သတင်းတို

ငွေတိုးချေးစားသူ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရလို့သေဆုံး

"သိရသလောက်က သူကဒလန်ဆိုပြီးလည်း သတင်းထွက်နေတယ်။ ငွေတိုးလဲချေးစားတယ်။ လမ်းမှာပစ်ခတ်ခံရတာ။ ပစ်ခတ်ခံရတဲ့နေရာမှာဘဲ သေနေတာ။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်လား ဘာကြောင်ပစ်သတ်ခံရတယ်ဆိုတာတော့ အတိအကျမပြောနိုင်ဘူး"

ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၈ ဦးကို တလနီးပါးအကြာမှ အလောင်းပြန်တွေ့

“အဲ့ဒီနားမှာမြှပ်ထားတယ်လို့ သတင်းရလို့ရှာတာ၊ အလောင်းတွေက တော်တော်များများပုတ်နေပြီ၊ သူတို့ကပျူစောထီးတိုင်တာခံရတာ၊ နတ်မဟုတ်ကြီးရွာသား ပျူစောထီးကိုယ်တိုင် စစ်ကြောင်းနဲ့လိုက်တာပြီး သူကတော့ထောက်ပံ့တယ်၊ သူက နိုင်ငံရေးလုပ်တယ်ဆိုပြီး လက်ညိုးထိုးတိုင်တာ။”

ရေနံချောင်းလျှပ်စစ်ရုံး နောက်ဆုံးအကြိမ် သတိပေးဗုံးခွဲခံရ

"ဒီတခါ‌တော့ နောက်ဆုံးအကြိမ်သတိပေးခြင်းပေါ့။ နောက်ဆုံးအကြိမ်သတိပေးပြီးခါမှ ဒီထက်မကဆိုးလာရင် ကျနော်တို့အနေနဲ့ မီတာလိုက်ကောက်တဲ့စာရေးတွေနဲ့ လိုက်အော်နေတဲ့မီတာကားတွေပေါ်ကို ပစ်ခတ်သွားမယ်။ ကျနော်တို့အနေနဲ့ သူတို့အသက်အန္တရာယ်ကို သက်ညှာသွားမှာမဟုတ်ဘူး။ အာမခံချက်ပေးသွားမှာမဟုတ်ဘူး"

မြိုင်နဲ့ပခုက္ကူမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရလို့ ထိခိုက်မှုများနိုင်

"ဒီကောင်တွေ ထွက်လာတယ်လို့ သတင်းရလို့ စောင့်တိုက်တာ။ အဲ့မှာလည်း စကစ ဘက်က တော်တော်အထိနာတယ်။ တိုက်ပွဲကတော့ သိပ်မကြာလိုက်ဘူး။ နောက်ဒီကောင်တွေ မကျီးကန်ကနေ ဒေသခံကား ၂ စီးကို သိမ်းပြီးလာတဲ့အချိန် လမ်းပိုင်းမှာပဲ မိုင်းထပ်ဆွဲတာ။ အဲမှာလည်း ထိတယ်"

ပျူစောထီးတွေကို PDF အဖွဲ့တွေပေါင်းပြီး နေရာခွဲတိုက်လို့ တဦးသေကာ ပြင်းထန်ဒဏ်ရာရသူများ

"သီးလုံးရွာက ပျူစောထီးခေါင်းဆောင် ဝင်းဇော်အောင်နဲ့မြင့်ခိုင်တို့က ရွာထဲကနေ ဆိုင်ကယ်တစီးကို နှစ်ယောက်စီးထွက်လာတာ အဲဒါကို မိုင်းဆွဲခဲ့တာပါ။ နှစ်ဦးစလုံးသေလောက်တဲ့ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်။ တည်သီးတောက ပျူတယောက်ကတော့ သေပါတယ်"

ဝမ်းတွင်းက အုပ်ချုပ်ရေးမှူးသားအဖ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

"သူတို့သားအဖပစ်သတ်ခံရတာက ဟုတ်တယ်။ အုပ်ချုပ်ရေးမှူးဆိုတော့ သူတို့ကရွာထဲမှာ လူတွင်ကျယ်လုပ်ချင်တာလည်း ရှိတာပေါ့။ ဒါကြောင့်လာပစ်သတ်သွားတာလားတော့မသိရဘူး"

သဲကုန်းမှာ စစ်မှုထမ်းဟောင်း ပျူစောထီးသင်တန်းဆင်းတဦး နေအိမ်မှာ ပစ်သတ်ခံရ

"သူက အရင်သဲကုန်းမြို့နယ် ကြံ့ဖွတ်ပါတီ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဉီးစိုး​အောင်နဲ့ ရင်းနှီးပြီးတော့ NLD မ​ကောင်း​ကြောင်း အပုတ်ချ အမြဲ​ပြောတယ်။ ပြည်မှာလုပ်တဲ့ ပျူစောထီးသင်တန်းကို သူနဲ့အတူ ရွာက ၅ ယောက် သွားတက်ထားတဲ့လူ၊ လာပစ်သတ်သွားတာ ၇ ယောက်လောက်ရှိတယ်။ အကုန်လုံးမျက်နှာဖုံးတွေ စွပ်ထားတာ၊ ဘယ်အဖွဲ့က သတ်တာလဲတော့ မသိဘူး"

ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဦးကျော်ဇေယျ အဖမ်းခံရပြီး စစ်ကြောရေးရောက်သွားပြီလို့ဆို

“ကြို့ပင်ကောက်ကအိမ်မှာ ဖမ်းခံရတာ။ သူကရှောင်နေရတာကြာပြီ။ ခု စရဖလက်ထဲ လွှဲလိုက်ပြီဆိုတော့ စစ်ကြောရေးတော့ ရောက်သွားလောက်ပြီ"

အင်အားဖြည့်ဖို့သွားတဲ့ စစ်အုပ်စုမိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

"စစ်ကောင်စီတွေက ခြေကျင်သွားတာ။ အဲဒီနောက်က ကားတစီးက လိုက်ပါလာတယ်။ ကားပေါ်ကကောင်တွေနဲ့ ခြေကျင်သွားတဲ့ကောင်တွေ စုစုပေါင်းကတော့ သုံးဆယ်ကျော်လောက်ရှိတယ်။ ကျနော်တို့က မိုင်းတွေကို ခွဲလိုက်တဲ့အခါမှာ သုံးကောင်က နေရာမှာတင်သေတယ်ဗျ။ နောက်ထပ်လည်း တော်တော်များများ ဒဏ်ရာရသွားတယ်"

မတ္တရာနယ်က စိန်ပန်းကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့နေ

"ရွာသားတွေကတော့ မနေ့ကတည်းကတိမ်းရှောင်နေကြရတယ်။ အခုဆိုရင် တရွာလုံးလောင်ကျွမ်းနေလောက်ပြီ။ စကစတွေက ဒီရွာကိုမီးမရှို့သေးခင် ရွာထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရွာတန်းရှည်ရွာကို လှမ်းထုခဲ့လို့ အဲဒီရွာကနွားတွေတော်တော်များများ သေခဲ့တယ်ဗျ။ လူတွေကတော့ဘာမှမဖြစ်ခဲ့ဘူး"

ပဲခူးရိုးမက တိုက်ပွဲ ၁၁ ကြိမ်မှာ စစ်ဗိုလ်မှူးအပါ ၂၀ ကျော်သေပြီး PDF ၃ ဦးကျ

"တိုက်ပွဲတွေအတွင်း တပ်ရင်း ၃၅၀၁ က တပ်ဖွဲ့ဝင် ၃ ဦးလည်း အသက်ဆုံးရှုံးခဲ့သလို တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်"

ပြည်သူပိုင်စပါးတွေ ခိုးရိတ်နေတဲ့စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရ

“အင်အားကတော့ ကင်းဝတ်နေတာရောဆိုရင် ၁၅ ကောင်လောက်ရှိတယ်။ ၁၁ နာရီကျော်လောက်မှာ ဗုံးသီး ၃ လုံး ချခဲ့တယ်။ အသေအပျောက်စာရင်းကတော့ နယ်မြေခံတွေပြောမှသိရမှာဖြစ်လို့ မသိရသေးပါဘူး။ ဗုံးမချခင်မှာ ၇ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်”

PDF လှုပ်ရှားမှုတွေ စုံစမ်းသတင်းပေးနေသူ သတ်ခံရ

"သူသတင်းပေးမှုကြောင့် PDF ရဲဘော် ၂ ဦး ကျသွားတယ်။ ပြီးရင် PDF တွေ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး စကစတွေကို သတင်းပြန်ပေးတယ်။ မနေ့ညက သူ့ကို ကျွန်တော်တို့က စကစဟန်ဆောင်ပြီး သွားဖမ်းတယ်။ ကျနော်တို့ကို PDF တွေဆိုတာ သူလုံးဝမသိဘူး။ ရွာပြင်ရောက်မှ PDF ဆိုတာ သူသိတယ်"

ငါ့သရောက်လျှပ်စစ်ရုံးကို PDF တွေဝင်စီးပြီး ဂိတ်စောင့်ရဲဆီက ပစ္စည်းတွေသိမ်းယူခဲ့

“ငါ့သရောက်တပ်ရင်း ၅ က ဦးဆောင်ပြီးခေါ်တာ။ ဂိတ်တဲနဲ့ အစောင့်ရှိတယ်။ တပ်က မဟုတ်ဘူး။ ငါ့သရောက်စခန်းက ရဲတွေပါ။ ဝင်စီးတာမှာ ပစ်ခတ်မှုတော့ မဖြစ်ခဲ့ဘူး။ ကျနော်တို့အနေနဲ့ ပစ်ခတ်လို့မရဘူး။ လျှပ်စစ်ရုံးနဲ့စခန်းနဲ့က သိပ်မကွာဘူး။ ရဲစောင့် ၁ ကောင်ပဲ ကျန်ခဲ့တာ။ သိပ်လည်း ကျန်းမာရေးကောင်းပုံမရဘူး”

စစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ လမ်းလျှောက်ပွဲ ဗုံးပစ်ခံရ

"အဲဒီနေရာမှာက စကစ မြို့နယ်စီမံကောင်စီက ဦးစီးပြီး လမ်းလျှောက်ပွဲ ခဏခဏလုပ်နေတာ။ လာတာကလည်း ဌာနဆိုင်ရာအများစုနဲ့ သူတို့က မလာမနေရ သတ်မှတ်ထားတဲ့သူတွေလောက်ဘဲ ပါတယ်။ ဗုံးပေါက်တာတော့ ဟုတ်တယ်။ ထိခိုက်တယ်ဆိုတာတော့ မကြားရဘူး။ အသံဗုံးဘဲ ထင်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10