အင်းတော်စစ်ကောင်စီတပ်က ခရီးသွားတွေဆီက ဆိုင်ကယ် ၃ စီးနဲ့ ဖုန်း ၈ လုံးကို အဓမ္မသိမ်းယူ
"စကစတွေက ဖုန်းတွေကို သံသယရှိလို့ စစ်ဆေးစရာရှိတယ်ဆိုပြီး သိမ်းသွားတာ။ ဖုန်းတွေကို ပြန်မအပ်ဘဲ ဒီအတိုင်းပြန်ခိုင်းလို့ ပြန်ခဲ့ရတယ်။ ဆိုင်ကယ် ၃ စီးကိုကျတော့ လိုင်စင်မရှိလို့ဆိုပြီး အင်းတော်မြို့ကို သုံးဘီးတစီးနဲ့ တင်သွားတယ်။ လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ စကစတွေက လမ်းသွားခရီးသည်တွေကို စစ်ဆေးနေတာ ၇ ရက်လောက် ရှိပြီ။ ဆန်တွေ၊ စားစရာပစ္စည်းတွေ ပါရင်လည်း တောင်းယူကြတယ်"