သတင်းတို

ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဦးကျော်ဇေယျ အဖမ်းခံရပြီး စစ်ကြောရေးရောက်သွားပြီလို့ဆို

“ကြို့ပင်ကောက်ကအိမ်မှာ ဖမ်းခံရတာ။ သူကရှောင်နေရတာကြာပြီ။ ခု စရဖလက်ထဲ လွှဲလိုက်ပြီဆိုတော့ စစ်ကြောရေးတော့ ရောက်သွားလောက်ပြီ"

အင်အားဖြည့်ဖို့သွားတဲ့ စစ်အုပ်စုမိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

"စစ်ကောင်စီတွေက ခြေကျင်သွားတာ။ အဲဒီနောက်က ကားတစီးက လိုက်ပါလာတယ်။ ကားပေါ်ကကောင်တွေနဲ့ ခြေကျင်သွားတဲ့ကောင်တွေ စုစုပေါင်းကတော့ သုံးဆယ်ကျော်လောက်ရှိတယ်။ ကျနော်တို့က မိုင်းတွေကို ခွဲလိုက်တဲ့အခါမှာ သုံးကောင်က နေရာမှာတင်သေတယ်ဗျ။ နောက်ထပ်လည်း တော်တော်များများ ဒဏ်ရာရသွားတယ်"

မတ္တရာနယ်က စိန်ပန်းကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့နေ

"ရွာသားတွေကတော့ မနေ့ကတည်းကတိမ်းရှောင်နေကြရတယ်။ အခုဆိုရင် တရွာလုံးလောင်ကျွမ်းနေလောက်ပြီ။ စကစတွေက ဒီရွာကိုမီးမရှို့သေးခင် ရွာထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရွာတန်းရှည်ရွာကို လှမ်းထုခဲ့လို့ အဲဒီရွာကနွားတွေတော်တော်များများ သေခဲ့တယ်ဗျ။ လူတွေကတော့ဘာမှမဖြစ်ခဲ့ဘူး"

ပဲခူးရိုးမက တိုက်ပွဲ ၁၁ ကြိမ်မှာ စစ်ဗိုလ်မှူးအပါ ၂၀ ကျော်သေပြီး PDF ၃ ဦးကျ

"တိုက်ပွဲတွေအတွင်း တပ်ရင်း ၃၅၀၁ က တပ်ဖွဲ့ဝင် ၃ ဦးလည်း အသက်ဆုံးရှုံးခဲ့သလို တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်"

ပြည်သူပိုင်စပါးတွေ ခိုးရိတ်နေတဲ့စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရ

“အင်အားကတော့ ကင်းဝတ်နေတာရောဆိုရင် ၁၅ ကောင်လောက်ရှိတယ်။ ၁၁ နာရီကျော်လောက်မှာ ဗုံးသီး ၃ လုံး ချခဲ့တယ်။ အသေအပျောက်စာရင်းကတော့ နယ်မြေခံတွေပြောမှသိရမှာဖြစ်လို့ မသိရသေးပါဘူး။ ဗုံးမချခင်မှာ ၇ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်”

PDF လှုပ်ရှားမှုတွေ စုံစမ်းသတင်းပေးနေသူ သတ်ခံရ

"သူသတင်းပေးမှုကြောင့် PDF ရဲဘော် ၂ ဦး ကျသွားတယ်။ ပြီးရင် PDF တွေ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး စကစတွေကို သတင်းပြန်ပေးတယ်။ မနေ့ညက သူ့ကို ကျွန်တော်တို့က စကစဟန်ဆောင်ပြီး သွားဖမ်းတယ်။ ကျနော်တို့ကို PDF တွေဆိုတာ သူလုံးဝမသိဘူး။ ရွာပြင်ရောက်မှ PDF ဆိုတာ သူသိတယ်"

ငါ့သရောက်လျှပ်စစ်ရုံးကို PDF တွေဝင်စီးပြီး ဂိတ်စောင့်ရဲဆီက ပစ္စည်းတွေသိမ်းယူခဲ့

“ငါ့သရောက်တပ်ရင်း ၅ က ဦးဆောင်ပြီးခေါ်တာ။ ဂိတ်တဲနဲ့ အစောင့်ရှိတယ်။ တပ်က မဟုတ်ဘူး။ ငါ့သရောက်စခန်းက ရဲတွေပါ။ ဝင်စီးတာမှာ ပစ်ခတ်မှုတော့ မဖြစ်ခဲ့ဘူး။ ကျနော်တို့အနေနဲ့ ပစ်ခတ်လို့မရဘူး။ လျှပ်စစ်ရုံးနဲ့စခန်းနဲ့က သိပ်မကွာဘူး။ ရဲစောင့် ၁ ကောင်ပဲ ကျန်ခဲ့တာ။ သိပ်လည်း ကျန်းမာရေးကောင်းပုံမရဘူး”

စစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ လမ်းလျှောက်ပွဲ ဗုံးပစ်ခံရ

"အဲဒီနေရာမှာက စကစ မြို့နယ်စီမံကောင်စီက ဦးစီးပြီး လမ်းလျှောက်ပွဲ ခဏခဏလုပ်နေတာ။ လာတာကလည်း ဌာနဆိုင်ရာအများစုနဲ့ သူတို့က မလာမနေရ သတ်မှတ်ထားတဲ့သူတွေလောက်ဘဲ ပါတယ်။ ဗုံးပေါက်တာတော့ ဟုတ်တယ်။ ထိခိုက်တယ်ဆိုတာတော့ မကြားရဘူး။ အသံဗုံးဘဲ ထင်တယ်"

စစ်အုပ်စုမော်တော်ဘုတ် တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

"ကျနော်တို့တပ်ဖွဲ့တွေက အဲဒီမော်တော်ဘုတ်ကို ဗုံးသုံးလုံးနဲ့တိုက်ခိုက်တာ။ အဲဒီမှာတလုံးက မကွဲလိုက်ဘူး။ နောက်တလုံးကလည်း ပစ်မှတ်ကို လွှဲသွားတယ်။ နောက်ဆုံးတလုံးကပဲ ဘုတ်ရဲ့ ညာဖက်ဘောင်ကို ထိသွားတာပါ။ အဲဒါကြောင့် တယောက်သေပြီးတော့ ငါးယောက်ပဲ ဒဏ်ရာပြင်းထန်ရသွားတာပါ"

ဖောင်းကွဲရွာတိုက်ပွဲ နှစ်ဖက် ထိခိုက်သေဆုံးပြီး ပြည်သူ ၄ ဦးသတ်ခံရ

"မနေ့က သူတို့တွေစစ်ကြောင်းထိုးလာတာတွေ့လို့ ကျွန်တော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်တာ။ ဒါကို စက်လက်တွေနဲ့တရစပ် ပစ်ပြီးတက်လာတာ။ အင်အားမမျှလို့ ကျွန်တော်တို့ ပူး​ပေါင်းအဖွဲ့တွေဘက်က ဆုတ်ပေးလိုက်ရတယ်။ သူတို့ တက်လာတဲ့အချိန် ကျွန်တော်တို့ဘက်က ပစ်တာ စကစ ဘက်က ၄ ကောင်ကျသွားတယ်။ ကျွန်တော်တို့ဘက်ကလည်း ရဲဘော် ၂ ယောက်ကျတယ်"

စစ်‌ကောင်စီအထိုင်စခန်းကို ဝင်စီးတဲ့တိုက်ပွဲမှာ PDF တဦးကျဆုံး

“သူတို့က အထိုင်ဆိုတော့ ကျနော်တို့ဘက်က ပစ်ကွင်းသိပ်မကောင်းဘူးပေါ့။ တေ့ပစ်တွေပစ်ရတာ၊ ကိုယ့်ဘက်ရဲဘော်က တချက်က ခေါင်းကိုထိတာ တအားမကြီးပါဘူး။ ဘယ်ဘက် ညှပ်ရိုးအောက်မှန်တဲ့ဒဏ်ရာကြောင့်ဆုံးတာ။ သူ့ကိုတချက်ထဲထိတာ ဘာမှမဖြစ်ဘူး။ ဗိုက်အောင့်တယ်ပဲ ပြောတယ်။ ၅ မိုင်လောက်ကို ဆိုင်ကယ်နဲ့သွားပြီး ဆေးကုနေရင်းမှဆုံးတာ။ ချက်ကောင်းထိတာပေါ့။ ဒဏ်ရာက သွေးမထွက်တော့ မမြင်ရဘူး။ သေပြီးအင်္ကျီချွတ်ရှာမှ တွေ့တာ"

PDF ကပစ်ခတ်လို့ ကျေးရွာမီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

“၂၁ ရက်နေ့မှာ ငတန်းရွာကို စပြီးဝင်တယ်။ ငတန်းရွာမှာက အိမ်ခြေ ငါးရာကျော်ရှိတာကို သူတို့က မီးရှို့သွားတာ တရာကျော်ပဲကျန်ခဲ့တော့တယ်။ အဲဒီကနေစပြီး ရွှေလံ၊ တပ်သစ်၊ ရွာဘူကြီး၊ ကလဇင်၊ ပေကုန်း၊ စည်းမရွာတွေကိုပါ မီးရှို့သွားတယ်။ အိမ်ခြေဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ မနေ့က ထိတွေ့ပစ်ခတ်မှုမှာလည်း ပျူတွေက ပိုများတယ်”

CDM ရဲတပ်သား PDF ရဲဘော်အတွက် တရားမျှတမှုပြန်ယူမယ်လို့ပြော

"ကျနော်တို့အနေနဲ့ ကျဆုံးသွားတဲ့ရဲဘော်နဲ့ ဆုံးရှုံးသွားတဲ့လက်နက်တွေအတွက် တရားမျှတမှုပြန်ယူမယ်။ သွေးကြွေးကို သွေးနဲ့ပဲဆပ်မယ်"

မန္တလေးမှာ ရပ်ကွက်ရုံးအတွင်း ဗုံးပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံ

“ဗုံးက error ဖြစ်ပြီး မပေါက်ကွဲဘူး။ ၉ နာရီလောက်မှာ စစ်သားတွေစစ်ဆေးနေချိန်မှာ ထပေါက်သွားတာ။ စစ်သား ၃ ကောင်သေတယ်။ ဘယ်စစ်တပ်ကလဲတော့အသေးစိတ်မသိရဘူး”

စစ်ကိုင်းက စိုက်ပျိုးရေးရုံး ဗုံးကွဲပြီး ၁၁ လအရွယ်ကလေးငယ်အပါ ၉ ဦးဒဏ်ရာရ

"ရုံးထဲပေါက်ကွဲမှုဖြစ်တာတော့ ဟုတ်တယ်။ ဌာနဆိုင်ရာရုံးဆိုတော့ ဝင်လို့လည်းမရဘူးလေ။ ပြန်သိရတာက အပြင်ကလာပစ်တယ်လည်း ပြောနေကြသလို သူတို့ရုံးကိုလာပေးတဲ့ ပါဆယ်ထုပ်ကနေ ပေါက်တယ်လို့လည်းပြောနေကြတယ်။ ရုံးထဲကလူတွေ ထိခိုက်သွားတာတော့ ရှိတယ်။ ထိခိုက်သွားသူတွေထဲမှာ ဒုဦးစီးမှူးတွေလည်းပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10