ရုပ်သံ

စစ်တပ်နဲ့ပေါင်းသွားတဲ့ PDF ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့နယ်မြေတွေကို ၄ ရက်ကြာတိုက်ခိုက် နှစ်ဖက်အကျအဆုံးရှိ (ရုပ်/သံ)

စစ်တပ်နဲ့ပေါင်းသွားတဲ့ YOMA GBK PDF တပ်ဖွဲ့ဝင်ဟောင်း စလိုင်း(ခ)လိုင်းယွန်းဦးဆောင်တဲ့ အင်အား ၉၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမတောင်ခြေမှာ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။

ပေါက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ ခလရ ၂၅၈ က စစ်သားတွေပါ။ ရွှေဘုံသာကျေးရွာမှာ တထောက်နားတယ်။ ရွှေဘုံသာကျေးရွာက ပျူစောထီးတွေနဲ့အတူ ပေါက်မြောက်ပိုင်းကို ထွက်လာကြတာ၊ ပေါက်မြို့နယ်မြောက်ပိုင်း တောထဲမှာဖြစ်တာ။ တဖက်နဲ့တဖက် မီတာ ၅၀ လောက်ပဲဝေးတယ်။ ပစ်ခတ်တိုက်ခိုက်ချိန်က ၁ နာရီခွဲလောက် ကြာတယ်။ ၂ ဦးကတော့ သေဆုံးတာ မျက်မြင်ကိုယ်တွေ့မြင်ခဲ့တယ်။ ဒဏ်ရာရတာက ၃ ဦးလောက်ရှိတယ်။ ရဲဘော် ၂ ဦးကတော့ ဖိုတီးစမှန်တာ၊ မစိုးရိမ်ရပါဘူး။"

ရိက္ခာပြတ်လို့ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး MA 1 ၂ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

"ပစ်ခတ်တိုက်ခိုက်ချိန်က ၁၅ မိနစ် လောက်ကြာတယ်၊ ၁၅ ယောက်ထဲက ၃ ကောင်နေရာမှာ ပွဲချင်းပြီးသေတယ်"

အမျိုးသမီးနဲ့ UG တွေအတွက် အမရအစစ်သည်တော်အဖွဲ့က ပစ္စတိုအသေးထပ်မံထုတ်လုပ် (ရုပ်/သံ)

လက်နက်ကြီး လက်နက်ငယ်တွေ ထုတ်လုပ်ပြီးထောက်ပံ့နေတဲ့ အမရစစ်သည်တော်အဖွဲ့က ထပ်မံ ထုတ်လုပ်အောင်မြင်ခဲ့တာဖြစ်ပြီး လက်တဝါးစာအရွယ်အစားပဲရှိပါတယ်။

၅၀၀ - ၁၀၀၀ ကျပ်ကစပြီး ထောက်ပံ့လို့ရတဲ့ RKDF တပ်ဖွဲ့ရဲ့ ကမ်ပိန်းကာလ ထပ်မံတိုးမြှင့် (ရုပ်/သံ)

ကမ်ပိန်းကို ၂၀၁၄ မေ ၈ ရက်ကနေ ဇွန် ၈ ရက်အထိ ပြုလုပ်ခဲ့ရာ ၄၅ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့တဲ့အတွက် ဇွန် ၈ ရက်ကနေ ဇူလိုင် ၈ ရက်အထိ သိန်း ၁၀၀၀ ပြည့်မီဖို့အတွက် ကမ်ပိန်းကာလကို ရက်ထပ်တိုးရတာ ဖြစ်ပါတယ်။

ဆန္ဒပြရင်း သေနတ်ထိမှန်ခဲ့တဲ့ "မင်းလွန်" ရဲ့ ထောင်တွင်းအတွေ့အကြုံများ (သူတို့နဲ့စကားပြောခြင်း)

ကလေးမြို့က ဆန္ဒပြပွဲအတွင်းက အခြေအနေများနဲ့ သေနတ်ထိမှန်ခဲ့ပုံ၊ အဲ့ဒီနောက် ဖမ်းဆီးခံခဲ့ရပြီး ထောင်တွင်းအတွေ့အကြုံတွေအကြောင်း "သူတို့နဲ့စကားပြောခြင်း" Podcast အစီအစဉ်မှာ အခုလို့ စကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။

တပတ်တွင်းမြေလတ်သတင်း

- အလုပ်ရုံက ဝန်ထမ်း ၉ ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မဝင်ဖမ်း - ၂ လအတွင်း မော်လိုက်က ပြည်သူ ၂၀၀ ကျော် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရ - လက်ပံတန်းက ကျေးရွာချင်းဆက်လမ်းကို စစ်တပ်က ဖျက်ဆီး - နတ်တလင်းမှာ စစ်မှုထမ်းရမယ့်စာရင်းမှာ အမျိုးသမီးတွေစတင်ပါဝင်လာပြီး လူစားထိုးဖို့ ကျပ်သိန်းချီ ငွေတောင်း - ပြည်မြို့မှာ လမ်းသွားလမ်းလာတွေကို VPN ရှိမရှိ စစ်ဆေးပြီး ဒဏ်ငွေပေးဆောင်ခိုင်း - တောင်သူတွေ စိုက်စရိတ်သက်သာဖို့ PDF တွေ လုပ်အားပေး - မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ 96 DoNation

ချင်းဒေသစစ်ဆင်ရေးက ပြန်လာတဲ့ အောင်ပွဲရရဲဘော်တွေကို ဂုဏ်ပြုကြိုဆို၊ ကျဆုံးရဲဘော် ဂူဗိမာန်မှာ ဝင်ရောက်ဂါရဝပြု (ရုပ်/သံ)

မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်-CNA ရဲ့စစ်ရေးအကူအညီတောင်းခံမှုအရ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနဲ့ တီးတိန်မြို့နယ်တွေအတွင်းမှာ ၂ လခန့်ကြာ စစ်ဆင်ရေးတာဝန်တွေ သွားရောက်ထမ်းဆောင်ရာကနေ အောင်မြင်ပြီးဆုံးခဲ့တဲ့အတွက် မိခင်တပ်ဖွဲ့ကို ဇွန် ၆ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိလာတာပါ။

အညာမှာ သတိထားရမယ့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု (ရုပ်/သံ)

အညာမှာ လေကြောင်းပစ်ခတ်မှုတွေ ဘာကြောင့် ပိုစိပ်လာနေတာလဲ။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဘယ်လိုကာကွယ်မှုတွေ လုပ်နေပြီလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇၊ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆန္ဒပြရင်း သေနတ်ထိမှန်ခဲ့တဲ့ မင်းလွန်ရဲ့ ထောင်တွင်းအတွေ့အကြုံများ

နွေဦးတော်လှန်ရေးအစောပိုင်းကာလ ကလေးမြို့က ဆန္ဒပြပွဲအတွင်း သေနတ်ထိမှန်ခဲ့ပုံ၊ အဲ့ဒီနောက် ဖမ်းဆီးခံခဲ့ရပြီး ထောင်တွင်းအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ပြောဖြစ်ခဲ့ကြတာတွေကို ဇွန်လ ၁၅ ရက် စနေနေ့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီမှာ မြေလတ်အသံရဲ့ Facebook နဲ့ Youtube တို့ကနေ အပြည့်အစုံ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Shadow တပ်ဖွဲ့က ရဲဘော် ၁၀ ဦး ခက်ခဲကြမ်းတမ်းတဲ့ ကွန်မန်ဒိုသင်တန်းဆင်းလာ (ရုပ်/သံ)

တလခွဲကြာမြင့်တဲ့ အထူးကွန်မန်ဒိုသင်တန်းမှာ စစ်ရေးပြ၊ သက်လုံလေ့ကျင့်မှုတွေ၊ ချေမှုန်းရေးတွေ၊ လက်နက်ကိုင်ရဲဘော်တွေရဲ့ စစ်စည်းကမ်းနဲ့ကျင့်ဝတ်တွေ၊ လက်နက်ကြီးလက်နက်ငယ်အသုံးပြုပုံတွေကို စာတွေ့နဲ့လက်တွေ့ နှစ်ခုလုံးသင်ကြားပေးခဲ့တာလို့ Shadow ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့ ရဲဘော်လှကြီးက ပြောပါတယ်။

မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ 96 DoNation (Reels)

စစ်ကြောင်းထိုးမီးရှို့ခံလိုက်ရတဲ့ ရွှေဘိုမြို့နယ်ထဲက ရွာတရွာကို ဇွန် ၁၁ ရက်မှာ အိမ်ထောင်စုတစုကို ၃ သိန်း ၈ သောင်းကျပ်နှုန်းနဲ့ လှူဒါန်းပေးခဲ့တာလို့ 96 DoNation-စစ်ရှောင်ပရဟိတ တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။

“နားအူနားကိုက်ခြင်းအတွက် နာနတ်” (Podcast)

နာနတ်ဟာ မီးလောင်ဒဏ်ရာ အရေပြားသေတွေကို ဘယ်လိုလျော့ကျစေသလဲ။ နာနတ်ရွက် လက်ဖက်ရည် နံနက်တိုင်းသောက်သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။ အနာကျက်မြန်စေဖို့ နာနတ်ပင်ရဲ့ ဘယ်အစိတ်အပိုင်းက လုပ်ဆောင်နိုင်သလဲ။ နာနတ်သီးမှာ ဘယ်လိုဓာတ်တွေ ပါဝင်ပါသလဲ စတာတွေကို နားဆင်ရမှာပါ။

BTS Jin ​ကျွေးတဲ့ စစ်ရှောင်စခန်းက ထမင်းတနပ် (ရုပ်/သံ)

"K-Pop Fan တွေက လာလှူကြတာတွေရှိပါတယ်။ စစ်ရှောင်တွေအတွက် အထောက်အကူဖြစ်ပါတယ်။အဆိုတော် Jin အမှတ်တရ အလှူအတွက်လည်း ဝမ်းသာရပါတယ်"

အိမ်မီးရှို့နေတဲ့ ရွာမွန် ကပစ တပ်က စစ်သားတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

"နတ်မောက်မြို့ကနေ နတ်မောက်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတာ။ ဖက်တောရေရွာကို ရောက်ရောက်ချင်းပဲ နေအိမ်တွေကို မီးရှို့တယ်။ မီးရှို့ရှို့ချင်းမှာ ကျနော်တို့က ဝင်တိုက်တာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတယ်။ ညပိုင်းအထိ အပြန်အလှန်ပစ်ခတ်ခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10