သတင်းတို

စစ်‌ကောင်စီအထိုင်စခန်းကို ဝင်စီးတဲ့တိုက်ပွဲမှာ PDF တဦးကျဆုံး

“သူတို့က အထိုင်ဆိုတော့ ကျနော်တို့ဘက်က ပစ်ကွင်းသိပ်မကောင်းဘူးပေါ့။ တေ့ပစ်တွေပစ်ရတာ၊ ကိုယ့်ဘက်ရဲဘော်က တချက်က ခေါင်းကိုထိတာ တအားမကြီးပါဘူး။ ဘယ်ဘက် ညှပ်ရိုးအောက်မှန်တဲ့ဒဏ်ရာကြောင့်ဆုံးတာ။ သူ့ကိုတချက်ထဲထိတာ ဘာမှမဖြစ်ဘူး။ ဗိုက်အောင့်တယ်ပဲ ပြောတယ်။ ၅ မိုင်လောက်ကို ဆိုင်ကယ်နဲ့သွားပြီး ဆေးကုနေရင်းမှဆုံးတာ။ ချက်ကောင်းထိတာပေါ့။ ဒဏ်ရာက သွေးမထွက်တော့ မမြင်ရဘူး။ သေပြီးအင်္ကျီချွတ်ရှာမှ တွေ့တာ"

PDF ကပစ်ခတ်လို့ ကျေးရွာမီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

“၂၁ ရက်နေ့မှာ ငတန်းရွာကို စပြီးဝင်တယ်။ ငတန်းရွာမှာက အိမ်ခြေ ငါးရာကျော်ရှိတာကို သူတို့က မီးရှို့သွားတာ တရာကျော်ပဲကျန်ခဲ့တော့တယ်။ အဲဒီကနေစပြီး ရွှေလံ၊ တပ်သစ်၊ ရွာဘူကြီး၊ ကလဇင်၊ ပေကုန်း၊ စည်းမရွာတွေကိုပါ မီးရှို့သွားတယ်။ အိမ်ခြေဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ မနေ့က ထိတွေ့ပစ်ခတ်မှုမှာလည်း ပျူတွေက ပိုများတယ်”

CDM ရဲတပ်သား PDF ရဲဘော်အတွက် တရားမျှတမှုပြန်ယူမယ်လို့ပြော

"ကျနော်တို့အနေနဲ့ ကျဆုံးသွားတဲ့ရဲဘော်နဲ့ ဆုံးရှုံးသွားတဲ့လက်နက်တွေအတွက် တရားမျှတမှုပြန်ယူမယ်။ သွေးကြွေးကို သွေးနဲ့ပဲဆပ်မယ်"

မန္တလေးမှာ ရပ်ကွက်ရုံးအတွင်း ဗုံးပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံ

“ဗုံးက error ဖြစ်ပြီး မပေါက်ကွဲဘူး။ ၉ နာရီလောက်မှာ စစ်သားတွေစစ်ဆေးနေချိန်မှာ ထပေါက်သွားတာ။ စစ်သား ၃ ကောင်သေတယ်။ ဘယ်စစ်တပ်ကလဲတော့အသေးစိတ်မသိရဘူး”

စစ်ကိုင်းက စိုက်ပျိုးရေးရုံး ဗုံးကွဲပြီး ၁၁ လအရွယ်ကလေးငယ်အပါ ၉ ဦးဒဏ်ရာရ

"ရုံးထဲပေါက်ကွဲမှုဖြစ်တာတော့ ဟုတ်တယ်။ ဌာနဆိုင်ရာရုံးဆိုတော့ ဝင်လို့လည်းမရဘူးလေ။ ပြန်သိရတာက အပြင်ကလာပစ်တယ်လည်း ပြောနေကြသလို သူတို့ရုံးကိုလာပေးတဲ့ ပါဆယ်ထုပ်ကနေ ပေါက်တယ်လို့လည်းပြောနေကြတယ်။ ရုံးထဲကလူတွေ ထိခိုက်သွားတာတော့ ရှိတယ်။ ထိခိုက်သွားသူတွေထဲမှာ ဒုဦးစီးမှူးတွေလည်းပါတယ်"

ဖမ်းမိတဲ့ ဒုရဲတပ်ကြပ်တဦး ခုခံထွက်ပြေးလို့ သေနတ်နဲ့ပစ်သတ်ခံရ

“တကောင်းနီကယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျပြီး ခွင့်နဲ့သူမိသားစုဆီပြန်တာ။ အဲဒါကို ကျနော်တို့အဖွဲ့ကသိပြီး သပိတ်ကျင်းမြို့တနေရာမှာ ဖမ်းဆီးခဲ့တာ။ ဖမ်းဆီးခေါ်လာပြီး စစ်ဆေးနေချိန်ခုခံပြီးထွက်ပြေးလို့ သေနတ်နဲ့ပစ်ရှင်းခဲ့တယ်။ ဝဲဘက်ရင်အုံ ၁ ချက်၊ လက်ပြင် ၁ ချက်မှန်ပြီးသေတယ်။ အလောင်းကိုတော့ ကျနော်တို့မြေမြှုပ်ပေးလိုက်တယ်”

စစ်ကြောင်းဝင်ပြီးနောက် အမျိုးသမီး၂ ဦးပျောက်ဆုံးကာ အမျိုးသား ၃ ဦးမီးရှို့အသတ်ခံရ

“အမျိုးသမီး၂ ဦးကတော့ အစအနကိုပျောက်နေတာ၊ အဲ့ဘက်က တောနက်လို့ ပြေးရင်းနယ်လွန်သွားတာလားတော့ မသေချာဘူး၊ အမတို့အတွေ့ကြုံအရဆိုရင်တော့ ဖမ်းသွားပြီထင်တယ်၊ ညမလေးတယောက်ဆို အမတို့ရဲဘော်နဲ့အိမ်ထောင်ကျတဲ့ ကျောင်းဆရာမလေး၊ သူတို့က မြန်မာလို ၁၃ ရက်နေ့ မင်္ဂလာဆောင်၊ စခတွေဝင်တာက ၉ ရက်နေ့ဆိုတော့၊ မင်္ဂလာပွဲပျက်တဲ့အပြင် သတိုးသမီးလေးပါ ပျောက်သွားတာပေါ့၊ သူလည်း တအားကိုစိတ်ထိခိုက်နေတယ်။”

ဂန့်ဂေါမှာ ကြားကာလပညာရေးစုံညီပွဲတော် ကျင်းပ

"ကျောင်းသားကျောင်းသူတွေရဲ့ အားကစားစိတ်ဓာတ်ရှင်သန့်ဖို့၊ စုပေါင်းလုပ်ဆောင်တတ်တဲ့အမူအကျင့်တွေရဖို့၊ အားကစားစည်းကမ်းကိုလေးစားလိုက်နာတတ်ပြီး အပြင်မှာလည်း ဥပဒေကိုလေးစားတတ်တဲ့ လူငယ်တွေဖြစ်စေဖို့၊ ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကလေးတွေ စိတ်ရွှင်လန်းပျော်ပါးစေဖို့ ရည်ရွယ်ကျင်းပဖြစ်တာပါ"

စစ်ကောင်စီကကျေးရွာအတွင်း ဒရုန်းနဲ့ဗုံးသီးကျဲချလို့ ၄ နှစ်အရွယ်ကလေးတဦး သေဆုံး

“ကလေးကတော့ နောက်စေ့နဲ့ခေါင်းတွေမှန်တာ၊ အဖွားကလည်း တော်တော်လေးတော့ ကုရမယ့်အနေထားမှာရှိတယ်၊ တချို့ကကျောတွေ၊ ပေါင်တွေ၊ ရင်ဘတ်တွေ နံပိုင်းတွေ အစမှန်ဒဏ်ရာရတယ်၊ အီနာဂါက ခဏခဏလာလာချတယ်၊ နဂါးပေါက်ရွာကိုချတာတောင်မှ ၃ကြိမ်ရှိသွားပြီ။”

ကြံခိုင်ရေးပါတီ ကျေးရွာစည်းရုံးရေးမှူး ၁ ဦးပစ်ခတ်ခံရလို့ သေဆုံး

"သူကထုံးကြီး အထကကျောင်း အာစရိယပူဇော်ပွဲအတွက် အင်းတကော်မှာ ဗွီနိုင်းထုတ်ပြီးပြန်လာတာ။ အဲဒါကိုအနောက်ကနေဆိုင်ကယ်နဲ့ လိုက်လာတဲ့သူတွေကအနီးကပ်သေနတ်နဲ့ပစ်သွားတာ။ နေရာမှာဘဲသေသွားတယ်"

ဒီပဲယင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ကလေးငယ် ၃ ဦး လက်နက်ကြီးထိမှန်ထား

စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ဒီဇင်ဘာလ ၂၃ ရက်မှာ ဒီပဲယင်းမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းကျေးရွာတွေကို ဝင်ရောက်လာသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒီပဲယင်းမြို့နယ်၊ ကြည်ဘုရားထွက်ကျေးရွာအတွင်းကျရောက်ပြီး ကလေးငယ်သုံးဦးလက်နက်ကြီးထိမှန်ခဲ့သလို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအတွက် မိုင်းရှာတော်တဲ့ အုပ်ချုပ်ရေးမှူးတဦးထပ်မံရှင်းလင်းခံရ

“သူကဆိုင်ကယ်စီးရင်အမြဲအမြန်စီးတာ ကျနော်တို့ကနောက်ကနေလိုက်ပစ်ရတာ။ သူ့ရဲ့ခေါင်းကို ၂ ချက်ပစ်လိုက်တယ်။ အဲဒီနေရာမှာပဲ ဆိုင်ကယ်ရောလူရောလဲသွားတယ်။ သူ့ကြောင့်ကျနော်တို့အဖွဲရဲ့ မိုင်း ၅ လုံးအပြင် အခြားသူတွေရဲ့မိုင်းလုံး ၃၀ လောက် စကစဆီပါသွားခဲ့ရတယ်”

အကျဥ်းသားမထားဘဲ စစ်တပ်ကတပ်စွဲထားတဲ့ ထောင်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်

"ကျနော်တို့ မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ ၆၀ မမ ၁၂၀ မမ တွေနဲ့ သွားပစ်တာဗျ။ သာစည်လမ်းတလျှောက် စစ်တာဆေးတာတွေဒေသခံတွေကို ဖိနှိပ်တာတွေ လုပ်နေတဲ့အတွက် မုံရွာပကဖရဲ့ ခွင့်ပြု့မိန့်ယူပြီး mission ဖော်ဆောင်ခဲ့တာဗျ"

စစ်ကောင်စီတွေမီးရှို့ခဲ့တဲ့ ရေဦးနယ်က ရွာပေါင်း ၂၃ ရွာ အကူအညီတွေလိုအပ်နေ

"ဒေသခံတွေမှာက စားဖို့ထက်အခုလက်ရှိနေဖို့ တဲလေးတွေတောင်မရှိတဲ့သူများတယ်ဗျ။ တောင်သူတွေမှာဆိုရင်လည်း စပါးတိုက်တွေ၊ နေလှန်းထားတဲ့စပါးတွေ မီးရှို့တဲ့အထဲပါသွားတော့ ဘာမှမကျန်တော့ဘူး။ ပြီးတော့တရက်လုပ်မှ တရက်စားရတဲ့သူတွေကများတယ်။ စားဖို့အတွက်ကိုတော့ ရွာနီးစပ်တွေက ထမင်းထုပ်တွေ၊ ဆန်ပိုင်းလေးတွေ လာပေးကြပါတယ်။ အဲဒါလေးတွေနဲ့ပဲ ဖြေရှင်းနေရတာပေါ့။ အကူအညီတွေတော်တော်လည်း လိုအပ်နေပါတယ်"

သရက် GTI ကျောင်းက ကျောင်းသားနဲ့ကျောင်းသူ ၃ ဦးရေနစ်သေဆုံး

"သူတို့က သရက် GTI က ကျောင်းသားတွေ။ ကျောင်းပိတ်ရက် ပျော်ပွဲစားထွက်တဲ့သဘောနဲ့လာတာ။ လာတာ ၈ ဦး။ ၃ ဦးက ရေနစ်သေသွားတယ်။ သိရေလာက်က သူတို့တွေက ဝက်ထီးကန်ဘက်ကလို့ သိရတယ်။ သူတို့ နာမည်နဲ့ အခြားအချက်အလက်တွေက မသိရဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10