သတင်းတို

ခမရ - ၁၅ ထဲကို စစ်ကောင်စီအရာရှိတွေ ရောက်နေချိန် ဗုံးကြဲလို့ သေဆုံးမှုရှိဟုဆို

"ဒုချုပ်-စိုးဝင်း ပါတယ်လို့ကြားတယ်။ သံမဏိစက်ရုံ စစ်ဆေးဖို့လာတာ။ ရဟတ်ယာဥ်နှစ်စင်းနဲ့ လာပြီးတော့ ခမရ ၁၅ ထဲ အရင်ဆင်းတယ်။ အဲ့အချိန်မှာ ကျနော်တို့ကဒရုန်းနဲ့ဗုံး ၄ လုံးချခဲ့တာပါ။ စစ်သား ၇ ဦးသေတယ်။ ၈ ဦးဒဏ်ရာရတယ်”

ကန့်ဘလူမြို့မှာ မေလအတွင်း စစ်ရှောင် ၈ ဦးမြွေကိုက်ခံရ၊ တနှစ်ကျော်အတွင်း ၆၉ ဦးအထိရှိလာ

"ဒီလထဲမှာတင်ပဲ ၈ ဦး မြွေကိုက်ခံရတာပါ။ အားလုံးကျန်းမာရေးကောင်းမွန်ပါတယ်။ သူတို့ကို BPI နဲ့ အိန္ဒိယ မြွေဆိပ်ဖြေဆေးထိုးပြီးကုသပေးခဲ့ပါတယ်။ စုစုပေါင်း တနှစ်ကျော်အတွင်းမြွေကိုက်ခံရသူ ၆၉ ဦးရှိပါပြီ "

Young Force UG ဆီ တပ်သား ၁ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ၊ စုစုပေါင်း ၁၁ဦးထိရှိလာ

လွန်ခဲ့တဲ့ ၂ပတ် မေလ ၁၈ရက် ကတည်းက တပ်မ ၁၀၁ ကနေ MA 1 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၀ နဲ့အတူ အလင်းဝင်လာလို့ သိန်း ၁၀၀ ကျော် ချီးမြင့်ခဲ့ပြီးဖြစ်ပေမယ့် လုံခြုံရေးအရ ဒီနေ့မှ ထုတ်ပြန်ခဲ့တာလို့ Young Force (UG) တာဝန်ခံက ပြောပါတယ်။

ခံဝန်ထိုးပြီးနေတဲ့ ပဲခူးတိုင်း လဝကဝန်ကြီး ၅၀၅ ၂မှုနဲ့ ပြန်ဖမ်းခံရ

"ဘယ်နေ့ကဖမ်းတယ်ဆိုတာမသိရဘူး။ မေလ ၂၁ ရက်က ပေါင်းတည်မှာ သူ့ယောက္ခမဆုံးလို့ ပြန်လာတာကိုတွေ့တယ်။ သူကအရင်တခါအဖမ်းခံပြီး ပြန်လွတ်ကတည်းက ရန်ကုန်မှာနေတာဆိုတော့ အဆက်အစပ်မရှိဘူး။ ခုဖမ်းတာကလည်း ပြည်ဒကစက ဖမ်းတာလို့သိရတယ်။"

ရေကြောင်းဖြတ်သန်းခွန်ထဲက သိန်း ၃၀၀ ကျော်ကို စစ်ဘေးရှောင်တွေအတွက် လှူတန်း

“ဒေသဖြတ်သန်းခွင့် ကောက်ခံမှုကနေ ရရှိတဲ့ငွေနဲ့ ဒီအလှူကိုလုပ်တာပါ၊ သွားလှူချိန်မှာလည်း စစ်ကြောင်းက အကုန်ဖျက်စီးသွားတော့ နေစရာအိုးအိမ်မရှိ၊ ငို‌ယိုနေကြတာတွေပဲ မြင်ခဲ့ရတယ်၊ လက်နက်ကြီးထိမှန်ထားတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေလည်း ရှိသေးတယ်"

ဖဲဝိုင်းလိုင်းကြေးမရလို့ အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ပစ်ခတ် ၁ ဦးသေဆုံး၊ ငွေ သိန်း ၇၀ ပေးပြီး ခြိမ်းခြောက်ကျေအေးခိုင်း

“အုပ်ကြီး သန်းဝင်းက သေနတ်ကိုင်ခွင့်ရထားတာ။ ဖဲဝိုင်းလုပ်ရင် လိုင်းကြေးလာလာကောက်တယ်။ အရင်ကတော့ပေးနေကျ။ ခဏခဏတောင်းတော့ လူပါးဝလို့ဆိုပြီး ခုတခေါက်မပေးဘူး ပြောတော့ ပြသနာတက်ကြပြီး အုပ်ကြီးက သေနတ်နဲ့ပစ်တာ”

ကန့်ဘလူနယ်မှာ ပိန္နဲသီးခူးသွားရင်း မိုင်းနင်းမိလို့ ၉ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

“ပိန္နဲပင်က ရွာပြင်ဘက်မှာရှိတယ်။ အဲဒီအပင်နားမှာ တဲရှိတယ်။ ပျူစောထီးတွေက မိုင်းကို တဲဘေးမှာ ထောင်ထားတယ်။ အဲဒါ အသက်အငယ်ဆုံးကလေးက နင်းမိပြီး အကုန်ထိကုန်တာ။ ဗူတီကိုတော့ မနေ့က သဂြိုလ်ပေးလိုက်ပြီ၊ ဦးမောင်ငွေက အဆုတ်ကိုထိသွားတယ်။ စိုးရိမ်ရတယ်။ ထွန်စည်သူအောင်က မျက်လုံးကိုထိသွားတယ်။ ဘာမှကောင်းကောင်းမမြင်ရတော့ဘူးလို့ ပြောတယ်”

ချောင်းဦးမှာ တရက်တည်း PDF စခန်း၂ ခုမီးရှို့ခံရလို့ သိန်း ၃၀၀ ခန့်ဆုံးရှုံးဟုဆို

"လက်နက်တွေ၊ မိုင်းတွေ၊ ယမ်းထုပ်တွေ၊ ဆိုင်ကယ်တွေ၊ အိုးခွက်၊ ပန်းကန်တွေကအစ စခန်းမှာရှိသမျှ ပစ္စည်းတွေအကုန်လုံး မီးရှို့တဲ့အထဲပါသွားတယ်။ တန်ဖိုးအားဖြင့်ကတော့ သိန်း ၃၀၀ လောက်ရှိပါတယ်။ ပြီးတော့ မီးလောင်ပြင်ထဲ စခန်းကပစ္စည်းတွေနဲ့ရောလို့ လူအလောင်းတခုကိုလည်း တွေ့ရတယ်။ သူကဓားစာခံခေါ်ခံရသူဖြစ်နိုင်တယ်။ ဘယ်သူ၊ဘယ်ဝါဆိုတာကို မသိရဘူး "

ရေဦးနယ်၊ မုန်တိုင်ပင်ရွာကို စစ်တပ်က ၂ ကြိမ်မြောက်မီးရှို့၊ အိမ် ၁၇ လုံးပျက်စီး

"စစ်တပ်က ပထမတခါလည်း အိမ်တွေမီးရှို့တယ်။ ပြည်သူတွေကို အစုလိုက် အပြုံလိုက် မီးရှို့သတ်ခဲ့တယ်။ အခုလည်း ကောင်းတဲ့ကြီးတဲ့အိမ်တွေ မီးထပ်ရှို့တယ်။ အဲ့ဒီရွာနားမှာ မိုင်းဆွဲခံရတော့ အထိနာသွားတယ်။ ရွာမီးရှို့တော့ အပြစ်မဲ့ပြည်သူတွေပဲ ဒုက္ခရောက်တာပေါ့ဗျာ"

အင်းတော် မြို့နယ်ထွေ/အုပ်ရုံးရဲ့ယာဥ်မောင်း ရွာကိုအလည်ပြန်ချိန် ရှင်းလင်းခံရ

"သူက အိမ်ထဲမှာရှိနေတဲ့အချိန် ပစ်ခတ်ခံလိုက်ရတာ။ နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်။ သူက အိမ်ကိုအလည်ရောက်နေတာ။ ဘယ်အဖွဲ့က ပစ်သတ်သွားလည်းဆိုတာကိုတော့ မသိဘူးဗျ။ သူ့အလောင်းကို စကစတွေက (မေ ၃၁)မနက်မှာ လာယူသွားကြတယ်"

ပေါက်မှာ ဒလန်လို့ မှားပြီး ရှင်းလင်းခဲ့မိတဲ့ ရပ်/ကျေး ပကဖခေါင်းဆောင်အပါ ၂ဦးကို ဥပဒေအရ အရေးယူထား

“ကလေးတွေကို မသေချာဘဲနဲ့ ဒီလို အဆုံးစီရင်လိုက်တယ်ဆိုတော့ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းတယ်ပေါ့။ ဖမ်းပြီး မေးမြန်းစစ်ဆေးတဲ့အချိန်ကျတော့ တရားစီရင်ရေးတွေ၊ အချုပ်ထောင်တွေ မပေါ်သေးတဲ့အချိန်(၂၀၂၁ခုနှစ်)ဆိုတော့၊ သူတို့ကို ခဏ အာမခံနဲ့ပေးပြီးတော့ တော်လှန်ရေးပြီးတဲ့ကာလပဲဖြစ်ဖြစ်၊ တရားဥပဒေ ပေါ်လာတဲ့ကာလပဲဖြစ်ဖြစ် မင်းတို့ဟာ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရမယ်။ တရားဥပဒေအရပေးတဲ့ ပြစ်ဒဏ်ကို ခံယူရပါမယ်ဆိုတဲ့ ခံဝန်လက်မှတ်တွေနဲ့ ပြန်ထွက်လာတာပါ”

မိုးရွာလို့ယာခင်းတဲထဲဝင်နားချိန် မိုးကြိုးထိလို့ အမျိုးသား ၃ ဦးသေဆုံး

"သူတို့လယ်ထဲက နှမ်းခင်းကို ရေသွင်းနေတဲ့အချိန် မိုးရွာ၊ လျှပ်စီးတွေလက်နေလို့ ယာခင်းတဲထဲ ဝင်နားလိုက်ကြတယ်။ သူတို့တဲထဲရောက်ပြီးချိန်မှ မိုးကြိုးကပစ်တာ။ သူတို့နားနေတဲ့ တဲကိုထိပြီး သူတို့ ၃ ယောက်လုံးပါ မိုးကြိုးထိပြီး သေသွားတာ။ ၂ ယောက်က ညီအကိုဝမ်းကွဲ၊ တယောက်က အလုပ်သမား "

စစ်သားနဲ့ပျူတွေက ပေါက်တောင်ပိုင်းကျေးရွာတွေကို ၅ ရက်ကြာ မီးရှို့ပြီး ဒေသခံ ၂ ဦးကို ပစ်သတ်

"အပြစ်မဲ့ပြည်သူကို ဖမ်းမိတဲ့နေရာမှာ ဘာမှမမေးဘဲ သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်သွားတယ်။ ချောင်းနားရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း မတရားယူတယ်။ သယ်လို့မနိုင်တဲ့ ပစ္စည်းတွေ၊ အိမ်တွေ မီးရှို့ပစ်တာ။"

မိုခါမုန်တိုင်းကြောင့် လယ်ယာသုံးကျွဲ ၁၅၀ ခန့်သေလို့ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေ

"ကျေးရွာ ၂ ရွာပေါင်းမှာမှ ကျွဲအကောင်ရေ ၃၀၀ လောက်ပဲရှိတယ်။ ခုက ထက်ဝက်လောက်သေသွားတာဆိုတော့ လုပ်ငန်းခွင်အချိန်မီဝင်လို့ မရဘူးဖြစ်နေတယ်။ လက်ရှိ ကျွဲကျန်ခဲ့တဲ့သူတွေ လုပ်ငန်းခွင်ပြီးမှ အခြားသူက ငှားလုပ်ရမယ့် အခြေနေပါ။ အချိန်မီ မစိုက်ပျိုးနိုင်ရင်တော့ အထွက်ကျတာနဲ့ ပိုးမွှားဖျက်ဆီးတဲ့ဒဏ်တွေ ခံရနိုင်တယ်။”

တောင်ငူ လေကြောင်းရန်တပ်က ဗိုလ်မှူး ရဲနိုင် ကို PDF က အနီးကပ်ပစ်ခတ်ရှင်းလင်း

“သူက ဒုဗိုလ်မှူးကြီးလို့သိရတယ် နာမည်ကရဲနိုင်။ သူ့ကိုရှင်းလင်းဖို့ကျနော်တို့ဘက်က ၇ ရက်လောက်အချိန်ယူရတယ်။ အရပ်ဝတ်နဲ့ဆိုင်ကယ်နဲ့ လျှောက်သွားနေတာ။ ကျနော်တို့ထင်တာတော့ ထောက်လှမ်ရေးလုပ်နေတယ်လို့ ထင်တယ်။ အမြန်လှုပ်ရှားပြီး ချက်ချင်းပစ်၊ ချက်ချင်းပြန်ဆုတ်ခဲ့ရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10