကို တပ်မ ၃၃ တပ်သားတွေက ဖမ်းဆီးထားပြီး နေအိမ်ကို မီးရှို့နေ

"မနက် ၉ နာရီလောက်ကနေ မအူပင်ကနေ စထွက်လာပြီးတော့ ရွှေဘိုမြို့နယ် အင်ကြင်းပင်ရွာအနောက်ဘက်က တဲတွေမီးရှို့တယ်။ ခင်ဦးမြို့နယ် ဗိုင်းကြိုင်ရွာမှာ မီးရှို့နေတယ်။ အိမ်ခြေက ၁၅၀ လောက်ပဲရှိတာ။ အခုမှ မီးစရှို့နေတာ။ စစ်ခွေးတွေက အဲဒီရွာမှာ ခဏနားနေတယ်။ ပြည်သူ ၂၀ ကျော်လောက် အဖမ်းခံထားရတယ်။ တပ်မ ၃၃ က စစ်ခွေးတွေနဲ့ ပျူတွေဝင်ရောက်နေတာ" လို့ ဗိုလ်ပျောက်ကြီးက ပြောပါတယ်။

မုံရွာမှာ တိတ်ဆိတ်သပိတ်မှာ ပါဝင်ဖို့ လှုပ်ရှားမှုပြုလုပ် (Photo News)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က နေရာ ၄ ခုမှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်တပ်က အာဏာသိမ်းယူတဲ့ ၂ နှစ်ပြည့်နေ့မှာ ပြုလုပ်မယ့် တိတ်ဆိတ်သပိတ်မှာ ပြည်သူတွေအနေနဲ့ပါဝင်ဖို့ လှုံ့ဆော်တဲ့ Stickers တွေကို လမ်းမပေါ်မှာ ဖြန့်ကြဲတာနဲ့ လိုက်လံကပ်တာတွေကို ဇန်နဝါရီလ ၃၀ ရက် ဒီမနက်မှာ ပြုလုပ်ခဲ့ ကြပါတယ်။

ခရီးသွား ၄ ဦးကို PDF ထောက်ပံ့သူတွေဆိုကာ စစ်ကောင်စီဖမ်းဆီး

"မနေ့က ခရီးသွားကားတစီးကို သူတို့တားစစ်ပြီး ကားပေါ်ပါသူတွေကို ဖမ်းဆီးလိုက်တာက ဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းကြည့်တော့ ရေစကြိုဒေသခံတွေမဟုတ်ဘူးလို့တော့ သိရတယ်။ အဲဒီဂိတ်က ငွေတောင်းလည်း တအားကြမ်းသလို။ စစ်ဆေးတာလည်း တအားတင်းကြပ်တယ်။ ဖုန်းတွေပါယူစစ်တတ်တယ်"လို့ ပြောပါတယ်။

မိုင်း ၂ ကြိမ်ဆွဲခံရလို့ စစ်တပ်အရာရှိ ၁ ဦးအပါ ၅ ဦးထိခိုက်

“နေ့လယ် ၁၁ နာရီမှာက ရှေ့ထွက်ပြောင်းတွေနဲ့ချလိုက်တဲ့အပြင် မိုင်းလည်းဆွဲလိုက်တယ်၊ ထိခိုက်ဒဏ်ရာရပြီး ကားလည်းမီးစွဲတယ်၊ ထိခိုက်တဲ့သူတွေကို ပြန်သယ်အပို့မှာလည်း ယမားတံတားပေါ်မှာ ထပ်ပြီး ပတ်လည်မိုင်းနဲ့ ထပ်ခွဲလိုက်တယ်၊ အဲဒါကတော့ ၁၂ နာရီလောက်မှာမိုင်းခွဲလိုက်တာ၊ မိုင်း ၂ ကြိမ်ဆွဲခဲ့တာပါ၊ ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိပြီး ၁ ဦးက သေနိုင်တယ်” လို့ ပြောပါတယ်။

ပိန်းဇလုပ် ခမရ ၂၆၄ တပ် ဒုတိယအကြိမ်တိုက်ခိုက်ခံရ

"M 79 နဲ့ ၁ ချက်ဘဲ သွားပစ်ခဲ့ရတယ်။ သူတို့ထဲကို ပစ်ခတ်ရတော့ အထဲကနေလည်း ပြန်ပစ်တာတွေလုပ်တယ်။ ခုသွားပစ်တာက တပ်ဝန်းထဲကိုကျတာဆိုတော့ ထိခိုက်မှုတော့ရှိနိုင်တယ်။ ဒါပေမယ့် သူတို့တပ်ဝင်းထဲဆိုတော့ ထိခိုက်မှုအခြေအနေ အသေးစိတ် သိရဖို့တော့မလွယ်ဘူး"လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10