ရုပ်သံ

“တရုတ်စကားပင် ဆေးဖက်ဝင်” (Podcast)

မျက်နှာချောမွေ့လာအောင် တရုတ်စကားပင်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ ပြုလုပ်လို့ရသလဲ။ ခြေထောက် အက်ကွဲကြောင်းတွေအတွက် တရုတ်စကားပင်ကိုအသုံးပြုပြီး ဘယ်လိုကုသနိုင်သလဲ။ ကင်ဆာအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့ တရုတ်စကားပင်ကို ဘယ်လိုအသုံးပြုမလဲ။ တရုတ်စကားမြစ်ပြုတ်ရေဟာ ဘယ်လိုရောဂါတွေကို သက်သာစေနိုင်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

RBDF တပ်က AK လက်လုပ်သေနတ် အောင်မြင်စွာထုတ်လုပ်ပြီး တိုက်ပွဲမှာ စတင်အသုံးပြု (ရုပ်/သံ)

၂၀၂၁ ခုနှစ် ဇွန်လအစောပိုင်းကတည်းကဖွဲ့စည်းခဲ့တဲ့ RBDF ဟာ နွေဦးတော်လှန်ရေးအစမှာကတည်းက တူမီးသေနတ်၊ ဂက်စ်ဘူး တပ်ဆင်ပစ်ရတဲ့ ဂက်စ်သေနတ်၊ တတောင့်ထိုးသေနတ်၊ G3 ရိုင်ဖယ်တို့နဲ့ စတင်တိုက်ခိုက်တာဖြစ်ပြီး AK Auto/Simi Auto သေနတ်ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်လာခဲ့သလို လက်နက်ကြီးအနေနဲ့ တာဝေးပစ်ရှော့တိုက်ဒုန်းတွေကိုပါ ထုတ်လုပ်ပြီး တိုက်ခိုက်နေပြီလို့ သိရပါတယ်။

“လိုအပ်ချက်တွေကို သင်ခန်းစာယူပြီး ရှေ့ဆက်သွားရမယ့်နှစ်ဖြစ်ပါတယ်” (ရုပ်သံဆောင်းပါး)

မြင်းခြံ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ၂၀၂၃ က သင်ခန်းစာတွေ၊ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး ၂၀၂၄ မှာ အာဏာသိမ်းစစ်တပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထောက်ပို့လေယာဉ်တစီး ကချင်မှာ ပစ်ချခံရ(ရုပ်/သံ)

“နာဖော့စခန်းကို နှစ်စီးရိက္ခာလာပို့တာ၊ ခုကျတဲ့တစီးက Mi35။ သူကကင်းချတဲ့သဘော၊ ဒါကြောင့် ပစ်ချတာ ကင်းယူတဲ့အစီးပေါ့။ မောင်းသူလည်း သေမှာပါ့။ ချက်ချင်း မီးလောင်ကျသွားတာကြီး။”

"၂၀၂၄က ကျနော်တို့အတွက် ရောင်နီပါပဲ" (ရုပ်သံဆောင်းပါး)

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတော်လှန်ရေးသမား ကျားခင်စိန်ဟာ သူမှာယူထားတဲ့ ဒရုန်းတွေ ရလာရင် ၂၀၂၄ ထဲမှာ စကစ ထိန်းချုပ်ထားတဲ့ စခန်းနဲ့ မြို့တွေကို သိမ်းပိုက်နိုင်အောင် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

မြို့မရဲစခန်းနဲ့ မြို့တွင်းကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲ ၃ဦးနဲ့ စစ်သား ၅ဦးသေဆုံး (ရုပ်/သံ)

နွားထိုးကြီးမြို့နယ်ထဲမှာ ပြောက်ကြားစစ်ပုံစံမျိုး အမြဲတမ်းဖြစ်ပွားနေပြီး ယခင်တိုက်ပွဲတွေက မြို့ပြင် နယ်ဘက်၊‌ တောဘက်တွေမှာ တိုက်ပွဲအဖြစ်များကာ ယခုမြို့ပေါ်တိုက်ပွဲမှာတော့ ပြည်သူတွေက မတိမ်းမရှောင်တတ်လို့ တိုက်ပွဲဖော်ဆောင်ရာမှာ ခက်ခဲခဲ့တယ်လို့ Myingyan District Army-4 Natogyi PDF တပ်ရေးဗိုလ်က ပြောပါတယ်။

ပဲခူးရိုးမအစပ်မှာ စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူတွေကိုသတ်ပြီးရွာတွေကိုမီးရှို့နေ (ရုပ်သံ)

ပဲခူးရိုးမအစပ် နတ်တလင်းမြို့နယ်ထဲက ရွာတွေကို ဒီဇင်ဘာလ ၁၉ ရက်ကနေ ၃၁ ရက်အထိ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့လို့ နေအိမ်ပေါင်း ၃၀၀ နီးပါး၊ စစ်ရှောင်တဲနဲ့ ယာတဲပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးကာ ဒေသခံပြည်သူ ၇ ဦးသတ်ခံရပြီး အမျိူးသား ၃ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

တော်လှန်ရေးရဲမေတွေ ဖြတ်သန်းခဲ့တဲ့ ၂၀၂၃ (အမျိုးသမီးကဏ္ဍ)

နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့ကြတဲ့ အညာဒေသက တော်လှန်ရေးရဲဘော်အမျိုးသမီးတွေရဲ့ တော်လှန်ရေးဖြတ်သန်းမှုနဲ့ ခံယူချက်တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

ယင်းမာပင် ရဲစခန်းနဲ့ ဌာနရုံးတွေကို လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ် (ရုပ်/သံ)

ယင်းမာပင်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ သစ်တောရုံးတို့ကို ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီကနေ ၁၁ နာရီခန့်အထိ ၃ နာရီကြာအောင် ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်မှာ ဆက်ကြေးကောက်နေတဲ့ ဂိတ်ကင်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

‌"ဝက်လက်မြို့နယ် ရွာသာကြီးလမ်းဆုံ ဆက်ကြေးကောက်နေတဲ့ဂိတ်က ဘန်ကာကိုချခဲ့တာ။ အဲ့ဒီနေရာမှာ စစ်ခွေးတွေစုဝေးနေလို့ တနေရာထဲကိုပဲ တိုက်ခိုက်ခဲ့တာ။ ၂ ကြိမ်စလုံးပေါ့၊ သေဆုံးမှုက စစ်ခွေး ၂ ကောင်သေတယ် ၅ ကောင်ထိခိုက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရှိရတယ်။ လက်နက်ငယ်နဲ့တော့ ပြန်ပစ်တယ်၊ အကြာကြီးမဟုတ်ပါဘူး။ ၂၀၂၂ နှစ်ကတည်းက သူတို့အထိုင်ချနေတာ ၇ လလောက်ရှိပြီ။ တပ်မ ၃၃ က စစ်သားတွေပါ။"

“လက်နက်ရှိရင် တော်လှန်ရေးလုပ်လို့ရပြီဆိုတဲ့ အတွေးကနေ တော်လှန်ရေးလုပ်ရင် အလုံးစုံတည်ဆောက်ဖို့လိုတယ်ဆိုတဲ့ အခြေအနေအထိ ကျနော်တို့အတွေးတွေ ပြောင်းလဲလာခဲ့တယ်”  (ရုပ်သံဆောင်းပါး)

ဧရာဝတီမြစ်အနောက်ဘက်ကမ်းလွတ်မြောက်ရေးနဲ့ ကပစ စက်ရုံတွေကို ပစ်မှတ်ထားတဲ့ People’s Revolution Alliance - PRA Magway ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်ပြောတဲ့ ၂၀၂၃ အထိဖြတ်သန်းမှုနဲ့ ၂၀၂၄ ရည်မှန်းချက်

"ငရဲအိုးကြီး ဆူနေပြီ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "ငရဲအိုးကြီး ဆူနေပြီ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- စစ်မြေပြင်က PDF တွေကို လာတွေ့တဲ့ NUG ပြည်ထဲရေးဝန်ကြီး - နတ်သံကွင်းမြို့ကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထား - ခလရ ၂၅၁ ရိက္ခာတင်ကား ၁၅ စီးနဲ့ လုံခြုံရေးအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲချခံရလို့ ၃ ဦးထိခိုက်ဒဏ်ရာရ - ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌဟောင်း ကိုကျော်ရဲသူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ - နောင်ကြီးအိုင်ရဲစခန်းက စစ်အုပ်စု ၁ လကျော်ကြာ တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး - ရွှေဘိုက ပျူစခန်းသိမ်းတိုက်ပွဲမှာ ပျူ ၃ ဦးသေပြီး ၆၀ ဦးဖမ်းမိ - စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ တပတ်အတွင်း အလင်းဝင်ရောက်လာကြတဲ့ စစ်သားနဲ့ပျူစောထီးများ - ထီးချိုင့်မြို့ကို စစ်တပ်က ဒရုန်းနဲ့ တရက်တည်း ဗုံး ၅၀ ကျော်ကြဲချ - နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား - ရွာထဲပိတ်မိနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးကြဲ - ပဲခူးအရှေ့က ဗျူဟာမြောက်စစ်ကြောင်းတွေကို စစ်ဘက်သုံးပစ္စည်းတွေထောက်ပံ့

ရွှေဘိုက ပျူကြီးစိုးတဲ့ရွာ ၅ ရွာကို ပကဖတွေ ၂ ရက်ဆက် တိုက်ခိုက် (ရုပ်/သံ)

"မနက်၉နာရီမှာ ဝင်တိုက်တယ်။ မတိုက်ခင်ထဲက သတင်းတွေအရင်နေ့တွေထဲက လုပ်ထားတော့ လေ့ကျင့်ရေး ၈ ကနေ ဟောင်ဝစ်ဆာတွေနဲ့ ပစ်တယ်။ ဝင်တိုက်တဲ့အခါ အပြန်အလှန်နေရာယူပြီးတိုက်တော့ ရန်သူ့ဘက်က တော်တော်လေးကိုနာတယ်။ နာတဲ့အချိန်မှာ သူတို့ Mi-35 လာတော့ပြန်ဆုတ်ရတယ်"

၆၀ မမ နဲ့ ပစ်ခံရလို့ ရဲတပ်ရင်း ၂၈ က ရဲ ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်း ရွှေတောင်ဦးအကျိုးအကန်းကုန်းအနီး ရဲတပ်ရင်း ၂၈ မှာ အထိုင်ချနေတဲ့ ရဲနဲ့ စစ်သားတွေကို ဒီဇင်ဘာ ၂၆ ရက် မနက် ၉ နာရီမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း ၁ တပ်ခွဲ ၁ ( Brother Defense Force) အဖွဲခေါင်းဆောင် ဗိုလ်နေလအောင် က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10