သတင်းတို

မကွေးနဲ့စစ်ကိုင်းတိုင်းထဲ ခွင့်နဲ့သွားမယ့်စစ်သားတွေ အပြင်မှာတည်းခွင့်မရ၊ နီးစပ်ရာစစ်တပ်မှာ တည်းဖို့ အမိန့်ထုတ်ထား

"ဒီကောင်(စကစ)တွေရဲ့အခြေအနေက စစ်ကိုင်းနဲ့မကွေးထဲကိုတော့ မိဘသေလို့တောင်ပြန်လာဖို့စိတ်မကူးနဲ့။ မြို့နယ်အလိုက် PDF တွေက ဘယ်နယ်က ဘယ်သူ့အိမ်က စစ်ကောင်စီတပ်ထဲက Inservice (တာဝန်ထမ်းဆောင်ဆဲ) နဲ့ပတ်သက်နေတယ်ဆိုတာ အချက်အလက်တွေရှိပြီးသား။ ကျနော့်နယ်ထဲမှာကို ဒီကောင်တွေမိသားစုဝင်တွေသေရင် ဗီဒီယိုကောခေါ်ပြပြီးနာရေးလုပ်နေရတာတွေရှိတယ်။ အဲ့လိုအသတ်ခံရမှာကြောင့်လည်း စစ်တပ်တွေမှာတည်းဖို့ ညွှန်ကြားတာ" လို့ CDM ရဲလည်းဖြစ်တဲ့ ​မြင်းမူ Truth Fighter PDF ခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်

စစ်ကောင်စီ လေ့ကျင့်ရေးတပ် တိုက်ခိုက်ခံရလို့ ၉ ဦးဒဏ်ရာပြင်းထန်

"စကစ ကိုးယောက်လုံးက ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေတယ်လို့ အတွင်းဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာပါ။ ကျနော်တို့ဘက်က ဒဏ်ရာရသွားတာက တပ်ကိုပထမအကြိမ် ပစ်တဲ့အချိန်မှာ ပြောင်းကွဲထွက်သွားလို့ ရသွားတာ။ ဒဏ်ရာကမစိုးရိမ်ရဘူး။ ကျနော်တို့ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကလည်း တပ်တွင်းထဲကို ကျရောက်ခဲ့တယ်"လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မွေးနေ့မှာ နိုင်ငံရေးအသိပညာဟောပြောပြီး ကျဆုံးရဲဘော်တွေကို အလေးပြုခဲ့တဲ့ ဆိပ်ဖြူ PDF

" ဟုတ် အမှန်ပြောရရင် ကျနော်တို့ဆီက အညာ‌သားတွေများတော့ သူတို့က လက်နက်ကိုင်ပြီး စကစကို နိုင်အောင်တိုက်ချင်ကြတာ၊ ဒါပေမယ့် လက်နက်နဲ့ချည်း တိုက်လို့မရဘူးဆိုတာရယ် တဖက်ကလည်း နိုင်ငံရေး အတွေး‌အခေါလေးတွေတွေးပြီး လုပ်တော့ ပိုမြန်ဆန်မယ်ဆိုတာ ပြောပြပေးတာဗျ" လို့ ပြောပါတယ်။

ပကဖခေါင်းဆောင်မင်္ဂလာဆောင် လက်နက်ကြီးနဲ့ထုခံရလို့ ၇ နှစ်အရွယ်ကလေးတဦး မျက်စိတဖက်ပျက်စီး

"အိအိချွန်ကို ဆုမွန်ကမင်္ဂလာဆောင်ပွဲကနေ ဆိုင်ကယ်နဲ့ နေအိမ်ကိုလိုက်ပို့တဲ့အချိန်မှာ လက်နက်ကြီးစတွေစင်ပြီးတော့ သူတို့နှစ်ယောက်ကိုထိသွားတာ။ ကလေးမမှာတော့ မျက်စိတဖက်လုံးဝပျက်စီးသွားတယ်။ အခုကဆေးကုသမှုခံယူထားလို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး။ လက်နက်ကြီးကပွဲကိုမကျဘဲ နေအိမ်ကိုကျသွားတာ" လို့ ဆိုပါတယ်။

စစ်အုပ်စုက သတ်စားမှာကြောက်လို့ နွားတွေကို ရတဲ့စျေးနဲ့ရောင်းချ

"နွားလှည်းသုံးဖို့ ခိုင်းနွား ၂ ကောင်လောက်ပဲထားကြတော့တယ်။ ကျန်တာတွေက ရောင်းချပစ်ကြတယ်၊ ဝယ်သူပေးတဲ့စျေးနဲ့ ရောင်းရတာ၊ အရင်ကတကောင်ကို ၁၂ သိန်းတန်ရင် အခု ၁၀ သိန်းပဲရတယ်။ ခေါင်းမာပြီး မရောင်းနိုင်တော့ဘူး၊ မရောင်းပဲနေရင်လည်း စစ်တပ်က ပစ်ခတ်စားတယ်၊ ဝက်တွေဆိုလည်း မောင်းပြီးယူသွားကြတာ"

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပဲပြုတ်နံပြားကိုတောစခန်းထဲမှာပဲ ကိုယ်တိုင်လုပ်စားခဲ့ကြတဲ့ PDF တွေ

"မနေ့ကတော့အားခြင်းပဲ အလှူရှင်လည်းရှိတော့ ဗိုလ်ချုပ်အောင်ဆန်မွေးနေ့ကို ပဲပြုတ်နံပြားကျွေးမယ်ပေါ့။ အဲမှာအခက်ခဲက တောထဲမှာပဲပြုတ်က ရတယ်။ နံပြားကျတော့ ခက်နေတာ။ ဘယ်လိုလုပ်ကြမလဲဆိုပြီးတိုင်ပင်ကြတော့ ရဲဘော်တယောက်က နံပြားလုပ်တတ်တယ်ဆိုတော့ ဂျုံမှာလိုက်ပြီးတော့ ရေအိုးကိုပဲ မီးဖိုပေါ်တင်ပြီးရွံ့အုပ်လုပ်လိုက်ကြတာ" လို့ မြေလတ်ပြောက်ကျားတပ်ဖွဲ့ MRG အဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မဲကြီးက မြေလတ်အသံကိုပြောပါတယ်။

ကျွန်းလှမှာ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြ

“ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျွန်းလှမြို့ သဖန်း ဆိပ်ဆည်အနောက်ခြမ်း ပြောင်သွယ်ချောင်းရိုးတလျှောက် ကျေးရွာတွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့သလို လူထုစည်းရုံးရေးဟောပြောပွဲတွေပါ ပြုလုပ်ခဲ့တာပါ။ အင်အား ၂၀၀ နီးပါးလောက်ရှိတယ်”လို့ သပိတ်အဖွဲ့ဝင်ဒေသခံတဦးက ပြောပါတယ်။

ပခုက္ကူနယ်၊ စံပြရွာက အိမ်ခြေ ၁၀၀ နီးပါးကို စစ်ကောင်စီ မီးရှို့ခဲ့

"ပြီးခဲ့ရက်ပိုင်းက မြစ်ချေက စကစ မွေးမြူရေးတပ် တိုက်ခိုက်ခံရလို့ သေဆုံးတာတွေရှိတာကို မကျေနပ်လို့ ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာ။ မနေ့ကဆို လာတာက အင်အား ၃၀၀ ကျော်လောက်က ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေခွဲပြီးလာကြတာ။ သူတို့တွေလာမယ်ဆိုတာသိလို့ ရွာသားတွေက ကြိုရှောင်နေကြတာ။ အဲဒါကို အိမ်တွေ မီးရှို့သွားတယ်" လို့ ပြောပါတယ်။

ညောင်လေးပင်ဘူတာ ဗုံးပေါက် ခရီးသည် ၃ ဦး သေပြီး ၉ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ညောင်လေးပင်ဘူတာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ခရီးသည် ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြောင်နယ်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး အိမ်ခြေ ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွား

"ထိတွေ့ပစ်ခတ်မှု ဖြစ်တာက ပြည်သူ့‌‌ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ပါ။ သူတို့(စစ်ကောင်စီ)တွေက အင်အား ၆၀ နီးပါး ရှိတယ်။ ပစ်ခတ်မှုက ၁ နာရီ ကြာသွားတယ်။ ပစ်ခတ်မှု ဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တာပဲ" လို့ ဆိုပါတယ်။

ဒီပဲယင်းမှာ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြ

“ကျနော်အနေနဲ့ ဒီပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ကို 'ပြည်ထောင်စုနေ့' လို့ သတ်မှတ်ခဲ့ပေမယ့် လွတ်လပ်ရေးရပြီးချိန်က စ တွက်ကြည့်ရင် ပြည်ထောင်စုဆိုတာမျိူးကို ဘယ်ပြည်သူကမှ ပြည့်ပြည့်ဝဝ ခံစားသိရှိခဲ့ကြတာ မဟုတ်ဘူး။ ပါးစပ်ဖျားပေါ်မှာသာ ရှိခဲ့တဲ့ ပြည်ထောင်စုမျိုး ဖြစ်ခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးက အစပြုပြီး တကယ့်စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို အားမလျှော့၊ နောက်မဆုတ်ဘဲ အဆုံးသတ်ထိ နိုင်သမျှ တာဝန်ကိုယ်စီ ထမ်းဆောင်သွားကြမှာပါ” လို့ သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့ အလစ် တိုက်ခိုက်တာခံရလို့ PDF ရဲဘော် ၇ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

"သူတို့က ဆားလင်းကြီးနယ်ထဲက ရွာတရွာမှာ အင်အား ၈၀ လောက်နဲ့ ရောက်နေတယ်လို့ သတင်းရလို့ သွားတိုက်ဖို့ သွားတာ။ အဲရွာကနေမှာ သူတို့က ကျားတက်ဘက်ကို ရောက်သွားတယ်ဆိုပြီး သတင်းပြန်ရလို့ ကျားတက်အထွက်မှာ တိုက်မယ်ဆိုပြီး လူစုပြီးအသွားမှာ စကစဘက်က ပစ်တာကို ခံလိုက်ရတယ်။ ဒီဘက်က ကား ၃ စီးနဲ့ သွားတာပါ။ တိုက်ပွဲက ခဏဘဲ ဖြစ်လိုက်တာပါ။ စစ်ကောင်စီဘက်က ထိခိုက်တာတော့ ရှိနိုင်တယ်။ ဒါပေမယ့် အသေအချာ မသိရဘူး" လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ်မှာ ပျူခေါင်းဆောင်တဦး ပစ်ခတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအနီး တာလမ်းပေါ်မှာ ကျေးရွာ ပျူစောထီးခေါင်းဆောင် ဆိုသူ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲတဲ့ ပျူခေါင်းဆောင်အိမ်ကို လာစစ်တဲ့စစ်အုပ်စု မိုင်းခွဲခံရလို့သေဆုံးမှုရှိနိုင်

“ကျနော်တို့ လွန်ခဲ့တဲ့ ၂ ရက်က မြိုင်မြို့ပေါ် အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ပျူစောထီးခေါင်းဆောင်နေအိမ်ကို မိုင်း ၂ လုံးထောင်ထားခဲ့တာ၊ ဒီနေ့မနက် ၃ နာရီ ၄၅ မိနစ်မှာ ဟန်ပြ ၁ လုံးခွဲလိုက်တယ်၊ မိုင်းပေါက်ကွဲပြီး ဒီနေ့ညနေ ၃ နာရီ ၁၅ မိနစ်မှာ စစ်သားနဲ့ပျူတွေ လာစစ်တဲ့အချိန် ထပ်ခွဲလိုက်တယ်၊ မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

မြစ်ခြေ‌မွေးမြူရေးတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၈ ဦးထက်မနည်း ဖမ်းဆီးခံရ

"ဒီနေ့မနက်အစောကြီးကတည်းက ပျူတွေ၊ ရဲတွေ စစ်သားတွေ စစ်ဆေးနေတာ အင်အားကတော့ မသိရဘူး။ မနက် ၁၀ နာရီသလောက်ကစပြီး အပြင်မထွက်ရဘူး။ မာရှယ်လောလို့လည်း ပြောသေးတယ်။ ပြည်သူ ၈ ဦးကိုလည်း ဖမ်းသွားတယ်။ အဓိကကတော့ စစ်တပ်က PDFကို မနိုင်လို့ ပြည်သူကို မဲတာပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10