စစ်ကောင်စီနဲ့ပတ်သက်လို့ ဝမ်ပေါင်ကြေးနီကုမ္မဏီကို သတိပေးတိုက်ခိုက်
“ဝမ်ပေါင်လုပ်ကွက်ထဲကို တခု၊ စစ်သားတွေစောင့်နေတဲ့ဂိတ်ကိုတခု တိုက်ခိုက်ခဲ့တယ်၊ ဝမ်ပေါင်က စစ်သားတွေလက်ခံတယ်၊ စစ်ကြောင်းလာရင် ဝမ်ပေါင်က ကားတွေနဲ့ အကြိုအပို့လုပ်တယ်၊ ရိက္ခာတွေပေးတယ်၊ ဝမ်ပေါင်ထဲကနေ ဘေးနားကရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်တယ်၊ ကုမ္မဏီက အကြီးကဲတွေအနေနဲ့ ဒါမျိုးတွေဆက်လုပ်နေမယ်ဆို ကျနော်တို့က စပြီးတိုက်ခိုက်တော့မှာပါ" လို့ Salingyi Special Task Force တာဝန်ခံ ကိုဖိုးဇေက ပြောပါတယ်။