သတင်းတို

PDF စခန်းကိုတိုက်ခိုက်ဖို့လာတဲ့ စစ်တပ် ခြုံခိုတိုက်ခံရလို့ ဆုတ်ခွာထွက်ပြေး

"စစ်ကြောင်းလာတာကို ကြိုသိပြီးတော့ လမ်းကနေ အသင့်စောင့်ပြီး လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ဖြတ်တိုက်တာ။ အသင့်ထောင်ထားတဲ့ မိုင်းတွေကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ထိခိုက်၊ သေဆုံးစာရင်းတော့ မသိရဘူး"

စနိုက်ပါနဲ့ပစ်ခံရလို့ ၆၀ မမပြန်ပစ်ပေမယ့် ပြောင်းကွဲပြီး စစ်အုပ်စုက ထိခိုက်မှုများနိုင်

"ကျနော်တို့ စနိုက်ပါနဲ့ပစ်ခတ်တဲ့အချိန်မှာ ၁ ယောက်တော့ထိသွားတယ်။ အဲ့လိုထိသွားပြီး စစ်အုပ်စုဘက်က လက်နက်ငယ် လက်နက်ကြီးတွေနဲ့လှမ်းပစ်တာ။ သူတို့ဘက်က ၆၀ မမ လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ပထမ ၁ ချက်ပစ်တာမှာ ကျနော်တို့ရဲဘော်တွေရဲ့ နောက်ကြောကိုကျော်ပြီးကျကွဲတယ်။ ဒုတိယ ၁ ချက် လှမ်းပစ်တာမှာ ပြောင်းကွဲပြီးတော့ ပစ်တဲ့ကောင်ကတော့ သေဖို့ ၉၀ ရာခိုင်နှုန်းသေချာတယ်။"

အင်ပင်စစ်ဆေးရေးဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ထိခိုက်တာတွေရှိ

“ကားနဲ့လာပြီး အင်ပင်မရောက်ခင်လမ်းဆင်းလျှောက်တာ၊ မိုင်းဆွဲလိုက်တော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ သေဆုံးတာတော့ အတည်မပြုနိုင်သေးပါဘူး။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာတွေရှိတယ်”

ဆားလင်းကြီးနယ်ကို စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

"စစ်ကြောင်းလာတယ်လို့ အသံကြားကတည်းကိုက ဒေသခံတွေက ရွာလုံးကျွတ်ပြေးနေကြရပြီ။ စစ်ကြောင်းပြန်ထွက်သွားလို့ အခြေနေငြိမ်သွားတာ သေချာပြီဆိုရင်တော့ ရွာထဲပြန်နေကြရတယ်။ ဒီမနက် စစ်ကြောင်းဝင်လို့ ပြေးရတာဆို ၆ ရွာလောက်ရှိမယ်"

နွားထိုးကြီးမှာ အမျိုးသား ၁ ဦး ဖမ်းဆီး အသတ်ခံရ

"သူ့အိမ်ကနေ လူတစုက လာဖမ်းသွားပြီး သတ်ပစ်လိုက်တာလို့ သိရတယ်။ သူက မြို့ထဲမှာ ဂျပန်ကားလေး ဝပ်ရှော့ဖွင့်ထားတယ်။ အရင်ကတော့ သူက စကစ၊ ဌာနဆိုင်ရာအချို့က လူတွေနဲ့ ကားကိစ္စ အရောင်းအဝယ်လုပ်တာတွေလည်း ရှိတယ်။ ငွေကြေးကိစ္စတွေလည်း ရှိတယ်လို့ သိရတယ်။ ဘာကြောင့် အသတ်ခံရတယ်ဆိုတာတော့ သေချာမသိရဘူး"

လင်းပိုးကျေးရွာကို စစ်တပ်က ဝင်ရောက်ပြီး ရွာခံပစ္စည်းတွေကိုယူကာ ခြိမ်းခြောက်စာတွေရေးသွား

မုံရွာမြို့အဝင်မှာရှိတဲ့ မအူဂိတ်မှ စစ်ကောင်စီ အင်အား ၆၀ခန့်က ကျေးရွာထဲကိုဝင်ရောက်လာပြီး စျေးထဲရှိ ကုန်စုံဆိုင် ၃ဆိုင်က ဓာတ်ဆီပေပါ (၁၂)လုံး၊ စားသုံးဆီပုံး၊ မုန့်ထုပ်ဖာ၊ အအေးဗူး၊ ဘီယာဗူးဖာ၊ ကျောင်သားသုံး ကျောပိုးအိတ်၊ ရှုးဖိနပ်နဲ့ လူနေအိမ်မှ TV တလုံး၊ ဘတ္ထရီအိုးကြီးတလုံး၊ ရှုးဖိနပ်၊ Aircooler တလုံး စတဲ့ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

"၂ ယောက်စလုံး ပွဲချင်းပြီးသေသွားတာ။ ကိုသန်းဝင်းက ကြို့ပင်ဝိုင်းရွာနားမှာ သေတာ။ ပေါက်စက တောတိုက်ထဲမှာ သေလို့ သူတို့မိသားစုက လှည်းနဲ့သွားသယ်ရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ချမ်းသာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ပြီး ရွာခံတွေကို နှိပ်စက်ကာ ပစ္စည်းတွေယူသွား

"ချမ်းသာကုန်းရွာက ပြည်သူ ၄ ဦးကို ဖမ်းဆီးမိလို့ ရိုက်နှက်စစ်ဆေးတယ်။ အဘိုးအိုရဲ့ ဘယ်ဘက်ပေါင်ကို သေနတ်နဲ့တေ့ပစ်ခဲ့တယ်။ အင်းပက်ရွာမှာ လက်နက်ကြီးမှန်လို့ ရွာထဲကနွားတွေ သေပြီးတော့ ဒဏ်ရာရခဲ့တယ်"လို့ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုက ရွာကို ဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီးတဦး သေဆုံး၊ စစ်ကောင်စီဘက်က ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာနေ

"အီနာဂါ ၄ လုံးချတာ ၂ လုံးက မကွဲပါဘူး။ အိမ်မှာထိုင်နေတုန်း နောက်ကျောဘက်ကျလို့ ကျောကုန်းတခုလုံး စုတ်ပြတ်ပြီး သေသွားတယ်။ ဒီကောင်(စစ်ကောင်စီ)တွေ အရမ်းကိုဆိုးသွမ်းနေတာ ကြာပြီ။ မီးရှို့ခံရလို့ အကုန်လုံး ပြောင်နေပြီ။ ပျူနဲ့စစ်သားတွေ ရက်စက်လွန်းပါတယ်" လို့ ရွာသားတဦးက ပြောပါတယ်။

မြိုင်မှာ ပျူစောထီး မင်္ဂလာဆောင်နဲ့ ထွေအုပ်ရုံး တိုက်ခိုက်ခံရ

“မြိုင်မြို့ပေါ်မှာ ပျူစောထီးမင်္ဂလာဆောင်နေတဲ့အချိန် ဒရုန်းနဲ့အီနာဂါ ၆ လုံးလောက် ကြဲချနိုင်ခဲ့တယ်၊ မင်္ဂလာဆောင်ကတော့ အခမ်းအနားပြီးအောင် မြန်မြန်လုပ်သွားပါတယ်၊ အထွေ‌အုပ်ရုံးမှာက ဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးရှိတာသိလို့ သွားပစ်ခဲ့တာ၊ လက်လုပ်လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ တို့နဲ့ ပစ်ခတ်ခဲ့တာ၊ အစည်းအဝေးခန်းမကတော့ အစည်းအဝေးဖျက်ပစ်လိုက်တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာ က ပြောပါတယ်။

ချောင်းဦးမှာ စစ်မှုထမ်းဟောင်းဆိုသူအမျိုးသားတဦးကို စစ်တပ်က သတ်ပြီး အလောင်းစွန့်ပစ်

"ကျနော်တို့စစ်ကားကို မိုင်းဆွဲတယ်။ အဲ့ဒီအချိန်မှာ သူကဘယ်ကိုသွားလည်းတော့မသိဘူး။ မိုင်းသံတွေကြားလို့ မြို့ထဲပြန်ဝင်တာမှာ စကစတွေနဲ့တွေ့ပြီး ဖမ်းပြီးအသတ်ခံရတာ။ သူက စစ်သားဟောင်းလို့သိရတယ်။ ဘယ်လိုထွက်လာတယ်၊ ဘယ်ရာထူးဆိုတာတော့မသိဘူး" လို့ ချောင်းဦး PDF ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ပခုက္ကူမြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

အသတ်ခံရသူမှာ အသက် ၅၁ နှစ်အရွယ် အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ် ပခုက္ကူမြို့နယ်ကြံ့ခိုင်ရေး (USDP) ပါတီအတွင်းရေးမှူးလည်းဖြစ်သူ ဦးဆွေလင်း ဖြစ်ပြီး သေနတ် ၃ ချက်ပစ်ခတ်ခံရကာ အဲ့ဒီဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လက်ပံတန်းမှာ ရဲစခန်းနဲ့လောင်းကစားဝိုင်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးအပါ ၅ ဦးသေ ၄ ဦးဒဏ်ရာရ

"သူတို့ရဲစခန်းက လက်ပံတန်းနဲ့သာရဝေါကို ဆက်သွယ်ထားတဲ့ ရထားလမ်းဘေးမှာရှိတာ။ ကလေးတွေက သတင်းလုံလုံခြုံခြုံနဲ့ လုပ်သွားနိုင်တယ်။ ပြောက်ကျားစနစ်နဲ့ ဝင်ပစ် ပြန်ဆုတ်နိုင်ခဲ့တယ်"လို့ မြေပြင်တိုက်ခိုက်ရေးနဲ့ နီးစပ်တဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

ပန်းတောင်းမှာအမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး၊ ၃ ရက်အတွင်း အဆုံးစီရင်သူ  ၂ ဦးဖြစ်

"ညနေ ၄ နာရီကျော်လောက်မှာ သူ့အမေက ကိုကြည်ခိုင်ဆီကိုသွားရင်းနဲ့ ကြိုးတန်းလန်းနဲ့သေနေတာကိုတွေ့တာ၊ ဘယ်အချိန်ကတည်းက သေနေတာလည်းတော့ မသိဘူး" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဧရာဝတီမြစ်ရေတက်လာလို့ ရေလယ်ကျွန်းက စစ်ရှောင်ပြည်သူ ၃၀၀ ကျော် စားဝတ်နေရေး အခက်ကြုံနေ

"ရေတက်လာတော့ စားဖို့နဲ့နေဖို့ ပိုခက်ခဲလာတယ်။ ကျွန်းရေမြုပ်ရင် နေဖို့က ဘယ်လိုမှအဆင်မပြေတော့ဘူး။ ကုန်းမြင့်တဲ့နေရာတွေ ရွေ့နေရဖို့ပဲရှိမယ်။ စစ်ရှောင်ရင်းနဲ့အနီးနားကရွာမှာ သီးပင်စားပင်တွေစိုက်ထားတာ စားရတာပေါ့" လို့ စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10