ရေစကြိုမြို့က စကစ တပ်စွဲထားတဲ့နေရာ စနိုက်ပါအပါ လက်နက်ငယ်အချို့နဲ့ပစ်ခံရ
"ကျနော်တို့ အပြန်အလှန်ပစ်ခတ်ခဲ့တာ မိနစ် ၂၀ လောက်ကြာခဲ့တယ်။ ကျနော်တို့ဘက်က ပြန်ဆုတ်တဲ့အချိန်မှာ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိပါတယ်။"
"ကျနော်တို့ အပြန်အလှန်ပစ်ခတ်ခဲ့တာ မိနစ် ၂၀ လောက်ကြာခဲ့တယ်။ ကျနော်တို့ဘက်က ပြန်ဆုတ်တဲ့အချိန်မှာ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိပါတယ်။"
"အရင်ဦးဆုံး ၃ ဧကစိုက်မယ်။ ကွင်းဆင်းလုပ်နေကြပြီ။ စိုက်လက်စကျောက်ဖရုံခင်းနဲ့ ခရမ်းခင်းကို ငွေချေလိုက်ပါတယ်။ အသီးတွေလည်း ခူးပြီးပြီ။ အပြတ်ဝယ်လိုက်တဲ့ သဘောပါ။ အခုခရမ်းအပင် ၈၀၀ ကျော်စိုက်ထားပါပြီ"
ဆန်အိတ် ၂၀၊ ဆီပိဿာချိန် ၃၀၊ ငါးသေတ္တာဗူး ၃၃၀နဲ့ ကြက်သွန်ပိဿာချိန် ၁၀၀ ပါဝင်ပြီး ညောင်ပင်ကြီးအုပ်စုက စစ်ရှောင်စခန်း ၇ နေရာကို အလှူရှင်ကိုယ်စား အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့တာ
“ပကဖမှာ ဆောင်ပြီးသားမို့ NLAမှာ ချလန်သွားပြရင် အကျုံးမဝင်ဘူး၊ သူတို့ကျ ပကဖနဲ့မဆိုင်ဘူးတဲ့၊ အကုန်ထပ်ဆောင်ရတာ၊ ဘာမှမပါဘူးဆို ၂ သောင်းတဂိတ်၊ ၅ သောင်းတဂိတ်ဆောင်ရတယ်၊ ကုန်ပါရင် ကွမ်းသီး၊ ဘိလပ်မြေ၊ အရက်၊ ဆေးလိပ် အကုန်တောင်းတော့ တော်တော် အဆင်မပြေဘူးဗျ၊ ခရီးတခုကို အနည်းဆုံး ၅ သိန်းလောက်ကုန်တယ်။”
"စစ်တပ် တပ်စွဲထားတာက ညောင်ကန်သာရွာနဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့ ညောင်ကုန်းတောင်ပေါ်ကနေလာပြီး မီးရိူ့သွားတာ။ ပြီးတော့ စားစရာရိက္ခာတွေလည်း လာယူသွားတာပေါ့။ ရက်စွဲနဲ့သာ တိတိကျကျမမှတ်မိတာ၊ ညောင်ကန်သာရွာကို မကြာခဏပစ္စည်းတွေဝင်ပြီး ယူတာပေါ့"
"နဘားလမ်းဆုံမှာက ထမင်းဆိုင်တန်းရှိတယ်။ အင်းတော်ကိုဖြတ်မယ့် ကားတွေက ညနေ ၆ နာရီနောက်ပိုင်း နဘားလမ်းဆုံရောက်လာရင် အဲမှာပဲ ကားတွေက ညအိပ်ရတာများတယ်။ စကစ က လက်နက်ကြီးတွေ ပစ်နေတော့ ထမင်းစားတာတောင်မှ ကမန်းကတန်းစားပြီး ကျည်လွတ်မယ်ထင်တဲ့ နေရာမှာ နေနေကြရတာ။ ဘယ်အချိန် ကိုယ့်အနား လက်နက်ကြီးကျလာမလဲဆိုတာ စိုးရိမ်နေရတယ်"
“သူတို့ (စစ်ကောင်စီ)က ဇွန်လ ၉ ရက်နေ့ကတည်းက ပုလဲနယ်ထဲကိုဝင်လာတာ၊ ဒီနေ့မှာ ပြန်ထွက်တာ၊ ပြန်ထွက်ချိန် ညောင်ပင်စောက်ကျေးရွာအတိုင်းသွားတော့ တောတွေထဲမှာ တောအလုပ်လုပ်နေကြတဲ့ ပြည်သူတွေကိုတွေ့ပြီ ဖမ်းခေါ်သွားတာ”
"အဖွဲ့သားတွေအဖမ်းခံရတာ ဒါကပထမဦးဆုံးအကြိမ်ပါ။ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ယင်းမာပင်ဘက်မှာ အဖမ်းခံရတာပါ။ လမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာ။ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေအနည်းငယ် ပါသွားပါတယ်"
"သူ့မှာ မယားနဲ့လသားအရွယ် ကလေးတယောက်ရှိတယ်။ သူတို့က အိမ်ငှားနေတာ သိပ်မကြာသေးဘူးလို့ သိရတယ်။ သူသေနတ်ပစ်ခံရတဲ့နေ့က အိမ်မှာ မယားနဲ့ ကလေးကလည်း ရှိတယ်လို့သိရတယ်"
“ကျုပ်တို့သိရသလောက်ဆိုရင် သူက လက်နက်ကိုင်တော်လှန်ရေးကို အားမပေးဘူး၊ စိုင်ပြင်မှာဆိုရင် ငြိမ်းချမ်းရေး တရားဟောတဲ့ပုံစံမျိုးတွေ ကြားရတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီး သူ့ကိုစောင့်ကြည့်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်၊ အဲ့နောက်မှာတော့ ခုလိုဖမ်းဆီးထိန်းသိမ်းခံရတာ။ တကယ်လို့ စစ်ဆေးတွေ့ ရှိလာရင်လည်း NUG ရဲ့စည်းမျဉ်းဥပဒေအတိုင်းပဲ ပုဒ်မတပ်ပြီးတော့ တရားစွဲတာတွေ လုပ်လိမ့်မယ်လို့တော့ ယူဆပါတယ်"
"ဘွဲ့အမည်တော့မမှတ်မိဘူးဗျ။ ကျုပ်တို့အရပ်က ကျောင်းထိုင်တဲ့ရွာကိုအစွဲပြုပြီး လက်ပံခုံဆရာတော် လို့ဘဲခေါ်တာ။ သူ လမ်းမှာပျံတော်မူတဲ့အကြောင်းကို ညကမှသိရတာ၊ ဘယ်သူမှဘုန်းကြီးဆီကိုအကြောင်း ကြားတာမျိုးတော့မရှိဘူး"
"သူ့ကိုမသတ်ဘဲခေါ်တာက အရှင်ဖမ်းဆီးရမိတဲ့ သုံ့ပန်းအပေါ်ထားရှိရမယ့်လုပ်ထုံးလုပ်နည်းနဲ့အညီ ခေါ်လာတာပါဗျ။ လမ်းမှာဆိုင်ကယ်ပေါ်ကနေ ဆိုင်ကယ်ကိုတံတိုင်းနဲ့ တိုက်အောင်လုပ်ပြီးခုန်ချတာ။ ဒါကြောင့် ဓားနဲ့ရှင်းလင်းခဲ့တာ။ အလောင်းကိုတော့ အဲမှာထားခဲ့တယ်"
"စကစက သူတို့လူမဟုတ်ရင် ပြည်သူကို ပြည်သူမှန်းမသိဘူး။ မြင်သမျှကို သတ်တော့တာပဲ"
" စိမ့်စမ်းရေတွေကို မြောင်းကနေရေသွင်းစိုက်ရတာပါ။ မုန်တိုင်းမိုးကြောင့် ရေမြောင်းတွေပျက်ကုန်တယ်။ စရိတ်တွေကြီးလို့ တောင်သူတွေအနေနဲ့ ပြင်ဖို့ မတတ်နိုင်ကြဘူး။ ခုချိန်မှာစက်နဲ့ ကူညီပြီးပြင်ပေးနိုင်ရင် စပါးစိုက်ဖို့အဆင်ပြေနိုင်တယ်"
“ကျနော်တို့ကြားထားတာက ထီးလင်းဘက်ကို ယာဉ်တန်းတွေလာဖို့ရှိတယ်။ အဲဒါကို သူတို့က လမ်းကြောင်းရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးလုပ်ပေးတာ၊ အဲဒီမှာ ကျနော်တို့ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပေါက်ကွဲတာ၊ ထိခိုက်သေဆုံးတာတွေကိုတော့ အတွင်းသတင်းက ကျနော်တို့ ပြန်ကြားရတယ်”