သတင်းတို

မင်းဘူးမြို့နယ်ထဲမှာ လေပြင်းထိလို့ နေအိမ် ၁၂၂ လုံးပျက်စီး

"ဖြစ်ချိန်ခါက လေတွေပဲ အရင်တိုက်လာတာ။ ပြီးမှ မိုးပါ ပါလာတာ။ မြို့ပေါ်ရပ်ကွက်တွေမှာလည်း တော်တော်လေး ပျက်စီးတာတွေရှိတယ်။ ကျနော်တို့ ရုံးလည်း လေပြင်းတိုက်တဲ့အထဲ ပါသွားလို့ ပြိုကျသွားတယ်။ ရွာတွေဘက်မှာလည်း တော်တော်လေး ပျက်စီးသွားတယ်လို့လည်း သိရတယ်"

လေယာဥ်နဲ့ဗုံးကြဲခံရလို့ ဒေသခံ ၃ ဦးသေပြီး၊ ၃ ဦးဒဏ်ရာရ

"ဗုံးကြဲသလို စက်သေနတ်နဲ့ ပစ်တာလည်း ရှိတယ်။ ဘုမ္မတီး စကစ တပ်စွဲထားတဲ့နေရာကနေလည်း လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ လေယာဥ်ဗုံးကျတာမဖြစ်ခင် တနာရီလောက်အလိုမှာ ဘုမ္မတီးမှာ တပ်စွဲထားတဲ့ စကစနေရာကို ကာကွယ်ရေးအဖွဲ့တွေဘက်က ဝင်ပစ်တာရှိတယ်။ အဲဒါကြောင့် လေယာဥ်နဲ့ ဗုံးလာကြဲတဲ့ အခြေနေထိ ဖြစ်သွားတယ်လို့ ယူဆရတယ်။ စကစ ဘက်က လေယာဥ်နဲ့ လာကြဲချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက ရွာထဲမှာ တယောက်မှ မရှိတော့ဘူး။ ရွာသားတွေပဲ ကျန်တဲ့အချိန် လာလုပ်တာ"

နွားထိုးကြီးရဲစခန်း ဒရုန်းနဲ့ဗုံးချခံရလို့ ရဲကားမီးလောင်ပြီး ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာပြင်းထန်ဟုဆို

"ရဲစခန်းဝန်းထဲက အိမ်စီးကားနား ရဲတွေစုပြုံနေတဲ့နေရာကို ဗုံးချခဲ့တာ။ ကားလည်း မီးလောင်ပျက်စီးသွားတယ်"

ဘုန်းကြီးကျောင်း ဓမ္မာရုံဆောက်ရာမှာ ဝင်ကူနေတဲ့ ဓားမဆိုင်းတပ်ဖွဲ့

“ရဲဘော် ရဲမေ ၈၀ ကျော်လောက်က သွားကူပေးကြတာ။ ဒီနေ့သွားရောက်ကူတာက တိုက်ပွဲမရှိလို့ မဟုတ်ပါဘူး။ မအားတဲ့ကြားက သွားရောက်ကုသိုလ်ပြုလုပ်ကြတာပါ။ စခန်းထဲက ရဲဘော်တွေကို ဘယ်နေ့ဘယ်ရက်မှာ ငါတို့ကျောက်လောင်းကုသိုလ် လုပ်ရအောင်လို့ ကြိုပြောထားပြီး သွားရောက်ကူညီကြတာ သူတို့လေးတွေကိုလည်း ကုသိုလ်ရစေချင်တာရယ်။ လူလိမ္မာလေးတွေ ဖြစ်စေချင်တာကြောင့်ရယ်ပါ”

မြိုင်နယ်က စစ်ရှောင်တွေကို WLM နဲ့ ဒေသတွင်းပကဖတွေက ရိက္ခာထောက်ပံ့

"စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ အဝတ်တထည်ကိုယ်တခုနဲ့ ပြေးကြရတယ်။ အရေးကြီးတဲ့ ပစ္စည်းတချို့နဲ့ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်။ စားဖို့သောက်ဖို့ဆိုတာလည်း များများစားစား ပါမလာကြပါဘူး။ အခုလို ဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့အခက်ခဲကို နည်းနည်းလောက်ဖြစ်ဖြစ် စိတ်သက်သာရာ ရစေချင်တာ"

စစ်အုပ်စု ဖမ်းဆီးစစ်ဆေးနေတုန်း အပြန်အလှန်တိုက်ခိုက်ကြလို့ PDF ၁ ဦးနဲ့ စစ်သား ၁ ဦးသေဆုံး

“**တွေမရှိသေးဘူးဆိုပြီး ဆူးလေကုန်းရွာကို သွားကြတာ။ **တွေက ရွာအပေါက်ဝမှာ ထမင်းချက်ပြုတ်စားနေကြပြီး သူတို့ထဲက ၂ ကောင်က ရွာထဲဝင်ထွက်သွားလာတဲ့သူ အကုန်လုံးကို စစ်ဆေးနေတာ။ ရဲဘော်တွေ အစစ်ခံရပြီး ဒူးထောက်ခိုင်းတဲ့ အချိန်မှာ ** ၂ ကောင်ကို ဝင်လုံးတာ”

ပေါင်းတည်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၃ ဦးသာ ပြန်လွတ်

"သူတို့က ထောင်ထဲမှာ ၂ နှစ်ကျော်နေခဲ့ရပြီး လွတ်ရက်စေ့ဖို့ လအနည်းငယ်လောက်ပဲ လိုတော့တာ။ အခုပြန်မလွတ်လည်း မကြာခင်လွတ်မယ့် သူတွေပါ။ မြင်ရတာတော့ အားလုံးကျန်းမာရေး ကောင်းတဲ့ပုံစံတွေပါ"

ပြည်ထောင်မှ ၅၀၅-က လွတ်ငြိမ်း ၄၉ ဦးရှိပြီး သံသယနဲ့ပြန်ဖမ်းသူ၊ လုံးဝလွတ်မပေးသူများလည်းရှိ

"ကျနော်တို့ သိတဲ့တယောက်ဆို လွတ်ငြိမ်းပါပြီးမှ မပါဘူးဆိုပြီး သံသယနဲ့ ပြန်ထိန်းထားတယ်။ သူ့ရင်ဝ ဆောင့်ကန်လိုက်သလို ဖြစ်တာပေါ့။ အခုမနက်မှ စာရင်းပြန်ဖျက်တယ်။ အပြင်က စောင့်နေကြတဲ့ သူမိသားစုရော အထဲကသူရော တလွဲဖြစ်ကုန်တာပေါ့"

မီးမလာရေပြတ်လို့ စစ်ကိုင်းတံတားအောက် မြစ်ထဲ နေ့စဉ် ရေချိုး၊ ရေစိမ်လာသူ ရာချီရှိနေ

"ဧပြီလလောက်ကတည်းက မီးကမမှန် ရေကမရတာနဲ့ အပူကလည်း ပြင်းတာနဲ့ ညနေလောက်ဆို မြစ်ဆိပ်ကို လာကြပြီ။ မီးဆိုတာလည်း တနေ့ကို သုံးလေးနာရီလောက်ပဲ လာတာဆိုတော့။ နေ့စဥ် မြစ်ဆိပ်ရေဆင်းချိုးတဲ့သူနဲ့ အပန်းဖြေသူတွေဆိုရင် ၅၀၀ အထက်လောက်ရှိမယ်။ လူတွေကတော့ ညနေဆိုရင် လာနေကြတုန်းပဲ"

ပေါင်းတည်မှာ စစ်သားနဲ့ ရဲက ဆိုင်ကယ်ဖမ်းပြီး ငွေတောင်း

“အဖမ်းခံရတဲ့သူတွေကို ရဲစခန်း၊ ဒါမှမဟုတ် အုပ်ချူပ်ရေးမှူးအိမ်ကို ခေါ်တယ်။ ပြီးရင် တသိန်းတောင်းတယ်။ အဲဒါ တောင်းတောင်းပန်ပန်နဲ့ ၅၀၀၀၀ ပေးလိုက်ရတယ်။ တကယ်တမ်းက သေနတ်ကိုင်ပြီး ငွေတောင်းနေတာပဲ”

ပခုက္ကူက ကျေးရွာတွေကို စစ်တပ်ကဝင်စီးပြီး တောင်သူတဦးကို ပစ်သတ်ကာ ဆိုင်ကယ်အစီး ၃၀ ကျော် ယူသွား

"စစ်ကြောင်းထိုးလာတဲ့အချိန်မှာ သူကစိုက်ခင်းကိုရေတင်နေတာ။ အဲအချိန်မှာ စကစတွေက စိုက်ခင်းနားကိုရောက်လာတော့ သူကထွက်ပြေးလို့ လိုက်ပစ်လိုက်တာ။ သေနတ်မှန်ပြီးတော့ သွေးထွက်လွန်ပြီး ပွဲချင်းပြီးသေသွားတာ"

ခင်ဦးမှာ ဒေသခံတွေအပြင် စစ်ရှောင်တွေပါ ရေမလောက်ငှမှုနဲ့ ရင်ဆိုင်နေရ

“နဂိုကဆို ရေအိုင်တွေရှိတယ်။ အဲ့အိုင်တွေကနေ ချိုးရေဆိုလည်းဒါပဲ။ သောက်ရေဆိုလည်း ဒါပဲ။ ဒါပေမယ့် ခုနွေရာသီရောက်တဲ့အခါမှာ အဲ့အိုင်တွေကလည်း ရေတဖြည်းဖြည်းခမ်းလာတယ်။ ရေတော်တော်ကို ရှားပါးပြီး သောက်ရေအတွက် ရေရတဲ့နေရာထိကို လှည်းတွေနဲ့ လာသယ်နေရတယ်။ ညအိပ်လာသယ်ရတာတွေရှိတယ်။ လူတွေသောက်ဖို့တောင် ခက်ခဲနေတော့ နွားတွေကိုလည်း အချိန်မှန်မှန်မတိုက်နိုင်တော့ သေဆုံးတာတွေ ဖြစ်ကုန်တာ။"

စစ်ကိုင်းက ရွာမရွာစီးနင်းခံရပြီး ရပ်/ကျေး ပကဖရဲဘော်တဦး အသတ်ခံရ

"ကျနော့် တပည့်တယောက်ကတော့ အဖမ်းခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ ရုပ်အလောင်းကို ရွာသုဿန်မှာ တွေ့ရတယ်။ လက်နက်စတွေ မှန်သွားတဲ့ နောက်ထပ် တပည့် ၂ ယောက်ကိုတော့ ဆေးကုသပေးထားတယ်"

ပြည်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါနဲ့ အဘွားအို ၁ ဦးသေဆုံး

"ဆုံးသွားတဲ့သူက ပြည်ကတော့ မဟုတ်ပါဘူး။ ကိုဗစ်ဆိုတာကို ဆေးရုံက ဆရာဝန်တွေက အတည်ပြုပေးထားတာပါ။ သူက ဆေးရုံလာတက်တာ တပတ်လောက်ရှိနေပြီလို့တော့ သိရတယ်။ ဘာရောဂါနဲ့လာတက်တာလဲ ဆိုတာတော့ မသိရဘူး။ ဆေးရုံက စစ်ဆေးချိန်မှာ တွေ့တဲ့ ကိုဗစ်ပိုးက အရင်ကဖြစ်နေတဲ့ ပိုးအမျိုးအစားတွေတော့ မဟုတ်ဘူး။ မျိုးကွဲအသစ်ပုံစံဖြစ်နိုင်တယ်လို့တော့ သုံးသပ်ထားကြတယ်"

စဉ့်ကူးနယ်က ပျူစောထီးခေါင်းဆောင်နေအိမ် မီးရှို့ခံရ

"ငမော်က ဒလန်လုပ်နေတာကြာပြီ။ သူ့ကို ပကဖတွေက ဖမ်းဖို့လိုက်နေလို့ စစ်တပ်ထဲမှာ နေနေတယ်။ သူ့ အိမ်ကို ပကဖဘက်က မီးလာရှို့တာ၊ ဘေးကအိမ် ၂ လုံးပါ လောင်သွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10