သတင်းတို

ချောင်းဦးက စရဖ သတင်းပေးဆိုသူ နေအိမ်မှာ ရှင်းလင်းခံရ

"သူက အရင်ကတည်းက စရဖ အတွက် သတင်းပေးလုပ်နေတာ။ သူနေတာက မြို့အထွက် ဆည်မြောင်းရုံးအရှေ့နားမှာ နေတာ။ စစ်တပ်အာဏာမသိမ်းခင်ကတည်းက သတင်းပေးလုပ်လာတာ။ အဲဒါနဲ့ပတ်သက်ပြီး လာလုပ်သွားတာနေမယ်။ နေအိမ်ရှေ့မှာပဲ ပစ်သတ်သွားတာ။ နာမည်ခေါ်ထုတ်ပြီး အိမ်ရှေ့ထွက်ချိန်မှာပဲ ပစ်သွားတာ"

ဓားစားခံအဖြစ် ဖမ်းခံထားရတဲ့ မန်ကျည်းကန်ရွာသား ၁၄ ဦး ပြန်မလွတ်လာသေး

“ကျနော်တို့လည်း ဒီသတင်းကို ဆက်သွယ်နေဆဲပဲ။ ကလေးတွေကိုတော့ မြိုင်မြို့ပေါ်မှာ ထားခဲ့တယ်လို့ ကြားတယ်။ သူတို့အဖွဲ့တချို့လည်း မြိုင်ထဲမှာရှိနေတော့ အဲဒီအဖွဲ့တွေနဲ့ ကလေးတွေကို ချန်သွားတယ်လို့ ထင်တယ်။ သူတို့ကတော့ မြိုင်မြို့နယ် အရှေ့မြောက်ဘက်မှာရှိတဲ့ ကန်ဘူးရွာထဲကို ဝင်သွားတယ်”

ကောလင်းမှာ ရဲတပ်သား ၂ ဦး၊ စစ်သား၂ ဦးနဲ့ ဇနီးသည် ၁ ဦးတို့ ထွက်ပြေး

"ထွက်ပြေးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရဘူး။ စကစ လင်မယား၂ ယောက်ကတော့ NUG အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်မိပြီး၊ ဘေးကင်းရာမှာ ရောက်နေပြီလို့ သိထားရတယ်။ စကစနောက် တယောက်ကတော့ ဝန်သိုဘက်မှာ ဖမ်းမိထားတယ်။ ဒီ ၃ ယောက် ထွက်ပြေးသွားတာကို တပ်ရင်း သတင်းပေးကနေ သတင်းအတိကျနဲ့ သိရတာဗျ"

အပူရှိန်ပြင်းလို့ ယူနီဖောင်းဝတ်ရတဲ့ အမျိုးသမီးရဲဘော်တွေ ကျန်းမာရေးပြသာနာတွေ ရင်ဆိုင်နေရ

"ပူလို့ အမျိုးသားတွေက ကြိုက်သလိုနေလို့ရပေမယ့် အမျိုးသမီးရဲဘော်တွေကျတော့ သူတို့လိုနေလို့ မသင့်တော်ဘူးလေနော်။ အိမ်မှာကျ ကြိုက်သလို ဝတ်စားနေလို့ရပေမယ့် ခုက အမျိုးသားတွေနဲ့ဆိုတော့ မရဘူးလေ။ ကျန်းမာရေးကိစ္စသွားတာက အစ ခုလိုရာသီနဲ့က အဆင်မပြေဘူး။ ရေသောက်ရင်တောင် ရေပူတွေ သောက်နေရသလိုကို ဖြစ်နေတာ။ ခုလိုအပူရှိန်ပြင်းချိန်က အမျိုးသမီးရဲဘော်တွေအတွက်က တော်တော်လေး ခက်ခက်ခဲခဲဖြတ်သန်းနေရတယ်"

စလင်းမြို့က စစ်ဘေးရှောင်တွေ ဆေးဝါး၊ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်

"ကိုယ်ဝန်ဆောင်နဲ့ လေဖြတ်ဝေဒနာဖြစ်နေတဲ့ အဘိုးအဘွားတွေကို ဘေးလွတ်ရာပို့ထားပါတယ်။ နေစရာမလောက်လို့ ယာယီတဲဆောင်တွေ ထိုးနေရတယ်။ ဆေးဝါးလည်း လိုပါတယ်။ အစားအသောက်အတွက်လည်း တတ်နိုင်သလောက် စောင့်ရှောက်ထားပါတယ်”

ဆားလင်းကြီး စစ်ရှောင်တွေမှာ အပူဒဏ်မြင့်မားမှုရဲ့ နောက်ဆက်တွဲရောဂါတွေ ခံစားနေရ

"စစ်ရှောင်စခန်းကနည်းပြီး လူအရေအတွက်ကများတော့ တနေရာတည်းမှာ လူ ၁၀၀ ကျော်၊ ၂၀၀ လောက် စုပြုံနေရတာဆိုတော့ အပူဒဏ်ကို တော်တော်လေး ခံရတယ်။ လူအများကြီးနဲ့ ရောနေရတာဆိုတော့ လေဝင်လေထွက် မကောင်းတာနဲ့ လူအနံ့အသက်တွေနဲ့ဆိုတော့ နောက်ဆက်တွဲပြဿနာတွေက ရှိလာတယ်။ အိမ်သာဆိုလည်း လူအများကြီး သုံးတာဆိုတော့ ရောဂါတွေက ဖြစ်လာတယ်"

တန့်ဆည်မှာ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတွေရှိဟုဆို

"သူတို့က နဘက်ရွာကနေ တဆယ်ကျဲရွာကို သွားနေတာကို တဆယ်ကျဲရွာအဝင်မှာ လက်နက်ကြီးနဲ့ပစ်ပြီး ရွာထဲရောက်တော့ တိုက်အိမ်တလုံးနားမှာ ရှိနေတာကို လက်နက်ကြီးနဲ့ ထပ်ထုခဲ့တာပါ။ အတွင်းသတင်းအရ စစ်အုပ်စုက ၄ ဦးလောက် ဒဏ်ရာရသွားတယ်။ စနိုက်ပါနဲ့ ကျွေးလိုက်တာကလည်း ၂ ဦးအတိအကျ ရှောသွားတယ်"

ရှင်းလင်းခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ ဝင်လုပ်တဲ့အုပ်ချုပ်ရေးမှူး ထပ်ပြီးရှင်းလင်းခံရ

"ကျနော်တို့ရဲဘော်တွေ ပစ်ခတ်တာကို သိသွားပုံရတယ်။ ဆိုင်ကယ်ကို လှဲပြီးမြောင်းထဲဆင်းပြေးတာကို ၅ ချက် ပစ်ခတ်ခဲ့တာပါ။ ရေအိုင်ထဲမှာ ပွဲချင်းပြီးပဲ"

ခင်ဦးမှာ အသက် ၈၀ ကျော်အဘွားအိုတဦး ၂ ရက်ကြာ စစ်ရှောင်ပြီးနောက် ရွာအပြန်လမ်းတွင် သေဆုံး

"စစ်ကြောင်းပြန်ထွက်သွားလို့ သုံးဘီးနဲ့ရွာကို ပြန်တာ။ သုံးဘီးပေါ်မှာက လူတွေပြွတ်သိပ်တယ်။ နေကလည်း တအားပူ။ ရေမသောက်ရ အသက်လည်းကြီးတော့ အမောဆို့ပြီး သေတာ။ အခုက ကျနော်တို့နယ်ကို ကန့်ဘလူ၊ ရွှေဘိုနယ်တို့က စစ်ရှောင်တွေ လာခိုလှုံနေကြတယ်။ စစ်ရှောင်တွေ တရက်ထက်တရက် တော်တော်များလာနေတယ်။ ကျနော်တို့ကလည်း တတ်နိုင်သလောက်တော့ ကူညီပေးထားတယ်။ ဒါပေမဲ့ မလုံလောက်ဘူး ဖြစ်နေတယ်"

ဥပဒေဆိုတာ လူတိုင်းကိုကာကွယ်ဖို့ ရှိနေတာပါ (Podcast)

အမှုတခုဖြစ်ရင် အများပြည်သူရှေ့ မျှတတဲ့ကြားနာခွင့်ကို လူတိုင်း ရပိုင်ခွင့်ရှိပါတယ်

ကလေးမြို့ ပင်မသပိတ်က အမျိုးသမီးအဖွဲ့ဝင်တွေရဲ့နေအိမ်တွေ ဖျက်ဆီးခံရ

“မနေ့ညနေကလည်း ကလေးလမ်းဆုံဘက်မှာ ထပ်ဖြိုကြတယ်။ မိတဲ့ထဲက ယောက်ျားလေးတွေရဲ့ အိမ်တော့ မပါသေးဘူး။ ဒီနေ့ မအိစံအိမ်ကို စက်ကြီးတွေနဲ့ လာဖြိုသွားတယ်။ ဖမ်းမိတဲ့နေ့က ချိတ်ပိတ်တယ်။ နောက်ရက်တွေကျ လိုက်ဖြိုနေတာ။ တခြားသူတွေ မလုပ်ရဲအောင် တမင်လုပ်ပြနေတာထင်တယ်”

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံး

"သူက အဖော်တွေနဲ့ ဆိုင်ရဲ့ဝင်ပေါက်နားလောက်က ခုံမှာထိုင်ပြီး လက်ဖက်ရည်သောက်နေချိန် လာဝင်ပစ်သွားတာလို့တော့ သိရတယ်။ သူက ခု စကစအာဏာသိမ်းမှ အုပ်ချုပ်ရေးမှူးဖြစ်လာသူလို့တော့ သိရတယ်။ စကစခန့် အုပ်ကြီးဆိုတော့ စကစ ခိုင်းတာတွေတော့ လုပ်ပေးရမှာပေါ့"

ထီးလင်းက ပအဖရုံး လေယာဉ်ဗုံးကြဲခံရလို့ ၃ ဦးသေဆုံးပြီး ပအဖတာဝန်ခံအပါ ၁၂ ဦးဒဏ်ရာရ

"ဂျက်ဖိုက်တာ ၁ စီးတည်းနဲ့ ၂ ကြိမ်လာကြဲတာ၊ ပအဖရုံးသူ၊ရုံးသားတွေထိတာပါ။ တာဝန်ခံကိုယ်တိုင်လည်း ဒဏ်ရာရထားတယ်။ ၁၂ ယောက်ဒဏ်ရာရပြီး ၄ ယောက်ကတော့ မသေရုံတမယ်ပဲ"

ပဇီကြီးမှာ တိုက်ပွဲဖြစ်၊ လေယာဉ်နဲ့ ဗုံးကြဲ

“အခု တိုက်ပွဲဖြစ်နေတာ၊ ဝေဟင်တော့ မလာသေးဘူး။ နယ်မြေခံအဖွဲ့တွေရဲ့ မိုင်းကွင်းတွေထဲ မိတာ တော်တော်သေတယ်လို့ကြားတယ်။ ပဒေသမိုင်းကွင်းတွေမိတာဆိုတော့ တအုန်းအုန်းပေါက်ကွဲသံတွေကို ပထမက ဝေဟင်ကျဲတယ်ထင်နေကြတာ၊ ပွိုင့်တွေကို **တွေတိုးတာ၊ လောလောဆယ် ဝေဟင်တော့ မလာသေးဘူး။ လေကြောင်းလာမှာတော့ ကြောက်ရတယ်။ ခုလည်း ဝေဟင်ထောက်နေရတယ်"

အဝတ်တွေကို မီးပုံရှို့ရာမှ နေအိမ် ၃ လုံးမီးလောင်ပြီး မီးရှို့သူပါသေဆုံး

"အိမ်ရှင်က အရက်သောက်များပြီး စိတ်ကမမှန်ဘူး ဖြစ်နေတာ။ ဒီမနက်မှာ အိမ်ကအဝတ်တွေယူပြီး အိမ်ထဲမှာ မီးပုံရှို့တာ။ လူကလည်း အရက်ကြောင့် စိတ်ကျန်းမာရေးမကောင်းတဲ့အပြင် အောက်ပိုင်းကလည်း သိပ်မသန်တော့ မီးလောင်ချိန်ပြေးမရဘဲ လူပါ မီးထဲပါသွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10