သတင်း

ငါန်းဇွန်က ရွာတရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၅ဦးသေဆုံး (ရုပ်/သံ)

"ကျနော်တို့ ပစ်ခတ်ခဲ့တာက မီတာ ၅၀ အတွင်းမှာ ပစ်ခတ်ခဲ့တာ။ ပြည်သူတွေ သတင်းပေးတာတော့ ၅ ယောက်သေပြီး ၁၅ ယောက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။"

PDF နဲ့တိုက်ပွဲဖြစ်တဲ့ စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ PDFနဲ့ တိုက်ပွဲဖြစ်တဲ့ စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာက နေအိမ် ၂၀၀ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဂန့်ဂေါခရိုင်တပ်ရင်း ၁ ရဲ့ စိတ်ဓါတ်မြှင့်တင်ရေး အားကစားပွဲနဲ့ ဖြေဖျော်ပွဲတွေ (ရုပ်/သံ)

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်တွေကို ဇန်နဝါရီ ၁၄ ရက် မနက် ၈ နာရီကနေ ည ၁၁ နာရီကျော်အထိ အားကစားပြိုင်ပွဲတွေအပါအဝင် ဖြေဖျော်ပွဲတွေကိုကျင်းပပေးခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူပကဖ တပ်ခွဲ ၂ မှ တပ်ဖွဲ့ ၈ ဖွဲ့ရဲ့ ရဲဘော်တွေကို မွမ်းမံသင်တန်းပေး (ရုပ်/သံ)

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မွမ်းမံသင်တန်းဖွင့်ကာ စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁ လနီးပါးအကြာ ဇန်နဝါရီ ၁၃ ရက်မှာ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်၍ စစ်လက်နက်ပစ္စည်းတွေလည်း ပေးခဲ့တယ်လို့ Young Force - UG ရဲဘော် ဝိုင်ပီက ပြောပါတယ်။

ကလေးမြို့ပေါ်မှာ သတင်းယူဖို့လာတဲ့ ရဲတပ်သား ၂ ဦးကို PDF က ဖမ်းမိ

“သူတို့က ပြည်သူလိုလို၊ ဘာလိုလိုအရပ်ဝတ်နဲ့ ကျောင်းကနေထွက်လာတာ။ ကျနော်တို့ သတင်းထောက်နေတဲ့အချိန် မသင်္ကာလို့ဖမ်းဆီးလိုက်တော့ ရဲတွေဖြစ်နေတာ ”

ပေါက်မြို့နယ်က စစ်ရှောင်ကလေးတွေကို တောင်ညိုနဂါး PDF က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးထောက်ပံ့မှုပေး

"ကလေးတွေမှာ စားဖို့၊ ဝတ်ဖို့၊ ဆေးဝါးတွေ မပြည့်စုံကြဘူးလေ။ သူတို့လေးတွေ ကျန်းမာဖို့အတွက်လိုအပ်လို့ အခမဲ့ဆေးကုပေးတာပါ"

PDF နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက ရွာ ၂ ရွာကို စစ်တပ်ကမီးတင်ရှို့လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး

“ မအူကွင်းကို တနေကုန်ရှို့ပြီး တောင်ခမောက်ကို ညနေပိုင်းကနေ တညလုံးရှို့တာ။ မအူကွင်းက တလုံးစ၊ နှစ်လုံးလောက်ပဲ ကျန်တယ်ပြောတယ်။ တောင်ခမောက်ကတော့ အိမ်ခြေစိပ်တဲ့ ရွာလယ်ပိုင်းက အကုန်ပါတယ်။ သုံးပုံ နှစ်ပုံလောက် မီးထဲပါတယ်ပြောတယ် ဘယ်သူမှတော့ သွားမကြည့်ရဲဘူး”

မုန်းတိုက်ပွဲတွင် ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၉ ဦးအပါ တပ်ဖွဲ့ဝင်မိသားစု ၆၁ ဦးကို ဥပဒေများနဲ့အညီ KNU က စောင့်ရှောက်ထား

"သုံ့ပန်းတွေရော၊ တပ်မိသားစုတွေပါ စည်းမျည်းစည်းကမ်းတွေနဲ့အညီ သေသေချာချာ ကောင်းကောင်းမွန်မွန် ထားပါတယ်။ KNU က အဓိကပံပိုးမှုနဲ့ စောင်ရှောက်ထားပါတယ်"

ကန့်ဘလူနယ်က အမြဲတမ်းစစ်ရှောင် ၄၀၀ အတွက် စောင်နဲ့အနွေးထည်လှူဒါန်း

" ကျနော်တို့ သွားလှူဖြစ်ခဲ့တဲ့နေရာက ကျွန်းလှကော၊ ကန့်ဘလူဘက်ကကော စစ်လာရှောင်နေတဲ့ နေရာ။ နောက်တခုက ပျူတွေကို လက်မခံလို့ပြေးလာတဲ့မိသားစုတွေလည်းပါတယ်။ လှူဒါန်းတာတွေက စစ်ရှောင်တွေအတွက်ကတော့ လုံလောက်မှုမရှိပါဘူး"

ပဲခူးအနောက်ခြမ်းမှာ တပ်သားအဖြစ်စုဆောင်းခံရတဲ့ ပြည်သူ ၃၀ ကို PDF က ကယ်တင်

“ကျတော်တို့ရောက်တော့ စစ်**တွေက ပြည်သူ ၅၀ လောက်ကို ခေါ်ထားတာတွေ့တယ်။ တွေ့ရတာတော့ စစ်**တွေက တနေရာ ပြည်သူက တနေရာစီပါ။ စစ်**တွေရှိတဲ့ နေရာကို ၄၀ မမနဲ့ ပစ်တော့ လန့်ဖြန့်ပြီး ဝရုန်းသုန်းကား ဖြစ်နေချိန် ပြည်သူတွေကို ဝင်ခေါ်ထုတ်ရတာ။ အချိန်သိပ်မရတော့ ၃၀ လောက်ပဲ ကယ်နိုင်တယ်။”

"နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို" (Photo news)

ဇန်နဝါရီ ၁၂ ရက်ကနေ ၁၄ ရက် ဒီကနေ့ထိ ၃ ရက်ဆက်တိုက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပြီး "နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို" စာသားပါ ဘန်နာကို ကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့အတူ ကျေးရွာတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ပခုက္ကူက စစ်အုပ်စု တပ်စွဲတဲ့နေရာ ၂ ခု ဗုံးကြဲခံရ

“၂ နေရာကို ဗုံးသီး ၆ လုံးချနိုင်ခဲ့တယ်၊ မြို့ထဲဖြစ်တာကြောင့်ရော ပစ္စည်းမလုံလောက်တာကြောင့်ရော ၆ လုံးပဲချနိုင်ခဲ့တယ်။ ခရိုင်ရဲစခန်းက Jumper တွေ အားကောင်းလို့ ၁ လုံးပဲချနိုင်ခဲ့တယ်၊ ချည်မျှင်ဂိတ် ကိုတော့ ၅ လုံးချနိုင်ခဲ့တာ”

၂ ရက်ဆက် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားများ ခြေလက်အင်္ဂါမဲ့ဖြစ်သွား (ရုပ်/သံ)

"ကား ၁ စီးကတော့ ပြန်မယူဘူး၊ ယာဉ်မောင်းက လက်တွေပြတ်ကျန်ခဲ့တယ်၊ ကားလည်းဒီအတိုင်းထားသွားတယ်၊ ကားပေါ်မှာပါတဲ့ ဆန်တို့ ပဲတို့ကတော့ အကုန်လုံးပြန်ယူသွားတယ်၊ ကားကတော့ အခွံလိုက်ကျန်ခဲ့တာ၊ ၁၅ ဦးလောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်၊ လက်ပြတ်ခြေပြတ်တွေ ဖြစ်တယ်ဆိုတာ သူတို့နဲ့မွေးချင်းဆက်နွယ်တဲ့သူတွေက ဖုန်းနဲ့ပြန်ပြောလို့ သိရတာ"

ဖောင်းပြင်မှာ တပ်ကြပ် ၁ ဦးအပါ ၃ ဦး လက်နက်နဲ့အလင်းဝင်

“စကစဘက်က တပ်ကြပ် ၁ ယောက်၊ ပျူ ၂ ယောက်၊ စခန်းကထွက်ပြေးလာပြီး ရင်း ၁ ဘက်ကို အလင်းလာဝင်တာ၊ တပ်ကြပ်က ၃၇၀ တပ်က၊ နာမည်တော့ ပြောလို့မရဘူး၊ ခုတော့ နွေးထွေးစွာ စောင့်ရှောက်ထားပါတယ်။"

တောင်ငူနယ်ကရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့လူမပေးနိုင်ရင် PDF ရွာသတ်မှတ်ပြီး ရွာလုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူးလို့ စစ်တပ်ခြိမ်းခြောက်

" ကျနော်တို့ဘက်ကတော့ သူတို့ကို အယုံအကြည်မရှိလို့ မဝင်နိုင်ဘူး။ ဒီဘက်ခြမ်းက လူတွေအားလုံးကလည်း ပြည်သူစစ်ထဲဝင်ဖို့ ဘယ်သူမှ လက်မခံကြဘူး။ ဒီထက်ပိုပြီး အတင်းအကြပ်ဖိအားပေးလာရင်တော့ ကျနော်တို့စီစဥ်ထားတာရှိတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10