ရုပ်သံ

“နှာစေးနှာပိတ်ခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

နှာစေးနှာပိတ်သူတွေဟာ ဘယ်လိုဓာတ်စာတွေကို စားရမလဲ။ ပူစီနံရွက်ပြုတ်ရေဟာ နှာစေးနှာပိတ် ပျောက်ကင်းအောင် ဘယ်လိုအထောက်အကူပြုသလဲ။ နှာစေးနှာပိတ်ပျောက်စေဖို့အတွက် ပင်စိမ်းရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ နှာစေးနှာပိတ်ခြင်းကို မကုသဘဲပေါ့ဆရင် ဘယ်လိုတွေ ဖြစ်နိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

Gen L33 သီချင်းရေးစပ်သီဆိုခဲ့တဲ့ လူငယ် Rap Artist မင်းလွန်

ကလေးအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး တလအတွင်းမှာပဲ သူကိုယ်တိုင်းရေးစပ်သီဆို ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ Gen L33 သီချင်း အကြောင်းနဲ့ပတ်သက်ပြီး ပြောဖြစ်ခဲ့ကြတာတွေကို ဇန်နဝါရီလ ၁၂ ရက် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီမှာ မြေလတ်အသံရဲ့ Facebook စာမျက်နှာကနေ အပြည့်အစုံ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

NUG ဒုဝန်ကြီး မကွေးတိုင်း ၆ မြို့နယ်မှာ ပထမဆုံးအကြိမ် မြေပြင်တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းဟာ မကွေးတိုင်း၊ ၆ မြို့နယ်က ပအဖ၊ ပကဖ၊ PDFနဲ့ ပြည်သူတွေကို မြေပြင်မှာ တိုက်ရိုက်သွားရောက်တွေ့ဆုံပြီး တော်လှန်ရေးကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

- စလင်းမြို့ လွတ်လပ်ရေးနေ့အားကစားပွဲမှာဖြစ်ခဲ့တဲ့ ရန်ပွဲ။ - လုံခြုံရေးအရ အသုံးမပြုတော့တဲ့ Special Force Column -PDF Commando Battalion (အထူးစစ်ဆင်ရေးတပ်ရင်း) Page အကြောင်း နဲ့ - CDM ကျောင်းသားတဦးရဲ့ ရင်ဖွင့်သံ စတဲ့ စာတွေကို နားဆင်ရပါမယ်။

မုံရွာနယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ၃ ‌ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ PDF မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ဗိုလ်အပါအဝင် ၃ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ကုက္ကဲရဲစခန်းရှေ့မှာ ဂိတ်ကြေးတောင်းနေတဲ့ ရဲတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

"ချလည်းချလိုက်ရော ရွာထဲဝင်ပြေးတယ်။ အဲ့ဒီမှာကျွန်တော်တို့ ဖရဲသီးရှိတယ်လေ။ ဘယ်သူ့ အိမ်ထဲတော့ရောက်နေပြီ အဲ့လိုပြောတော့ ထပ်ချတယ်။ အဲ့မှာအစုလိုက် အပြုံလိုက်ထဲကို သွားကျတာပေါ့"

ပျူခေါင်းဆောင်ပါတဲ့ ဖဲဝိုင်းကိုတိုက်ခိုက်ခံရလို့ ဖုန်းဆက်သတင်းမေးသူကို PDF ကစနောက်( ရုပ်/သံ)

ဖဲဝိုင်းကို တိုက်ခိုက်ချိန် သေဆုံးသွားတဲ့ ပျူခေါင်းဆောင် ကျော်ကိုကိုဆိုသူရဲ့ ဖုန်းကို ဆက်သွယ်သတင်းမေးလာချိန်မှာ PDF တွေက စနောက်ကာ ပြန်ဖြေခဲ့ကြတာပါ။

ဖဲဝိုင်းတိုက်ခိုက်ခံရလို့ ပျူစောထီးနဲ့ လုံခြုံရေးစစ်သားအပါ ၅ ဦးသေဆုံး (ရုပ်/သံ)

အုတ်ဖိုမြို့နယ် မြောင်ကျေးရွာက အိမ်တအိမ်မှာဖဲရိုက်နေတာကို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြောင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ကိုကျော်ကိုကိုအပါ ပျူစောထီး ၄ ဦးနဲ့ စစ်သား၁ ဦးသေဆုံးခဲ့တာပါ။ တိုက်ခိုက်မှုဟာ ၁၀ မိနစ်လောက်သာကြာမြင့်ပြီး နေအိမ်အတွင်း ရှင်းလင်းရှာဖွေချိန်ကလည်း ၅ မိနစ်လောက်သာကြာမြင့်တယ်လို့ ဗိုလ်တောက်တဲ့က ပြောပါတယ်။

ခမ်းပါတ် လေကြောင်းတိုက်ခိုက်ခံရမှု  ကလေး ၄ ဦးအပါ ၁၆ လောင်းကို တွေ့ရှိထား (ရုပ်/သံ)

"ကလေး ၃ နှစ်အရွယ်များတယ်၊ ကား ၃ စီးနဲ့ သယ်ရတယ်၊ ကားနဲ့ ဒဏ်ရာရတဲ့သူတွေသယ်တာ အခေါက်မနည်းတော့ဘူး၊ ကလေးတွေ အရမ်းများတယ်"

တင်းဂတ်ရွာ စစ်တပ်ဂိတ် ဗုံးကြဲခံရ (ရုပ်/သံ)

"ဂိတ်ရှေ့တည့်တည့်ကော ဘန်ကာထဲကောကျတာ မြင်နေရတယ်၊ ပျူ** ၂ ကောင်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ချက်ခြင်းပခုက္ကူဆေးရုံကြီးကိုသွားပြီးတော့ ဆေးကုနေတယ်၊ သေလားမသေလားတော့ ကျနော်တို့လည်း မသိရသေးဘူး၊ သူတို့ဘက်လည်း လက်နက်ငယ် လက်နက်ကြီးတွေနဲ့တော့ မနားမနေပြန်ပစ်တယ်"

"မအလ ရဲ့ ၂၀၂၄ နိမိတ်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "မအလ ရဲ့ ၂၀၂၄ နိမိတ်" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

စစ်ကောင်စီ ထောက်ပို့သင်္ဘော ၂ စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

"ရှိန်းမကားရဲစခန်းကို ထောက်ပို့ပစ္စည်းလာပို့တာ။ ကျနော်တို့က ရှိန်းမကားရဲစခန်းအနားရောက်ကာနီး ရွာသစ်ရွာထိပ်လောက်မှာ စပြီးတိုက်ပွဲဖြစ်တာ။ တိုက်ပွဲချိန်က ၂ နာရီကျော်လောက်ထိကြာတယ်။ အဲဒီအချိန်မှာ သူတို့သင်္ဘောဆက်မောင်းဖို့ အဆင်မပြေ‌တော့ဘူးပေါ့။ တိုက်ပွဲဖြစ်ပြီးရှေ့ကိုဆက်မသွားဘဲနဲ့ နောက်ကိုပဲပြန်မောင်းသွားတယ်"

"ဆောင်းသီးနှံနဲ့ ဖျက်ပိုးအန္တရာယ်" (လူမှုစီးပွား)

ယခုဆောင်းရာသီမှာ ဘယ်လိုသီးနှံတွေအစိုက်များပြီး ဖျက်ပိုးကျရောက်မှုအခြေအနေဘယ်လိုရှိနေလဲ၊ ဖျက်ပိုးတွေကြောင့် စိုက်ခင်းတွေထိခိုက်ပျက်စီးမှုအခြေအနေနဲ့ ဆောင်းသီးနှံအထွက်နှုန်း ဘယ်လိုရှိနေမလဲ စတာတွေကို ဒီတပတ် မြေလတ်ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ရေတာရှည်သကြားစက်ကိုဝင်ရောက်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို တော်လှန်ရေးလုပ်ငန်းစဉ်တွေ ချပြစည်းရုံး - မဲဇာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေး - ယင်းမာပင် ရဲစခန်းနဲ့ ဌာနရုံးတွေကို လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ် - ပုလဲနဲ့မကွေးတို့မှ တပတ်အတွင်းအလင်းဝင်ရောက်လာကြတဲ့ စစ်သားနဲ့ပျူစောထီးတွေရဲ့ သတင်း - ဒိုက်ဦးထောင်က နိုင်/ကျဥ်းအမျိုးသမီးတွေကို ထောင်မှူးက သေနတ်နဲ့ချိန်ကာ အကြိမ်ကြိမ်ခြိမ်းခြောက် - ဝက်လက်မှာ ဆက်ကြေးကောက်နေတဲ့ ဂိတ်ကင်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ - မုံရွာပလဖစခန်းခွဲ စီးနင်းခံရမှု ရဲဘော် ၁ ဦးသေဆုံး၊ အချုပ်သား ၆ ဦးလွတ်မြောက်ကာ ကျပ်သိန်း ၄,၀၀၀ နီးပါးဆုံးရှုံးခဲ့ဟုဆို - ပဲခူးရိုးမအစပ်မှာ စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူတွေကိုသတ်ပြီး ရွာတွေကိုမီးရှို့နေ - ထန်းတပင်က တပ်စခန်း ၂ ခုကို စစ်တပ်က စွန့်ခွာထွက်ပြေးသွားလို့ KNLA က မီးရှို့ရှင်းလင်း - စစ်ရေးအရ အရေးပါတဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းက ကင်းစခန်း ၅ ခုကို တိုက်ခိုက်ခဲ့ - မြိုင်မှာ စစ်တပ်မီးရှို့တဲ့ရွာ ၂ ရွာကို ဆန်နဲ့ဆီ ထောက်ပံ့

မြို့သိမ်း မောင်းပြန်ကမ်ပိန်း ၁၀ ရက်အတွင်း ၉ ရာခိုင်နှုန်းသာ ရရှိထား (ရုပ်/သံ)

ကမ်ပိန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ၁ လတာ ပြုလုပ်နေတာဖြစ်ပြီး "မောင်းပြန်ကိုယ်စီ မြို့သို့ချီ" ဆိုတဲ့ ကမ်ပိန်းအတွက် ပေါက်မဲပစ္စည်းတွေအနေနဲ့ သိန်း ၄၀ ကျော်တန်ပတ္တမြားလက်စွပ် ၁ ကွင်း၊ IPhone 14 Pro Max ၁ လုံး၊ နာရီ ၁ လုံး၊ ရေဆေးပန်းချီကား ၁ ချပ်နဲ့ တခြားပစ္စည်းများစွာ ပါဝင်သေးတယ်လို့ တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10