နေဖို့ခက်ခဲ၊ စားဖို့ကျပ်တည်းလာတဲ့ ရန်ကုန် (သတင်းဆောင်းပါး)
“ရန်ကုန်အိမ်ငှားခကတော့ တကယ်ကို ကြောက်စရာပါပဲ။ ကိုယ့်အိမ်ကလည်း ဘယ်တော့ပြန်ရမလဲမသိသေးဘူး။ စားစရိတ်နဲ့ အိမ်ငှားခ တစ်လတစ်လ ခေါင်းတော်တော်ခြောက်တယ်”
“ရန်ကုန်အိမ်ငှားခကတော့ တကယ်ကို ကြောက်စရာပါပဲ။ ကိုယ့်အိမ်ကလည်း ဘယ်တော့ပြန်ရမလဲမသိသေးဘူး။ စားစရိတ်နဲ့ အိမ်ငှားခ တစ်လတစ်လ ခေါင်းတော်တော်ခြောက်တယ်”
တမနက်လုံး မိုးကပြိုကျတော့မလို အုံ့မှိုင်းပြီး ကောင်းကင်က မဲမှောင်လို့နေသလောက် လမ်းမပေါ်သွားလာနေကြသူတွေဟာလည်း မျက်နှာမသာမယာပါပဲ။ မနက် ၁၀ နာရီလောက်မှာ ကောင်းကင်က တိမ်သားတွေ ပြန်လည်ကင်းစင်သွားလို့ လင်းလာပေမဲ့လည်း လူတွေရဲ့ မျက်နှာကတော့ ပိုလို့သာမဲမှောင်လာပြီး မန္တလေးမြို့က လမ်းမတလျှောက် ငိုညည်းသံတွေလွှမ်းသွားပါတယ်။
ထောင်မှာက အလွန်သေးငယ်တဲ့ အနာဒဏ်ရာတခုဖြစ်ရင်တောင် ပျောက်ကင်းဖို့က အပြင်မှာထက် ပိုပြီးအချိန်ကြာပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိတာ၊ အစားအစာ ရှားပါးတာ၊ အသီးအရွက်စားရဖို့ မလွယ်ကူတာတွေနဲ့ လူတယောက်ရဲ့အခြေခံလိုအပ်တဲ့ အာဟာရမရှိတော့ လူရဲ့ ခုခံအားတွေနည်းလာပြီး ရောဂါဖြစ်ဖို့အခွင့်ပိုများတာနဲ့ ဖြစ်လာတဲ့အနာရောဂါတွေ ပျောက်ကင်းဖို့ တကယ့်ကို ကြန့်ကြာတာပါ။
စစ်တပ်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ယနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် လေးဦးကွယ်လွန်ခဲ့ပြီး သုံးဦးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရသူတွေဖြစ်ပါတယ်။
သူ့အမည်က "မောင်ပေါများ" လိုခေါ်သတဲ့။ အသက် ၁၂ နှစ်အရွယ် ဒုတိယတန်းကျောင်းသားလေး ၁ ဦးပါ။ သူက အင်္ကျီဖြူနီရောင်လက်ရှည်အကွက်ကို ကပိုကရိုဝတ်ရင်း ပုဆိုးခပ်နွမ်းနွမ်းကိုလည်း တိုတို ဝတ်ထားတာ၊ ခါးပုံစက ဒူးအောက်နားရောက်အောင် ဝတ်နေကျဖြစ်နေတာက "ပေါများ"ရဲ့ စတိုင်လ်တခုလို ဖြစ်နေပါတယ်။
အရှေ့အရပ်မှ ပြူးထွက်လာတဲ့ နေမင်းကြီးရဲ့ ရောင်ခြည်တွေကြောင့် အရပ်လေးမျက်နှာစလုံးမှာ အုံ့မှိုင်းနေကြတဲ့ မြူနှင်းတွေဟာ တရွေ့ရွေ့ ပြယ်စပြုလာနေတယ်။ ကားလမ်းမပေါ်မှာတော့ ယာဉ်တွေ ဥဒဟိုသွားလာနေကြတဲ့ မနက် ၉ နာရီအချိန်။ ကျနော်တို့နှစ်ဦးလို စစ်တွေမြို့ထဲကို ဝင်ရောက်မည့် ခရီးသည်တွေကို တင်ဆောင်လာတဲ့ မှန်လုံကားငယ်တစီးကို လက်တဖက်နဲ့ အချက်ပြ ရပ်တန့်ခိုင်းလိုက်တယ်။ ကားထဲကို ချောင်းကြည့်လိုက်တော့ ကားဝမ်းဗိုက်ထဲမှာ ခရီးသည် ဆယ်ယောက်နဲ့ ပြည့်ကြပ်လို့နေတယ်။
စစ်ကောင်စီက အခုလို နေရပ်ပြန်ဖို့၊ နေအိမ်မှာနေကြဖို့ အသည်းအသန်တိုက်တွန်းနေပေမယ့် ရေဘေးဒဏ်သင့် ပြည်သူတချို့ဟာ ပြန်စရာနေအိမ်မရှိတော့သလို အိမ်ပြန်လို့ရတဲ့အခြေအနေတွေလည်း မဟုတ်သေးပါဘူး။
စစ်အာဏာမသိမ်းမီက ပဲခူးအရှေ့ခြမ်းမှာ ပဲခူးရိုးမပေါ်ရှိနေရာတချို့မှာသာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် မြို့နဲ့ဆက်စပ်တဲ့ကျေးရွာတွေ၊ ယာခင်းတွေနဲ့ ကားလမ်း၊ လူသွားလမ်းတွေမှာပါ မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာမြင့်တက်လို့လာနေပါတယ်။
“တချို့နေရာတွေက စိုးမိုးနယ်မြေဆိုပေမယ့် လေကြောင်းရန်က ကြောက်ရတယ်။ လေယာဉ်သံကြားပြီဆို အကုန်ပုန်းရတယ်။ တခါတလေလည်း ကျောင်းပိတ်ပေးလိုက်ရတယ်။ တခါတလေကျတော့ နေရာခွဲပြီး အစုလေးတွေလုပ် သင်ရတယ်။ မြေပြင်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက စောင့်ရှောက်ပေးနိုင်တယ် ဆိုပေမယ့် တိုက်ပွဲရှိတယ်ဆို လေကြောင်းက အကုန်ဗုံးကြဲတော့ ပိတ်ရတာပဲ။”
စစ်တပ်အာဏာစသိမ်းကတည်းက ကုန်ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာမှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တလောအခြေအနေဟာ အိမ်ထောင်စုတစု တရက်စာ စားစရိတ်အတွက် ၁၀,၀၀၀ ကျပ်နဲ့ မလောက်တော့တဲ့ အခြေအနေဆိုက်နေပါပြီ။
တကယ်တော့လည်း ရန္တပိုရွာဆိုတာ မြေအိုးလုပ်ငန်းတွေနဲ့ ပိုလို့နာမည်ကျော် လူသိများတယ်လို့ ပြောရမှာ။ ဆိုပါစို့ ရှင်မတောင်ဆို သနပ်ခါး၊ ကျောက်ပန်းတောင်းဆို ထန်းလျက်၊ ညောင်ဦးဆို ပုန်းရည်ကြီး၊ သရက်ဆို မလိုင်၊ ရန္တပိုဆို အိုး အဲ့လိုမျိုး တွဲလို့သိထားတဲ့ ဒေသအမှတ် အမှတ်သင်္ကတပေါ့။
"ရိုးရာလက်ဝှေ့ပွဲ...ရိုးရာလက်ဝှေ့ပွဲ" ဆိုတဲ့ အသံတွေထက် ‘ONE ပွဲ’ ဆိုတဲ့ အသံတွေ ကျယ်လောင်နေချိန် ပွဲကျဲပါးလွန်းတဲ့ ပြည်တွင်းရပ်ဝန်းမှာ ရိုးရာလက်ဝှေ့ပွဲကြီးတပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ မိုးထဲလေထဲ အထီးကျန်နေတဲ့ ကန်တော်ကြီးပတ်လမ်းနားက သိမ်ဖြူရုံကို စက်တင်ဘာ ၂၂ ရက်မှာ အသက်သွင်းပေးမှာက မုဒုံသားလက်ဝှေ့ကျော် ထွန်းထွန်းမင်းနဲ့ မွန်၊ ကရင်တကြောပါမကျန် မြန်မာပြည်တဝှမ်း အစွယ်ချွန် နယ်ကျွံပြထားတဲ့ မန္တလေးသားလူငယ် ကျော်စွာဝင်းတို့ရဲ့ ‘မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲ’ ပါ။
“မျက်ခွက်တွေ ထုခွဲပြီး သွေးထွက် သံယိုနဲ့ ဒရွတ်၊ ဒရွတ်ဆွဲပြီး ပါသွားတာပဲ။ သမီးကလည်း ငိုပြီး အဖေ အဖေ ပလေ (ပေါ့လေ)၊ ကျမကလည်း ဗိုက်ကြီးနဲ့ပါ ကလေးနဲ့ပါပြောလည်း မရဘူး၊ ယောကျ်ားက ထန်းရည်လေး သောက်ထားတော့ ဘယ်သူဘယ်ဝါမှန်းမသိလို့ ဘယ်သူတွေတုန်း ပြောမိတာပါ။ ကျုပ်ယောကျ်ားက ဒီလိုပြောတတ်တာမို့ပါ တောင်းပန်ပါတယ်နဲ့ ပြောတာပဲ ပြောမရဘူး။ ဆိုင်ကယ်တွေရော အကုန်လဲနေခဲ့တာ။ ကျမတို့ကို နာရီဝက်လောက် ခေါင်းငုံ့နေဆိုပြီး ဆွဲခေါ်သွားတာပဲ။”
အခုလို ပြည်သူတွေ ရေဘေးသင့်နေကြပေမယ့် အကူအညီမဲ့နေကြတယ်။ ပြည်သူမှ ပြည်သူ အချင်းချင်း တပိုင်တနိုင်သာ ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ မင်းအောင်လှိုင်စစ်တပ်က အခုရေဘေးကို ကူညီဖို့ထက် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာကို လေယာဥ်နဲ့ ဗုံးကြဲပြီး မီးလောင်တိုက်သွင်းနေတယ်။
“အညာမြေက သနပ်ခါးက အညာသားနဲ့အတူတူပဲ တတက်ခုတ်ရင် နှစ်တက်ထွက်မယ်” “တတက်ခုတ်ရင် နှစ်တက်ထွက်မယ်” “တတက်ခုတ်ရင် နှစ်တက်ထွက်မယ်”။ ။