ရုပ်သံ

တပ်ထောက်ခံပွဲလုပ်ပြီး ပြန်လာတဲ့ ဘီလူးစစ်ကြောင်း စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး (ရုပ်/သံ)

"ဆားလင်းကြီးမြို့ပေါ်မှာ တပ်ထောက်ခံပွဲလုပ်ပြီးပြန်လာတဲ့ အင်အား ၁၅၀ ပါတဲ့ ဘီးလူးစစ်ကြောင်းကို ဆားလင်းကြီးမြို့မြောက်ဖက် နယ်ခြားကျောင်းအနီးမှာ မနက် ၇ နာရီမှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာ ခွေး ၁ ကောင်ချက်ခြင်းလဲသေသွားတာ မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ဘက်က ရမ်းသမ်းပစ်တယ်။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ ပြောက်ကျားစနစ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်ကြာခဲ့တယ်။ အဲ့ဒီစစ်ကြောင်းက ထန်းတောကြီးထဲမှာ ရှိနေသေးလို့ ကျနော်တို့က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တာမှာ လက်ပတောင်းရွာထဲကို ဝင်သွားတယ်"

နိုင်ငံရေးဟောပြောပွဲနဲ့ ၃၇ ရွာမြောက် မိုးခါးရေဇာတ်ကား ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတရွာမှာ မိုးခါးရေရုပ်ရှင်ဇာတ်လမ်းပြသပြီး နိုင်ငံရေးအကျည်းသားဟောင်းတွေက ဟောပြောပွဲပြုလုပ်ခဲ့ကြတယ်

ဆံပင်ညှပ်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး ဗိုလ် ၁ ဦး သေဆုံး (ရုပ်/သံ)

"မနက် ၁၁ နာရီ ထိုးတဲ့အချိန်မှာ ဖရဲသီးက ဖုန်းလှမ်းဆက်တာ၊၅ ယောက် ဗိုလ်လည်းပါတယ်၊ ဆံပင်ညှပ်နေတာတဲ့၊ ဆိုင်ကယ်နဲ့စီးပြီး သူတို့အနားထိအနီးကပ်ဝင်ပြီး ပစ်ခတ်ခဲ့တာ၊ ပစ်ပြီး ချက်ခြင်းပဲ ပြန်ဆုတ်လာခဲ့တယ်၊ ဒီကောင်တွေဘက်က ဗိုလ်ထိသွားလို့ သည်းကြီးမဲကြီးလိုက်ပစ်တယ်၊ ကျနော်တို့က နယ်ကျွမ်းတော့ လွတ်ခဲ့တယ်"

တပ်မ ၉၉ ရဲ့ ဘီလူးစစ်ကြောင်းက စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

အင်အား ၁၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ ခြေတော်ရာကျေးရွာမှာ ၃ ရက်လောက် တပ်စွဲနေပြီး အိမ်တွေမီးရှို့တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် မတ်လ ၂၈ ရက် နေ့လည် ၂ နာရီကနေ ၃ နာရီအတွင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာ

လူထုသာငါတို့ဘက်ကမရှိရင် ငါတို့မရှိနိုင်ဘူး( ရုပ်/သံ)

လူထုကမွေးဖွားပြီး လူထုကိုသစ္စာခံတဲ့တပ်ဖြစ်လို့ လူထုလွတ်မြောက်ဖို့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ်က သူတို့ရဲ့ တပ်တော် ၂နှစ်ပြည့်အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းက အမျိုးသမီးတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က လိင်ပိုင်းကျူးလွန်မှု ပြုလုပ်လာ (ရုပ်/သံ)

လိင်ပိုင်းကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့အရှက်သိက္ခာအပါအဝင် ပြုကျင့်သူဘက်က နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ခံရတာကြောင့် တိုင်းကြားတာတွေ မလုပ်ရဲဘဲ နှုတ်ပိတ်ထားကြသလို တချို့အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအရရော ခန္ဓာကိုယ်အစိတ်ပိုင်းပါ ထိခိုက်တာတွေရှိနေပြီး နောက်ဆုံး သူတို့ရွာ၊ သူတို့ဒေသတွေမှာ မနေရဲတော့ဘဲ တခြားဒေသတွေဆီ ပြောင်းရွေ့သွားကြတာတွေလည်း ရှိနေတယ်

လူငယ်တွေရဲ့ပန်းတိုင် (သို့) တော်လှန်ကြဦးမည် (ရုပ်/သံ)

လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ ရွေးချယ်စရာမရှိဘူး

ရဲစခန်းအရှေ့အထိ သေနတ်နဲ့လာပစ်ခံရလို့ ရဲတဦးသေဆုံး (ရုပ်/သံ)

"အဲ့ဒီစခန်းရှေ့ကို ဆိုင်ကယ်တွေနဲ့သွားပစ်ခတ်ခဲ့တာ။ ဘန်ကာတွေပေါ်ကနေခုန်ချပြီး အကုန်လုံးထွက်ပြေးကြတာ။ ၁ ကောင်ကတော့ထိပြီး သေသွားတယ်လို့ အခုမှသတင်းရတယ်။ သူတို့ဘက်ကပြန်မပစ်နိုင်ဘူး။ ထွက်ပြေးတာ။ သေနက် ၁ ချက်ပဲပြန်ဖောက်နိုင်တယ်"

ညောင်ပင်ဝန်းရဲစခန် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ (ရုပ်/သံ)

"အဲ့ဒီစခန်းထဲက စစ်ကောင်စီတပ်သားတွေက ရဲစခန်းရှေ့ထွက်ပြီး ကားတွေကို ပိုက်ဆံတောင်းပြီး ပြည်သူတွေကို စစ်ဆေးတာလုပ်တယ်။ အဲ့ဒီဂိတ်ကိုအရင်ဆုံး ဒရုန်းသုံးပြီး ဗုံးကြဲချတယ်။ အဲဒီမှာ ၂ ကောင်သေတယ်။ ကျန်တဲ့ကောင်တွေက ခွေးခြံထဲပြေးဝင်တယ်။ ကျန်တဲ့ ဗုံးသီး ၇ လုံးကို ဒရုန်း ၃ စီးနဲ့ဖြုတ်ချတယ်။ အဲ့ဒီခွေးခြံထဲမှာ ထပ်ပြီးပွဲချင်းပြီး ၃ ကောင်သေပြီး ၁၀ ကောင်ထက်မနည်းဒဏ်ရာရတယ်"

စစ်ကောင်စီ တပ်ဖြန့်ထားတဲ့နေရာ ၃ ခု ဒရုန်းနဲ့ ဗုံး ၅ လုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ်မှာ စစ်ကောင်စီက တပ်ဖြန့်ထားတဲ့နေရာ ၃ နေရာကို မတ်လ ၂၆ ရက် မနေ့က ၁ ရက်တည်းမှာတင် ဒရုန်းနဲ့ဗုံး ၅ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တယ်

"ဖက်ဆစ် အကယ်ဒမီဆုပေးပွဲ"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "ဖက်ဆစ် အကယ်ဒမီဆုပေးပွဲ "

၃လတာအတွင်း စစ်ကောင်စီဘက်က ၁၀၀ကျော် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးစာရင်းကိုတော့ မျက်မြင်သက်သေနဲ့ တပ်တွင်း ဖရဲသီးတွေရဲ့ ပြောပြချက်အရသိရတာလို့ ပြောပါတယ်။ စစ်ကောင်စီဘက်က သေဆုံးတဲ့အထဲမှာ တပ်မ ၉၉ ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးအပါအဝင် စစ်သားတွေနဲ့ ပျူးတွေပါ သေဆုံးခဲ့တာလို့ ဗိုလ်သက်ကြီးဆီက သိရပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ပျူရွာ လက်နက်ကြီးနဲ့ အချက် ၂၀ ပစ်ခတ်ခံရ

“မနေ့က ၄ နာရီလောက်က ကြက်တူရွေးရွာဘက်ကနေပြီးတော့ ရွာသာယာရွာဘက်ကို ကူးတာ၊ ညပိုင်းမှာ ရွာသာယာရွာထဲကို ဝင်ပြီးပစ်ခဲ့တာ၊ အဲ့လိုပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုတော့မသိရသေးပါဘူး၊ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၁၅ လုံးလောက်ပြန်ပစ်တယ်”

တပတ်အတွင်း မြေလတ်သတင်း

- စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကားအထင်နဲ့ ဆွဲလိုက်တဲ့မိုင်းကြောင့် ရဲမှူးချုပ်အပါ ၄ ဦးသေဆုံး - စစ်ကိုင်းတိုင်းထဲက ရှင်ပြုနားသ တော်လှန်အလှူတော် - အလစ်ဝင်စီးတဲ့ တပ်မ ၉၉ စစ်ကြောင်း ပြန်တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံး - NUG အနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး လက်နက်၊ ခဲယမ်းထောက်ပံ့ဖို့ ပုံတောင် PDF တောင်းဆို - ပဲခူး PDF က M-79 လက်နက် အလက် ၄၀ အထိ ထုတ်လုပ်ထားနိုင် - ချိန်ခါမဲ့ မိုးရွာသွန်းလို့ စစ်ရှောင် ၅၀၀၀ ကျော် ရှောင်တိမ်းရပြီး ပုန်းခိုရာ တဲအိမ်တွေ ပျက်စီးခဲ့ရ - ဘီလူးစစ်ကြောင်းကြောင့် ပြည်သူ ၅ထောင်ကျော် ထွက်ပြေးခဲ့ရ - ထိတွေ့တိုက်ပွဲဖြစ်ပြီး ဘီလူးစစ်ကြောင်းက အရာရှိအဆင့်အပါ ၂၀ ဝန်းကျင်သေဆုံးဟုဆို - သမချေးငွေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ခြိမ်းခြောက်ပြီး ပြန်တောင်းနေ

စစ်ကြောင်းထိုးဖို့ ရှေ့ပြေးလွှတ်လိုက်တဲ့အဖွဲ့ကို ပကဖ တိုက်ခိုက်လို့ ၅ ဦးသေဆုံး (ရုပ်/သံ)

အဲ့ဒီစစ်ကြောင်းက တောင်အိုတာတောင်ကျေးရွာနဲ့ သမန္တပို့တောင်ရွာ နေအိမ်တွေကို မွှေနှောက်ပြီး သမန္တပို့အလယ်ရွာကို ကူးဖို့ ရှေးပြေးလွှတ်လိုက်တဲ့ ၅ယောက်ကို မတ်လ ၂၃ရက် မနေ့က မနက် ၁၀နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10