စကားများရန်ဖြစ်ရာမှာ သားဖြစ်သူက ဓားနဲ့ထိုးလို့ အဖေဖြစ်သူ သေဆုံး
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်တောရွာက သားအဖ ၂ ဦးဟာ ရန်ဖြစ်စကားများရာမှ သားဖြစ်သူက ဓားနဲ့ထိုးလိုက်လို့ အဖေဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်တောရွာက သားအဖ ၂ ဦးဟာ ရန်ဖြစ်စကားများရာမှ သားဖြစ်သူက ဓားနဲ့ထိုးလိုက်လို့ အဖေဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ကားလမ်းပေါ်မှာ စစ်သားနဲ့ ပျူတွေစီးလာတဲ့ ကား ၂ စီးကို PDF တွေက တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ကားတစီးနဲ့ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
"စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ဂိတ်မှာပေါ့။ အရပ်သား ၃ ဦးကို ရဲတွေက ယူနီဖောင်းဝတ်ခိုင်းပြီး ငွေတောင်းခိုင်းတာ ယူနီဖောင်းအပြည့်မဟုတ်ဘူး။ သူတို့မလာရင်လည်း ရဲက အိမ်အထိ လိုက်ခေါ်တယ်။ သူတို့က တယောက်ကို တနေ့ငွေ ၂ သောင်း ရတယ်" လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
"၁ လပိုင်း လစာထုတ်ပြီး နောက်ရက်မှာ ပြေးသွားတာ၊ အစောပိုင်းမှာ သူတိုကိုလိုက်ပြီး ဆက်သွယ်ပြန်ခေါ်သေးတယ်။ ဘယ်လိုမှ ရှာမရတော့ ခွင့်မဲ့ကြေငြာပြီး တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ထိ ညွှန်ကြားထားတယ်လို့ သိရတယ်။ သူတို့ (တပ်ကြပ်ကြီး/စာရေးမ ၂ ဦး)က စရခချုပ်ရုံးရဲ့ အရေးကြီးထိပ်တန်း လျှိဝှက်တွေ ထိန်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အရေးကြီး အချက်အလက်တွေ ပါသွားနိုင်တယ်ဆိုပြီး အဲ့ဒီလို အမိန့်ပေးထားတာလို့ သိရတယ်။ သူတို့နောက်ကို အဲ့ဒီဒေတာတွေ ပါ၊မပါဆိုတာ ဘယ်သူမှမသိဘူး။ စစ်ခေါင်းဆောင်တွေက ထင်မြင်ယူဆချက်တွေနဲ့ သတ်ခိုင်းနေတာ" လို့ နေပြည်တော်စစ်ကောင်စီတပ် စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်အသစ်ချဖို့ လာကြတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီလ ၆ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် သုံးပွင့်ဗိုလ်ကြီး တဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
"အဲဒီရွာထဲကို စခ တွေဝင်တာ ၅ ကြိမ် ၆ ကြိမ်လောက်ရှိနေပြီးဆိုတော့ ရွာသားတွေလည်း လည်ကုန်ပြီ။ အိမ်မှာ အဖိုးတန်ပစ္စည်းဘာတခုမှ ချန်မထားကြဘူး။ စခ တွေက တရွာလုံး မွှေနှောက်သွားတယ်" လို့ ဆိုပါတယ်။
"သူတို့ အဲလိုလုပ်နေတာ ၅ ရက်နေ့လောက်ကစပြီး လုပ်နေတာ။ နေ့ခင်းပိုင်းဆို မိုက်တွေနဲ့ လိုက်ကြေညာတယ်။ ညဘက်တွေဆို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးတင်းကြပ်တယ်။ အရင်ကထက်စာရင် ပိုလုပ်လာတော့ ပြည်သူတွေကတော့ သတိထားဖို့ လိုတယ်" လို့ ပြောပါတယ်။
“ကျဆုံးရဲဘော်၁၀ ဦးအတွက် ဆားလင်းကြီးရွာပေါင်းစုံ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ မနက်စောစောစတင်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူတွေပေါ် နှင်းဆီတွေတင်တာ အလေးနီပြုတာတွေ ပြုလုပ်ခဲ့တာ" လို့ သပိတ်ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။
"ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၁ လပိုင်းတုန်းကလည်း တခါလှူဒါန်းတယ်။ ဒီလ ၂ ပိုင်းမှာလည်း ထပ်ပြီး လှူဒါန်းတယ်။ အိမ်ထောင်စုတစုအတွက် ဆန် ၄ ပြည်၊ ဆီ၊ ဆား ၊ ငါးခြောက်နဲ့ အဝတ်အထည်တွေကို လှူဒါန်းခဲ့တယ်" လို့ ဆိုပါတယ်။
"ဒီနေ့ ပခုက္ကူမှာ အဲလိုဖြစ်စဥ် ၂ ခုဖြစ်တယ်လို့ သိရတယ်။ အမှတ် ၈ နဲ့ အမှတ် ၁၀ ရပ်ကွက်တွေမှာ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းဆဲဖြစ်တယ်။ အမှတ် ၈ မှာကတော့ လူပဲ ဖမ်းသွားတယ်လို့ သိရတယ်" လို့ ပခုက္ကူ ပအဖ တာဝန်ရှိသူက ပြောပါတယ်။
"မြေပြင်အခြေအနေ အေးဆေးသွားတာနဲ့ ချက်ခြင်းသွားရောက်ဖို့ စီစဥ်နေပါတယ်။ ကျနော်တို့က ဝေမျှခဲ့သမျှ စစ်ဘေးသင့်သူတွေရဲ့ လက်ဝယ်အရောက် ဝေမျှပေးတာပါ။ ဘယ်အဖွဲ့အစည်း လက်ထဲကိုမှ မထည့်ပါဘူး။ အခုလည်း ဆေးဝါးပစ္စည်းအပြင် အခြားအသုံးအဆောင် ၇ မျိုးလောက်လည်း ပါပါတယ်" လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
"ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" စာသားကိုင်ဆောင်ကာ အညာပစ်တိုင်းထောင်လေးများအဖွဲ့နဲ့ မုံရွာလူငယ်များအစည်းရုံးတို့က ပူးပေါင်းခဲ့ကြတာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြို့လှကျေးရွာက ပြည်သူတွေကို ကျေးရွာကထွက်မသွားရင် မီးရှို့မယ်လို့ ခြိမ်းခြောက်မောင်းထုတ်ပြီး ပြည်သူအယောက် ၅၀ လောက်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"နမခထဲကို ရှော့တိုက်ဒုံး ၄ လုံး ပစ်သွင်းတာမှာ ၃ လုံး ကွဲတယ်။ ၁ လုံးကတော့ မကွဲလိုက်ဘူး။ ဂိုဒေါင်တွေ၊ ဂိတ်တွေပျက်စီးသွားတယ်။ ၉ နာရီမှာ ပစ်ခတ်တဲ့အခါကျတော့ စကစတွေ တန်းစီနေကြတဲ့အချိန်မှာဖြစ်လို့ တော်တော်များများ ကျဆုံးသွားတာ။ ၃ နာရီမှာ တိုက်တာကျတော့ အဆောက်အဦတွေ ပျက်စီးတာများတယ်။ အထိအခိုက်တော့ နည်းတယ်ပေါ့" လို့ ဆိုပါတယ်။
ကလေးမြို့၊ စစ်ကောင်စီလက်အောက်ခံ ခရိုင်ဆည်မြောင်းရုံးအနီးမှာ အထိုင်ချတပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၁ နာရီမှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။