သတင်းတို

ဖမ်းဆီးခံ ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ဦးဗန့်ဂျီကို သေဆုံးလျှက်ပြန်တွေ့

"ကိုဗန့်ဂျီ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေတော်တော်တွေ့ရတယ်။ ကျောကုန်းတွေ၊ ဦးခေါင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေပါတယ်။ ရင်ဘက်တွေမှာ ဓားထိုးဒဏ်ရာတွေ တွေ့ရတယ်ဗျ။ စကစတွေက မနေ့(ဇွန်၁၀)က သတ်ပြီးတော့ အလောင်းလာပစ်သွားတာလို့ ထင်တယ်" လို့ ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေး ၂ ဦးသေဆုံး၊ ဘုန်းကြီး ၁ ပါးပျံလွန်ပြီး နေအိမ် ၇ လုံးမီးလောင်

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ တောကြောင်ပေါက်ကျေးရွာက သက်တော် ၆၀ အရွယ် သံဃာတပါး ပျံလွန်တော်မူခဲ့သလို ဝါးပင်စုရွာက အသက် ၁၀ နှစ်ခန့်နဲ့ ၆ နှစ်ခန့် အရွယ် မိန်းကလေး ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

PDF ရဲဘော် ၃ ဦးသေဆုံးခြင်း ၁ လပြည့် အခမ်းအနားပြုလုပ်

“တလပြည့်မှာ တပ်ရင်းရုံးက အရာရှိတွေအလုပ်နားပြီးတော့ ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူပန်းခွေ‌တွေ ချခဲ့တယ်၊ ကျနော်တို့မရောက်ခင်မှာပဲ ဒေသခံလူထုကနေ သူတို့ဟာသူတို့အစီအစဉ်နဲ့ လုပ်သွားခဲ့တာလည်း ရှိတယ်၊ ကျနော်တို့က ညနေပိုင်းမှာ လုပ်ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ခင်ဦးမှာစစ်တပ်က စာသင်ကျောင်းနဲ့ အိမ်တွေမီးရှို့ပြီး သိုးနဲ့နွား ၇၀ ကျော်ကိုမောင်းယူသွား

"မနေ့က စစ်ကြောင်းကနေ့လယ်လောက်မှာ ထွက်ဟန်ပြပြီး ရွာထဲမှာညအိပ်တာ၊ ညရောက်မှ အိမ် ၄ လုံးနဲ့ စာသင်ကျောင်းကိုမီးရှို့တာ။ မနက်အစောပိုင်းရွာထဲကထွက်တော့ သိုးနဲ့နွားတွေကို စစ်ကြောင်းရှေ့ကနေမောင်း သွားတာ။ ပြီးတော့ရွာထဲမှာလည်း သတ်ဖြတ်စားသောက်ထားတာတွေလည်းရှိသေးတယ်"

စဥ့်ကူးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် လွတ်လပ်သောထောက်ပို့အဖွဲ့က ရိက္ခာထောက်ပံ့

"ရွာတွေမှာ အိမ်မရှိကြတော့ဘူး။ တချိူ့ဆို အဝတ်တထည် ကိုယ်တခုနဲ့နေကြရတယ်။ ဆန် ဆီ ကြက်သွန်လေးလှူတာတောင် ပြုံးပျော်နေကြတယ်။ သူတို့မှာ အိမ်မရှိတော့တာကို မေ့နေသလို တွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ စားဖို့နေဖို့ဝတ်ဖို့ ဘာမှကိုမရှိလို့အခက်အခဲ ဖြစ်နေကြတာ"

ယင်းမာပင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ကထိခိုက်သေဆုံးသူတွေရှိ

"စစ်ကြောင်းရဲ့တပ်အမည်တော့မသိရဘူး။ သူတို့က လည်ငေါက်ရွာမှာညအိပ်ပြီး မနက်စစ်ကြောင်းထွက်မယ်သတင်းရလို့ ကြိုတင်ပြင်ဆင်ပြီး စစ်ကြောင်းထွက်လာချိန်မှာတိုက်ခိုက်ခဲ့တာပါ”

ကန့်ဘလူ စစ်ရှောင်ကလေးငယ် ၁၀၀ ကျော် ပညာသင်ပေးဖို့ ကျောင်းသုံးပစ္စည်းများလိုအပ်နေ

"ကျနော်တို့ဘက်က ကလေးတွေက စာမသင်ရတာဆို ကိုဗစ်အပါအဝင်ဆို ၃ နှစ်လောက်ရှိနေပြီ။ ခု စာသင်ဖို့ ကလေး ၁၀၀ ကျော်ရဖို့တောင် မိဘတွေကို အတော်စည်းရုံးပြီး ပြောထားရတာ။ စာသင်ဆောင်တွေက စစ်ဘေးရှောင်နေရတဲ့နေရာမှာ ဖြစ်သလိုဆောက်ထားရတာဆိုတော့ လိုအပ်ချက်တွေက အများကြီးရှိနေပါတယ်"

ယင်းမာပင်မှာ PDF ရဲဘော်ဆေးမှူးက တကိုယ်တော် ဆေးကုသနေပြီး ဆေးဝါးပစ္စည်းတွေလိုအပ်နေ

"ရဲဘော်တွေလိုအပ်ချက်တွေကို ပြည်သူတွေအဆင်ပြေတုန်းက ကူညီပေးခဲ့တယ်။ အခုပြည်သူတွေ ဒုက္ခအခက်အခဲရောက်နေတော့ ဥပက္ခာမပြုနိုင်ပါဘူး။ ကျနော်တတ်နိုင်တဲ့အပိုင်းက ဆေးကုသစောင့်ရှောက်ပေးသွားမယ်"

အထက်မင်းလှက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၇၀ ကျော်ကို ၁ လအတွင်းနှုတ်ထွက်ဖို့ နောက်ဆုံးအကြိမ်သတိပေး

"အရင်ကလည်း ၂ ကြိမ် ၊ ၃ ကြိမ် ကြေညာချက်ထုတ် သတိပေးခဲ့ဖူးတာမျိုးတွေရှိပါတယ်။ အများစုကမလိုက်နာဘဲ စစ်ကောင်စီလက်အောက်မှာ လုပ်ဆောင်မြဲရှိသေးတဲ့အတွက် နောက်ဆုံးအကြိမ်အဖြစ် အမည်တွေကိုပါတပ်ပြီး ‌ကြေညာလိုက်တာဖြစ်ပါတယ်"

ပဲခင်းတွေကို ဝင်ခိုးခူးတဲ့ ပျူစောထီးအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၄ ဦးထက်မနည်း ထိခိုက်

"ကြာပိုင်ပြည်သူတွေစိုက်ထားတဲ့ ပဲခင်းမှာဝင်ခိုးနေကြတာ။ အဲ့အချိန်သတင်းရလို့ ဒရုန်းနဲ့ဗုံးချခဲ့တာ။ တောပုက ပျူတွေက သူတို့နဲ့နီးစပ်တဲ့ရွာတွေက ဒေသခံပိုင်ပစ္စည်းတွေကို ခုလိုဘဲ ယူနေကြဖြစ်နေပြီ"

ညောင်ပင်ကြီးတိုက်ပွဲအပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ မီးရှို့နေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးရ

"ဒေသခံတွေက မနေ့က ၅ နာရီကတည်းကနေ ပြေးနေရတာ။ ညမအိပ်ရတော့ဘဲ ပြေးနေရတာ။ အခုချိန်ထိပေါ့။ Mi-35 နဲ့စက်ဝိုင်းပုံစံဝိုင်းပြီးတော့ ၅ ကြိမ်ပစ်တယ်။ ရွာထဲကစကစတွေကတော့ လေကြောင်းပစ်ပြီးတာနဲ့ အိမ်တွေကို မီးစရှို့တာ။ တညလုံးရှို့တယ်။အခုထိမီးက မငြိမ်းသေးဘူး"

ညောင်ပင်ကြီးရဲစခန်းတခုလုံးနီးပါး သိမ်းနိုင်ခဲ့ပြီး ရဲ ၂ ဦးဖမ်းမိ၊ လက်နက်တချို့ရ

“ရဲစခန်းရဲ့တောင်ဘက်ခြမ်းတော့ သိမ်းနိုင်တယ်၊ မြောက်ဘက်ခြမ်းတော့ မသိမ်းနိုင်ဘူး၊ စခန်းမှူး လွတ်သွားတယ်လို့တော့ သိရတယ်။ လေယာဉ်က ၃ စီးလာပြီး ဝမ်ပေါင်နဲ့ မုံရွာကလည်း လက်နက်ကြီး လှမ်းထုနေတာကြောင့် အကုန်မသိမ်းနိုင်တာလည်းပါတယ်”

ထောက်ပို့ကားကို လုံခြုံရေးကင်းစောင့်ဖို့လာတဲ့ ပျူကား၂စီး မိုင်းဆွဲခံရလို့ ၃ဦးသေ ၆ဦးဒဏ်ရာရ

"သူတို့က မိုင်းကွင်းဘယ်နားရှိတယ်ဆိုတာ သိတယ်။ မိုင်းဆွဲ မခံရခင် သူတို့က မိုင်းကွင်းနေရာတွေကို ပစ်ခတ်ပြီးမှထွက်လာကြတာ။ မိုင်းဆွဲခံရတော့ ၃ ဦးသေတယ် ၄ ဦး ဒဏ်ရာရတယ်။ အီနာဂါနဲ့ချတော့ ၂ဦးဒဏ်ရာပြင်းထန်တယ်။"

မြောင်မှာ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

“သူတို့(စစ်ကောင်စီ)စခန်းနဲ့ ပရိမ္မရွာက တမိုင်ဝန်းကျင်လောက်ပဲရှိတော့ မကြာခဏရွာထဲကိုဝင်ပြီး မီးရှို့တာတွေ လုပ်နေကျ၊ ဒီတခေါက်ကတော့ ရွာထဲဝင်ပြီး ဘာမှမလုပ်ဘဲ ​ထွက်လာတာ။ ရွာသားတွေကတော့ ထွက်ပြေးကြတာပေါ့။ ဒီနေ့ပစ်ခတ်မှုမှာ စကစတွေရဲ့ ထိခိုက်သေဆုံးမှုကို အတွင်းသတင်းကနေ ကြားသိရတာပါ”

ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီက ‌လေကြောင်းပစ်ကူသုံးလို့ ပြည်သူတချို့ထိမှန်

“ပထမတော့ ကိုယ့်ဘက်က ဦးအောင်ပစ်တာပဲ၊ ပစ်တဲ့ချိန် ဝမ်ပေါင်ကလည်း မလှမ်းမကမ်းဆိုတော့ ကောင်တာပြန်ပေးတယ်၊ မုံရွာဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးတယ်၊ ကျနော်တို့လည်း ပြန်ဆုတ်ခဲ့ရတာ၊ ပြည်သူတွေလည်း (ရွာထဲကနေ)ထွက်လို့ မရတာတွေရှိတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10