သတင်းတို

စစ်တပ်က စစ်ကိုင်းနယ်က ရွာ ၂ ရွာကိုမီးရှို့လို့ နေအိမ် ၆ လုံးပျက်စီး

“သူတို့မနက်က သဗြူးရွာက အိမ် ၂ လုံးကို အရင်မီးရှို့တယ်။ ပြီတော့ ကုန်းတန်းလေးရွာထဲကို ဝင်လာပြီး သူတို့လိုက်ရှာနေတဲ့ လူတဦးရဲ့နေအိမ်ကို မီးလာရှို့လိုက်တယ်။ မီးရှို့ပြီးတော့ မအူပင်အနောက်ဘက်ကို ထွက်သွားတာ။ ထွက်သွားပြီး ကုန်းတန်းလေးရွာကို ပြန်လာတဲ့အချိန် မိုင်းမိသွားတော့ သူတို့ကား ၂ စီးက ကြေသွားတယ်။ အဲ့ဒါနဲ့ ကုန်းတန်းလေးရွာထဲဝင်ပြီ ထပ်ပြီ မီးရှို့တော့တာပဲ”

ကနီက CDM ဆင်ဦးစီးမိသားစုတွေ ရပ်တည်နိုင်ရေး ခက်ခဲနေပြီး ဆင်တွေကိုစွန့်လွှတ်ရမယ့် အခြေနေဖြစ်နေ

"အဓိကကတော့ သူတို့ရဲ့စားဝတ်နေရေးနဲ့ ကျန်းမာရေး အဓိကခက်ခဲနေတာပါ။ စားဝတ်နေရေးခက်ခဲနေရင် သူတို့က ဆင်တွေကိုစွန့်ပြီး နေရပ်ပြန်မယ်လို့ ဆိုပေမယ့် စားဝတ်နေရေးအထောက်အပံ့ရရင်တော့ ဆင်တွေကိုဆက်ပြီး ထိန်းကျောင်းသွားကြမှာပါ"

ခင်ဦးက ရွာသစ်ရွာကို စစ်တပ်က မနက်အစောကြီး မီးဝင်ရှို့လို့ ဒေသခံ ၃,၀၀၀ ကျော်ထွက်ပြေးနေရ

"ရွာသားတွေက ထွက်ပြေးချိန်မရလိုက်ဘူးဗျ။ အိမ်ဘယ်လောက် မီးရှို့နေတာလည်းဆိုတာကိုတော့ မသိရ သေးဘူး။ ရွာထဲက မီးခိုးတွေ၊ မီးလောင်နေတာတွေကို အခုထိမြင်နေရတယ်။ စကစနဲ့ပျူတွေကတော့ ရွာရဲ့ဘုန်းကြီးကျောင်းမှာ ဝင်နေတယ်လို့သိရတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေတော်တော်များများ ရှိနိုင်တယ်"

ဂန့်ဂေါမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိဟုဆို

"လက်နက်ငယ်တွေ ၄၀ မမတွေ အပေါ့စားဗုံးပစ်လောင်ချာတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲပြီးတော့ စစ်တပ်ဘက်က ဒဏ်ရာရသူတွေရော ကျဆုံးသူတွေရောပါ သူတို့အထိုင်ချတဲ့ ကင်းကျေးရွာရဲစခန်းကို ခေါ်သွားတယ်။ "

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သရက်ခရိုင် ပကဖတာဝန်ခံ ဦးမြတ်ကို ပျောက်ဆုံးနေ

"သူထွက်သွားမယ့်နေ့မှာ ရဲဘော်တွေကို တန်းစီခိုင်းပြီးတော့ သေနတ်အတိုတလက်ခါးကြားထိုးပြီး ဘယ်သူမှ လိုက်မလာနဲ့ဆိုပြီး ပြောပြီး ထွက်သွားတယ်။ ခုထိ သူနဲ့ပတ်သက်ပြီး သတင်းအတိအကျ မရသေးသလို သတင်းတွေကလည်း အမျိုးမျိုးထွက်နေတယ်"

ကနီနယ်ကျေးရွာတရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေပစ်ခတ်

"လေယာဉ်က ၂ ခါဝဲပီးမှ ပစ်တာဗျ ။ ပထမတခါဝဲနေတဲ့အချိန် ပြည်သူတွေပြေးကြတာ။ နောက်တပတ်ဝဲပြီးမှ လေယာဥ်ပေါ်ကနေ စက်လတ်နဲ့ပစ်တာ။ မိနစ် ၂၀ကျော်တယ်”

Expressယာဥ်နဲ့ ဘုန်းကြီးကား ခေါင်းချင်းဆိုင်တိုက်မိလို့ ဘုန်းကြီး ၁ပါး ပျံလွန်၊ ၁ ပါးဒဏ်ရာရ

"သိရသလောက်က ဘုန်းကြီးမောင်းလာတဲ့ကားက အဝေးကနေကတည်းက ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့မောင်းလာတာတဲ့။ ဖြစ်တဲ့နေရာကလဲ ကုန်းအတက်အဆင်း နေရာနားမှာဆိုတော့ ကား ၂ စီးလုံးက သူရှောင်ကိုယ်ရှောင်နဲ့ လမ်းပြောင်းပြန်တွေဖြစ်ပြီး တိုက်မိတာ"

မင်းလှမှာ PDF ရဲဘော်တွေစီးလာတဲ့ကား ချုံခိုတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး

"သူတို့က သရက်ခရိုင်ထဲက သင်တန်းဆင်းလာတဲ့ ရဲဘော်တွေပါ။ သရက်၊ ကံမ၊ မင်းတုန်းဘက်ကပေါ့။ ရဲဘော်တွေရဲ့ အသေးစိတ်အချက်အလက်ကိုကျတော့ မသိရသေးဘူးဗျ။ သူတို့ အဖွဲ့တွေက ထုတ်ပြန်ချက်ထွက်လာမှ သိရမယ်" လို့ သူက ဆက်ပြောပါတယ်။

တပ်မ ၃၃ တပ်စွဲထားတဲ့ရွာ လက်နက်ကြီးနဲ့ ပစ်ခံရလို့ ဗိုလ်တဦးအပါ ၉ ဦးသေဆုံး

"လက်လုပ်လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၁၅၀ ပစ်ခတ်ခဲ့တာ။ တဖွဲ့ကို ၁၀ လုံးနှုန်းနဲ့ ပစ်ခတ်ခဲ့တာ။ ကျနော်တို့ ရဲဘော်တွေထိခိုက်သေဆုံးမှုမရှိပေမဲ့ ကင်းထောက်ဝေဟင်ဒရုန်း ၁ စီးတော့ စစ်ကောင်စီဘက်ကပစ်ချလို့ ပျက်စီးသွားတယ်"

ဘုတလင်က မီးဘေးရှောင် ၃၀၀ ကျော်ကို PDF က စားနပ်ရိက္ခာထောက်ပံ့

"နေအိမ်တွေပြာကျသွားတဲ့ သူတွေကတော့ ရွာထဲမှာ မနေကြတော့ဘူး။ ရွာမှာက မီးမလောင်သွားတဲ့ အိမ်သားတွေ တချို့ပဲနေကြတယ်။ ကျနော်တို့က မီးဘးသင့်တွေကို စောင့်ရှောက်ပေးထားတယ်။ ဒီနေ့ဆိုရင် ဆန်၊ ဆီ၊ ဆားကအစပေါ့၊ အဝတ်အထည်တွေကို ကျနော်တို့တတ်နိုင်တဲ့ငွေနဲ့ ဝယ်ယူပြီး လှူပေးပါတယ်"

မင်းလှမှာ PDF ရဲဘော်တွေစီးလာတဲ့ကား ချုံခိုတိုက်ခိုက်ခံရလို့  ၈ ဦးသေဆုံး

သေဆုံးခဲ့တဲ့ရဲဘော် ၈ ဦးမှာ သရက်၊ ကံမ၊ မင်းတုန်းပူးပေါင်းအဖွဲ့ကဖြစ်ပြီး သူတို့ဟာ အခြေခံစစ်ပညာ သင်တန်းဆင်းပြီး မင်းလှမြို့နယ်ထဲကို ပြန်လာချိန် စစ်ကောင်စီကင်းပုန်းတွေနဲ့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

NUG က ယင်းမာပင်ခရိုင် တပ်ရင်း (၁၆)ကို ပထမဆုံးအကြိမ်အဖြစ် လက်နက် ၅ လက်တပ်ဆင်ပေး

"ဒီလက်နက် ၅ လက်နဲ့ မပြည့်စုံသေးပါဘူး၊ တပ်ရင်းတရင်းလုံး တပ်ဆင်ပေးမှပဲ။ ကျနော်တို့တတွေ ထိုးစစ်ကိုပြန်ဆင်နိုင်မှာပါ၊ တပ်ရင်းတရင်းလုံး တပ်ဆင်ပေးဖို့ ကျနော်တို့အစိုးရကိုတောင်းဆိုရမှာပဲ။ အစိုးရအနေနဲ့လည်း အခက်အခဲတွေရှိတာကြောင့် တပ်ရင်းတိုင်းလိုလိုအပြည့်အစုံ မတပ်ဆင်‌နိုင်သေးဘူး၊ ဒီ ၅ လက်နက်နဲ့ပဲ ရုန်းကန်ရမှာပေါ့" လို့ ဗိုလ်အောက်ဆွဲက ဆိုပါတယ်။

လေပြင်းကြောင့် နေအိမ်ပေါ်သစ်ကိုင်းပိလို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

"မနေ့က မိုးကလည်း တော်တော်ကောင်းတယ်။ လေကလည်းကောင်းတယ်။ သူတို့အိမ်နားမှာရှိတဲ့ ကုက္ကိုလ်ပင်ကနေ အကိုင်းကြီးပြတ်ကျတာ အိမ်ပေါ်တည့်တည့်ကျတာ။ မိသားစုတွေက အိမ်ထဲမှာရှိနေချိန်ဆိုတော့ ထိကုန်တာ။ အိမ်ကလည်း သွပ်မိုး၊ ထရံကာဆိုတော့ အကိုင်းကျတဲ့ အရှိန်နဲ့အိမ်ပါပျက်စီးသွားတယ်"လို့ ပြောပါတယ်။

ဝက်လက်မှာ စစ်တပ်က စစ်ကြောင်းထိုးလို့ ဒေသခံ ၂ ထောင်ကျော် ထွက်ပြေးနေရ

“အဲဒီ စကစတွေက မနေ့ (မေ ၃၀) ကတည်းက သခွတ္တောကျေးရွာမှာ တညအိပ်စခန်းချခဲ့တာ။ ဒီနေ့မနက် ပြန်ထွက်ချိန်တော့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး၊ စကစတွေဘက်က ထိခိုက်မှုကိုတော့စုံစမ်းနေဆဲ။ အဲဒီစကစတွေက အရှေ့ဘက်ကို ပြန်တက်လာတော့ ရွာသားတွေထွက်ပြေးနေရတယ်၊ ထွက်ပြေးနေရတဲ့ ရွာသားဦးရေက ၂ ထောင်ကနေ ၅ ထောင်နီးပါးအထိ ရှိနိုင်တယ်”

စေတုတ္တရာတိုက်ပွဲမှာ ကပစ ၂၀ က တပ်ကြပ်ကြီး ၂ ဦးအပါ ၃ ဦးသေဆုံး၊ သေနတ် ၁ လက်ရ

"စေတုတ္တရာမြို့ဘက်ကို ဝင်လာတာကို တိုက်ခိုက်ခဲ့တာပါ။ နှစ်ဘက်တိုက်ခိုက်ချိန် နာရီဝက်လောက် ကြာပါတယ်။ ကျနော်တို့က ကျည်ကုန်လို့ ဆုတ်လိုက်ရတဲ့သဘောပါ။ ကျနော်တို့ရဲ့ မဟာမိတ် PRA က ရဲဘော်တဦး လက်နက်ငယ်ထိပြီး ကျဆုံးခဲ့ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10