ပြည်-ပေါက်ခေါင်းလမ်းဘေးက နေအိမ်၊ ဈေးဆိုင်နဲ့ အဆောက်အဦးတွေကို စစ်ကောင်စီက ဖယ်ရှားခိုင်းနေ
"ကားလမ်းဘေးနှစ်ဖက်စလုံးကနေ ၇၅ ပေ ဖယ်ရမယ်ဆိုပြီး စာထုတ်လာတယ်။ အဲတော့ ကျနော်တို့ဘက်က စိုးရိမ်ရတာပေါ့။ အမြန်လမ်း စီမံကိန်းလုပ်ဖို့ ရှိတယ်လို့တော့ပြောတယ်။ ဖယ်ပေးရရင် ကျနော်တို့ဘက်မှာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိလာမှာ"