ရုပ်သံ

ကျောင်းရှေ့ စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စု RPG နဲ့ပစ်ခံရလို့ စစ်သား ၅ ဦး ဒဏ်ရာရ(ရုပ်/သံ)

"ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းမှာ တပ်စွဲထားတဲ့ စစ်သား၊ရဲ နဲ့ ပျူတွေက လမ်းသွားလမ်းလာတွေကို ပိုက်ဆံ အတင်းအကြပ်တောင်းတာကြောင့် ဝင်ပစ်တာ။ သူတို့နဲ့ကျနော်တို့ကနီးတယ်။ ဘောလုံးကွင်တကွင်းစာတောင်မရှိဘူး"

သေနတ်တလက် ဖြေဖြူတဖက်နဲ့ ဆရာမ မှုံ (ရုပ်/သံ)

ရင်ဖုံးအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းဆရာမ ဘဝကို ၃ နှစ်လောက်သာ ဖြတ်သန်းခဲ့ရပြီး စစ်တပ်က အာဏာသိမ်းမှုနဲ့ ကြုံကြိုက်ခဲ့တဲ့ မန္တလေးသူ ဆရာမ မှုံဟာ မတ္တရာမြို့က အထက်တန်းကျောင်းဆရာမ တဦးပါ။ စစ်တပ်က မဲစာရင်းမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တာကို လက်မခံနိုင်တဲ့ ဆရာမ မှုံတယောက်လည်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံလိုက်ရပါတယ်

ဘီးလူးစစ်ကြောင်းကြောင့် ပြည်သူ ၅ထောင်ကျော် ထွက်ပြေးခဲ့ရ (ရုပ်/သံ)

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က ဘီလူးစစ်ကြောင်းဝင်လာလို့ စစ်ကိုင်းတိုင်းအစပ်က ရွာတွေနဲ့ ရေလယ်ကျွန်းအစပ်က ပြည်သူပေါင်း ၅ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ရတာ

"ကြုံရာ ကျပန်း" လုပ်ကိုင်နေရသူ ပေါလာတဲ့ မြန်မာနိုင်ငံ

မြန်မာတနိုင်ငံလုံးက ပြည်သူလူထုတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒါဏ်တွေကို အလူးအလဲခံနေကြရပြီး စားဝတ်နေရေးအခက်အခဲ အကြပ်အတည်းများစွာဖြစ်ပေါ်နေကြလို့ ကြုံရာ ကျပန်း အလုပ်တွေကို လုပ်ကိုင်အသက်မွေးနေကြတာ တွေ့ရပါတယ်

ပဲခူးPDF က M-79 လက်နက် အလက် ၄၀ အထိ ထုတ်လုပ်ထားနိုင် (ရုပ်/သံ)

M-79 တွေကို ထုတ်လုပ်တဲ့နေရာမှာ ငွေကြေး၊ နည်းပညာ၊ ကုန်ကြမ်းပစ္စည်းရရှိမှု အခက်ခဲတွေ ပေါင်းစုံကြားကနေ အောင်မြင်စွာ ထုတ်လုပ်နိုင်နေပြီး အလက်ရေ ၄၀ လောက်ထိ ထုတ်လုပ်ထားနိုင်ပြီ

နှစ်ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ပျူခေါင်းဆောင်နေအိမ် ပျက်စီး (ရုပ်/သံ)

အင်အား ၃၀ ဝန်းကျင်ရှိတဲ့ သရက်ကွရွာက ပျူစောထီးတွေကို မတ်လ ၁၉ ရက်က တိုက်ခိုက်မှု ၂ ကြိမ်၊ မတ်လ ၂၀ ရက်နေ့မှာ ၁ ကြိမ်တိုက်ခိုက်ခဲ့တာ

PDF ဌာနချုပ်ကို အလစ်ဝင်စီးတဲ့ တပ်မ ၉၉ စစ်ကြောင်း ပြန်တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံး (ရုပ်/သံ)

"ဘီးလူးကွန်မန်ဒိုစစ်ကြောင်း အင်အား ၂၀၀ လောက်ရှိတယ်။ ကျ‌နော်တို့ ရဲဘော်တွေ ဒဏ်ရာရတာကြောင့် ဒဏ်ရာရ ရဲဘော်တွေကိုလိုက်ပို့တဲ့အချိန် နေ့လယ် ၁၁ နာရီလောက်မှာ ကျနော်တို့စခန်းကို အလစ်ဝင်တိုက်တာ။ အဲလို ဝင်တိုက်ခံရလို့ ကျနော်တို့ ဌာနချုပ်စခန်းကို စွန့်ခွာပေးခဲ့ရတာ"

ငွေကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရလို့ ၅ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

“စစ်အာဏာသိမ်းပြီး တလလောက်မှာပဲ အဲဒီရွာမှာ တပ်စွဲထားတာ။ အဲကတည်းက ငွေကြေးကောက်ခံနေတာ။ သူတို့မထင်ရင် ပြည်သူတွေစျေးကဝယ်ပြန်လာတဲ့ ဆန်အိတ်တွေကို ချခဲ့ခိုင်းတာတွေလုပ်တယ်။ သူတို့ယူချင်တာတွေလည်း ယူလေ့ရှိတယ်အရင်က အဲနေရာမှာ စျေးဆိုင်တွေရှိတယ် သူတို့ဂိတ်ချဖို့အတွက် အဲဒီ စျေးဆိုင်တွေကိုဖယ်ခိုင်းတယ်။ စခတွေသေဆုံးမှုကို သူတို့နဲ့ နီးစပ်သူဆီက သိရတယ်”

"ဆိုက်ဝါး နဲ့ ပွဲကြိုက်ခင်များ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "ဆိုက်ဝါး နဲ့ ပွဲကြိုက်ခင်များ "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

မီတာ ၃၀၀၀ လောက် ပစ်နိုင်တဲ့ Rocket ရေနံချောင်း PDF ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် အခြေစိုက် စစ်ကောင်စီကို တော်လှန်နေတဲ့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့က မီတာ ၃၀၀၀ လောက် ပစ်နိုင်တဲ့ Rocket ကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ရွာတွေကို စစ်ကြောင်းထိုးပြီး ထွက်လာတဲ့စစ်အုပ်စု ပစ်ခတ်ခံရပြီး သေဆုံးမှုများဟုဆို

မတ္တရာနဲ့ မန္တလေးဘက်ကနေ ၂ ဖွဲ့ပေါင်းပြီး ထွက်လာတဲ့ စစ်သားတွေဟာ အင်အား ၃၀ ဝန်းကျင်နဲ့ ရွာတွေကို စစ်ကြောင်းထိုးပြီးထွက်လာချိန် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ထိပ်တိုက်အပြန်အလှန်ပစ်ခတ်ပြီး နေ့လယ် ၂ နာရီမှာ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ထီးလင်းမှာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး အပြန်အလှန်တိုက်ပွဲဖြစ်

၂ ရက်တာအတွင်း မိုင်း ၃ ကြိမ်ဆွဲပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၄၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ မိုင်းဆွဲခံရတဲ့ကားတွေက တပ်မ ၇၇ က စစ်သားတွေဖြစ်ပြီး ထီးလင်းမြို့နယ် ဆေးမင်းတောရွာထဲမှာ ရှိသေးတယ်လို့ သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

#မြေလတ်အသံ #စစ်ကိုင်း #မကွေး #ပဲခူး

ရက်ကန်းသံတွေ မကြားရတော့တဲ့အညာ (ရုပ်/သံ)

တရွာလုံးနီးပါးက စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ထူးကြီးရွာ ပြန်လည်ထူထောင်ဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ တချိန်က နာမည်ကျော်ဆိပ်ခွန်ထည်ထွက်တဲ့ ထူးကြီးရွာဟာ အခုဆိုရင် ရက်ကန်းခတ်သံတွေ မကြားရတော့ဘဲ ဆိတ်သုဉ်းလို့နေခဲ့ပါပြီ။

လေယာဉ်ငယ်ဒရုန်းတွေနဲ့ စစ်ကောင်စီစခန်းတွေကို ဦးတည်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းနဲ့ ပုလဲမြို့နယ် ထွေအုပ်ရုံးကို ဂျန်ဘာကျော်နိုင်တဲ့ လေယာဉ်ငယ်ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးတာတွေ ရှိတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10