သတင်းတို

ပုလဲမြို့နယ် ညောင်ကုန်းရွာဘုန်းကြီးကျောင်း လေယာဉ်နဲ့ပစ်ခံရပြီးအခြေအနေ( Photo News)

"ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးတွေနဲ့ကိုရင်၊ ကျောင်းသားတွေပဲရှိတာလေ။ ဒလန်တွေက သတင်းအမှားပေးလို့ လာလုပ်တာလို့ထင်တယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေရောက်နေတယ်လို့ သတင်းမှားတွေပေးလို့ လာပစ်တာထင်တယ် "

ဖြန့်ဖြူးရောင်းချသူများလာပြီး ဖမ်းဆီးသူမရှိလို့ မူးယစ်ဆေးတွေပေါများလာ

“အင်းတော်လိပ်ကန် ပတ်လမ်းတလျှောက်မှာ အရောင်းဆိုင်ပုံစံမျိုး တည်ပြီးကိုရောင်းနေတာ။ ဒီဘက်မှာက ဘိန်းမဲပဲနည်းနည်းရှားတာ၊ ကျန်တာတွေကပေါတယ်။ ရဲတွေကလည်း ဆေးမိလို့ ဖမ်းတာကနည်းတယ်။ ဖုန်းကိုစစ်လို့ တော်လှန်ရေးပုံတွေ့မှ ဖမ်းတာ”

ပေါင်းတည် စီးပွားရေးဘဏ်က ညစောင့်လူငယ် ကြိုးဆွဲချသေဆုံး

"ကြိုးဆွဲချသေတာကို စစ်ကောင်စီက ဘယ်သူကိုမှ အသိမခံဘူး။ သတင်းအုပ်ထားတယ်။ အလောင်းသယ်နေကျ ကားကိုလည်းမခေါ်ဘဲ သူတို့အစီအစဥ်နဲ့ ညတွင်းချင်းဆေးရုံပို့လိုက်တာ။ ဘယ်လိုကြောင့်ကြိုးဆွဲချတယ်တော့ မသိရဘူး။ "

မုံရွာမြို့ပေါ်မှာ လူငယ် ၃ ဦးစီးလာတဲ့ဆိုင်ကယ် ပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဖမ်းခံရ

"စကစဘက်က သတင်းရလို့ စောင့်ပစ်တာနဲတူတယ်။ ဆိုင်ကယ်ကတော့ နေရာမှာပဲ လဲသွားတာ။ ဖြစ်တဲ့နေရာမှာ ကောင်လေးတယောက်က သေသွားတာ။ တယောက်ကိုလည်း စကစ က ဖမ်းခေါ်သွားတယ်။ တယောက်ကတော့ လွတ်သွားတယ်"

ဝက်လက်နယ်က နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်တဲတွေကို စစ်အုပ်စုက မီးရှို့

“သူတို့ (စစ်ကောင်စီ) ကနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို မီးရှို့နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုခဏဖြစ်လိုက်သေးတယ်။ အခုချိန်ထိ စစ်ရှောင်တဲတွေ ဘယ်လောက် မီးထဲပါသွားလဲဆိုတာ မသိရသေးဘူး။ နေအိမ်တွေကတော့ ၄၀၊ ၅၀ နီးပါး မီးထဲပါသွားတယ်လို့ကြားတယ်”

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနား အရှိုချင်းဌာနချုပ်မှာကျင်းပ

“ကျ​နော်တို့ CDF-Asho အနေနဲ့ဆိုရင် ချင်းတမျိုးသားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံးကို ကာကွယ်သွားဖို့၊ ပြီးတော့ လူတန်းစားအလွှာပေါင်းစုံ လွတ်မြောက်ရေးရရှိတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ နောင်တော်ဆလိုင်းတင်မောင်ဦးကို ကတိသစ္စာပြုခဲ့တယ်။”

ပုလဲနယ်က ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲလို့ ဘုန်းကြီးတပါးအပါ ၉ဦးသေဆုံး

"ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးတွေနဲ့ကိုရင်၊ ကျောင်းသားတွေပဲရှိတာလေ။ ဒလန်တွေက သတင်းအမှားပေးလို့ လာလုပ်တာလို့ထင်တယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေရောက်နေတယ်လို့ သတင်းမှားတွေပေးလို့ လာပစ်တာထင်တယ်"

ပေါက်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်ဦးဆောင်ပြီး ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်အခမ်းနားကျင်းပ

“ကျောင်းသားလှုပ်ရှားမှုတွေကို နယ်ဘက်မှာ ပြန်ပြီး ပုံဖော်တာပေါ့။ လုံခြုံရေးကတော့ တော်တော်သတိထားရတယ်။ အဓိက လေကြောင်းရန်ပါပဲ။ လေကြောင်းရန်ကို သေချာထောက်လှမ်းရတာပေါ့။ ဒီပွဲလုပ်မယ်ဆိုပြီး ကြိုပြီး သတင်းလွှင့်တာမျိုး မလုပ်ဘူး။ ပွဲနားကပ်မှ ရုတ်ချည်းအသိပေးပြီး ကောက်လုပ်ခဲ့တာ”

ယင်းမာပင်မှာတိုက်ပွဲဖြစ်လို့ PDF ၁ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

"တယောက်က လက်ကို ရှပ်ထိတယ်။ နောက်တယောက်က ပေါင်မှာရှပ်ထိသွားတာ။ ကျန်တဦးကတော့ သေတယ်။ သူကိုင်တဲ့ သေနတ်တလက်လည်း ပါသွားတယ်ဗျ။ သူ့ကိုတော့ မနေ့ကတည်းက သင်္ဂြိုဟ်လိုက်တယ်"

စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသား ၁ ဦး နှိပ်စက်ခံရပြီး သေဆုံး

"၂၆ ရက်နေ့က ည ၇ နာရီလောက်ကမှ မိသားစုကို စကစ ဘက်က အကြောင်းကြားလာတယ်။ ဆေးရုံတင်ထားရတယ်။ လာကြည့်ပါပေါ့။ မိသားစုက ခရီးဝေးလို့ ဒီ မနက် (ဇွန် ၂၇)မှ သွားဖို့လုပ်နေချိန် ဖုန်းထပ်လာတယ်။ သေသွားပြီး မလာနဲ့တော့ဆိုပြီးပြောတယ်တဲ့။ ပြီးတော့ သင်္ဂြိုဟ်လိုက်ပြီလို့လည်း ပြောတယ်"

ပခုက္ကူမှာ အိမ် ၁ အိမ် ဓားပြတိုက်ခံရပြီး သိန်း ၁၀၀ကျော်၊ ဆိုင်ကယ် ၂ စီးနဲ့ ရွှေထည်တွေပါသွား

"ကိုင်ထားတဲ့ သေနတ်တွေကအရှည်တွေချည်း ၄လက်ပါတယ်။ Maskလည်း မတပ်ဘူး။ မြို့ပေါ်မှာ ဒီလိုအရှည် တွေကိုင်လို့ရတာကတော့ ပျူစောထီးတွေပဲ ကိုင်ဝံ့ကြတာ။ PDFတွေက မြို့ပေါ်မှာ ဒီလိုအရှည်တွေ ကိုင်ဖို့ဆိုတာခက်ခဲတယ်ဗျ"

အမျိုးသမီးရဲဘော်တွေပါ တိုက်ပွဲဝင်မယ့် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း

"စစ်အာဏရှင်လုပ်ရပ်ကို မကြိုက်လို့ တော်လှန်ရေးထဲပါဝင်လာတာ။ ခုလည်း စစ်သင်တန်းလည်း ပြီးပြီးဆိုတော့ တပ်ရင်းတာဝန်ရှိသူတွေက ပေးအပ်လာတဲ့ တာဝန်အတိုင်း ထမ်းဆောင်ပြီး စကစကို ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ခုဆို တော်လှန်ရေးအရှိန်လည်း မြှင့်လာပြီဆိုတော့ ပြည်သူတွေ ပိုပြီး ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်"

ဆလိုင်းတင်မောင်ဦးကွပ်မျက်ခံရခြင်း ၄၇ နှစ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ

"ဒီလှုပ်ရှားမှုကိုလှုပ်ဆောင်ရတာက ဆလိုင်းတင်မောင်ဦးရဲ့စစ်ဖိနပ်အောက်ဒူးမထောက်ခဲ့တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အလေးအမြတ် ဂုဏ်ပြုတာလည်းဖြစ်သလို တော်လှန်ရေးသမားကိုသတ်လိုက်လည်း တော်လှန်ရေးကမသေဘူးဆိုတာ စစ်အာဏာရှင်တွေနဲ့ဖောက်ပြန်ရေးသမားအပေါင်းကို ကြုံးဝါးကြွေးကြော်လိုက်ခြင်းပဲ ဖြစ်ပါတယ်"

ကုန်ကားတွေကို ငွေတောင်းနေတဲ့စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

“ကျနော်တို့ပစ်တာက ကျောက်ကာဘက်ထွက်တဲ့ ဇလုပ်ရွာ ဆိုင်ခန်းဘေးမှာနေတဲ့ ၃ ဦးကို ပစ်လိုက်တာ၊ ၃ ဦးလုံးတော့မှန်သွားတယ်၊ ၁ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်၊ ကျန်တဲ့ကောင်တွေကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်၊ သေမသေတော့မသိဘူး၊ အဲ့ဒီ ၂ ယောက်ကိုသယ်သွားတယ်”

ပန်းတောင်းမှာ အမေနဲ့သားကို ပေးစားဆဲဆိုတဲ့ ဖခင်ကို သားကဓားနဲ့ထိုးလို့ သေဆုံး

"သူ့ (ကိုဇော်မြင့်) မိန်းမနဲ့ သားအငယ်က ထိုင်းမှာအလုပ်လုပ်နေတဲ့ သားအကြီးဆီဖုန်းဆက်နေတာကို ကိုဇော်မြင့်က နင့်လင်တွေဆီ ဖုန်းဆက်နေတာလားပြောလို့ သားအငယ်နောင်နောင်က စိတ်ဆိုးပြီး ဖခင်ရဲ့လည်ပင်းကို ဓားနဲ့တချက်ထိုးလိုက်တာမှာ ပွဲချင်းပြီး သေသွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10