သတင်းတို

တပ်မတော်နေ့မှာ စစ်တပ်ယူနီဖောင်းကိုမီးရှို့ပြီး ဆန္ဒပြ

"တပ်မတော်နေ့မှာ ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်း ယိုင်လဲလာပါပြီ။ အရေးနိမ့်လာပြီ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆက်လက် တောင့်ခံခုခံပေးကြဖို့ တောင်းဆိုလိုပါတယ်"

ဒေါ်အောင်ဆန်းစုကြည်လမ်းမှာ ဗုံးဖြုတ်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဗုံးပေါက်ကွဲလို့ သေဆုံး

“ဗုံးပေါက်ကွဲပြီတော့ လူနာတင်ယာဉ်နဲ့ လာတင်သွားတယ်။ သေတာတော့ ၂ ယောက်သေတယ်။ သေတာကို ဘယ်လိုသိရလဲဆိုတော့ ကျနော်တို့ မြေပြင်သတင်းပေးတွေဆီကနေ သိရတာပါ။ ထိခိုက်ဒဏ်ရာရတာတွေတော့ မကြားမိဘူး”

ဖုန်းအားသွင်းထားရာမှ မီးလောင်ပြီး နေအိမ် ၇ လုံးပျက်စီး

"သိရသလောက်က နေအိမ်မှာလူမရှိဘဲ အားသွင်းထားတယ်တဲ့။ သူတို့က မြို့ထဲအနေများတယ်။ အဲ့တော့ အားသွင်းထားရာကနေ အပူလွန်ပြီး မီးလောင်တာလို့ သိရတယ်။ မီးလောင်လို့ ၅ လုံးကတော့ လုံးဝ တိုင်လောက်ပဲ ကျန်တော့တာ။ ၂ အိမ်ကတော့ မီးနည်းနည်းစွဲသွားတာလောက်ပဲ"

ဘုတလင်နယ်က စစ်ရှောင်စာသင်ကျောင်းကို ကျောင်းသုံးပစ္စည်းနဲ့ စားသောက်ကုန်တွေလှူဒါန်း

“အဲဒီကျောင်းမှာ KG တန်းကနေ Grade 8 အထိရှိတယ်။ CDM ဆရာမက ၄ ဦးရှိတယ်။ စေတနာ့ဝန်ထမ်း ၂၃ ဦးရှိတယ်။ သူတို့ကျောင်းကိုဖွင့်ထားတာ ၃ လလောက်ပဲ ရှိသေးတယ်။ သူတို့လေးတွေ တောထဲမှာနေရတာ တနှစ်ကျော်ပြီ။ ကျနော်တို့ သပိတ်အင်အားစုကို အကူညီတောင်းလို့သွားရောက်လှူဒါန်းခဲ့တာ”

လူမနေတဲ့စစ်ရှောင်ရွာကို စစ်အုပ်စုက အကြောင်းမဲ့မီးရှို့လို့ ရွာလုံးကျွတ်နီးပါးပြာကျ

"အိမ်ခြေကတော့ ရွာသစ်ဆိုတော့ အိမ်ခြေနည်းနည်းလေးပါ။ အိမ်ခြေ ၂၉ အိမ်မှာ ၂၄ အိမ်ရှို့သွားတာ။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ အကြောင်းမဲ့ဝင်ရှို့တာပါ။ လူတွေက အရင်တိုက်ပွဲတွေကြောင့် ရှောင်ပြေးနေကြတာ လူလည်းမရှိဘူး။ ဒီတိုင်းမီးတင်ရှို့သွားတာ"

ရေစကြိုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများ

"ဒရုန်း ၂ စီးနဲ့ ဗုံး ၁၄ လုံးချခဲ့တာ။ ရွာထိပ်က ကင်းစခန်းရယ်။ သူတို့စုနေတဲ့ အထိုင်နေရာရယ်ကို ဗုံးချခဲ့တာ။ ချသမျှဗုံး အကုန်ကွဲပါတယ်။ အဲဒီရွာမှာ ပျူနဲ့စကစတွေ တပ်စွဲထားတာက ကြာပါပြီ။ ရွာကတော့ရွာကြီးပါ။ အဲ့ဒီရွာက ပျူနဲ့ စကစ က ညဘက်တွေဆို နီးစပ်ရာရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိတယ်"

ဖက်ဆစ်တော်လှန်ရေးနေ့မှာ ယင်းမာပင်မြို့က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်

"ဒီနေ့မှာက သူတို့တပ်မတော်နေ့ဆိုပြီး အခမ်းအနားတွေလုပ်ကြမှာ။ ပျော်ပွဲရွှင်ပွှဲတွေ လုပ်ကြမှာ။ ပြည်သူတွေကိုတော့ ဖိနိပ်ချုပ်ချယ်ပြီး သူတို့ကျတော့ ပျော်ပွဲရွှင်ပွဲတွေလုပ်မှာဆိုတာကို မခံချင်လို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ"

မုံရွာမှာ ၁ ရက်တည်း အမျိုးသမီး ၃ ဦးအဖမ်းခံရ

"အေးမြတ်သူက သားသည်လမ်းနဲ့ တိုင်းရင်းဆေးရုံလမ်းထိပ်မှာ စကစတွေနဲ့ တွေ့ပြီး အဖမ်းခံရတာ။ နောက်နှစ်ယောက်ကတော့ ရတနာစက်ဘီး အရောင်းဆိုင်မှာ အဖမ်းခံရတာ။ သူတို့က ဝန်ထမ်းလား၊ ဝယ်သူတွေလားတော့ မသိရသေးဘူး။ စက်ဘီးဆိုင်ကို စကစတွေက ကားတစီးနဲ့ရောက်လာပြီးတော့ ဆိုင်မှာရှိတဲ့ လူတွေအကုန်လုံးကို တနာရီကြာ ဒူးထောက်ခိုင်းခဲ့တယ်တဲ့။ ပြီးမှပဲ အဲ့အထဲက အမျိုးသမီးနှစ်ယောက်ကို ဖမ်းသွားတာ"

ခလရ ၁ က လက်နက်တွေနဲ့ထွက်ပြေးတဲ့ တပ်သား ၁ ဦးပြန်အဖမ်းခံရပြီး အသတ်ခံရ

“အချုပ်ကျနေတာက သာယာဝတီ ခလရ ၃၅ တပ်က တပ်ကြပ်ကြီး၊ ပဲခူးရိုးကို စစ်ကြောင်းထိုးထွက်မယ်ဆို ပဲခူးအနောက်ခြမ်းက တပ်တွေက ခလရ ၁ မှာ စုရတာဆိုတော့ ခလရ ၁ မှာ လာတွဲဖက်နေရင်းကနေ အချုပ်ကျနေတာ။ အဲ့တာကို ဗဟိုကင်းစောင့် ၂ ယောက်က ကယ်ထုတ်ပြီး ၃ ယောက် အတူတူပြေးကြတာ။ နောက်တရက်မှာပဲ ပဲခူးရိုးထဲကရွာနားမှာ တပ်သား ၁ ယောက် ပြန်မိတယ်”

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

“နေရာတင် စစ်သား ၃ ဦးထိပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ရတယ်။ အဲ့ဒီစစ်သားတွေဟာ အင်အား ၁၀၀ နီးပါးနဲ့ ကန့်ဒေါင့်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက တပ်စွဲနေတာ။ ဘယ်တပ်ကလာပြီး တပ်စွဲထားတယ်ဆိုတာတော့ မသိရဘူး”

ရွှေမော်ဓောဘုရားပွဲ အပျော်စီးပင်လယ်ဓါးပြလှေ အတက်လှေကားပြိုကျလို့ ၁၀ ဦးကျော်ဒဏ်ရာရ

"ပင်လယ်ဓားပြစီးမယ်ဆိုရင် အောက်ကနေ လှေကားနဲ့တက်ပြီးရင် အပေါ်ဆုံးအထစ်မှာ လူတွေစုပြီး ရပ်စောင့်တဲ့ လှေကားအဆင့်ပြိုကျတာ။ အဲ့ဒီအဆင့်က ဆင်းတဲ့သူကော၊ တက်တဲ့သူကောများတော့ အပေါ်ဆုံးကတဆင့် ပြိုကျတာ။ ပင်လယ်ဓားပြလှေ ပြတ်ကျတာမဟုတ်ဘူး။ ထိခိုက်ဒဏ်ရာရသူတွေတော့ များတယ်"

ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် ကောက်စိုက်ရင်းသပိတ်မှောက်

"ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်နဲ့ ကောက်စိုက်ရင်း စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်ရင်း လက်သုံးချောင်းထောင် သပိတ်မှောက်ခဲ့ကြတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

ပန်းတောင်းမြို့နယ် ကျေးရွာအချို့မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့လာရ

“ခုလိုရာသီဆိုရင် စပြီးရှားလာပါတယ်။ တူးထားတဲ့ကန်တွေလည်း ရေခမ်းလာပါပြီ။ ခုထိတော့ ရေအလှူခံသွားတဲ့ အဖွဲ့တွေရှိပါတယ်။ ဥသျှစ်ပင်ဘက်က သွားကြပါတယ်။ ပရဟိတအဖွဲ့တွေတော့ မဟုတ်ပါဘူး၊ စုသွားပြီးလှူကြတာပါ” လို့ ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။

မုံရွာခရိုင် PDFတပ်ရင်းတခုမှာ နိုင်ငံရေးတော်လှန်ရေးအရွေ့ဆိုင်ရာ ဟောပြောမှုပြုလုပ်

“ဒီတော်လှန်ရေးမှာ ထောက်တိုင်အသီးသီးရှိကြတယ်။ ဒီထောက်တိုင်တွေအတူယှဉ်တွဲ သွားကြဖို့လိုအပ်တယ်။ အထူးသဖြင့်နိုင်ငံရေးနဲ့စစ်ရေးပေါ့။ ပထမတခုကရဲဘော်တွေအနေနဲ့ အင်တာနက်လိုင်းဖုန်းလိုင်း မရတဲ့အခြေနေမှာ လက်ရှိဖြစ်နေတဲ့တော်လှန်ရေးအခင်းအကျဉ်းတွေဘယ်လိုဖြစ်နေပြီလဲ၊ ဘာတွေလုပ်ဆောင်ကြမလဲဆိုတာ ပြန်မျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာပါ” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် မချောစုစံက မြေလတ်အသံကိုပြောပါတယ်။

မန္တလေး-ရွှေဘိုလမ်းပိုင်းမှာမိုင်းကွဲလို့ ရဟန်း ၁ ပါးအပါအဝင် ၇ ဦးဒဏ်ရာရ

"မိုင်းက တနေရာထဲထိတာတော့ မဟုတ်ဘူး ။ အဲ့ဒီလမ်းပိုင်းပေါ် အကွာအဝေးသိပ်မကွာတဲ့နေရာ ၃ ခုမှာ မိုင်းထိတာ။ လမ်းဘေးမှာရှိနေတဲ့ မိုင်းတွေကနေ ကားတွေ၊ဆိုင်ကယ်တွေဖြတ်တဲ့အချိန် ထကွဲတာဖြစ်ပါတယ်။ စုစုပေါင်းထိတာက ကား ၃ စီးနဲ့ ဆိုင်ကယ် ၁ စီးပါ"လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10