ဆောင်းပါး

ရေစည်လှည်းတွန်း၊ အဝတ်လျှော်နေရတဲ့ တော်လှန်ရေးလက်တစုံ (ရုပ်ပုံလွှာ)

ရန်ကုန်မြို့ပြင်က ကျူးကျော်ရပ်ကွက်လေးတခုမှာ အိမ်ငှားနေတဲ့ မမိုးသက်လွင်*ဆီကို သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဆီက အရေးတကြီး ဖုန်းဝင်လာပါတယ်။ “နင်မြန်မြန်ရွှေ့တော့၊ နင်နေတဲ့နေရာကို သူတို့ သိသွားပြီ” လို့ ခပ်သွက်သွက်ပြောပြီး ဖုန်းချသွားတယ်။ ကလေးမီးဖွားထားတာ ၆ လကျော်သာရှိသေးတဲ့ မမိုးသက်လွင်ဟာ အသက် ၁၂ နှစ်အရွယ် သမီးအကြီး၊ အသက် ၆ နှစ်အရွယ် သမီးအလတ်၊ အသက် ၇ လမပြည့်သေးတဲ့ သမီးအငယ်ဆုံးလေးနဲ့အတူ အမြန်ဆုံး ထွက်ပြေးသွားဖို့ ပြင်ဆင်ရပါတော့တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ မဟန့်တားနိုင်တဲ့ လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်မှု (သတင်းဆောင်းပါး)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မလည်ပတ်ဖို့ ဒေသခံသပိတ်ကော်မတီနဲ့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုတာ၊ ကြေးနီသယ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် ဟန့်တားတာတွေ လုပ်ပေမယ့် အဲဒီကြားထဲကပဲ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီက ကြေးနီတွေကို ဆက်လက်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

"လူသတ်ကွင်း" ဖြစ်လာတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ မလုံခြုံတော့တဲ့ သာသနာ့နယ်မြေတွေ (သတင်းဆောင်းပါး)

“ပြည်သူလူထုက ဘုန်းကြီးကျောင်းကိုအားကိုးတာက ဘုရားအရိပ် တရားအရိပ် သံဃာအရိပ်ဆိုပြီး အားကိုးတာ၊ အရိပ်သုံးပါကိုခိုလှုံတာဖြစ်တယ်။”

“အာဏာမသိမ်းခင်က ကျမက ရေ‌ပေါ်ဆီ” - 96 Soldiers တပ်ဖွဲ့ဝင် ‘ဖူး’ (ရုပ်ပုံလွှာ)

“ရှေ့နေသာလုပ်တာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာဆိုဘာမျှ လေ့လာလိုက်စားရမှန်းမသိဘူး။ တိုင်းပြည် ဘာဖြစ်နေတာလဲ။ စစ်တပ်က တိုင်းပြည်ကို ဘယ်လိုဖိနှိပ်နေတာလဲဆိုတာတွေလည်း နားမလည်ခဲ့ဘူး။”

အွန်လိုင်းပေါ်ကအလိမ်အညာ သတိပြုရှောင်ရှားပါ (သတင်းဆောင်းပါး)

ကိုလတ်ဟာ အင်တာနက်သုံးစွဲသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားလာတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုရဲ့ ထောင်ချောက်ထဲကိုရောက်ခဲ့တာပါ။ ကျားဖြန့်လို့ လူသိများလာတဲ့ စကားလုံးဟာ Zhàpiàn ဆိုတဲ့ တရုတ်ဘာသာစကားရဲ့ အသံထွက်ဖြစ်ပြီး အဓိပ္ပါယ်ကတော့ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှု၊ သွေးဆောင်ဖျားယောင်းမှုလို့ အဓိပ္ပါယ်ရပါတယ်။

စစ်တပ်၏စီမံချက်ဖြင့် အသုံးချခံနေရသည့် ဘာသာရေး (ဆောင်းပါး)

ဘုန်းကြီးကျောင်းများကို လှည့်ပတ်လှူဒါန်းခြင်းအား စစ်ခေါင်းဆောင်များက "ဆရာ/ဒကာစီမံချက်" ဟု အမည်ပေးထားပြီး စီမံချက်အား တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်အဆင့်ဆင့်မှ အကောင်အထည်ဖော်ရကာ နေပြည်တော်ရှိ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေက ဦးစီးလုပ်ဆောင်ရခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရသည်။

နွေဦးတော်လှန်ရေး မကျည်းတန် သို့မဟုတ် နှလုံးလှ အကျည်းတန် (ရုပ်ပုံလွှာ)

မကျည်းတန်ဟာ အညာသားတယောက်။ အမျိုးသားတဦးအဖြစ် မွေးဖွားခဲ့ပေမယ့် အမျိုးသမီးဖြစ်ချင်ခဲ့သူ။ အမျိုသမီးတယောက်လို နေထိုင်ပြောဆိုတယ်၊ ဝတ်စားဆင်ယင်တယ်။ သူ့နာမည်ကိုလည်း မကျည်းတန်လို့ မှည့်ခေါ်စေတယ်။ သူဟာ မြန်မာပြည်အထက်ပိုင်း ထနောင်းပင်၊ တမာပင်၊ ထန်းပင်၊ မကျည်းပင်တွေ အစီအရီပေါများလှတဲ့ အညာဒေသမှာ ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့သက်မွေးဝမ်းကျောင်းနေရင်း စီးပွားရေး အတော်အသင့် အဆင်ပြေနေတဲ့ မိသားစုလေးတစုကပါ။

၆ လအတွင်း မြေလတ်ဒေသ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများ

စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းများအတွင်း အာဏာသိမ်းစစ်တပ်သည် ပြည်သူများကို ဖမ်းဆီးကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်လျက်ရှိသည်။ လေကြောင်းပစ်ခတ်မှု၊ မြေပြင်လက်နက်ကြီး ပစ်ခတ်မှု များကြောင့်လည်း အရပ်သားပြည်သူများ တချိန်တည်း၊ တနေရာတည်း၌ အစုလိုက်အပြုံလိုက် သေဆုံးရခြင်းများ မြင့်တက်လျှက်ရှိသည်။

တိုးသထက်တိုးလာတဲ့ အမြဲတမ်းစစ်ရှောင်အရေး အကူအညီပေးဖို့ အရေးပေါ်လိုအပ်လာ (သတင်းဆောင်းပါး)

စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ ရုတ်တရက်ထွက်ပြေးလာရတဲ့ ယာယီစစ်ရှောင်တွေကို ဒေသခံတွေက အရေးပေါ်လိုအပ်တာတွေကို လက်ငင်းကူညီကြတာမျိုးက မြိုင်မြိုင်ဆိုင်ဆိုင်ရှိပေမယ့် စစ်ကောင်စီမီးရှို့လိုက် လို့ ပြန်စရာမရှိတော့တဲ့ အမြဲတမ်းစစ်ရှောင်ဖြစ်သွားသူတွေကို ရေရှည်ကူညီထောက်ပံ့ပေးဖို့အတွက်တော့ လှူဒါန်းသူ တွေမှာလည်း စိန်ခေါ်မှုတွေရှိတယ်

ပုလဲမြို့နယ်က ပုလဲမောင်သေဆုံးမှု ဘာတွေဆက်ဖြစ်နေလဲ (ဆောင်းပါး)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မြို့နယ်ပလဖပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ဟာ မေ ၂၃ ရက် ညနေပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။ ပုလဲမောင်ကို BNRA တပ်ရင်းမှူး သခင်ဒေါင်းညိုက ဖမ်းဆီးသွားတယ်လို့ ပုလဲမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဇော်ထက်က သံသယရှိတာကြောင့် သခင်ဒေါင်းညိုကို ခေတ္တခဏထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ပုလဲမောင်ရဲ့ ရုပ်အလောင်းကို ပုလဲမြို့နယ်ပအဖတာဝန်ခံ ဦးဇော်ထက်ရဲ့ နေအိမ်မြေအောက် ခန်းထဲမှာ တွေ့လိုက်ရတဲ့အခါမှာတော့---

ရုန်းမထွက်နိုင်ကြသူများ (အတွေးအမြင်)

ကျနော်သိခဲ့ဖူးတဲ့ စစ်သားတွေထဲမှာတော့ အတော့်ကို အကျိုးအကြောင်း နားလည်သူ၊ အတွေးအမြင်ရှိသူလို့ ပြောလို့ရတယ်။ ဒီလိုလူမျိုးတောင် CDM မလုပ်တော့ ကျနော် အရမ်း အံ့ဩသွားတယ်။

စစ်မှုထမ်းဥပဒေအောက်က လွတ်မြောက်ဖို့ရုန်းကန်နေကြရတဲ့ မြန်မာလူငယ်များ

မတ်လကုန်ပိုင်းကစတင်ပြီး နိုင်ငံတစ်ဝန်းက ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ အသက် ၂၄ နဲ့ ၃၀ နှစ် အသက်အပိုင်းအခြားမှာရှိတဲ့ လူငယ်တွေရဲ့စာရင်းကို စတင်ကောက်ယူခဲ့ပါတယ်။ အဲဒီ့စာရင်းထဲက လူငယ်တွေကို စစ်မှုထမ်းဖို့ ကံစမ်းမဲဖောက်သလို မဲဖောက်ရွေးချယ်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

"တပ်သားသစ်ရရှိရေး အဓမ္မမစ်ရှင်နဲ့ စစ်ကောင်စီရဲ့ သန်းခေါင်ယံလူဖမ်းပွဲ" (ဆောင်းပါး)

“ဒီအိမ်ပဲ” ဆိုသည့် လူတဦး၏ ပြောစကားနှင့်အတူ အိမ်ခြံတံခါးကို ခပ်ကြမ်းကြမ်းတွန်းခေါက်ကာ အိမ်ရှင်တွေကို အော်ခေါ်ကြတော့သည်။ ဝရုန်းသုန်းကားအခြေအနေဖြင့် နာရီဝက်ခန့်ပင်မကြာသောအချိန်မှာ အိမ်ထဲက လူငယ်တဦးကို နှစ်ဖက်ညှပ်ကာ ခေါ်ထုတ်လာပြီး ကားပေါ်တင်ကာ မောင်းထွက်သွားကြတော့သည်။ ဝင်ရောက်သွားသော အိမ်ထဲမှာ အော်ဟစ်ငိုယိုသံများနှင့် ကျန်ခဲ့သည်။

စိတ်ဒဏ်ရာကုစားဖို့လိုအပ်နေသည့် အညာစစ်မြေပြင်က သက်ကြီးရွယ်အိုများ (ဆောင်းပါး)

“သက်ကြီးရွယ်အိုပိုင်းတွေက ပစ်သံခတ်သံ၊ သေနတ်သံတို့ လက်နက်ကြီးသံ၊ လေယာဥ်သံတို့ကြားရင် ဘယ်လေယာဥ်ပဲပျံပျံပေါ့ ကောင်းကောင်းဆိုးဆိုး ကြောက်တာ။ တချို့သက်ကြီးရွယ်အိုပိုင်းတွေဆိုရင် ဒူးများပျော့ခွေလဲပြီးတော့ မသွားနိုင် မလာနိုင်တဲ့ထိအောင် ဖြစ်တယ်။”

အနိဌာရုံသတင်းတွေကြားက အမျိုးသမီးသတင်းသမားတွေ (ဆောင်းပါး)

"ကျမနားထဲမှာ သူ့ရဲ့ ငိုသံတွေထပ်ကြားတယ်၊ အိပ်လို့မရဘူး၊ အနားမှာ လူတယောက်ယောက် လာပြီး စကားလာပြောနေတယ်လို့ ကျမမြင်နေရတယ်၊ သေချာအောင်ဆိုပြီး ဖုန်းမီးဖွင့်ပြီး ကြည့်တော့ ဘယ်သူမှမရှိဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10