ဆောင်းပါး

လူထုကြား စိုးရိမ်မှုမြင့်လာတဲ့ ရခိုင်ကလူဖမ်းပွဲ

လက်ရှိတွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေ။ သို့သော် မြောက်ပိုင်း မြို့တချို့တွင် တပ်နှစ်ခုအကြား အပြန်အလှန်လူဖမ်းပွဲကျင်းပနေသည်ကို တွေ့ရှိနေရသည်။ ရက္ခိုင့်တပ်တော်(AA)ဖက်မှ စစ်ကောင်စီ၏အရာရှိပုဂ္ဂိုလ်၊ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို နေ့စဥ်ရက်ဆက် ဖမ်းဆီးလာနေသည်။ စစ်ကောင်စီဖက်မှလည်း ၎င်းတို့ဖက်မှတဦးပါသွားခဲ့လျှင် အရပ်သားပြည်သူအများအပြား ကိုလိုက်လံဖမ်းဆီးနေသည်။

ဇနီးဖြစ်သူရဲ့ လောကီအစီအရင်တွေကြောင့် ခလရ (၁) တပ်ရင်းမှူး တိုက်ပွဲကျသွားတာလား

"တပ်ရင်းမှူးက နိုဝင်ဘာလမှာဘဲ နောက်တန်းကို ခဏပြန်ရောက်လာတယ်။ အဲ့ဒီလထဲမှာဘဲ ချက်ချင်း ကယား(ကရင်နီ)ပြည်နယ်ကို စစ်ဆင်ရေးပြန်ထွက်ရတယ်။ သူထွက်သွားတဲ့နောက်ပိုင်း တပ်ရင်းမှူးကတော်က လက်ပံတန်းက အောက်လမ်းဆရာတယောက်ဆီမှာ သူ့စစ်ဝတ်စုံနဲ့ သူသေအောင်ဆိုပြီး အစီအရင်တွေ လုပ်တယ်။ သူ့အိမ်မှာရှိတဲ့ ဂမုန်းပင်မှာလည်း အောက်လမ်းဆရာခိုင်းတဲ့အတိုင်း "ကျော်ဇေယျ တိုက်ပွဲကျပါစေ" ဆိုတဲ့စာသားကိုရေးပြီး အစီအရင်လုပ်တယ်"

PDF တပ်ခွဲမှူးဖြစ်လာသူ စိတ်ကျန်းမာရေးဆိုင်ရာဒေါက်တာ ဆရာတမာ

အာဏာသိမ်းမှုအပြီး ဆန္ဒပြသူတွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုတွေ နေ့စဉ်ပြုလုပ်လာပြီး CDM ဆရာဝန်တွေ ကို လိုက်လံဖမ်းဆီးတာ၊ အမှုဖွင့်ထောင်ချတာ၊ ဆ/မ လက်မှတ်တွေရုတ်သိမ်းတာတွေ နိုင်ထက်စီးနင်းဆိုသလို ဆက်တိုက်ပြုလုပ်လာတဲ့ ၂၀၂၁ ခုနှစ် ဧပြီလထဲမှာပဲ ဆရာတမာဟာ တောခိုဖို့ဆုံးဖြတ်ပြီး အဆက်အသွယ်ရရှိဖို့ တလလုံးစောင့်ဆိုင်းနေခဲ့ရတဲ့နောက် မေလလယ်ရောက်မှပဲ တောတွင်းတနေရာက PDF စခန်းငယ်လေးဆီ ကိုရောက်ရှိခဲ့ပါတယ်။

ပေါင်းသတ်ဆေးနဲ့ စိုးရိမ်ဖွယ်လယ်သမားတို့ ကျန်းမာရေး

တောင်သူတွေအနေနဲ့ သူတို့သုံးစွဲနေတဲ့ ပေါင်းသတ်ဆေးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးအကြောင်းကို ခရေစေ့တွင်းကျသိရှိသူ အရေအတွက်ဟာ လက်ချိုးရေတွက်လို့ရပြီး အများစုကမသိရှိကြသလို ဆေးဖြန်းလုပ်သားတွေလည်း မသိရှိတာကြောင့် လုံလောက်တဲ့ အကာအကွယ် မရှိပဲပက်ဖျန်းနေကြတာကို မြင်တွေ့နေရ ပါတယ်။

အညာဒေသကို စစ်ကောင်စီ မီးလောင်တိုက်သွင်းမှု

“သူတို့ မီးရှို့တဲ့အချိန်မှာ ဦးလေးတို့က ရွာနဲ့တမိုင်ခွဲလောက်ပဲကွာတဲ့ရွာကို ရောက်နေတာ၊ မြင်လိုက်ရတယ်။ တော်တော်ခံစားရတယ်။ ခံစာချက်ကတော့ ပြောလို့မဖြစ်အောင် ခံစားရတယ်။ ဒီလောက်ဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်းမထားတဲ့အတွက် ရုတ်တရက်ကြီးဖြစ်သွားတော့၊ ကိုယ့်အိမ်ကိုယ် မှတ်မိလောက်အောင်မရှိတော့တဲ့ အခြေအနေကို ရောက်သွားတာ၊ နောက်လဲ ဒီလိုမျိုးမကြုံချင်တော့ပါဘူး”

"အညာနွေမှာ စစ်မီးဒဏ်နဲ့ ကြုံရပြန်တဲ့ ဒေသခံတွေ"

"လေယာဥ်ကြီးတွေက ဝဲလာတော့ ကြောက်ပြီးတော့ ဝေးဝေးကိုထွက်ပြေး… ညတွင်းချင်း အဝေးကို ရောက်အောင်ပြေး ကျမတို့ တောကြားထဲမှာ ကန္တာရဆူးတွေ စူး၊ အပင်တွေ အကြိုအကြားတွေထဲမှာ ငုံ့ပြီး ပြေး တစ်ညလုံး ပြေးခဲ့ရတာ" " အမေကြီးတို့လက်ထက်တုန်းက ပြောခဲ့တဲ့ စကားတွေက ခု ကျမတို့ လက်တွေ့ခံစားနေရတော့တာ"

ဖားအံထောင် ဒုတိယအကြိမ်ဆူပူမှုကြောင့် နိုင်/ကျဉ်း (၁၇)ဦး အရေးယူခံရ

အသင့်မောင်းတင်ထားသော သေနတ်ပြင်၍ ဝင်လာသည့် ရဲတပ်ဖွဲ့ဝင်များကြောင့် ခန့်မဆောင်လျှောက်လမ်းများတွင် ရပ်နေသည့် နိုင်/ကျဉ်းများသည် နေ့လည် ၁၂ နာရီခန့်တွင် ၎င်းတို့အိပ်ဆောင်ဘက်ဆီသို့ ပြန်ဝင်ပေးခဲ့ကြသည်။

တော်လှန်ကျောင်းကစာအံသံ

အညာနွေပူပူကို အန်တုရင်း သောကအပူဝေနေကြတဲ့ မိခင်ဖခင်တချို့ရဲ့ အပူတခြမ်းက ကျသွားခဲ့ပြီ ဟုဆိုနိုင်သည်။ ကျန်းမာရေးကပ်ဘေးဒဏ်နှင့် စစ်အာဏာသိမ်းမှုကိုတော်လှန်ရင်း ၂ နှစ်ကြာပိတ်ထားခဲ့ရသည့် အညာလူထုရဲ့ ကျောင်းတံခါးများက ပွင့်လာခဲ့ပေပြီ။ ဖုန်ကပ်နေသော စာသင်ခုံ၊ ကျောက်သင်ပုန်း၊ ရုံးခန်းများနဲ့ ခေါင်းလောင်းများက တဖန်အသက်ဝင်လာကြပြန်သည်။

ပြည်သူအပေါ် အကြမ်းဖက်တာက စစ်တပ်ရဲ့အမူအကျင့်လား

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးစတဲ့ တိုင်းဒေသကြီးတွေအပါအဝင် ချင်း၊ ကချင်၊ ကရင်နီ (ကယား)နဲ့ အခြားသောပြည်နယ်တွေပါမကျန် နိုင်ငံအနှံအပြားမှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေက ဖေဖော်ဝါရီလလယ်လောက်ကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြသလို တဖက်မှာလည်း စစ်ကောင်စီရဲ့ လူထုအပေါ်အကြမ်းဖက်ဖြိုခွင်းမှုတွေဟာ တနေ့ထက်တနေ့ ပြင်းထန်လာပါတယ်။

အိမ်ပြန်စာသင်ချင်တဲ့ ဆယ်နှစ်အရွယ် ကယန်းမိန်းကလေးငယ် ရဲ့ စစ်ရှောင်နေ့များ

တိုင်းရင်းသားဝတ်စုံမဟုတ်ဘဲ ကြုံရာအနီရောင်အင်္ကျီလက်စက စတော်ကင်ဘောင်းဘီကို ဝတ်ဆင်ထားသည့် ဖြူဖျော့ဖျော့ ကယန်းမိန်းကလေးငယ်၏ မျက်နှာနှင့်ခြေထောက်တို့တွင် နေလောင်ဒဏ်ကြောင့် နွမ်းခြောက်လို့နေသည်။ မှေးဖျားတွင် နှာခေါင်းစည်း(Mask) ကိုတပ်ဆင်ထားပြီး ဆံပင်တို့ကမသေသပ်ဖြင့် စစ်ရှောင်စခန်းဝါးခြမ်းခင်း အစွန်တွင်ထိုင်ရင်း ဖြစ်ချင်သည်များကို မဝံ့မရဲပြောပြနေသည်။

အာဏာသိမ်း စစ်တပ်အတွက် ငွေဝင်ပေါက်ဖြစ်လာမယ့် သန်လျင် ဖန်ချက်စက်ရုံ

MGE ၏ ရန်ကုန် သန်လျင်ရှိ ဖန်ပုလင်းအမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းမှာ အာဏာသိမ်းစစ်တပ်ကို အဓိက ငွေရှာပေးနေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံခြားဝင်ငွေရမည့် မီလျံချီ လုပ်ငန်းကြီးတစ်ခုဖြစ်သည်။

အွန်လိုင်းပေါ်က တော်လှန်ရေး ဗန်းပြ အုပ်စုလိုက် လိမ်လည်မှု

အမှန်တကယ်တွင် Burma Army ဟု နာမည်ပေးကာ လိမ်လည်နေသည့် အဖွဲ့ဝင် အကောင့်တုများအနက် တစ်ခုမှာ အာဏာသိမ်း ဖြစ်စဉ် မတိုင်ခင်ကတည်းက အွန်လိုင်းပေါ်တွင် သတင်းမှားများဖြန့်ကာ နာမည်ကြီးခဲ့ဖူးသည့် Facebook အကောင့်တု တစ်ခုဖြစ်သည်။

အွန်လိုင်းပေါ်က တော်လှန်ရေး ဗန်းပြ အုပ်စုလိုက် လိမ်လည်မှု

၎င်းတို့အဖွဲ့မှာ အကောင့်တုများအပါအဝင် နာမည်အမျိုးမျိုးပေးထားသည့် Page အတု စုစုပေါင်း ၁၀၀ နီးပါး ဖွင့်ထားပြီး ပီဒီအက်ဖ် တပ်ဖွဲ့ဝင် အမျိုးသားငယ်၊ အမျိုးသမီးငယ်များအပြင် ၎င်းတို့နှင့် သိရှိသည့် ဆရာဝန်အယောင်ဆောင် အကောင့်တုများနှင့် ချိတ်ဆက်ထားကြသလို အွန်လိုင်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ထောက်ခံပေးကြကာ အစစ်အမှန်သဖွယ် ဟန်ဆောင်ထားကြသည်။

အခက်ခဲတွေကြားက CDM တွေရဲ့ ရွှေ့ပြောင်းစာသင်ကျောင်း

“ကျတော်တို့တတွေဟာ လက်နက်ကိုင်မှတော်လှန်ရေးမဟုတ်တဲ့အတွက်ကြောင့် ကျတော့ထဲမှာပါတဲ့ရွာ ၅ ရွာကိုအရင်ဆုံး ကျေးရွာလုံခြုံရေး ကျေးရွာကာကွယ်ရေးဖြစ်ပြီးတော့ ကိုယ့်ရွာကိုယ်လုံခြုံအောင် စောင့်ရှောက်နိုင်အောင်ပထမဆုံးလုပ်တယ်၊ အခုကြတော့ကိုယ့်ကျေးရွာကိုယ် လုံခြုံရေးပေးနိုင်ပြီဆိုတဲ့အခါကြမှ ကလေးတွေစာနဲ့ဝေးနေရရှာတဲ့ အတွက်ကြောင့် ဒီပညာရေးကိုစတင်လိုက်တာပါ”

အာဏာသိမ်းဂယက်၊ လောင်စာဆီစျေးအတက်နဲ့ သုံးဘီးမောင်းသမားရဲ့နေ့အခက်များ

“အခုဆီစျေးနဲ့က အရင်လိုမျိုး မြို့ထဲပတ်မောင်းပြီး ခရီးသယ်လိုက်ရှာဖို့မလွယ်ဘူး။ ခရီးသယ်မရရင် ဆီဖိုးရှုံးသွားနိုင်တယ်။ မသေချာတာကိုမရင်းရဲတော့ဘူး တနေရာမှာထိုးထား လာခေါ်လိုက် ဖုန်းဆက်ခေါ်ရင် သွားခေါ်သွားကြို အဲလိုသေချာတာပဲ ချိတ်ထားရတယ်။ တနေ့တနေ့ အုံနာကြေးနဲ့ ဆီဖိုးကိုမနည်းရှာရတာ။ တချို့ရတဲ့ရက်တွေလည်းရှိတယ်။ နောက်ရက်မရတဲ့နေ့ကြတော့ ပြန်စိုက်ပေးရနဲ့ လုံးချာလည် လိုက်နေတာပါပဲ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10