ရုပ်သံ

PDF နဲ့တိုက်ပွဲဖြစ်တဲ့ စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ PDFနဲ့ တိုက်ပွဲဖြစ်တဲ့ စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာက နေအိမ် ၂၀၀ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဂန့်ဂေါခရိုင်တပ်ရင်း ၁ ရဲ့ စိတ်ဓါတ်မြှင့်တင်ရေး အားကစားပွဲနဲ့ ဖြေဖျော်ပွဲတွေ (ရုပ်/သံ)

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်တွေကို ဇန်နဝါရီ ၁၄ ရက် မနက် ၈ နာရီကနေ ည ၁၁ နာရီကျော်အထိ အားကစားပြိုင်ပွဲတွေအပါအဝင် ဖြေဖျော်ပွဲတွေကိုကျင်းပပေးခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူပကဖ တပ်ခွဲ ၂ မှ တပ်ဖွဲ့ ၈ ဖွဲ့ရဲ့ ရဲဘော်တွေကို မွမ်းမံသင်တန်းပေး (ရုပ်/သံ)

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မွမ်းမံသင်တန်းဖွင့်ကာ စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁ လနီးပါးအကြာ ဇန်နဝါရီ ၁၃ ရက်မှာ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်၍ စစ်လက်နက်ပစ္စည်းတွေလည်း ပေးခဲ့တယ်လို့ Young Force - UG ရဲဘော် ဝိုင်ပီက ပြောပါတယ်။

၂ ရက်ဆက် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားများ ခြေလက်အင်္ဂါမဲ့ဖြစ်သွား (ရုပ်/သံ)

"ကား ၁ စီးကတော့ ပြန်မယူဘူး၊ ယာဉ်မောင်းက လက်တွေပြတ်ကျန်ခဲ့တယ်၊ ကားလည်းဒီအတိုင်းထားသွားတယ်၊ ကားပေါ်မှာပါတဲ့ ဆန်တို့ ပဲတို့ကတော့ အကုန်လုံးပြန်ယူသွားတယ်၊ ကားကတော့ အခွံလိုက်ကျန်ခဲ့တာ၊ ၁၅ ဦးလောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်၊ လက်ပြတ်ခြေပြတ်တွေ ဖြစ်တယ်ဆိုတာ သူတို့နဲ့မွေးချင်းဆက်နွယ်တဲ့သူတွေက ဖုန်းနဲ့ပြန်ပြောလို့ သိရတာ"

"အောင်မြင်စွာလက်နက်ချတဲ့ ကမ္ဘာ့အထူးအဆန်းဆုံး စစ်တပ်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "အောင်မြင်စွာလက်နက်ချတဲ့ ကမ္ဘာ့အထူးအဆန်းဆုံး စစ်တပ်" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ညောင်ဖြူပင်ရဲစခန်း ၃ ရက် ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

ညောင်ဖြူပင်ရဲစခန်းကို ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၁ ရက် နံနက်တွေမှာ ဗုံးသီး ၅ လုံး၊ ၄ လုံး၊ ၆ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းပတ်ဝန်းကျင် အဆောက်အဦတွေနဲ့ ဘန်ကာတွေကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပဲ လို့ Chindwin Fighter Group(CFG) တာဝန်ခံက ပြောပါတယ်။

ထောင်ထဲက ညီဖြစ်သူနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ရင်း ထောက်ပို့လုပ်နေတဲ့ အကျည်းတန် (LGBT) (ရုပ်သံဆောင်းပါး)

ညီက ထောင်ကျ၊ သူက စစ်ကောင်စီရန်ကနေ ရှောင်တိမ်းရင်း နွေဦးတော်လှန်ရေးမှာ ထောက်ပို့လုပ်နေတဲ့ LGBT တဦးဖြစ်သူ အကျည်းတန်က “ထောင်ထဲက ညီလေးကို ကုန်ပိုးပြီး ပြန်ထုတ်ချင်တယ်” လို့ဆိုပါတယ်။

တပ်မ ၃၃ နဲ့ မန္တလေးနန်းတွင်းခြေလျင်စစ်ကြောင်း ၂ ကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

"တိုက်ပွဲချိန်က ၁၀ မိနစ်လောက်ပဲကြာတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ စတွေ့တာက ဝမ်းပြည့်ရွာရဲ့အနောက်ဘက်မှာ စတွေ့တာ။ ကျနော်တို့ကအနောက်ကနေ ကာပစ်ပေးတာ။ မီတာ ၂၀၀ ဝန်းကျင်လောက်က ပစ်ခတ်ခဲ့တာ။ အဲ့ဒီစစ်‌ကြောင်း ၂ ကြောင်း မြင်းမူမြို့ထဲပြန်ရောက်တဲ့အချိန် ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းဘက်ကို ကား ၂ စီးနဲ့ပို့တယ်"

မြိုင်မြို့ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခံရလို့ စစ်သား ၁ ဦးနဲ့ ရဲ ၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့ မန္တလေးသွားကားလမ်းပေါ်က စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီ စစ်သား ၁ ဦး ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ပကဖ အဖွဲ့ဆီက သိရပါတယ်။

ငါန်းဇွန်းမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ် (ရုပ်/သံ)

“ သူတို့ကို လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တာ။ သေဆုံးမှုကို နယ်မြေခံတွေဆီကတဆင့် ကြားရတယ်။ ဒီမနက်သတင်းကြားတာကတော့ ငါးမြာရွာမှာ သင်္ဂြိုဟ်ပေးဖို့ လုပ်နေတယ်တဲ့”

တပတ်အတွင်း မြေလတ်သတင်း

- အမြန်လမ်းသစ်၊ လမ်းဟောင်း နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်မည် - လွတ်ငြိမ်းစာရင်းဝင် ပြည်သူ့လွှတ်တော်အမတ်ကို အမှုထပ်ဖွင့်ပြီး ထောင်ပြန်ချ  - ဖဲဝိုင်းတိုက်ခိုက်ခံရလို့ ပျူစောထီးနဲ့ လုံခြုံရေးစစ်သားအပါ ၅ ဦးသေဆုံး - ထန်းတပင်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၁ ခု ထပ်မံစွန့်ခွာ၊ KNLA ဘက်က မီးရှို့ရှင်းလင်း - စစ်ကောင်စီကို တရုတ်အစိုးရ ကာကွယ်မပေးဖို့ မုံရွာမှာ သရုပ်ပြ - ကနီနဲ့ ကလေးဝမြို့တို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲတွေ အလင်းဝင်လာ - ထီးချိုင့်မြို့နယ် စစ်ရှောင်တွေထဲ သတင်းပေးရှိနေတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေ - မုံရွာနယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ၃ ‌ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံး - ဝန်းသိုနယ်က ဒေသခံပြည်သူ ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် - ခမ်းပါတ် လေကြောင်းတိုက်ခိုက်ခံရမှု  ကလေး ၄ ဦးအပါ ၁၆ လောင်းကို တွေ့ရှိထား  - PHN-Kalay က ၁ နှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၂၃၀ ကျော်ကို အောင်မြင်စွာမွေးဖွားပေးခဲ့

အမြန်လမ်းစစ်ဆေးရေးဂိတ်အပါအဝင် ၃ နေရာကို PDF တိုက်ခိုက် (ရုပ်/သံ)

"ကျနော်တို့ စုံစမ်းသိရှိရသလောက်တော့ ပြင်စည်စာသင်ကျောင်းထဲမှာကတော့ ၂ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာလည်းရှိတယ်။ အမြန်လမ်းမှာတော့ ထိခိုက်ဒဏ်ရာပဲရတာ မြင်ရတယ်။ ကန်နားရဲစခန်းကတော့ စစ်** ၃ ကောင်သေတယ်။ ရဲ ၄ ကောင်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရတယ်"

" Rapper မင်းလွန်ပြောတဲ့ Gen L33 " (သူတို့နဲ့ စကားပြောခြင်း)

မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ်မှာ Gen L33 သီချင်းဖန်တီးသူ လူငယ် Rap Artist မင်းလွန် ရဲ့Gen L33 သီချင်း ဘယ်လိုထွက်လာခဲ့လဲ၊ ဘာကြောင့်ဒီသီချင်းကို ဖန်တီးဖြစ်ခဲ့တာလဲဆိုတာတွေနဲ့ “ဂျန်လီးဆိုတာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုကို ပြောတာမဟုတ်ပါဘူး။ ခင်ဗျားက အဲ့ဒီလိုအတွေးအခေါ်ရှိနေရင် ခင်ဗျားက ဂျန်လီးပဲ” ဆိုတဲ့ သူ့ရဲ့ အတွေးအခေါ်တွေကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

ဘန့်ဘွေးရွာက ပျူစောထီးတွေကို အင်အားသုံးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

“သူတို့ ထိခိုက်ကျဆုံးမှုတွေတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထိခိုက်ကျဆုံးရှိလို့ ကျနော်တို့ဆီ မဲပြီးတော့ စစ်ကြောင်းပုံစံဝိုက်ပြီး ပြန်ထိုးလာတာ။ ဘန့်ဘွေးပျူရွာကို ကျနော်တို့သွားရောက် တိုက်ခိုက် တာ ၁၀ ကြိမ် ၁၅ ကြိမ်လောက်ရှိပြီး။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျနော်တို့ ၄ မြို့နယ်ပေါင်း ပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကခဲ့ပါတယ်”

လက်နက်မပြည့်စုံလို့ တိုက်ပွဲနားရချိန် မွမ်းမံသင်တန်းတွေ ဆက်တိုက်လုပ်နေတဲ့ ကျားသစ်နက် (ရုပ်/သံ)

ကျားသစ်နက်အဖွဲ့ဟာ လက်နက်အင်အားမပြည့်စုံလို့ တိုက်ပွဲတွေကို ဆက်တိုက်မလုပ်ဆောင်နိုင်သေးတဲ့အတွက် အခုလို တိုက်ပွဲနားတဲ့အချိန်မှာ ရဲဘော်တွေကို လိုအပ်တဲ့ မွမ်းမံသင်တန်းတွေ ပြုလုပ်ပေးနေတာလို့ ကျားသစ်နက်တပ်မတော် တပ်ခွဲမှူး နောက်တိုးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10