ရုပ်သံ

စစ်ကောင်စီက စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာ (ရုပ်/သံ)

“အခုတလော သူတို့(စစ်ကောင်စီ)က လက်နက်ကြီးတော့မပစ်တော့ဘူး။ ဒရုန်းတွေနဲ့ပဲ လာကြဲတာ။ မီးလောင်ဗုံးတွေ တအားသုံးတာ။ မနေ့ကပစ်တာ ကျနော်တို့ ရွာစာသင်ကျောင်းကတော့ တကျောင်းလုံးပျက်စီးသွားတာ ရွာသားတွေရှောင်မြန်တော့ ထိခိုက်မှုတော့မရှိလိုက်ဘူး။ ”

အရာတော်က တပ်ကြပ်ကြီးဟောင်းတဦး သေနတ်နဲ့ပစ်သတ်ခံရ

“အုပ်ကြီးက ဆိုင်ကယ်နဲ့ ပြန်လာတာကို သူ့အိမ်နား အရောက်မှာ ပစ်သတ်ခဲ့တာပါ နေရာမှာပဲ သေပါတယ်”

မကွေးတိုင်းမှာ စစ်ကား ၁ စီးမိုင်းဆွဲခံရပြီး စစ်တပ်စခန်းနဲ့ ပျူစောထီးရွာ ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

ဧပြီ ၉ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လက်ပုကန်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေပြီး ပခုက္ကူမြို့ကို ပြန်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ ဘီးကားကို လက်ပုကန်ရွာနဲ့ ချောက်ကန်ကြားအရောက်မှာ မိုင်း ၁ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အတွင်းသတင်းပေးအရ စစ်သား ၃ ဦးအထက် ထိခိုက်ဒဏ်ရာရတတယ်လို့ Young Force UG တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပိန် ကဆိုပါတယ်။

ဟောင်းနွမ်းပျက်စီးနေတဲ့ PDF စခန်းတခု ပြန်တည်ဆောက်ဖို့ အကူညီ လိုအပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက Local PDF စခန်းတခု ပျက်စီးနေတာကြောင့် ပြန်လည်ဆောက်လုပ်ဖို့အတွက် ငွေကြေးအကူညီလိုအပ်နေတယ်လို့ ပေါက် နွေဦးပြောက်ကျားတပ်ဖွဲ့ ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်ယက္ခက ပြောပါတယ်။

မုံရွာ-မန္တလေး ကားလမ်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး (ရုပ်/သံ)

“ပစ်လို့ရလားလို့ သွားကြည့်တဲ့အချိန် သူတို့ (စကစ)က ကင်းပုန်းဝပ်ဖို့ ကျတော်တို့ ကင်းပုန်းဝပ်တဲ့နေရာကို တက်လာတာ၊ ကျတော်တို့ဘက်ကို ၃ကောင်တက်လာတယ်၊ ခပ်လှမ်းလှမ်းကနေ ၅ကောင်တက်လာတာ၊ ကျတော်တို့နဲ့ နီးတဲ့ ၃ကောင်ကို အနီးကပ် ဦးအောင် ပစ်လိုက်တာ။”

စစ်မှုမထမ်းချင်လို့ ကျောက်ဆည်ခရိုင်အမှတ်၂ တပ်ရင်းထဲဝင်လာသူ ၅၁ ဦး (ရုပ်/သံ)

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုသူ ၅၁ဦး ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်းကို ရောက်ရှိလာပါတယ်။

ရေမြက်နီရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ်၂၀၀ ကျော်မီးလောင်ပျက်စီး၊ စစ်ဘေးရှောင် ၁၀၀၀ ကျော် ရွာပြန်မဝင်နိုင်သေး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမြက်နီရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့လို့ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ကျောမြို့ ကပစ ၂၃ က လာတဲ့ အင်အား ၇၀ ကျော်ပါခြေလျင်စစ်ကြောင်းက ဧပြီ ၃ ရက် နေ့လယ်ပိုင်းမှာ ရေမြက်နီရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ Yaw Revolution Army-YRA တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဒရုန်းနဲ့ဗုံးကြဲပြီး မိုင်းလည်းဆွဲခံရလို့ စစ်သား ၇ ဦးသေ ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

"၃ ရက်ကနေ ၆ ရက်အထိ တိုက်ခိုက်မှုမှာတော့ တပ်ကြပ်ကြီး ၁ ကောင်သေတယ်။ ရဲ ၁ ကောင်နဲ့ ပျူစောထီး ၄ ကောင်ဒဏ်ရာအသီးသီးရကြတယ်။ အတွင်းကသတင်းပေးပို့ချက်အရ ပြန်ပြီးသိရတာ။ ဧပြီ ၇ ရက်နေ့ အနန္တမေတ္တာဆည်အနီးမှာ မိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ၄ ဦး နေရာမှာပွဲချင်းပြီး သေတယ်။ အခုထပ်သိရတာက ၆ ကောင်သေပြီး ၂၀ ကျော်ဒဏ်ရာရတယ်။ အဲဒါတွေကို ထမ်းစင်နဲ့ထမ်းပြီး မြိုင်မြို့ထဲကိုပြန်ဝင်တယ်။"

မကွေးက သွေးကူညီမှုအသင်းဥက္ကဌတဦး သတ်ဖြတ်ခံရ

"တော်တော်လေးရက်ရက်စက်စက် သတ်ဖြတ်ခံထားရပုံပဲ။ ဓားဒဏ်ရာပဲ အချက်ရေတော်တော်များတယ်။ သိရသလောက်ဆို အချက်ရေ ၆၀ လောက်တောင်ရှိနိုင်တယ်"

စစ်အုပ်စု ရိက္ခာကား ၄ စီးနဲ့ အင်အား ၅၀ ပါ ခြေလျင်စစ်ကြောင်း ပေပါမိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

"ဘုရားကုန်းတောင်ဘက် မီတာ ၃၀၀ ကျော်အကွာမှာ ပေပါမိုင်းအကြီး ၂ လုံးမိသွားတယ်။ ၅ ဦးသေတယ်။ ခြေထောက် လက်တွေ ပြတ်ပြီး ဆုတ်တဲ့ကောင်တွေကိုတော့ ကားနဲ့တင်ပြီး ရေပြာရွာဘက်ကိုပြန်ထွက်သွားတယ်။ သေတဲ့ ၅ ဦးကတော့ မိုင်းခွဲတဲ့နေရာမှာပဲ မီးရှို့သွားတယ်"

တရုတ်လျက်မင်း မင်းကြောင်‌ချေး (သရော်စာ)

ဆောင်းပါးရှင် မြေလတ်အမတ်ကြီးရဲ့ သရော်စာအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "တရုတ်လျက်မင်း မင်းကြောင်‌ချေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ နားဆင်နိုင်ပါပြီ။

ယခင်နှစ်ထက်ရေရှားပါးတဲ့အညာမှာ တိုက်ပွဲတွေကြောင့် ရေရဖို့ခက်ခဲနေပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)

ရေရဖို့အတွက် ၄-၅ မိုင်ကျော်ဝေးတဲ့နေရာတွေကို ရေစည်လှည်းနဲ့သွားရောက် သယ်ယူပြီး ရေလှောင်ထားရသလို လမ်းခရီးမှာ မိုင်းနင်းမိသူတွေ စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ ရေများရာမိုးမရွာဖို့ မြင်းခြံခရိုင် တပ်ရင်း ၉ သံချပ်ထိုး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ ရေများရာ မိုးမရွာဘဲ အညာဒေသကတပ်ဖွဲ့တွေကို လက်နက်ခဲယမ်း ထောက်ပံ့ပေးစေချင်တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger-MBT ရဲဘော်တွေက သံချပ်ထိုးပြီး‌ တောင်းဆိုခဲ့တယ်လို့ အဲဒီအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောပါတယ်။

သင်္ကန်းမစည်းခင် ရဲဘော်မောင်ရှင်လောင်းရဲ့ ရင်တွင်းစကား (ရုပ်/သံ)

အသက် ၂၀ နှစ်အရွယ် PDF ရဲဘော် မောင်မျိုးခန့်သူ ကို ကိုရင်မဝတ်မီ မောင်ရှင်လောင်းဘဝမှာ သူရဲ့ တပ်ဖွဲ့ တာဝန်ရှိသူက မေးမြန်းခဲ့တာနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့တဲ့ ရင်တွင်းစကားကို မြေလတ်အသံက ဖော်ပြပေးလိုက်ပါတယ်။

ပုလဲက မြို့နယ်ပညာရေးမှူးရုံး စီးနင်းခံရ ရုံးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

ပုလဲမြို့နယ်ပညာရေးရုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုံးဝန်ထမ်းတွေကို CDM လုပ်ကြဖို့၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ရုံးဘက်က တစုံတရာ တုန့်ပြန်တာတွေ မရှိတဲ့အတွက် ဧပြီ ၅ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - သခင်ဒေါင်းညိုတပ်ရင်း၊ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10