ရုပ်သံ

ဥပဒေပညာပါ သင်ကြားပေးခဲ့တဲ့ RKDF တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပြီ (ရုပ်/သံ)

“သင်တန်းသားတွေက တိုက်ခိုက်ရေး တမျိုးထဲကိုပဲ သင်ယူရတာမဟုတ်ဘူး၊ ညစခန်းသိမ်း နေ့စခန်းသိမ်းဆိုတဲ့ ပုံစံမျိုးစုံနဲ့ သင်တန်းပေးတယ်၊ ဥပဒေပညာကိုတော့ စာတွေ့အနေနဲ့ သင်ကြားပေးတယ်၊ သင်တန်းမဆင်းခင် စာမေးပွဲတွေ ဖြေဆိုခဲ့ရတယ်။”

ကျေးရွာ PDF ခေါင်းဆောင်အမေကိုသတ်ပြီး ရွာကိုပါမီးရှို့သွားတဲ့ စစ်ကောင်စီတပ် (ရုပ်/သံ)

“အဖွားတယောက်ကိုတော့ နားထင်ကိုတေ့ပြီး ပစ်သွားတယ်။ အဖွားကလည်း အသက်ကြီးပြီဆိုတော့ဘာမှမဖြစ်လောက်ဘူးထင်ပြီး ရွာထဲမှာနေခဲ့တာဖြစ်ဖို့များတယ်။ လေတွေလည်းတိုက်နေတော့ မီးငြိမ်းဖို့ကခက်ခဲနေပါတယ်။ PDF တွေက တတ်နိုင်သမျှငြှိမ်းပေးနေပါတယ်”

ဒရုန်းစတုဒိသာကျွေးတဲ့ လင်ပျောက်သင်္ကြန် (သရော်စာ)

ဆောင်းပါးရှင် မြေလတ်အမတ်ကြီးရဲ့ သရော်စာအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "ဒရုန်းစတုဒိသာကျွေးတဲ့ လင်ပျောက်သင်္ကြန်" ဆိုတဲ့ ခေါင်းစဉ်နဲ့ နားဆင်နိုင်ပါပြီ။

၃ ရက်အတွင်း ထီးလင်းမြို့ပေါ်  ၅ နေရာတိုက်ခိုက်ခံရ (ရုပ်/သံ)

အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ တရားရုံး၊ မြို့မရဲစခန်း၊ ရုပ်သံရုံးနဲ့ ရေမျက်နီရဲစခန်း တို့ကို ဧပြီ ၁၇ ရက်ကနေ ၁၉ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြတာလို့ Yaw Revolution Army-ထီးလင်း ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ပြောပါတယ်။

နွားထိုးကြီးမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၃ ဦးသေ (ရုပ်/သံ)

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရစစ်သားနဲ့အလောင်းတွေကို မြင်းခြံမြို့ဘက်ကိုကားနဲ့ သယ်သွားတယ်လို့လည်းဆိုပါတယ်။

ကမ်ပိန်းငွေနဲ့ အရေးပေါ်လိုနေတဲ့ ကျည်ဆန်နဲ့ ပွိုင့်ဖိနပ် MBT တပ်ဖွဲ့ စတင်ဝယ်ယူ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြိုနယ်အခြေစိုက် Myingyan Black Tiger - MBT တပ်ဖွဲအနေဖြင့် "မြိုပြဆီသို့ သိန်း ၃၀၀၀ ကမ်ပိန်း" ပြုလုပ်ရာမှာ ရရှိလာတဲ့ငွေကြေးနဲ့ အရေးပေါ်လိုအပ်နေတဲ့ ပစ္စည်းတွေကို ဧပြီ ၁၁ ရက်က စတင်ဝယ်ယူထားတယ်လို MBT တပ်ဖွဲ့ဆီကသိရပါတယ်။

ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်း အခြေခံစစ်ပညာသင်တန်းသားများ အကဖျော်ဖြေမှု (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်းရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လေ့ကျင့်မွန်းမံ သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းကျောင်းသူတွေက သင်္ကြန်အကနဲ့ တင်ဆက်ခဲ့ကြပါတယ်။

မိုင်းရှင်းလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

တပ်မ ၁၀၁ က စစ်သားနဲ့ ညောင်ဂျစ်ပင်ရွာက ပျူစောထီး အင်အား ၇၀ ကို ဧပြီ ၁၉ ရက်နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုင်း ၂ ပွိုင့် မိုင်း ၅ လုံးဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ရိက္ခာပို့ယာဥ်တန်းက ရှေ့ပြေးစစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

"ရှေ့ပြေးတက်လာတာကို ဆွဲခဲ့တယ်။ မိုင်းကတော့ ပုံးဝါမိုင်းတွေပါ။ မျက်မြင်သေတာစစ်** ၂ ကောင်သေတယ်။”

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦးအပါ ၂၀ နီးပါးသေ၊ ၅၀ ခန့် အရှင်ဖမ်းမိ - ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ PDF ရဲဘော်တွေကို ယူနီဖောင်းနဲ့ ကိုယ်ပိုင်နံပါတ်များ ပေးအပ် - ရန်သူပတ်ခြာလည်ဝိုင်းနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ကို ဦးစားပေးအာရုံစိုက်ဖို့ NUG ကို ကလလတ တိုက်တွန်း - ပျူစောထီးတွေဖမ်းလာတဲ့ တောပုရွာက ဓားစာခံပြည်သူ ၂ ဦးကို MBT တပ်ဖွဲ့ ကယ်ထုတ် - ပြည်နဲ့ ပေါင်းတည်ထောင်က လွတ်လာသူ ၇၀ ဦးမှာ နိုင်ကျဉ်း ၁ ဦးသာပါဝင် - စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့သတင်း - လင်းဇင်းရဲစခန်းကို PDF ဝင်တိုက်၊ ကျည်မလောက်လို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရ - စစ်တပ်ယာဥ်တန်းကိုတိုက်ခိုက်ပြီး ရလာတဲ့ရိက္ခာတွေကို မီးဘေးသင့်ပြည်သူတွေထံ ထောက်ပံ့ - PDF ထောက်ပို့လုပ်တယ်ဆိုကာ ခြောက်နှစ်အရွယ်ကလေး ၂ ဦးအပါ မိသားစု ၂ စုကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကိုလည်း မီးရှို့ - အိမ်စီးကားနဲ့လာတဲ့ စစ်သားနဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး၊ ကားနဲ့ပစ္စည်းအချို့လည်း သိမ်းဆည်းခဲ့ - သင်္ကြန်ကာလမှာ ပုလဲစစ်ရှောင်စခန်းနဲ့ ခက်ခဲနေတဲ့အမျိုးသမီးတွေကို ကျပ်သိန်း ၁၂၀ ကျော်ထောက်ပံ့

နှစ်ရက်ကြာသည့်တိုင် ချီပါရွာကနေ ရှေ့တိုးမရတဲ့ စစ်ကောင်စီစစ်ကြောင်း (ရုပ်/သံ)

ပြင်းပြင်းထန်ထန်ဟန့်တားနိုင်တဲ့အတွက်ကြောင့် စစ်ကြောင်းက ရှေ့ကိုမတိုးနိုင်ဘဲ မနေ့က ထိတွေ့မှုဖြစ်တဲ့နေရာမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်နေပြီး လက်ရှိအချိန်အထိ (ယနေ့ ဧပြီ ၁၉ ရက် နေ့လယ်အထိ) ချီပါရွာထဲမှာပဲ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုလုပ်နေတယ်လို့ ဆိုပါတယ်။

ပေါက်နယ်မှာ စစ်ယာဉ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရလို့ ၅ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများ (ရုပ်/သံ)

ယမန်နေ့ ဧပြီ ၁၈ ရက် ညနေ ၄ နာရီကနေ ၅ နာရီကြားဝန်းကျင်အတွင်း ကမ္မမြို့ မန်းကျည်းသုံးပင်နားအရောက် မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ များပြားနိုင်တယ်လို့ ပကဖ မြိုင်မြို့နယ် တာဝန်ခံကပြောပါတယ်။

ပုလဲမှာ ပေါ့ဆမီးကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောင်ဆုံးရှုံး (ရုပ်/သံ)

"ထမင်းချက်နေတဲ့အချိန် မီးဖိုနားမှာကျန်ခဲ့တဲ့ ဂက်စ်မီးခြစ်ပါမီးလောင်ပေါက်ကွဲပြီးတော့ မီးကူးစက်တာပါ။ နေပူတဲ့အချိန်လောင်တာရယ် လေကလည်းတိုက်တော့ မီးမငြှိမ်းနိုင်ကြဘူး။ လူတွေလည်း ဘေးလွတ်ရာ ပြေးရတာပေါ့"

PDF ထဲကို စနေမ ဘယ်လိုရောက်လာခဲ့တာလဲ (အမျိုးသမီးကဏ္ဍ)

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအစမှာကတည်းက လက်နက်နဲ့ တော်လှန်ချင်ခဲ့တာဖြစ်ပေမယ့် အိမ်ကခွင့်မပြုခဲ့လို့ အခုမှလက်နက်ကိုင်ခွင့်ရခဲ့သူပါ။ မန္တလေးတိုင်း ကျောက်ဆည်မြို့က အသက် ၁၈နှစ်အရွယ် စနေမ ဖြစ်ပါတယ်။ စစ်တပ်က မတရားအာဏာသိမ်းလိုက်ချိန်က သူဟာ အလယ်တန်းကျောင်းသူပဲ ရှိပါသေးတယ်။

ဥပုသ်သီလစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို PDF ရဲဘော်တွေက ဆေးကုသိုလ်အဖြစ် ကုသပေး (ရုပ်/သံ)

နှစ်ဆန်းတရက်နေ့မှာ ဥပုသ်သီလစောင့်ဖို့ လာရောက်ကြတဲ့ သက်ကြီးရွယ်အိုတွေထဲက ကျန်းမာရေးမကောင်းသူ လူဦးရေ ၈၀ ကျော်ကို ဆေးကုသိုလ်ပြုတဲ့အနေဖြင့် ဆေးဝါးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10