အရာတော်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေအပါအ၀င် PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ
"စစ်တပ်က PDF တွေရဲ့ အ၀တ်တွေ၀တ်ပြီး ရွာထဲ၀င်တာ။ ပြီးရင် ဆက်ကြေးကောက်တယ်။ ဖမ်းတယ်။ ပြီးရင် PDF တွေလုပ်ပါတယ်ဆိုပြီး အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်တယ်။ PDF တပ်ဖွဲ့တွေရဲ့ စခန်းကိုစီးပြီဆိုရင် ယူနီဖောင်းတွေအရင်ယူတာ။ အဲဒီကနေရကြတယ် ထင်တယ်။ သူတို့ထဲမှာ မိန်းမတွေလည်းပါတယ်" လို့ အရာတော်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
            Sharing Information to the Local