သတင်းတို

အညာဒေသအတွက်လိုအပ်တဲ့ ဝေဟင်တိုက်ခိုက်ရေး နည်းပညာသင်တန်းပို့ချ

“ဒရုန်းအကြီးသုံးနိုင်တဲ့အဖွဲ့က အများကြီးမရှိသေးဘူး၊ အဲ့တာကြောင့် ကျနော်တို့က စာရော လက်တွေ့ရော အကုန်သင်ပေးမှာ၊ ဒရုန်းအကြီးတွေမောင်းဖို့ဆိုတာ လက်တော်တော်ငြိမ်ဖို့လိုတယ်၊ အဲ့တာကြောင့် လက်တွေ့ခန်းမှာ နေ့စဉ်လေ့ကျင့်ပေးပြီး ဒရုန်းတီထွင်နိုင်ဖို့လည်း တဖက်ကသင်ပေးသွားမှာ”

ခြံရောင်းရငွေနဲ့ တိုက်ပွဲဝင်ခဲ့ပေမယ့် ရပ်တည်ဖို့ခက်လာလို့ အလှူခံရပြီဟုဆို

"Page ထောင်ရကောင်းမှန်းမသိဘူး။ အိမ်ဝန်း(ခြံ) ရောင်းတာ၊ ပေါင်တာလုပ်ပြီး အာဏာရှင်တိုက်မယ်ဆိုပြီး လုပ်ဆောင်ခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ လက်နက်ကြီးတွေလည်း ချဲ့ထွင်လုပ်တယ်။ တိုက်ပွဲလည်းစိတ်လာတော့ ငွေကြေးကမတတ်နိုင်တော့လို့၊ အခုတော့စွန်ရဲ Page ထောင်ပြီး အလှူခံရတာ။"

သပိတ်ကျင်းမှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသားအလောင်း ၃ လောင်းတွေ့

"တယောက်ဆို ခေါင်းပွင့်ထွက်နေတယ်။ ကျန်နှစ်ယောက်ကလည်း ဦးခေါင်းတွေနဲ့ ရင်ဘတ်တွေ ပစ်ခံရပြီး သေဆုံးနေကြတာ။ ရွာခံတွေလည်း မဟုတ်ဘူး။ ပုံစံတွေကြည့်ရတာ တနေရာကနေ ဖမ်းခေါ်လာပြီး ပစ်သတ်သွားတာ"

ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ပျူတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

“သူတို့က အရှေ့တည့်တည့်ကို ထွက်လာပြီးတော့မှ တောင်ဘက်ခြမ်းကို ချိုးသွားတယ်။ တောင်ဘက်ခြမ်းမှာက ကျနော်တို့ မိုင်းကွင်းရှိတယ်။ အဲဒီမိုင်းကွင်းကို သူတို့က ကျော်သွားတော့ ကျနော့်ရဲ့နီးစပ်ရာ မဟာမိတ်အဖွဲ့တွေကို လှမ်းခေါ်ပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်”

မိုင်းအတုကို လာရှင်းတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းအစစ်ဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို

"မိုင်းအတုကိုတော့ မြင်သာအောင်ထောင်ထားတော့ သူတို့လူတွေ သတင်းပို့လို့ လာဖြုတ်ကြတယ်။ မိုင်းအစစ်တွေက မြေမြှုပ်ထားတာ။ အချို့က မိုင်းဖြုတ်နေတဲ့အချိန်၊ အချို့က ခပ်လှမ်းလှမ်းကနေ နေကြတာ။ သူတို့က လေးဘက်ထောက်မိုင်းဖြုတ်နေတဲ့အချိန် မိုင်းအစစ်ကို ဆွဲပစ်လိုက်တာ"

နတ်တလင်းမှာ ခရီးသည်တင်ယာဉ် သစ်ပင်ဝင်တိုက်ရာက ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

"ကားက လမ်းဘေးသစ်ပင်ကိုတိုက်ပြီး စပါယ်ယာက လမ်းဘေးမြောင်းထဲကျပြီး နေရာမှာပဲ သေနေတာ။ အဲဒီအချိန်က မိုးကနည်းနည်းရွာနေတာ၊ စလစ်ဖြစ်လား ယာဥ်မောင်းပဲ အိပ်ငိုက်သလားတော့ မပြောတတ်ဘူး"

တမူးမှာ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ၊ အထိနာလို့ လေကြောင်းပစ်ကူပေး

“ခုထိတိုက်ပွဲမပြီးသေးဘူး၊ ဗုံးသံတွေကြားနေရဆဲပဲ၊ ရွာထဲက တချို့အိမ်တွေလည်း လက်နက်ကြီးဗုံးသီးမှန်ပြီး မီးလောင်နေတယ်၊ လေကြောင်းကတော့ တခေါက်လာတယ်၊ မိုးလည်းအုံ့တော့ သူတို့လည်း ကောင်းကောင်းမမြင်ရဘူး၊ လက်နက်သိမ်းမိတယ်လည်း ကြားတယ်၊ ပျူဆီကသိမ်းတာလား၊ ရဲ** စစ်**ဆီက သိမ်းတာလား မသိဘူး။”

စစ်တပ်က ၄ ကြိမ်မြောက်မီးရှို့ခဲ့တဲ့ သာဂရရွာ

“မနေ့က ရွာထဲမှာ သူတို့ရဲ့ခွေးအလောင်းတွေကို မီးရှို့တယ်။ ရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းက မှန်ဗီဒိုတွေလည်း ရိုက်ခွဲသွားတယ်။ ရွာထဲမှာရှိတဲ့ ရွာသားတွေရဲ့ နေအိမ်တွေကိုလည်း ဖျက်ဆီးသွားတယ်။ တခုမှ ရစရာမရှိအောင် လုပ်သွားတယ်။ မွှေလည်းမွှေနှောက်သွားကြတယ်။ အခုရွာထဲကို အိမ်ထောင်စု တရာလောက်ကတော့ ပြန်ရောက်ပြီ”

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်သားတဦး သေဆုံးဟုဆို

"ရင်ဘတ်ကို တချက်ထဲပဲထိတာ၊ စစ်သားက ခြင်းကြားကြီးနဲ့ အားလျားမှောက်ကြီးကို ပစ်ကျတာ၊ ကျန်တဲ့စစ်သားတွေလည်း ပုန်းတဲ့ကောင်ကပုန်း ရှောင်တဲ့ကောင်ရှောင်နဲ့ အလောင်းကို တရွတ်ဆွဲဘေးချပြီး ထုံးစံအတိုင်း ရမ်းပစ်တော့တာပဲ"

စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည် KNU အထက်တန်းကျောင်းထဲကျလို့ ၃ ဦးဒဏ်ရာရ

"စကစပစ်တဲ့ လက်နက်ကြီး ကျည်တလုံးက မိန်းကလေးအဆောင်ဘေးနာကျလို့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့တော့ သိရတယ်။ အဲဒီနေရာက စစ်မဲ့ဇုန်လိုဖြစ်နေတဲ့ နေရာကို အခုလို လက်နက်ကြီးကျပြီဆိုတော့ နောက်ဘာဆက်ဖြစ်မလဲဆိုတာ မသိရဘူး"

နတ်မောက် ဆက်သွယ်ရေးတပ်က တပ်ကြပ်ကြီး/စာရေး ရိက္ခာထွက်ဝယ်ချိန် ပစ်ခတ်ခံရပြီး သေဆုံး

“တပတ်လောက်လေ့လာပြီးမှ မစ်ရှင်ဖော်ဆောင်ခဲ့တာပါ။ တပ်နဲ့ ၃မိုင်လောက်အကွာက ရွာနဲ့ဝေးပြီး လူရှင်းတဲ့ လယ်ကွင်းထဲမှာ ရှင်းခဲ့တာ။ သူက တပ်ရိက္ခာပိုင်းနဲ့ တပ်တွင်းစားဖိုဆောင်ကို စီမံရတဲ့သူ ”

သပိတ်ကျင်းမှာ တရက်တည်း သင်္ကန်းဝတ် ၁ ဦးနဲ့ အမျိုးသား ၂ ဦး အသတ်ခံရ

“တပတ်လောက်လေ့လာပြီးမှ မစ်ရှင်ဖော်ဆောင်ခဲ့တာပါ။ တပ်နဲ့ ၃မိုင်လောက်အကွာက ရွာနဲ့ဝေးပြီး လူရှင်းတဲ့ လယ်ကွင်းထဲမှာ ရှင်းခဲ့တာ။ သူက တပ်ရိက္ခာပိုင်းနဲ့ တပ်တွင်းစားဖိုဆောင်ကို စီမံရတဲ့သူ”

ညောင်ပင်ကြီးရဲစခန်းရှိ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး သေဆုံး

"ညောင်ပင်ကြီးရဲစခန်း ပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်တယ်။ မနေ့က လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့သူရဲ့ အလောင်းကို ပြန်မရသေးပါဘူး၊ ထိခိုက်ဒဏ်ရာရသွားတဲ့ ၂ ယောက်ကိုလည်း ဆေးရုံကို ပို့ပေးထားပါတယ်"

ကန့်ဘလူနယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦးမြွေကိုက်ခံရ၊ စုစုပေါင်း ၇၃ ဦးထိရှိလာ

"မိုးကလည်း နည်းနည်းရွာတော့ လယ်ထဲကိုသွားကြည့်တာမှာ ခြေထောက်ကိုမြွေပွေးကိုက်ခံရတာပါ။ အိန္ဒိယမြွေဆိပ်ဖြေဆေး ၄ လုံး ထိုးပေးထားပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် စိတ်ချရပါပြီ"

ဝေါမြို့နယ်ထဲမှာ စစ်ကောင်စီက မဆုတ်တမ်းခံစစ် ပြင်ဆင်နေ

"တပ်တွင်းဖရဲသီးသတင်းအရ သိရတာတော့ တပ်တွေမှာ တပ်တွင်းအနီရောင်အဆင့် ခံစစ်ပြင်ထားတယ်လို့ သိရတယ်။ တပ်ရင်းတွေမှာ ယခင်က ချထားလေ့မရှိတဲ့ အမြောက်ကြီးတွေပါ လာဆင်ထားတာ။ တကယ်လို့ သူတို့တပ်ရင်းတွေကို တိုက်ခိုက်ခံရရင် အသေခံတိုက်ခိုင်းထားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10