ဆောင်းပါး

မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း (ဆောင်းပါး)

၂၀၂၁ မှ ၂၀၂၄ နှစ်ဆန်းပိုင်းအထိ စကခ ၁၃ တွင် ဒုတိယတပ်မမှူးအဖြစ် ၃ နှစ်ကျော်ကြာပြီးနောက် တပ်မ ၄၄ တပ်မမှူး ဖြစ်လာတဲ့အခါ ၎င်း၏ စစ်တပ်အရာရှိဘဝ အဆုံးသတ်ရမည့်အခြေအနေကို ဆိုက်ရောက်လာခဲ့သည်။

လုပ်အားခ ၄၀၀၀ ရဖို့ ဖိနှိပ်မှုတွေကြားမှာရုန်းကန်နေတဲ့ မြန်မာပြည်က အခြေခံလူတန်းစား အမျိုးသမီးတွေ (ဆောင်းပါး)

“အလုပ်သိမ်းအပြန် ရတဲ့ငွေနဲ့က ဆန်လေးလုံး(နို့ဆီဗူး) ဝယ်လိုက်ရင် ငါးရာကျော်ကျော်ပဲ ကျန်တယ်။ တခြား ဘာမှဝယ်လို့မရတော့ဘူး။ ရပ်ကွက်ထဲမှာ အကုန်အဲလိုမိသားစုတွေချည်းပဲ။ ချေးလိုက်ငှားလိုက် ပြန်ဆပ်လိုက်နဲ့ အပေါင်ဆိုင်မှာလည်း လူတွေကိုတန်းစီနေတာပဲ”

စစ်မြေပြင်က ကျန်းမာရေးကွန်ရက် “ဆေးတခါရဖို့ သုံးလလောက် တောင့်ခံပြီး စောင့်ခဲ့ရဖူးတယ်” (ဆောင်းပါး)

“ဆေးဝါးနဲ့ ဆေးခန်းသုံးပစ္စည်းတွေကတော့ လုံးဝ လုံလောက်မှု မရှိသေးပါဘူး။ အထူးသဖြင့် ဒီဒေသတွေမှာ စကစက ဆေးဝါးသယ်ယူခွင့်ကို လုံးဝကို ခွင့်မပြုပါဘူး။ ကျွန်မတို့အနေနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို လုံးဝကို ခက်ခက်ခဲခဲနဲ့ သယ်ယူနေရတာပါ။”

တော်လှန်ရေးတပ်သားသစ်တွေကို လက်နက်ဘယ်လိုတပ်ဆင်မလဲ (သတင်းဆောင်းပါး)

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကျင့်သုံးတာကို ပြည်သူတွေအနေနဲ့ ရတဲ့နည်းနဲ့ ဆန့်ကျင်ဖို့နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေထဲဝင်ရောက်ဖို့ တိုက်တွန်းချက်တွေရှိနေပေမယ့်လည်း အလုံးအရင်းနဲ့ ရောက်ရှိလာတဲ့တပ်သားသစ်တွေကို လက်နက်တွေ ဘယ်လိုတပ်ဆင်ရမလဲဆိုတာက ခေါင်းခဲစရာဖြစ်လာပါတယ် လို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သေမင်းခံတွင်းဝက ပြည်တွင်းသတင်းသမားများ (ဆောင်းပါး)

“တရားဥပဒေစိုးမိုးရေး ပျက်သွားတယ်။ လူအခွင့်အ‌ရေးချိုးဖောက်မှုတွေ ပိုများလာတယ်။ အထူးသဖြင့် စစ်ရာဇဝတ်မှုမြောက်တာမျိုးတွေ။ အဲဒီလိုမြန်မာနိုင်ငံရဲ့ အခြေအနေအောက် အမှန်တရားဖော်ထုတ်မယ်ဆိုတဲ့ သတင်းစာဆရာတွေ အလုပ်လုပ်နေရတာဖြစ်တယ်။ အန္တရာယ်များတဲ့ အခြေအနေဖြစ်တယ်”

သွေးချောင်းစီးခဲ့သည့် လက်ထုတ္တောရွာလူသတ်ပွဲ (ဆောင်းပါး)

“ ‘ဒီနားမှာ PDF တွေရှိလား၊ PDF စခန်းကဘယ်နားတုန်း’ မေးတာပေါ့။ မသိဘူးပြောရင် ‘မသိရင် သတ်တယ်ကွာ’ ဆိုတဲ့သဘောမျိုးနဲ့ သတ်တာ။ ‘ဒီနားတော့ PDF စခန်းမရှိပါဘူး’ ပြောရင် ‘မရှိရင် သတ်တယ်’ အဲ့လိုပုံစံမျိုး ပစ်တာ။ အစောပိုင်းက တကယ် မပစ်လောက်ဘူးထင်တာ။ ခြိမ်းခြောက်တဲ့ ပုံစံမျိုးထင်တာ၊ ဒါပေမဲ့ နောက်ပိုင်း အော်တိုဆွဲပြီး အကုန်တန်းစီပစ်လိုက်တာ”

စစ်ကား ၃ စီးကို RPG နဲ့ ဖျက်ဆီးနိုင်ခဲ့သူ ရဲဘော်ပြားကြီး (ရုပ်ပုံလွှာ)

ရဲဘော်ပြားကြီး ပထမဆုံးပစ်လိုက်တဲ့စစ်ကားဟာ ဆီတိုင်ကီကို ထိမှန်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ ထိုးရပ်သွားပါတယ်။ ဒုတိယအစီးကို ပစ်ခတ်ရာမှာ ကားနောက်ဘီးကို ထိမှန်ခဲ့သလို တတိယစစ်ကား တစီးကိုလည်း တည့်တည့်မတ်မတ်ထိအောင်ပစ်နိုင်လို့ အဲဒီနေ့မှာ ရဲဘော်ပြားကြီးဟာ စစ်ကားသုံးစီးကို RPG လက်နက်နဲ့ ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

လမ်းဘေးရေချမ်းစင်ကို ရေဖြည့်ပေးနေသူ (သတင်းဆောင်းပါး)

စစ်အာဏာသိမ်းခံရပြီး ပဋိပက္ခပေါင်းစုံနဲ့ တစ်တိုင်းပြည်လုံးကြုံနေရချိန် မြန်မာပြည်ရဲ့ လူဦးရေအထူဆုံးမြို့ ရန်ကုန်ကလမ်းမတွေပေါ်မှာ နွမ်းပါးကလေးငယ်တွေ တိုးပွားလာတာကို သူသတိထားမိခဲ့တယ်။ ဒီကလေးတွေအတွက် တတ်နိုင်တာလုပ်ပေးဖို့ ကိုဖြိုး သန္နိဋ္ဌာန်ချလိုက်တယ်။

နွေဦးတော်လှန်ရေးနှင့်အတူ ဖြိုချရမည့် ဗမာလူမျိုးကြီးဝါဒ (အတွေးအမြင်)

နွေဦးတော်လှန်ရေးကြီးတွင် စစ်အာဏာရှင်ဖြုတ်ချရေးနှင့်အတူ ဗမာလူမျိုးကြီးဝါဒကိုလည်း တပါတည်း ဖြိုချပစ်နိုင်မှသာလျှင် အနာဂတ်တွင် စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လက်ရှိ၌လည်း ဗမာလူမျိုးကြီးဝါဒအစွဲအလမ်းများကို ပယ်သတ်နိုင်မှသာလျှင် နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးပြီးဆုံးဖို့ နီးစပ်လိမ့်မည်။

“တော်လှန်ရေး . . . မြန်မလား နှေးမလား” (အတွေးအမြင်)

အဆိုးဆုံးကတော့ အချို့နေရာတွေမှာ အချို့သော ပြည်သူတွေက “NUG ပအဖ၊ ပကဖ တွေကလည်း မစွံပါဘူး၊ စစ်ကောင်စီနဲ့ မထူးပါဘူးကွာ” လို့ ပြောတဲ့ အသံမျိုးထိ တစွန်းတစ ကြားလာရတယ်ဗျာ။ ဒါက တော်လှန်ရေးအတွက် အတော်ကို အန္တရာယ်ကြီးတယ်ဗျို့။

စစ်သားစုဆောင်းရင်း သေနှုန်းမြင့်လာတဲ့ အုပ်ချုပ်ရေးမှူးများ (ဆောင်းပါး)

၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက် စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက်မှာ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ဆိုသလို ရှင်းလင်းခဲ့ရာမှာ အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်သေဆုံးမှုတွေဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အရင်ကထက် ပိုမိုမြင့်တက်လာနေတာကို တွေ့ရပါတယ်။ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "စကစဒေါက်တိုင်တွေကို စတင်ရှင်းလင်းနေပြီ” လို့ ပြောပါတယ်။

CDM ၂ ကြိမ်လုပ်ခဲ့သည့် လသားမိခင်ရဲမေ (ရုပ်ပုံလွှာ)

“သူတို့(စစ်ကောင်စီ)ဘက်ကပြောသလို ဒီဘက်မှာရိုက်နှက်တာတွေဘာတွေ မရှိဘူး။ အေးအေးချမ်းချမ်းပါပဲ၊ ကျမထက် အရင်ဝင်တဲ့သူငယ်ချင်းတွေကိုလည်း အေးအေးချမ်းချမ်းပဲတွေ့ရပါတယ်”

စာနာမှုနှင့်ချိတ်ဆွဲထားသော “ငှက်သောက်အိုး”များ (ရသစာတမ်း)

အညာသူအညာသားဟာ အတွင်းစိတ်မနောသိပ်ဖြူရှာတယ်။ စာနာမေတ္တာတရားသိပ်ပေါကြွယ်ဝတယ်။ ဘယ်လောက်တောင် စိတ်ထားဖြူစင်မေတ္တာတရားရှိသလဲဆို ပူပြင်းလှတဲ့ အညာနွေအောက် လူတွေ ရေဆာကြသလို သဘာဝတောနေတောထိုင် ငှက်ကလေးတွေလည်း ရေဆာနေမယ်ဆိုပြီး နေပူပူထဲ မနေနိုင်မထိုင်နိုင် တွေးပူတဲ့အမျိုးပါပဲ။

လက်ပံတောင်းကြေးနီစီမံကိန်းအတွက် ဗျူဟာပြောင်းရတော့မယ့် တရုတ်

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကုမ္ပဏီဝင်ထဲမှာ တပ်စွဲအထိုင်ချတာ၊ ပျူစောထီး သင်တန်းပေးတာတွေလုပ်သလို ကြေးစင်တောင်၊ မြန်မာယန်စီကုမ္ပဏီအရှေ့ဘက် ကံကုန်းကြီးကျေးရွာအနီးက အက်စစ်စက်ရုံနဲ့ ကျောက်မျက်ရွာ ရွှေမြင်တင်တောင်မှာလည်း အခိုင်အမာတပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"စစ်ရှောင်ရင်း ရာမဇာန်ဥပုသ်စောင့်ကြသူတွေ" (ဆောင်းပါး)

ပုံမှန်အားဖြင့် ဝါထွက်တဲ့ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေဟာ ဂျုံနဲ့ အမဲသားတို့လို အာဟာရပြည့်တဲ့ အစားအသောက်တွေ အလျှံပယ်ချက်ပြုတ် စားသောက်ကာ လှုဒါန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ မသီတာတို့ရောက်နေတဲ့ စစ်ရှောင်စခန်းက ဥပုသ်ထွက်ပြီး ဝါဖြေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ ကိုယ်တိုင် ဝမ်းဝအောင်တောင် မနည်းစားနေရတဲ့ အခြေအနေဖြစ်နေကြရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10