သတင်းတို

မကွေးတိုင်းထဲက ရေနံမှော်တွေကို စစ်ကောင်စီဘက်က ထပ်မံပိတ်သိမ်းခိုင်းလို့ ပြောင်းရွှေ့နေရ

"၃ ရက်နေ့ကစပြီး အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့လာပြီး နလဲ ရေနံမှော်လမ်းဘေးက ရေနံတူးနေတဲ့ နေရာတွေကို အင်အားနဲ့လာဖျက်သွားတယ်။ အဲနောက်မှာ ခုလုပ်နေတဲ့ ရေနံမှော်တွေကို ဖျက်ရမယ်ဆိုပြီး ပါးစပ်ကနေ ပြောသွားတာ။ စာထုတ်တာမျိုးလဲ မရှိဘူး။ ကျနော်တို့က ပြည်သူဆိုတော့ ကြောက်တာပေါ့။ သူတို့ဖျက်ဆိုလို့ ဖျက်နေရတယ်။ ပြည်သူကို မွဲအောင်လုပ်နေတာလို့ မြင်တယ်"

မုံရွာမှာ အလံနက် လွှင့်ခဲ့သူ ဗိုလ်ဒဿ (ရုပ်/သံ)

အာဏာမသိမ်းခင်တုန်းက ဗိုလ်ဒဿဟာ ကျောင်းသားတယောက်ဖြစ်သလို ဓာတ်ပုံဆရာတယောက်လည်းဖြစ်ပါတယ်။ အာဏာရှင်ကို မကြိုက်လို့ ဓာတ်ပုံဆရာဘဝကနေ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ သူရွေးချယ်ခဲ့တာပါ။ သူကျဆုံးချိန်မှာ အသက် ၂၃ နှစ်အရွယ် လူပျိုတယောက်ဖြစ်ပြီး မိဘတွေနဲ့ ဆွေမျိုးတွေ ကျန်ရစ်ခဲ့ပါသေးတယ်

ပုလဲက စစ်အုပ်စုစခန်း တိုက်ခိုက်ခံရလို့ ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

"လက်နက်ကြီး တပ်ပေါင်းစုအနေနဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ။ သူတို့စခန်း တိုက်ခံရတော့ စကစဘက်က လေကြောင်းအကူအညီတောင်းလို့ လေကြောင်းပစ်ကူလာလို့ ပြန်ဆုတ်ခဲ့ကြတယ်။ လေယာဥ်ကတော့ တစီးဘဲလာပစ်တာ။"

ထီးလင်းမှာ လေကြောင်းကဗုံးကြဲလို့ နေအိမ်တွေပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

"ရဟတ်ယာဥ်က ရွာရဲ့အရှေ့ဘက် လယ်ကွင်းပြင်ကစလို့ ဗုံကြဲပြီးပစ်ခတ်ခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ ပြည်သူတွေ အထိအခိုက်မရှိခဲ့ပါ။ စက်လက်နဲ့လည်းပစ်သွားတယ်။ ရွာထဲက အိမ်နှစ်လုံးမှာတော့ စျေးဆိုင်တွေ၊ ခေါင်မိုးတွေ၊ ဗီရိုတွေ ပျက်စီးသွားတယ်။ ကားတစီးဆိုရင်လည်း Body ပွန်းပဲ့ ကာဘီးပေါက်သွားတယ်။ အားသွင်းထားတဲ့ ဖုန်းနှစ်လုံးပျက်စီးတယ်"

ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ စစ်သားတဦး သေဆုံး

"ဒီကောင်တွေ တယောက်လည်းသေရော ၆၀ မမရယ်၊ RPG ရယ်နဲ့ပစ်တာက ၁၀ ချက်လောက်ရှိမယ်။ လက်နက်ငယ်နဲ့ ရမ်းပစ်တာက အချက်ရေပေါင်းဆိုတာမနည်းဘူး။ တတောလုံးဆူညံသွားတာပဲ။ မိနစ် ၂၀ လောက်ကိုပစ်တာ"

မုံရွာ - ချောင်းဦးလမ်းပိုင်းမှာ စစ်ကား ၂ စီး မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင်

“ကားတွေက ဂျမ်မာစနစ်တပ်ထားတဲ့ကားတွေ၊ ကားက ၄ ဘီးကားအသေးဘဲ။ မိုင်းဆွဲတာမှာ စကစ ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်။ မိုင်းဆွဲခံရပြီးတော့ ကားပေါ်ကရော၊ လမ်းမှာ ကင်းပုန်းဝပ်နေတဲ့ကောင်တွေရော လက်နက်ငယ်တွေနဲ့ မိုင်းကွင်းဘက်ကိုတောက်လျှောက်ပစ်တာ”

စစ်တပ်သတင်းပေး စစ်မှုထမ်းဟောင်းတဦး ရှင်းလင်းခံရပြီး သေနတ်တလက်သိမ်းဆည်းရမိ

“လှမိုးကို သူ့ရဲ့နေအိမ်ထဲမှာ သေနတ်အတိုနဲ့ ၁ ချက်ပစ်ခဲ့ပါတယ်။ သူ့ဆီက ကာဘိုင် M1 ၁ လက်သိမ်းဆည်းယူခဲ့တယ်”

စခန်း ၂ ခုသိမ်းနိုင်ခဲ့တဲ့ နတ်သံကွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး KNLA ပူးပေါင်းအဖွဲ့က ၃ ဦးသေ ၇ ဦးဒဏ်ရာရ

"စကစဘက်က စစ်ကူမလာနိုင်အောင် ဘုံသတောတံတားကို ချိုးခဲ့တယ်။ စခန်း ၂ ခုစလုံး သိမ်းနိုင်ခဲ့တယ်။ စကစဘက်က လေယာဥ် ၂ စီးနဲ့ ၆ ကြိမ် ဗုံးလာကြဲတယ်။ ခုလောလောဆယ်တော့ အခြေနေကို စောင့်ကြည့်နေရတယ်။ မနက် ၇ နာရီလောက်ထိ တိုက်ပွဲဖြစ်ခဲ့တယ်။ စခန်းသိမ်းနိုင်ပေမယ့် စကစဘက်က လေယာဥ်နဲ့လာလို့ မီးရှို့ဖျက်ဆီးတာတော့ မလုပ်နိုင်ခဲ့ဘူး။"

ဆားလင်းကြီး ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

"စကစတွေက ဝမ်ပေါင်ကထွက်ပြီးတော့ ယင်းမာပင်ဘက်ကို ခြေလျင်သွားတာ။ လမ်းမှာ မိုးကြိုးပင်ရွာထဲဝင်ပြီးတညအိပ်တယ်။ မနက်လင်းတော့ ရွာကထွက်တဲ့အချိန်မှာ လမ်းမှာတွေ့တဲ့ဒေသခံတွေကို ဖမ်းခေါ်သွားတာ။ အဲ့ရွာကနေတဆင့် ရာဇကျော်ရွာကိုဝင်ပြီးတော့လည်း တွေ့တဲ့လူကိုဖမ်းခေါ်သွားတာ။ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ။ အခု စကစတွေနဲ့ဒေသခံတွေက ယင်းမာပင်နယ်ကို ရောက်သွားပြီ"

ခင်ဦး ကံသစ်ရွာရှိ နေအိမ်တွေထဲက ဗုဒ္ဓဆင်းတုတော်တွေကို စစ်ကောင်စီက ဖျက်ဆီးမီးရှို့

"အရင်မီးလောင်ခံရလို့ ပြန်ဆောက်ထားတဲ့ အိမ်အချို့လည်း မီးရှို့ခံရတယ်။ အိမ်ထဲကဘုရားတွေကိုလည်းဖျက်ဆီးသွားတယ်။ အဲရွာက ၄ ကြိမ်မြောက်မီးရှို့ခံရတာ၊ ခုတခါအိမ် ၆၅ လုံးမီးလောင်ခံရတယ်။"

နတ်မောက်မှာ သတင်းပေးဆိုသူ ၁ ဦး ရှင်းလင်းခံရ

“ရဲတွေဖမ်းတဲ့နေ့က ကျနော့်သေနတ်ကျကျန်ခဲ့တယ်။ သေဆုံးသွားတဲ့ တင်‌မောင်ဝင်းဟာ စစ်ကောင်စီ ဒေါက်တိုင်ပေါ့။ အဲဒီကောင်က အဲဒီလက်နက်ကို ရဲစခန်းကိုသွားပြီးအပ်လိုက်တယ်”

နတ်သံကွင်းရဲစခန်းဝင်စီးခံရ၊ စစ်တပ်က လေယာဉ်သုံး တိုက်ခိုက်နေ

"လောလောဆယ်သိထားသလောက်က ရဲစခန်းကို ဝင်စီးတယ်။ ဝင်သိမ်းနိုင်လောက်တဲ့ အခြေနေလည်းရှိနေတယ်လို့ သိရတယ်။ စကစဘက်က အထိနာတော့ တိုက်လေယာဉ်တစီးနဲ့ ရဟတ်ယာဉ်တစီးနဲ့လည်း လာပစ်တာရှိတယ်။ မနက် ၉ နာရီကျော်လောက်မှာတော့ အခြေနေငြိမ်သက်နေတယ်။ စစ်တောင်းမြစ်ကူးတံတားကတော့ မိုင်းခွဲခံရလို့ ပြိုကျသွားတယ်လို့တော့ သိရတယ်"

ဂန့်ဂေါနယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

"ရွာအရှေ့ဘက်ကုန်းပေါ်ကနေ အပိုင်စောင့်ပစ်တာ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိသေးဘူး။ ကျနော့်ရဲဘော်က စနိုက်ပါရိုင်ဖယ်နဲ့ပစ်လိုက်တာ စစ်သားနှစ်ယောက်သေတယ်"

ကျောက်ထု၊ စံတောင်တိုက်ပွဲမှာ စစ်သား ၂ ဦးသေပြီး လက်နက်ခဲယမ်းအချို့သိမ်းနိုင်ခဲ့

“စံတောင်ကုန်းပေါ်မှာ ကျနော်တို့ကအရင်နေရာယူထားတယ်။ သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အရင်စပစ်တယ်။ ပြီးမှ ကျနော်တို့ပြန်ပစ်တယ်။ စစ်သားနှစ်ယောက် ရင်ဘတ်မှန်ပြီးလဲကျသွားတယ်။ ဒဏ်ရာရတာများပေမယ့် ၄ ယောက် ဒဏ်ရာရတာကိုပဲ အတည်ပြုပါတယ်"

စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည် အိမ်ပေါ်ကျလို့ ကလေးငယ်အပါ မိသားစု ၃ ဦးဒဏ်ရာရ

"ဒေါင့်အင်းကုန်းရွာက ကိုအောင်ထွန်းဝင်း အိမ်ပေါ်ကိုကျပြီး သူ့အမျိုးသမီးရယ် သူ့သမီးတယောက်ရယ် အငယ်ဆုံးသားလေးရယ်ကို လက်နက်ကြီးကျည်စမှန်တာ အခု ဆွာဆေးရုံကိုပို့ထားတယ် အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10