သတင်းတို

ခင်ဦးမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ ဒေသခံ ၃၀၀၀ ကျော် ရွာထဲမပြန်နိုင်သေး

"ရွာသားတွေကလည်း စစ်ကြောင်းလာမှန်း ကြိုသိလို့ မိုးရွာထားတဲ့ကြားက ကြိုပြီးရှောင်ကြတာ။ ခြေလျင်ရော နွားလှည်းရော ဆိုင်ကယ်တွေနဲ့ပြေးကြတာ။ လူဦးရေ ၃,၀၀၀ လောက်ရှိမယ်။ စစ်တပ်က လက်နက်ကြီးနဲ့ရမ်းထုလို့။ ဒဏ်ရာရသူ ရှိမရှိတော့ အသေးစိတ်တော့မသိရသေးဘူး"

မတ္တရာမှာ အဓမ္မငွေတောင်းတဲ့ စစ်ကောင်စီတပ် တရက်တည်း ၂ ကြိမ်တိတိ တိုက်ခိုက်ခံရ

“ပြည်သူတွေဆီကနေ သူတို့(စစ်ကောင်စီ)တွေက တတ်နိုင်နိုင်၊ မတတ်နိုင်နိုင် တအိမ်ကို တသိန်းနဲ့လိုက် ကောက်နေတဲ့အချိန် ကျနော်တို့က ဒရုန်း ဗုံးသီး ၅ လုံးနဲ့ပစ်ချခဲ့တယ်။ ထိခိုက်သေဆုံးတာတွေတော့ ရှိနိုင်တယ်။ ဘယ်နှစ်ယောက်ထိသွားလဲဆိုတာတော့ အတိအကျပြောလို့မရဘူး။ နာရေးကားတွေ ဆင်းသွားတယ်လို့လည်း ကြားရတယ်”

ကျောက်ကြီးထွေအုပ်ရုံးနဲ့ မြို့နယ်ရဲစခန်း ဒရုန်းဗုံးချခံရပြီး ထိခိုက်သေဆုံးသူတွေရှိ

"ထွေအုပ်ရုံးမှာ သူတို့ အစည်းဝေးလုပ်မှာသိလို့ ဗုံးချခဲ့တယ်။ ဘယ်လိုသိလဲဆိုတာကတော့ သူတို့ဌာနဆိုင်ရာတွေထဲမှာ ဖရဲသီးတွေရှိနေတာလေ။ ကျနော်တို့လုပ်မယ့် မစ်ရှင်တွေအတွက်က သူတို့ထဲကလူတွေ သတင်းပေးလို့ လုပ်ရတာများပါတယ်။ ထွေအုပ်ရုံးမှာတော့ ထိခိုက်သေဆုံးရှိတယ်လို့ သိရတယ်။ ရဲစခန်းမှာ တော့ အထိအခိုက်မသိရဘူး"

ကနီ CDM ဆင်စခန်းကို ပြည်သူတွေက ကျပ်သိန်း ၇၀ ကျော်လှူဒါန်း

"မိသားစုတစုကို ငွေ ၂ သိန်းကျော်တော့ရပါတယ်။ သူတို့စျေးဝယ်ရတဲ့ဆိုင်က ဆင်စခန်းကနေ ဆင်နဲ့သွားရင် ၆ နာရီလောက်သွားမှရောက်တာဗျ။ ဆိုင်ကလည်းမြို့နဲ့အလှမ်းဝေးတော့ သူတို့ဝယ်စားရတာ စျေးတော့များတာပေါ့"

ကန့်ဘလူခရိုင်ထဲက စစ်ရှောင်တွေ မကြာခဏ မြွေကိုက်ခံနေရ

“ဇွန်လထဲမှာတော့ မြွေကိုက်ခံရတာ ၂ ယောက်ပဲရှိပါသေးတယ်။ အခုမြွေကိုက်ခံနေတဲ့သူတွေကလည်း စစ်ရှောင်စခန်းမှာနေတဲ့သူတွေတော့ မဟုတ်ဘူးဗျ။ ရွာထဲမှာမနေရဲလို့ တောထဲမှာ တဲထိုးပြီး စစ်ရှောင်နေကြတဲ့သူတွေပါ။ လက်ရှိမှာတော့ သူတို့ကို ဆေးကုသပေးနေဆဲဖြစ်ပါတယ်။ အခုလို မြွေတွေ ခဏခဏ ကိုက်ခံရတာတွေကို လူတွေစုပြီး ပညာပေးဟောပြောပွဲတွေ လုပ်ဖို့ကလည်း မလွယ်ဘူးလေ ”

မြင်းခြံက ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ပိုင်ရှင်ဖြစ်သူ သေနတ်မှန်သေဆုံး

"ဆိုင်က အတွင်းပိုင်း ရွှေကောင်တာကို ဟော်လိုသံပိုက်တွေနဲ့ ကာထားတာ။ လက်နက်ကိုင်တွေ ဝင်လာချိန် ဆိုင်ပိုင်ရှင်က ကောင်တာဘက်ဝင်တဲ့ တံခါးကို ပိတ်လိုက်တယ်လို့ သိရတယ်။ အဲဒီမှာ လက်နက်ကိုင်ထားသူတဦးက ပိုင်ရှင်ကို ပစ်သွားတာ"

ပြည်မြို့မှာ ဆိုင်ကယ်စီးနင်းသူတွေကို စစ်ဆေးပြီး လိုင်စင်မရှိပါက ငွေ သိန်းချီတောင်း

"မနေ့က ကိုးသောင်းနားမှာ ကောင်လေးတယောက် အဖမ်းခံရတယ်။ ဆိုင်ကယ်ပစ္စည်းလာဝယ်ရင်း အဖမ်းခံရတာ။ ဆိုင်ကယ် လိုင်စင်မရှိလို့ ၅ သိန်းတောင်းတယ်။ အဲ့ကလေးတွေ အိမ်ကငွေကြေး အဆင်မပြေကြဘူး။ ပိုက်ဆံမပေးနိုင်ရင် ထောင် ၁ လကျမယ်ပြောလို့ ငွေရှာနေကြတယ်"

စစ်ကိုင်းမြို့ပေါ်က စစ်ရှောင် အမျိုးသမီး ၂ ဦးအပါ ၉ ဦး ဖမ်းဆီးခံရ

"ရွာကိုမီးရှို့လို့ ရွာလုံးကျွတ်ထွက်ပြေးကာ မြို့ပေါ်ကကျောင်းတွေမှာ ခိုလှုံနေကြတာ။ PDF တွေလုံးဝမဟုတ်ကြပါ။ အဖမ်းခံရတဲ့အထဲ သားမိနှစ်ယောက်ပါသွားတယ်။ ကလေးက ငယ်သေးတယ်လို့ပဲ သိရတယ်။ ကျား၊ မဆိုတာကို မသိရဘူး။ ပုံမှန်ကတော့ ဖမ်းဆီးတဲ့သူတွေကို တပ်မ ၃၃ ထဲမှာပဲ ဖမ်းထားလေ့ရှိတယ်၊ ခုအဲ့ထဲမှာဖြစ်နိုင်ပါတယ်"

အောင်လံမှာ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရလို့ ဒဏ်ရာပြင်းထန်

"သူမြို့က ပြန်လာတာကိုစောင့်ကြည့်ပြီး ရွာနားအရောက်လောက်မှာ ၄ ချက်လောက် ပစ်ခတ်ခဲ့တာ။ လက်မောင်းနဲ့ ခါးပိုင်းတွေမှာ သေနတ်ကျည်တွေထိခဲ့တယ်။ သေတော့မသေသေဘူး ဒဏ်ရာပြင်း ထန်ရသွားတယ်လို့ သိရတယ်"

စစ်ကိုင်းနယ်က ပျူစောထီးတွေပိုင်တဲ့ ကား ၂ စီးကို ဒေသခံ PDF တွေက မီးရှို့ဖျက်ဆီး

"မာလဲတောပျူရွာကကား ၂ စီး ဘုန်းကြီးကျောင်းအနီးမှာ ရပ်ထားတယ် သတင်းရလို့ သွားရောက်မီးရှို့ခဲ့တာပါ။ ကားပေါ်မှာဘယ်က ခိုးလားမှန်းမသိတဲ့ ဆိုင်ကယ်တွေရေခဲသေတ္တာတွေ ပန်ကာတွေပါတယ်။ အကုန်ရှင်းလင်းခဲ့ပါတယ်။ ဘာတခုမှမယူခဲ့ဘူး ပျူတွေ စစ်သားတွေ အသုံးပြုနေတဲ့ကားမို့ ဖျက်ဆီးခဲ့တာပါ။"

စစ်တပ်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခဲ့လို့ တပ်သား ၂ဦးသေဆုံးဟုဆို

“ကျနော်တို့နဲ့ အပြန်အလှန်ပစ်ခတ်ရင်း ရန်သူဘက်က ၂ ယောက်ကျသွားတာကို တွေ့ရပါတယ်။ ကျနော်တို့ပစ်ခတ်ချိန် ၃ မိနစ်လောက်ပဲကြာလိုက်တယ်။ သူတို့ ဂိတ်မှာက စုစုပေါင်း လူ ၃၅ ယောက်လောက်ရှိတယ်။ အဲဒီထဲမှာမှ အယောက် ၂၀ လောက်က တောင်ပေါ်မှာ ကင်းပုန်းဝပ်နေတာ။ ၁၀ လောက်ပဲ သူတို့ဂိတ်မှာ ကျန်ခဲ့တယ်။ Drone ဗုံးသီး ၂ နဲ့ ပစ်ချခဲ့တယ်။ ထိခိုက်တာတွေလည်းရှိနိုင်ပေမယ့် ရန်သူ့နယ်မြေထဲဝင်မရတော့ ဘယ်လောက်ထိ ထပ်ထိသွားလဲဆိုတာ မပြောနိုင်ပါဘူး။ ”

ပြည်မြို့မှာ နေအိမ်အတွင်း အနုကြမ်းစီးပြီး အမျိုးသမီးတဦးကို သတ်သွား

“ကျတော်တို့ရောက်တော့ လူနာကသေနေပြီ၊ နားထင်မှာ ကတ်ကြေးလို ချွန်တဲ့အရာနဲ့ထိုးထားတဲ့ ထိုးသွင်းဒဏ်ရာရယ်၊ လည်ပင်းအညိုမဲတွေရယ် ဒဏ်ရာ ၂ခုရှိတယ်၊ ပြီးတော့ အိမ်အပေါက်ဝနားကနေ နောက်ဖေး ရေချိုးခန်းထိ ဒရွတ်တိုက်ဆွဲသွားတဲ့ သွေးစီးကြောင်းအရာနဲ့ ဆံပင်တွေ တွေ့ရတယ်။”

ဖြူးက ပျူစောထီးဆိုသူ ရှင်းလင်းခံရ

"သူက PDF အသွားအလာတွေ စောင့်ကြည့်ပြီး စကစ ကို သတင်းပေးနေတာရှိတယ်။ သူ့ယောက္ခမကော သူကော ပျုစောထီးသင်တန်း တက်ထားသူဖြစ်တယ်။ အဲ့ဒါကြောင့်နေအိမ်မှာ အဖွဲ့တွေက သွားရှင်းလိုက်တာ"

မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

"ကျနော်တို့ PDF ဆိုတာ ပြည်သူကမွေးဖွားလာတဲ့ ပြည်သူ့ရဲဘော်တွေပါ။ လက်နက်ခဲယမ်းကအစ ပြည်သူက ဝယ်ပေးထားတာ။ ပြည်သူကို မျက်နှာမမူဘဲ ပြန်နှိပ်စက်တဲ့လုပ်ရပ်မျိုးကတော့ လက်မခံနိုင်ပါဘူး။ ဒါကလည်း အဖွဲ့ငယ်လေးတွေမှာ ဖြစ်နေတာတွေ့ရပါတယ်။"

ကန့်ဘလူနယ်က စစ်ရှောင်စခန်း ၂ ခုကို ကျွန်းလှအဖွဲ့က စားသောက်ကုန်နဲ့ အဝီစိရေတွင်း လှူဒါန်း

“ကျနော်တို့ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံစားသောက်ကုန်တွေကို လှူဒါန်းဖြစ်ပါတယ်။ အခုလို လှူဒါန်းရတာကလည်း လက်လှမ်းမီသလောက် ကူညီတဲ့သဘောပါ။ စစ်ရှောင်စခန်းမှာ လိုအပ်နေတဲ့ အခြေခံဆေးဝါးတွေလှူပေးခဲ့တယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10