သတင်းတို

ဆောမှာ နေအိမ်ထဲဝင်ပစ်လို့ ၁၃ နှစ်အရွယ်ကလေး ၁ ဦးနဲ့ မိသားစုဝင် ၄ ဦးအပါအဝင် ဧည့်သည် ၁ ဦးသေဆုံး

"ည ၈ နာရီလောက်ကြီး ဝင်ပစ်သွားတာ။ သေသွားတာက ဦးခင်မောင်လင်းရယ်၊ သူ့မိန်းမ၊ သူ့ညီ၊ သူ့ချွေးမ၊ သူ့မြေးမလေးရယ် ကလေးမလေးက ၁၃ နှစ်ဘဲရှိသေးတယ်။ နောက်တယောက်က သူတို့အိမ်ကို TV လာကြည့်တဲ့တယောက်။ အားလုံး ၆ ယောက်သေတယ် ဘေးအိမ်အနီးအနားက ၂ ယောက်ဒဏ် ရာရတယ်"

စစ်ကောင်စီက PDFတွေကို မတွေ့တဲ့အတွက် ၉ လသားကလေးအပါ ရွာသားဆယ်ဦးခန့်ကို ဖမ်းသွား

"သူတို့စစ်ကြောင်း ရောက်လာပြီးကတည်းက အမျိုးသားအမျိုးသမီး ၁၀ ဦးလောက်ကိုဖမ်းသွားတာ ၁၀ ဦးထဲကမှ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လက်ပြန်ကြိုးတုတ်ရိုက်နှက်ပြီး ထပ်ခွဲထုတ်ပြီး စစ်တယ်လို့ ကြားတယ် ၁၉ ရက်နေ့ ညနေကတော့ အဖမ်းခံရသူ အကုန်လုံးကတော့ ဘယ်ကို ခေါ်သွားမှန်းမသိဘူး စုံစမ်းမရသေးဘူး အဖမ်းခံရသူတွေက တောင်ယာလုပ်ကိုင် စားသောက်နေကြသူတွေ ဘာမှ သိတာမဟုတ်ဘူး"

လက်ပံတန်း EPC က စာရင်းစစ်ကိုရှင်းဖို့ငွေကို မီတာဆောင်ပြီးသားပြည်သူတွေဆီက ကောက်ခံနေ

" သူတို့ဆီ စာရင်းစစ်ဝင်တော့ ငွေကြေးပမာဏ တွေ တော်တော်ကွာတယ်လို့ ပြောတယ်၊ အဲ့ဒီမှာ လက်ကျန်ငွေတွေ အရမ်း ကွာနေတဲ့ အတွက်ကြောင့် ခုလိုပြန်ပြီးတော့မှာ သူတို့လုပ်နေတာ"

ရခိုင်ကမ်းရိုးတန်းအနီးတွင် အားကောင်းသောလေပွေလှိုင်းတခုဖြစ်ပေါ်နေသဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်

"အခုကတော့ မိုးမရွာသေးဘူး။ဒါပေမဲ့ တောင်ဖက်အရပ်က လေပြင်းတိုက်ခတ်နေတယ်။ ကောင်းကင်ကလည်း တိမ်မဲတွေပြည့်နေပါတယ်။ မိုးသဲသဲမဲမဲရွာမယ့် ပုံစံဖြစ်နေပါတယ်"

အတတ်နိုင်ဆုံးထောက်ပံ့ခဲ့ပေမယ့် ထမင်းဟင်းပြတ်သွားလို့ မစားလိုက်ရတဲ့ စစ်ရှောင်တွေ ရှိနေ

"စစ်ဘေးရှောင်တွေ အတက်နိုင်ဆုံးတော့ ကျွန်တော်တို့ ကျွေးမွေးထောက်ပံ့ ပေးထားတာပေါ့ ဒါပေမယ့် မလောက်ငှပါဘူး တချို့ထမင်း၊ ဟင်း ပြတ်သွားလို့ မစားလိုက်ရတဲ့ စစ်ဘေးရှောင်တွေရှိတယ်ဗျ ဆန်အတွက်က ဖြစ်သလို လိုက်စုလို့ရပေမယ့် ဆီ၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်ကအစပေါ့ ဈေးအရမ်းကြီးနေတော့ ရသလောက်ပဲ အဆင်ပြေသလို လုပ်ကြရတော့ ဟင်းပြတ်လို့ ထမင်းဖြူနဲ့ မှန်ရောင်ဟင်းချိုပဲ စားလိုက်ရတဲ့သူတွေလည်းရှိပါတယ်"

ကျောက်တော်ဒေသခံအိမ်တအိမ်မှ ရွှေ ၁၀ ကျပ်သားနှင့် ပိုက်ဆံသိန်း ၁၀၀ ခိုးခံလိုက်ရ

"ကျမအမေဆုံးလို့ အဲဒီမှာနေနေတာ။ အမေအိမ်က ပြန်လာတော့ တံခါးတွေပွင့်လို့တွေ့ရတယ်။ အိမ်ပေါ်တက်လို့ သေတ္တာကိုကြည့်လိုက်တော့ ခတ်ထားတဲ့လက်ခုပ်သီးတွေ မရှိတော့ဘူး။ သေတ္တာလည်း ပွင့်လို့တွေ့ရတယ်။ ရွှေက ၁၀ ကျပ်သားကျော်တယ်။ ပိုက်ဆံကတော့ သိန်း ၁၀၀ ပါ။ သေတ္တာထဲမှာထည့်ထားတာ၊"

သားဖြစ်သူကို မတွေ့လို့ အသက်၇၀ကျော်အဖေဖြစ်သူကိုဖမ်းပြီး နေအိမ်ကိုချိတ်ပိတ်

" သူတို့က သားဖြစ်သူကို PDF အဖွဲ့ထဲကဆိုပြီး စွတ်စွဲပြီး ဖမ်းသွားတာ၊ မြို့သစ်ရဲစခန်းကို ဖမ်းသွားတယ်လို့ပဲ သိရတယ် ကျန်တာတော့ ဘာမှမသိရသေးဘူး"

၁၉နှစ်အရွယ်အိမ်အကူမိန်းကလေးအသတ်ခံရပြီး အိမ်ရှင်က စစ်ကောင်စီနဲ့ပေါင်းကာ အလောင်းဖျောက်ဖို့ကြိုးစား

“အရင် သုံးရက်လောက်ကတည်းက ရိုက်နှက်ခံနေရတဲ့ အသံတွေ ကြားနေရတာ၊ သူက အစကတည်းက အလောင်းကို လူမြင်မခံချင်တာလေ၊ Dead Body ထည့်တဲ့ အိတ်နဲ့ထည့်ထားတာ၊ နာကူက အခေါင်းရောက်တော့လည်း အိတ်လိုက်ပဲ ထည့်ထားတာ၊ အဲ့ကစပြီး မသင်္ကာကြတာ”

စစ်တွေတွင် ဆင်းရဲချို့တဲ့သူများကို အခမဲ့ကုသပေးနေသည့် ဆေးခန်းတခု ဖောက်ထွင်းခံရ

"ကျနော်တို့က ပရဟိတလို့လည်း မခံယူထားပါ။ မိမိတို့တတ်နိုင်သလောက် လူတွေကို ဆေးကုသမှုတွေ ရစေချင်လို့ လုပ်ထားတာပါ။ ဆရာဝန်၊ သူနာပြုတွေကိုလည်း အခငွေပေးပြီးငှားထားတာမဟုတ်ပါ။ သူတို့ကလည်း အခမဲ့လာကူပေးနေတာပါ၊"

တောင်သူတွေ မဖြစ်မနေစပါးစိုက်ဖို့ လိုအပ်လို့ စပါးစိုက်ချိန် PDF ‌တွေက လုံခြုံရေး‌ပေးခဲ့

" များသောအားဖြင့်သူတို့ကလျှောက်ပစ်တာဆိုတော့ လယ်ကွင်းတွေထဲမှာလက်နက်ကြီးကျည်ကျတာတွေရှိတယ်၊၆ ရက်နေ့ကထိုးလာတာတော့ အင်အား ၁၅၀ လောက်ပါတယ်၊သူတို့ဆုတ်ခွာသွားပေမဲ့ ကျနော်တို့နယ်မြေစိုးမိုးတဲ့နေရာတဝိုက်မှာတော့ လုံခြုံရေးနဲ့သတိရှိရှိစောင့်ကြည့်နေတယ်"

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးမှု ကမ်းလှမ်းခဲ့သော်လည်း AAအနေဖြင့် မဆွေးနွေးခဲ့ဟုဆို

"ကြားခံပုဂ္ဂိုလ်တွေက တချို့ကိစ္စတွေကို ‌မေးတာတွေရှိပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုကတော့မရှိပါ။ ကျွန်တော်တို့ကလည်း တချို့ကိစ္စတွေကို ‌ပြည်သူတွေကို ဖမ်းတဲ့ကိစ္စတွေနဲ့ကန့်ကွက်တာတွေ မေးခွန်းထုတ်တာတွေရှိခဲ့ပါတယ်။ အဲဒီဖက်ကလည်း ကန့်ကွက်တာတွေ၊ မေးခွန်းထုတ်တာ တွေရှိပါတယ်။ ဒါပေမဲ့လည်း တွေ့ဆုံပြီးတော့ ဆွေးနွေးမှုတွေမရှိခဲ့ပါ။ဆွေးနွေးဖို့အတွက် အကောင်အထည်ဖော်တာလည်း မရှိပါ။"

ပြည်မြို့မှာ 95 ဆီပြတ်လပ် ဆိုင်ပိတ်ခွင့်မရှိလို့ ဆီကုန်နေကြောင်း အော်ပြောနေရ

"မနေ့ကကတည်းက 95 ဆီကကုန်နေတာ သွားဝယ်တာမှာ တချို့ဆိုင်တွေက တခြားဆီဆို ရောင်းတယ် 95 ဆီဆို ကုန်နေပြီပြောတယ်။ တချို့ဆိုင်တွေကတော့ ဆိုင်ထဲကကို ကုန်သွားပြီဆိုတာကို အော်ပြောတာ လက်ခါပြတာတွေ လုပ်နေကြတယ်။ သူတို့ ပိတ်ခွင့်မရှိတဲ့ ဆိုင်အမျိုးအစားဆိုတော့ ဖွင့်တော့ထားပြီး မရှိဘူးအော်နေတာ"

ကျောက်ကြီးတိုက်ပွဲကို စစ်ကူလာတဲ့ ဒု-တပ်ရင်းမှူးအပါ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ

"တိုက်ပွဲက ၇ ရက်နေ့က ထိတွေ့မှုနည်းနည်းပေါ့။ ၈ ရက်နေ့မနက် ၁ နာရီလောက်ကစပြီး တောက် လျှောက် တနေကုန်ဖြစ်နေတာ။ သူတို့(စစ်ကောင်စီတပ်) အင်အားက ၇၀ လောက်ရှိတာ။ ဟိုဘက်က တအားများတယ်။ အဲ့တာကို ရွှေကျင် ၃၅၀ တပ်က စစ်ကူလာတာ စနိုက်ဘာမှန်တာ အဲ့ဒီဗိုလ်မှူးက ။ ၃ ယောက်သေတယ်။ ဒဏ်ရာရာတာက ၁၀ ယောက်လောက်ရှိမယ်"

ရခိုင်တွင် စိုက်ပျိုးရေးခက်ခဲမှုကြောင့် နိုင်ငံခြားသို့ ငွေအဆမတန်ပေး တရားမဝင်ထွက်သူများ

"ကျွန်မတို့မှာက လယ် ၂ဧကရှိပါတယ်။ ဒါပေမဲ့ မိုးမရွာလို့ ၁ ဧကတောင် ထွန်လို့မပြီးသေးဘူး။ စိုက်ပျိုးထားတဲ့ စပါးခင်းတွေဆိုရင်လည်း မြေတွေအက်ကွဲလို့။ စပါးအပင်တွေတောင် မထွက်သေးတဲ့ လယ်ကွက်တွေရှိတယ်။ ပြီးတော့ ဓာတ်မြေဩဇာဈေးကလည်း ဈေးတက်တယ်လေ။ ဒီတော့ လယ်လုပ်လို့မစားရတော့ဘူး။ နိုင်ငံခြားကို အလုပ်သွားလုပ်တော့မယ်ဆိုပြီး ထွက်သွားတာပါ"

မွတ်စလင်များကို ပွဲစားလုပ်သည်ဟုဆိုကာ အမ်းဒေသခံတဦးကိုစစ်ကောင်စီဖမ်းဆီးသွား

"စစ်သားတွေက ရွာကို ကားနှစ်စီးနဲ့လာကြတယ်။ ကျနော့်ကိုခေါပြီးတော့ ဥဩအိမ်ကို လိုက်ပို့ဆိုပြီးပြောတယ်။ ဥဩအိမ်ကိုရောက်တော့ သူက ကုလားတွေကို နိုင်ငံခြားကိုပို့နေတယ်ဆိုပြီး ပြောတယ်။ ဖမ်းတယ်။ ကျနော်ကတောင် သူက အဲဒီအလုပ်မလုပ်ဘူး။ကျနော်အာမခံပါတယ်လို့တောင် ပြောလိုက်သေးတယ်။ ဒါပေမဲ့မရဘူး။ စစ်သားတွေကတော့ ပြောသွားတယ်။ သူ့ကို စစ်ဆေးမေးမြန်းပြီးရင်တော့ ပြန်လွတ်ပေးမယ် လို့ပြောတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10