သတင်းတို

စစ်တောင်းမြစ် စစ်ဆေးရေးဂိတ် မိုင်းခွဲခံရလို့ ပျူခေါင်းဆောင် ၁ ဦးသေ၊ စစ်သား ၄ ဦး ဒဏ်ရာရ

“ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဗုံးနဲ့သွားလုပ်တာ၊ ကျနော်တို့ဖောက်ပြီး ခဏကြာတော့ အလောင်းကားတွေနဲ့ သွားသယ်နေပြီ။ ၃ပိုင်းပြတ်သွားတဲ့ကောင်က ဒလန်အကြီးစား ပျူ‌စောထီးခေါင်းဆောင်၊ စစ်သားတ‌ယောက်က ပေါင်ပြတ်တယ်”

ကံဇီးပျူရွာကို PDF က ဝင်ရောက်စီးနင်းပြီး ပျူရွာခံ ၁၂ ဦးကိုဖမ်းဆီး၊ လာကယ်တဲ့ စစ်အုပ်စုကို မိုင်းဆွဲလို့ ၂ ဦးသေဆုံးဟုဆို

“လာကယ်မယ်ဆိုတာသိလို့ သူတို့လာနိုင်မယ်ထင်တဲ့ ရွာပြင်လမ်းမှာ မိုင်းထောင်ခဲ့တယ်။ အဲဒါကို ဖမ်းခံထိသူတွေကို ပြန်ကယ်ဖို့ဆိုပြီး လိုက်လာတဲ့ ပျူနဲ့ စကစအဖွဲ့က မိုင်းထပ်ထိတယ်"

ပုလဲနယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

"စစ်ကြောင်းက ပျူစောထီးရွာတွေအတွက်ကို ရိက္ခာစုပေးဖို့ဆိုပြီးတေ့ာ စစ်ကြောင်းထိုးတာပါ။ အဲဒီမှာအပြန်အလှန်ပစ်ခတ်ရင်း စစ်ကြောင်းက မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲလိုက်တာပါ။ တိုက်ပွဲပြီးတော့ ဇီးဖြူကုန်းရွာထဲကို သေတဲ့သူတွေသယ် ပြန်ဝင်သွားပြီး ရွာထဲရောက်တော့ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကိုပြန်ပစ်နေတယ်"

ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၅ ကြိမ်မြောက်မီးရှို့၊ စုစုပေါင်း နေအိမ် ၃၀၀ ကျော်ပျက်စီးခဲ့

“သူတို့ရွာထဲကနေ ပြန်ထွက်ချိန်မှာ အိမ်တွေကို မီးရှို့တယ်။ ရွာထဲကနေအိမ် ၃၁ လုံးမီးလောင်သွားတယ်။ ဖမ်းဆီးခံရတဲ့ သူတွေတော့ မရှိပါဘူး၊ ရွာထဲကိုလည်း ရွာသားတချို့ပဲ ဝင်သေးတယ်”

လူမနေတဲ့ကျေးရွာက အိမ် ၁၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား

"ရွာရဲ့ကုန်းပေါ်က အိမ် ၁၃ လုံးနဲ့ အောက်ကျင်းက အိမ် ၂ လုံးကို မီးရှို့ခဲ့တာပါ။ EPCစက်ရုံနဲ့ ရွာနဲ့က ကားလမ်းတခုပဲခြားပါတယ်။ ဒီနေ့မနက်ပိုင်းကလည်း ရွာထဲကို ဝင်မွှေသွားသေးတယ်"

စီးနင်းခံရတဲ့ ညောင်ပင်ကြီးရဲစခန်းဝန်းကျင်ရှိ အိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဧရိယာတိုးချဲ့

“အိမ်တွေ၊ လမ်းတွေကို ဘူဒိုဇာနဲ့ထိုးပြီး ဘန်ကာအခိုင်မာဆောက်နေတယ်၊ ဆောက်လို့ပြီးသွားရင်တော့ စစ်ကြောင်းပြန်ထိုးမယ်လို့ မျှော်လင့်တာပဲ၊ ရဲစခန်းပတ်လည်ကအိမ်တွေဆို ပြန်လို့မရတော့ဘူး၊ အိမ်လည်းမရှိတော့ဘူး၊ မြေလည်းမရှိတော့ဘူး အဲ့လိုဖြစ်သွားပြီ။”

မြိုင်မှာ တိုက်ပွဲဖြစ်၊ PDF တဦးသေပြီး စစ်အုပ်စုဘက်ကလည်း သေဆုံးမှုများဟုဆို

“ကျနော်တို့ အဖွဲ့ ၇ ဖွဲ့လောက် အကုန်ဝင်ပစ်တာ၊ ဒရုန်း ၆ စီးနဲ့ ဗုံး ၂၀ ကျော်ချ တိုက်ခိုက်ခဲ့တယ်၊ မြိုင်မြို့အရှေ့ဘက် စီမံကိန်းရုံးထဲက စစ်သားတွေက လက်နက်ကြီးနဲ့ပစ်လို့ ပြန်ဆုတ်ခဲ့တယ်”

ချောင်းဦးမှာ ရွာခံအမျိုးသား ၄ ဦး ဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်တောက်နေ

"သူတို့လေးယောက်က နတ်ရေကန်ဇရပ်ပေါ်မှာထိုင်နေကြတာ။ မြို့ပေါ်က စကစတွေက ကားနဲ့ရောက် လာပြီး အကုန်ဆွဲတင်သွားတာ။ ဒီလူတွေက PDFတွေ မဟုတ်ဘူး၊ သာမန်ပြည်သူတွေပါ"

ဝက်လက်က မီးဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော်ကို ရိက္ခာထောက်ပံ့

"မီးဘေးသင့်ပြည်သူတွေ စားဖို့ခက်ခဲနေလို့ ထောက်ပံ့ပေးတာပါ။ ကျနော်တို့အဖွဲ့က ပြည်သူတွေနဲ့ တသားတည်း ရှိနေတာပါ။ ပြည်သူတွေ ဒုက္ခရောက်နေလို့ နိုင်တဲ့ဘက်က ကူညီရတာပါ။ တခြားမီးဘေးသင့် ပြည်သူတွေကိုလည်း အခက်အခဲရှိနေလို့ လှူဒါန်းပေးကြပါ"

ရေစကြို ပကဖ စခန်းခွဲ ၁ ခု စီးနင်းခံရလို့ ရဲဘော် ၁ ဦးသေဆုံးပြီး ကား၊ဆိုင်ကယ်နဲ့ခဲယမ်းတွေ ဆုံးရှုံး

"၁၂ ရက်နေ့ ညပိုင်းလောက်ကတည်းက စကစ ဘက်က စခန်းနားကို ကပ်လာတာ။ ဖြစ်တဲ့ မနက်အစောပိုင်းမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြသေးတယ်။ အဲ့ဒီမှာ ကင်းကျရဲဘော်တဦး ဖမ်းဆီးခံလိုက်ရတယ်။ ကျန်သူအချို့ကတော့ လွတ်မြောက်လာပါတယ်"

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရ၊ စုစုပေါင်း မြွေကိုက်ခံရသူ ၇၂ ဦးထိရှိလာ

"လူနာကို မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၄ လုံးနဲ့ အန္ဒိယထုတ် မြွေဆိပ်ဖြေဆေး ၁၀ လုံး ထိုးနှံပေးထားပါတယ်လို့ မြေပြင်ကျန်းမာရေးဌာနက သတင်းပို့ထားပါတယ်"

ပခုက္ကူက စစ်ကောင်စီဂိတ် ၂ ခု ကို PDF က တပြိုင်တည်းတိုက်ခိုက်

“သူတို့ ဂိတ်စခန်းကိုမသိမ်းနိုင်ပေမဲ့ စစ်*** ၇ ယောက်ပွဲချင်းပြီးသေပြီး ၂ ယောက်က ဆေးရုံမှာသေတယ်လို့ အတွင်းသတင်းက ကြားသိရတယ်။ အဲဒီ ပန်းတိုင်ရွာပြင်စခန်းမှာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ဘဲရှိတယ်”

ဆားတောင်မြို့က သာဇင်ကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့ပြီး ဒေသခံတွေကို ဖမ်းဆီးသွား

"သာဇင်က အမျိုးသားတွေကိုလည်း ဖမ်းသွားတယ်။ ဘယ်နှစ်ယောက်ဆိုတာကို မသိရသေးဘူး။ ဘောက်သောက်နဲ့ လင်းယဥ်ကုန်းရွာ က ခုနှစ်ယောက်ကတော့ အတိကျပဲ။ သူတို့က ဒီနေ့အထိ ပြန်မလွတ်လာကြသေးဘူး"

ဝက်လက် GZ Special Task Force က အထူးစစ်ဆင်ရေးနဲ့ မြို့ပြစစ်ဆင်ရေးလေ့ကျင့်

"စစ်ကောင်စီယှဥ်တဲ့အခါမှာ ရဲဘော်တွေရဲ့ ကြံ့ခိုင်ရေး၊ သက်လုံကောင်းဖို့၊ အသာစီးရဖို့၊ လေ့ကျင့်ပေးတာပါ။ မြို့ပေါ်တွေက စစ်ကောင်စီအထိုင်ချတဲ့ နေရာတွေ၊ ဘန်ကာတွေကို လျှပ်တပြက်အသာစီးယူ တိုက်ခိုက်ဖို့ပါ။ နောက်တခုက စစ်ကြောင်းထိုးတဲ့နေရာမှာ စနစ်တကျခြုံခိုတိုက်ခိုက်ဖို့ လေ့ကျင့်တာပါ"

ချပ်သင်းတိုက်နယ်က စစ်ရှောင်တဲ ၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

“အဲဒီနေရာမှာ တဲအလုံးရေဘယ်လောက်ရှိလဲ ဆိုတာတော့ ကျနော်တို့ အတိအကျမသိရပါဘူး။ မီးလောင်သွားတဲ့ အရေအတွက်ပဲသိရတာပါ။ စစ်ရှောင်တဲက လူတွေရော ရွာထဲပြန်မဝင်ကြသေးဘူး။ အဲဒီ စစ်**တွေက စစ်ရှောင်တဲတွေကို မီးရှို့ပြီး နေ့လယ် ၁ နာရီလောက်မှာ ဇင်းကျေးရွာဖက်ကို ပြန်ခေါက်သွားတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10