ရုပ်သံ

မြိုင်မြို့အထွက် တိုက်ပွဲမှာ စစ်သား ၄ ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့အရှေ့ဘက် မန္တလေးထွက်တဲ့ လမ်းပေါ်မှာရှိတဲ့ဂိတ်က စစ်ကောင်စီတပ်သားတွေကို ယနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းနယ်စပ်အနီးက မဘိမ်းမြို့သိမ်းတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ပြီး လက်နက်တွေလည်း သိမ်းဆည်းထားနိုင်တယ်လို့ ABSDF စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာကာ က ပြောပါတယ်။

သီးလုံးကျေးရွာ ပြည်သူ့စစ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ဇန်နဝါရီ ၂၀ ရက် ည ၁၂ နာရီကျော်ခန့်ကနေ ၁ နာရီကျော်ကြာတိုက်ခိုက်ပြီးနောက် ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ကာဘိုင် ၁ လက်နဲ့ ပြောင်းချော ၁ လက် သာသိမ်းဆီးရခဲ့တယ်လို့ ရွှေဘိုအားမာန်မြို့ပြောက်ကျား UG တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအားမာန်က ပြောပါတယ်။

" အနုပညာက ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ " T Zin (သူတို့နဲ့ စကားပြောခြင်း)

အနှစ် ၂၀ ထောင်ချခံလိုက်ရတဲ့ အဆိုတော် ဗျူဟာနဲ့ တော်လှန်ရေးထဲက Rapper တွေအကြောင်းကို Artist T Zin က မြေလတ်အသံရဲ့ "သူတို့နဲ့စကားပြောခြင်း" အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ပျောက်ဆုံးတာတွေ၊ စိတ်ရောကိုယ်ပါ မလုံခြုံတော့တဲ့ အခြေအနေမှာ ပျော်ရွှင်နေကြသူတွေ၊ ကိုယ်ချင်းစာတရားမရှိဘဲ အနုပညာဖန်တီးမှုလို့ အမည်တပ်သူတွေနဲ့ပတ်သက်ပြီး အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးတိုင်းအတွင်းကမြို့နယ်တွေမှာ စစ်တပ်က ရပ်ရွာကာကွယ်ရေးအကြောင်းပြပြီး ပြည်သူ့စစ်နဲ့ပျူစောထီးဖွဲ့ဖို့လုပ်ဆောင်နေ - ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်နေသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ တောင်ပိုင်းစစ်ဒေသ သတိပေး - ၂ ရက်ဆက် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များ - စစ်ကောင်စီတင့်ကား ၂ စီးနဲ့ သံချပ်ကာ ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ဟု KNU ထုတ်ပြန် - ပခုက္ကူပကဖ တပ်ခွဲ ၂ မှ တပ်ဖွဲ့ ၈ ဖွဲ့ရဲ့ ရဲဘော်တွေကို မွမ်းမံသင်တန်းပေး - ထီးချိုင့်တွင် စစ်တပ်က အင်အားတိုးမြှင့်ထားပြီး တိုက်ပွဲပြင်းထန်နေ - PDF နဲ့တိုက်ပွဲဖြစ်တဲ့ စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ - စစ်ကိုင်းတိုင်း၊ တမူး၊ ဖောင်းပြင်နဲ့ ပုလဲမြို့နယ်တွေမှာ စစ်သားနဲ့ပျူစောထီးတွေ အလင်းဝင် - တပ်မ ၃၃ နဲ့ မန္တလေးနန်းတွင်းခြေလျင်စစ်ကြောင်း ၂ ကြောင်း တိုက်ခိုက်ခံရ - PDF သင်တန်းဆင်း ရဲဘော်တွေကို မြိုင်ပကဖ က လက်နက်တပ်ဆင်ပေး - အာဏာသိမ်း ၃ နှစ်ပြည့်မှာ စစ်ကောင်စီဆန့်ကျင်ရေး နည်းပေါင်းစုံနဲ့လူထုပါဝင်ဖို့ နှိုးဆော်

နွားထိုးကြီးမှာ စစ်ကောင်စီဘက်က ကား ၃ စီးမိုင်းဆွဲခံရပြီး ၁ စီးကို PDF မီးရှို့ (ရုပ်/သံ)

ဇန်နဝါရီ ၁၇ရက် နေ့လယ် ၁၁နာရီလောက်မှာ ဖောင်ချဥ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေသယ်လာတဲ့ကားကို နဘူးအိုင်နဲ့ဝက်လူးလမ်းပိုင်းမှာ မိုင်းဆွဲခဲ့တဲ့ အပြင် နောက်ထပ်စစ်ကူလာတဲ့ ကား ၂ စီးကိုပါ မိုင်းထပ်ဆွဲခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

အာဏာသိမ်း ၃ နှစ်ပြည့်မှာ စစ်ကောင်စီဆန့်ကျင်ရေး နည်းပေါင်းစုံနဲ့လူထုပါဝင်ဖို့ နှိုးဆော် (ရုပ်/သံ)

မကြာခင်မှာကျရောက်မယ့် ၂၀၂၄ ခုနှစ် ဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းခံရတာ ၃ နှစ်ပြည့်ဖြစ်လို့ လူထုက နိုင်ရာတာဝန်ထမ်းရင်း ပါဝင်ပေးဖို့ လှုံဆော်ခဲ့တယ်လို့ ရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုသက်ဦးက ပြောပါတယ်။

ငြိမ်းဇာနည်စခန်းကို သိမ်းပိုက်ခါနီးအထိ တိုက်ခိုက်ပစ်ခတ်မှုအတွင်း ရဲ ၄ ဦးသေဆုံး (ရုပ်/သံ)

ငြိမ်းဇာနည်စခန်းကို သိမ်းနိုင်တော့မယ့်အနေအထားထိ ပစ်ခတ်တိုက်ခိုက်နိုင်ပြီး အဆောက်အဦများ ပျက်စီးကုန်ကာ စစ်ကူလာရောက်ခဲ့လို့ မသိမ်းနိုင်ခဲ့တာလို့ သူကဆက်ပြောပါတယ်။ ငြိမ်းဇာနည်းစခန်းမှာ ယခင်က တပ်သား ၇ ဦးခန့်သာ တပ်စွဲထားရာက တိုက်ခိုက်မယ့်သတင်းပေါက်ကြားမှုကြောင့် အင်အားထပ်မံဖြည့်တင်းထားသလို လက်နက်တွေလည်း တပ်ဆင်ထားတာလို့ ပြောပါတယ်။

ဆားလင်းကြီးမှာ စစ်အုပ်စု ၃ ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်/သံ)

ဇန်နဝါရီ ၁၇ ရက်ဆားလင်းကြီးမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းနဲ့ နံနက် ၁၀ နာရီကစပြီး ပေပင်ကန်တိုက်ဟောင်းကျောင်းဘက်ကနေ ဆားထုံးရွာအဝင်မှာ ၁ ကြိမ် ဆားထုံးရွာထဲမှာ ၂ ကြိမ် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ Chindwin Dynamice(Salingyi) တာဝန်ခံက ဆိုပါတယ်။

“စားသုံးဆေးဝင် ပိန္နဲပင်” (Podcast)

အသဲထိခိုက်မှုလျော့နည်းစေဖို့ ပိန္နဲပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ခြေဖဝါးကွဲနာတွေအတွက် ပိန္နဲစေးကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ပန်းနာ၊ ရင်ကျပ်ရောဂါအတွက် ပိန္နဲပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုကုသနိုင်သလဲ။ ပိန္နဲသီးမှာရော ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

PDF သင်တန်းဆင်း ရဲဘော်တွေကို မြိုင်ပကဖ က လက်နက်တပ်ဆင်ပေး (ရုပ်/သံ)

သင်တန်းတက်စဥ်က သင်တန်းသား ၈၀ ကျော်တက်ခဲ့ပေမယ့် စည်းကမ်းမကိုက်ညီတာ၊ ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၄၃ ဦးသာ ကျန်ရှိပြီး သူတို့ကို အခုလိုလက်နက်တပ်ဆင်ပေးခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ကိုယ်တိုင်လုပ်ဗုံးသီးတွေနဲ့ တိုက်ပွဲဝင်နေတဲ့ လူငယ်ဒရုန်းတပ်ဖွဲ့ (ရုပ်/သံ)

မြေပြင်စစ်ဆင်ရေးများကို ပြောက်ကျားစနစ်ဖြင့် ဖော်ဆောင်နေပြီး ဒရုန်းစစ်ဆင်ရေးတွင်ဗုံးသီးဝယ်ဖို့ ငွေကြေးအခက်အခဲများ ရှိလာသည်။ ဘယ်လိုမှ မတတ်နိုင်တော့သည့်အဆုံးဗုံးသီးတွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်ခဲ့ကြသည်

မြေလတ်ပေးစာ (Podcast)

- ပဲခူးတိုင်းမှာ စစ်တပ်က ကျေးရွာကာကွယ်ရေးအကြောင်းပြပြီး လူသစ်စုဆောင်းနေတဲ့အကြောင်း။ - ပြည်သူ့ဘက်ကိုခိုလှုံချင်သူ စစ်သားတွေရဲ့စာ။ - မတ္တရာက စစ်ရှောင်ရွာတွေမှာ သူခိုးတွေသောင်းကျန်းနေတဲ့အကြောင်း စတဲ့ စာတွေကို နားဆင်ရပါမယ်။

ရွာသာကြီးအထိုင်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ကရွာကိုကင်းလှည့်တင်းကျပ်(ရုပ်/သံ)

ဇန်နဝါရီလ ၁၅ ရက် မနေ့က မနက်ပိုင်းမှာ ကျားညီနောင်-Tiger Brother LPDF အဖွဲ့က စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ ရွာသာကြီးကျေးရွာကို မိုင်းထောင်ရန်သွားစဥ် သတင်းပေါက်ပြီး စစ်တပ်ကအင်အား ၂၀ ကျော်နဲ့ကျေးရွာထိပ်ကို ထွက်လာလို့ ကာကွယ်ရေးတပ်တွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပါလုပ်ခဲ့တယ် လို့ ဆိုပါတယ်။

ငါန်းဇွန်က ရွာတရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၅ဦးသေဆုံး (ရုပ်/သံ)

"ကျနော်တို့ ပစ်ခတ်ခဲ့တာက မီတာ ၅၀ အတွင်းမှာ ပစ်ခတ်ခဲ့တာ။ ပြည်သူတွေ သတင်းပေးတာတော့ ၅ ယောက်သေပြီး ၁၅ ယောက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10