သတင်းတို

တန့်ဆည်က စစ်အုပ်စုစခန်း စီးနင်းခံရပြီး စစ်သားနဲ့ပျူ ၂၀ ခန့်သေဆုံးကာ လက်နက်အချို့လည်း သိမ်းခံလိုက်ရ

“ရွာကင်းတွေနားထိကပ်နိုင်ပြီး အကုန်လုံးအသင့်ဖြစ်ပြီဆိုမှ ပစ်ခတ်ကြတာ၊ ကင်း ၃ ကင်းလုံး သိမ်းနိုင်ခဲ့တယ်၊ ကင်းနေရာတွေ မီးရှို့ခဲ့တယ်။ ကာဘိုင် ၈ လက်ရခဲ့တယ်၊ ကျည်ကတော့ အများကြီးပဲဗျ။ မရေရသေးဘူး၊ ပင်မစခန်းထဲထိ ဝင်နိုင်ခဲ့တယ်၊ ပင်မစခန်းက ဘုန်းကြီးကျောင်း ဖြစ်နေတဲ့အတွက် ဘာမှတော့မလုပ်ခဲ့ဘူး၊ မြေအောက်ခန်းတွေရော အကုန်ရှာ၊ အကုန်ရှင်း နိုင်ခဲ့တယ်”

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတဦးကို ပစ်သတ်သွား

“ကိုဝင်းနောင်က မြိုင်နယ်ကလို့ပဲ သိတယ်။ သူက စစ်ကြောင်းထိုးလာတာကို မသိဘူး။ အဲဒါနဲ့ ဆိုင်ကယ်ကို ဒီအတိုင်း စီးလာတာ၊ စစ်ကြောင်းနဲ့တွေ့တော့ အပစ်ခံရတာ။ သေနတ်ထိတော့ ဆိုင်ကယ်ရော လူရော လဲကျသွားတယ်။ အဲဒီအချိန် စကစတပ်တွေက အနားလာပြီး ဓားတွေနဲ့ သူရဲ့ဗိုက်ကို မွန်းပြီးသတ်သွားတယ်”

ကနီမှာ ရေပြတ်သွားတဲ့ ရွာကို PDF တွေစုပေါင်းရေလှူ

"လျှပ်စစ်မီးကလည်း လေမတိုက်ခင် ၂ ရက်လောက်ကတည်းက မလာတာ၊ ရွာကအိမ်ခြေကလည်း များတယ်။ ရွာခံက အကူညီတောင်းတာနဲ့ချက်ချင်းစီစဥ်ပြီး မနေ့ကစလှူတာပါ။ အခုမနက် (ဧပြီ ၂၅) လည်း ရေလှူသွားကြပါတယ်"

မုံရွာမြို့အဝင်က စစ်အုပ်စု အလစ်ဝင်တိုက်ခံရလို့ ၂ ဦးသေ ၁ ဦးဒဏ်ရာရ

"ကျနော်တို့ ပစ်ခတ်တဲ့သူတွေကတော့ တယောက်လဲကျသွားတာ မြင်လိုက်တယ်။ မျက်မြင်ပြည်သူတွေရဲ့ ပြောချက်အရတော့ ကားနဲ့ လာတင်သွားတယ်ပေါ့။ ၂ ယောက်ကတော့ သွေးအိုင်ထဲမှာ လဲကျနေတာပေါ့။ ၁ ယောက်ကတော့ လက်မောင်းထိသွားတယ်။ အဲ့ ၃ ယောက်ကို ကားနဲ့လာတင်ပြီး စစ်ဆေးရုံပို့လိုက်တယ်လို့ ပြောပါတယ်"

ပုလဲမှာ စစ်တပ်ကမီးရှို့တဲ့ရွာကို မြို့နယ် ပအဖ က ငွေ ၂၇ သိန်းနဲ့ စားနပ်ရိက္ခာထောက်ပံ့

“စစ်ကောင်စီက နှောကန်ကျေးရွာကို ၄ လ ပိုင်း ၂ ရက်နေ့က မီးရှို့သွားတာကို သွားလှူဒါန်းတာ ၊မီးရှို့ခံရတာက ၁၀၄ အိမ်ပေါ့၊ ရွာမှာရှိတာက စုစုပေါင်း အိမ်ထောင်စု ၁၃၆ စုရှိတာ၊ ရွာလုံးကျွတ်လို့‌ ပြောလို့ရတာပေါ့။ သံဃသမဂ္ဂအဖွဲ့ နဲ့ တခြားအလှူရှင်အချို့တို့လှူဒါန်းတဲ့ ငွေ ၂၇ သိန်းကို မြို့နယ်အုပ်ချုပ်ရေးကျနော်တို့အဖွဲ့က ကြားကနေ သွားလှူပေးရတာ၊ စားနပ်ရိက္ခာကတော့ ဆန်တို့ ဆီတို့လည်း ပါတယ်”

ရေစကြို မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

“၁ လုံးက ပင်မဆောင်ပေါ်ကျပြီး၊ နောက် ၁ လုံးကတော့ ရဲစခန်းဝန်းထဲကို ကျတယ်။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီးတော့ ပြန်ပစ်တယ်။ ရဲစခန်းထဲမှာ ဘယ်လောက်ထိခိုက်သွားလဲဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်”

ထီးချိုင့်မှာ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများလို့ လေယာဥ် ၃ စီးနဲ့ ဗုံးကြဲ

“တိုက်ပွဲက ဖြစ်နေတာ ၃ ရက်ရှိပြီ။ ဒီကောင်တွေဘက်က ၁၅ ကောင်လောက် သေတယ်လို့ ခန့်မှန်းသိရတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ တောင်ရိုးပေါ်မှာ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက ဝိုင်းပြီးပိတ်ထားတာ”

နွားထိုးကြီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၅ ဦးသေ ၂ ဦးဒဏ်ရာရ

"သူတို့က အဲနေရာမှာ အမြဲတမ်းစစ်ဆေးရေးဂိတ်ဆိုပြီး ဖွင့်ထားတာ မဟုတ်ဘူး။ သူတို့ငွေလိုတဲ့အခါကျရင် လာတယ်။ အဲနေရာက သစ်ပင်အောက်ကနေ လမ်းသွားလမ်းလာတွေကို စစ်တယ်။ ငွေတောင်းတယ်။ ဒီနေ့မှာ သူတို့ ငွေလာတောင်းမယ်ဆိုတာ သတင်းအတိအကျရလို့ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာ။ ထိခိုက်သေဆုံးအခြေနေကတော့ သေချာစောင့်ကြည့်ခဲ့လို့ သိရတာပါ"

ဝက်လက်ကရွာတွေကို စစ်တပ်က မီးရှို့၊ ဒေသခံသောင်းချီ ထွက်ပြေးနေရ

"၂၃ ရက်နေ့ မနက်ပိုင်းမှာ PDFတွေနဲ့ တိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီးတော့ စစ်ကြောင်းက အောင်ချမ်းသာကို ဝင်ပြီးမီးရှို့တာ။ မီးရှို့ပြီးတော့ သခွတ္တောရွာကို ပြန်လာပြီး ညအိပ်တယ်။ ဒီနေ့ (ဧပြီ ၂၄) တော့ စစ်ကြောင်းက လှတောရွာနားမှာပါ"

ကပစနဲ့ဝါဇီတပ်ကို လျှပ်စစ်မီးပေးတဲ့ ဓာတ်အားခွဲရုံကို မိုင်းခွဲခဲ့လို့ စစ်တပ်တွင်း ဓာတ်အားတချို့ ပြတ်တောက်

“ရွာတွေကို မီးပေးတဲ့ ၁၁‌ ကေဗွီလား စစ်တပ်ကိုပေးတဲ့ ၆၆ ကေဗွီလား ဆိုတာ အချိန် ၂ ပတ်လောက်ယူပြီး ထပ်ခါထပ်ခါ စစ်ဆေးပြီးမှ လုပ်ခဲ့တာ။ အဲ့စက်ရုံဝန်းက သံဇကာတွေ တပ်ထားတယ်။ အဲ့သံဇကာတွေမှာ လျှပ်စစ်ဓာတ်အားတွေ လွှတ်ထားတာလည်း မြင်ရတယ်။ အဲ့ဒီကြားထဲကမှ အဆင်ပြေအောင် ဝင်ပြီး မိုင်း ၃ လုံးခွဲတာ”

မြိုင်နယ်ထဲက နေအိမ် ၃၂ လုံးကို စစ်တပ်က မီးရှို့သွား

"မနေ့ကတည်းက ပန်းတိုင်တောင်ရွာကနေ ထွက်လာချိန် သေနတ်တွေ ပစ်ဖောက်လို့ အဲဒီရွာက စစ်ရှောင်တဦး ဆုံးသွားတယ်လို့ကြားတယ်။ ညောင်တွင်းရွာကိုတော့ ဒီနေ့မနက်မှ မီးရှို့သွားတယ်။ ရွာသားတွေတော့ ရွာထဲပြန်မဝင်ကြသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း မရှိပါဘူး"

စစ်ဘေးရှောင်အချို့အတွက် ထန်းလက်တဲ ၁၀၀ ကျော် ဆောက်လုပ်ပေးထားနိုင်

"ခုဆို ကျနော်တို့ဘက်ခြမ်းက ရွာတွေမှာ နှစ်ချီပြီး စစ်ဘေးရှောင်နေရတဲ့သူတွေ ရှိတယ်။ ရေရှည်ကျတော့ သူများနေရာမှာ နေရတာ အဆင်မပြေတော့လို့ လာအကူအညီတောင်းတော့ လွတ်တဲ့နေရာလေးမှာ စီစဥ်ဆောက်လုပ်ပေးဖြစ်တယ်။ ခုလုပ်ပေးခဲ့သလောက်က စစ်ဘေးရှောင်နေသူအားလုံးအတွက် မလုပ်ပေးနိုင်သေးဘူး။ ကျနော်တို့ဆီကို အကူအညီ လာတောင်းတဲ့သူတွေလောက်ပဲ လုပ်ပေးနိုင်သေးတယ်"

ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄ ဦးမှာ ကင်ဆာရောဂါသည် သက်ကြီးအမျိုးသမီးလည်း ပါဝင်

"မိတ်ဆွေတွေ ပါဆယ်ပို့ဖို့ သွားတော့မှ ပြောင်းသွားပြီလို့ ပြောမှသိရတာပါ။ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ခုအချိန်အထိတော့ ဆေးကုသတာ မရှိသေးဘူးဗျ။ ကျန်းမာရေးက သိရသလောက်တော့ ညစဉ်အဖျားတက်တယ်လို့ သိရတယ်။ မပြည့်ပြည့်ဝင်းက အနီးကပ်ပြုစုပေးနေတယ်လို့လည်း သိရတယ်။ တခြားတော့ ဘာမှမသိရဘူးဗျ"

ချောင်းဦးနယ်က မီးရှို့ခံရတဲ့ရွာနှစ်ရွာကို NUG က ငွေကြေးထောက်ပံ့

"မီးရှို့ခံရတာက ၃ လကျော်ပြီ။ ကျနော်တို့အဖွဲ့ကို ရွာခံဦးဆောင်သူတွေက အကူအညီတောင်းလို့ NUG ကိုတင်ပြပေးခဲ့တာပါ။ သူတို့ဆီသွားဖို့ မလွယ်လို့ လုံခြုံတဲ့နေရာမှာ တွေ့ ဆုံပြီးတော့ ထောက်ပံ့ငွေကို တဆင့်ပေးခဲ့ပါတယ်"

စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရဖို့ S&C အဖွဲ့က ရေတွင်းရေကန်တွေတူးဖော်ပေးနေ

"၂ လပိုင်းက ရေတွင်းစတူးတာ၊ ၂ လခွဲလောက်ကြာမှ ၅ တွင်းမြောက်ပြီးတယ်၊ ဒီထက်မက ပိုပြီးသင့်တာ၊ ဘတ်ဂျက်လိုအပ်ချက်လည်းရှိတော့ နည်းနည်းချင်း စုနေရတာပါ၊ စစ်ဘေးရှောင်ပြည်သူတွေ ရေအတွက်ဒုက္ခရောက်နေလို့ တူးဖြစ်တာပါ၊ တူးပြီးသား ရေတွင်း၊ ရေဘုံဘိုင်၊ ရေကန်တွေကိုလည်း ဒေသခံတွေအတွက် လုပ်ပေးထားခဲ့မှာပါ"လို့ ပြောပါတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10