ကဝမြို့နယ် PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းစတင် (ရုပ်/သံ)
ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kawa People Defense Force - Kawa PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းဖွင့်ပွဲ ကို မေ ၅ ရက်က တောတွင်းတနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kawa People Defense Force - Kawa PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းဖွင့်ပွဲ ကို မေ ၅ ရက်က တောတွင်းတနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မေ ၆ ရက် မနက် ၈ နာရီ ၄၅ မိနစ်ကနေ ၉ နာရီခွဲအထိ ကျောက်ထုတိုက်နယ်၊ ကျောက်ထု အမြောက်တပ် ၃၆၈ ၊ လေယာဉ်ကွင်းနဲ့ ရဲစခန်းတို့ကို ရော့ကတ်ရှော့တိုက်ဒုံး အလုံး ၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ B.H.S.R.F တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
သူတို့ ၂ ဦးဟာ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်ထဲကို တပ်အကူပို့ဖို့ ရဲစခန်းအတွင်း မဲဖောက်ရာမှာမဲပေါက်ခဲ့လို့ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
-ဥသျှစ်ပင်မြို့ အမှိုက်ကားပေါ်ကစည်ပင်ဝန်ထမ်းတွေ ပြည်သူအပေါ်ဘယ်လိုဆက်ဆံနေသလဲ။ -မင်းလှနဲ့ စစ်ကွင်းအကြားက မအေးချမ်းတော့တဲ့ရွာကလေး။ -လယ်ဝေးမြို့၊ ကျောက်အိုးရွာက ပြည်သူတွေရဲ့ဒုက္ခ။
၂ ကြိမ်တိုင် ကျင်းပထားတဲ့ စစ်ကိုင်းဖိုရမ်က အရွေ့ဘယ်လောက်ထိရောက်နေပြီလဲ။ဖက်ဒရယ်ပြည်ထောင်စုမှာပါဝင်ဖို့ ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်လို့ရော စစ်ကိုင်းဖိုရမ်မှာ ဘာတွေဆွေးနွေးထားကြပြီလဲဆိုတာတွေကို စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေ ကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
ပိုက်ကျော်ခြင်းခတ်ရာမှာ ငွေကြေးနဲ့ ကစားတာမဟုတ်ဘဲ ဒိုက်ထိုးကြေး အပျော်တမ်း ကစားကြတာလို့ CDF-Ashoရဲ့ တာ၀န်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။
“ ထိတွေ့မရှိဘဲ လာပစ်သွားတာ။ စာသင်ကျောင်းကတော့ ပြင်းပြင်းထန်ထန်ကို ပျက်စီးသွားတာ။ ထိသွားတဲ့ရွာသားတယောက်ကလည်း အခုဆေးဝါးကုသမှုခံယူနေတယ်။ ကျန်တဲ့ရွာတွေဘက်ကတော့ နေအိမ်တွေထိမှန်သွားတယ် အများကြီးတော့မဟုတ်ဘူး ”
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်မှာ အညာတော်လှန်ရေးသမားတွေ ဘာတွေပြောကြသလဲ။
အခုလို စစ်ဆးတာဟာ အကြောက်တရားတွေ ရှိနေတဲ့ ပြည်သူတွေကို သွေးအေးမသွားဖို့နဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ အကြောက်တရားမထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်၊၊ အဲဒီနေ့က ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးနေချိန် ဆင်ဖြူကျွန်းစျေးက စျေးသည်အချို့ကလည်း ကာကွယ်ရေးရဲဘော်တွေအနီးကို လာပြီး ကြည့်ရှုတာတွေရှိသလို ရေဗူးပေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ သတင်းရလို့ အမှတ်မထင် ဝင်ပစ်တာ။ ထိခိုက်သေဆုံးမှုကတော့ အတွင်းသတင်းက ရတယ်။ ပစ်ခတ်မှုဖြစ်နေချိန် နဲ့ ပစ်ခတ်မှုပြီးသွားတဲ့အချိန်မှာရော စစ်**တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်”
“ဗုံး ၂ လုံးကို လမ်းခြားပြီးတော့ တအိမ်တလုံး ကျတာပေါ့။ ဗုံးကျပြီး မီး လုံးလုံးလောင်သွားတာက ၄ အိမ်၊ ဗုံးတိုက်ရိုက်ကျတဲ့ တအိမ်ကကျတော့ မီးမလောင်ဘဲ အဆောက်အဦက ပြားပြီး ပြိုသွားတယ်။ PDF တွေရဲ့ စုရပ်နေရာလို့ ထင်ပြီး ကြဲသွားတာ”
မေ ၃ ရက်က ညနေ ၃ နာရီ တကြိမ် ညနေ ၄ နာရီ တကြိမ်၊ တရက်တည်းမှာ ၂ ကြိမ် ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံးပစ်ချရာမှာ ကျပ်ထိုးရဲစခန်းအတွင်းက ဘန်ကာနဲ့ စခန်းပေါ်ကိုတည့်တည့် ကျရောက်ခဲ့တာလို့ BLY ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ နှံပြည်စုတ် က ပြောပါတယ်။
ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျလာတာကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ တည်တော၊ သရက်ကန်၊ ကိုင်းကံ၊ မအုံး၊ မြင်းတန်းကျေးရွာက နေအိမ် ၃၅၀ ကျော် သွပ်အမိုးလန်တာ၊ ပြိုကျတာ၊ အိမ်ခေါင်မိုးပြုတ်ထွက်တာတွေဖြစ်ပြီး နှမ်းစိုက်ဧက ၅၀၀ နီးပါးပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါ တယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းက ကျေးရွာအချို့မှာ မေ ၃ ရက် မနေ့ညနေ ၅ နာရီကျော်လောက်က အချိန်အခါမဟုတ် ရုတ်တရက်မိုးရွာသွန်းကာ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ အဲဒီဒေသကိုရောက်ရှိနေတဲ့မြေပြင် PDF ထောက်ပို့အမျိုးသမီးတဦးက ပြောပါတယ်။
မိုးတွင်းကာလ ရောက်တော့မှာဖြစ်တဲ့အတွက် ကျောင်းအတွက် အမိုးအကာတွေနဲ့ စာသင်ကြားရေး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းဖြစ်တဲ့အတွက် အစစအရာရာခက်ခဲနေပြီး ကလေးတွေနဲ့ ဆရာ၊ ဆရာမ တွေစားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေသလို စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။