သတင်းတို

အကြိမ်ကြိမ်မီးရှို့ခံရတဲ့ ရွာက စစ်ရှောင်တွေနေတတ်တဲ့ အထက်တန်းကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြန်

“စာသင်ကျောင်းက ပိတ်ထားတာတော့ ကြာပြီ။ ဒီစာသင်ကျောင်းဟာ ဘေးရွာက စစ်ရှောင်တွေလာရင်လည်း အဲဒီစာသင်ကျောင်းထဲမှာပဲ လက်ခံကျွေးမွေးတာတွေ လုပ်တယ်။ စစ်ကြောင်းက စာသင်ကျောင်းထဲဝင်ပြီတော့ မိုင်းခွဲပြီးမီးရှို့တယ်။ ကျောင်းဝန်းထဲမှာရှိတဲ့ သူငယ်တန်းကနေ ၅ တန်း ၆ တန်းအထိရှိတဲ့ ကျောင်းဆောင်လေးကတော့ သူတို့မီးရှို့မရှို့တာတော့ အတည်မပြုနိုင်သေးဘူး”

ငါးမျှားတံ လိုက်ဆယ်ရာက ကြွက်တက်ပြီးရေနစ်လို့ အမျိုးသား ၁ ဦးသေဆုံး

"သူက ငါးမျှားနေရာကနေ သူငါးမျှားတံကို ငါးက ဆွဲသွားတာ။ အဲ့ဒါကို လိုက်ဆယ်ချိန် ကန်လယ်လောက်ရောက်တော့ ကြွက်တက်ပြီး ရေနစ်သေတာ။ ကန်ကလည်း ဘက်ဟိုးတွေနဲ့ တူးထားတာဆိုတော့ ဝါးနှစ်ပြန်လောက်နက်တယ်။ သူက တယောက်တည်းနေတာလို့တော့ သိရတယ်"

စစ်ထောက်လှမ်းရေးတွေရှိနေတဲ့နယ်က တန့်ဆည်ပင်မသပိတ်စစ်ကြောင်း

“စစ်ကောင်စီတပ်က ထောက်လှမ်းရေးတွေနဲ့ လိုက်နေတယ်၊ အဓိက စစ်ရေးအခြေအနေကိုပေါ့၊ သူတို့ ခံရတာများတော့ သပိတ်ကိုလည်း အာရုံစိုက်လာတယ်၊ အင်အားလည်း ကောင်းတယ်လေ။ ဒါကြောင့် အခုတလော သပိတ်ကိုအာရုံပြောင်းလာကြတာ၊ ခုထိတော့ အဆင်ပြေပါသေးတယ်”

ချောင်းဦးက အဓမ္မပြုကျင့်၊ လူသတ်မှုကျူးလွန်သူ ရပ်/ကျေးပကဖ ၄ ဦးကို NUG က စစ်ဆေးအရေးယူ

ပြီးခဲ့တဲ့ ၈ လ အကြာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ချောင်းဦးမြို့နယ် ရပ်၊ ကျေးပကဖအဖွဲ့ဝင် ၄ ဦးဟာ အရွယ်မရောက်သေးသူ ကလေး ၄ ဦးအပါအဝင် ၇ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ တိုင်ကြားစာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်မှာ လက်ခံရရှိခဲ့ပြီး အဲဒီအမှုနဲ့ပတ်သက်လို့ ရက်သတ္တပတ် ၁ ပတ်အတွင်း တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးလုပ်ဆောင်ခဲ့တယ်

ပျူရွာက လက်နက်ကြီးနဲ့ မကြာခဏပစ်လို့ ပခုက္ကူနယ်ရှိ ကင်းရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ

“ရွာသားတွေက တောထဲမှာပဲ ထန်းလက်တွေနဲ့ တဲထိုးပြီးနေကြတယ်။ ထန်းပင်တွေမှာ ထန်းလက်တွေချိုးစရာ မရှိလောက်အောင်ပါပဲ။ မိုးရွာတဲ့နေ့တွေဆိုရင် ပိုဆိုးတယ်။ စစ်ကြောင်းတွေထိုးလာရင်လည်း ထပ်ပြီးထွက်ပြေးရသေးတယ်”

ပဲခူးရိုးမအခြေမှာ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရလို့ အထိနာ

“စစ်ကြောင်းက ချောင်းစောက်နဲ့ကိုင်းချိုကြီးကနေ ပ စောက်ပုံနဲ့ တက်လာတာကို ကိုင်းချိုကြီးစစ်ကြောင်းကို တာဝါတိုင်ရွာနားမှာ ကျနော်တို့ထောင်ထားတဲ့ ပဒေသာမိုင်း ၇ လုံးကွဲပြီးချိန်မှာ ၄၀ မမ ၅ လုံးနဲ့ထပ်ပစ်တာမှာ ၁ လုံးက သူတို့အလယ်ကိုကျပြီး စစ်သား ၃ ယောက်သေပြီး ဒဏ်ရာရကုန်တာ"

စစ်ကောင်စီက ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းပြီး မိုင်းရှင်းလို့ မိုင်းအလုံးရေ ၁၀၀ ကျော်ဆုံးရှုံး

"(မိုင်း)ရှာတဲ့နေရာမှာ အရင်ကတော့ အနီးအနားရွာက လူတွေကို ဓားစာခံအနေနဲ့ ခေါ်လာပြီးရှာတယ်။ နောက်ပိုင်းကျတော့ သူတို့မိုင်းရှာတော့မယ်ဆိုရင် ခရီးသွားကားတွေ ရပ်ခိုင်းတယ်။ လူတွေကိုဆင်းခိုင်းပြီးမှ မိုင်းရှာတာ။ အခြားပြည်သူတွေ ရှိနေတော့ ကျနော်တို့ဘက်က ဒီအတိုင်းမြင်နေရပြီး မလုပ်လိုက်ရဘူး ဖြစ်နေတာ"

စိုက်ခင်းထွက် ကြက်သွန်နီတွေကို PDF တပ်ဖွဲ့တွေဆီပြန်လည်မျှဝေ

“ကြက်သွန်စနှုတ်တဲ့ရက်ထဲက အခုထိ Local PDF တပ်ဖွဲ့ ၅၀ လောက်ကိုမျှဝေထားပါတယ်။ ကျန်တဲ့ ကြက်သွန်ကတော့ စစ်ရှောင်ရိက္ခာအတွက်ပါ။ ခရမ်းသီးတို့ဘာတို့က ထွက်နေသေးတယ်။ ပဲသီးကတော့ တုန်းပြီး မသီးတော့ဘူး။ စိုက်တာက သဲသောင်ပေါ်မှာ စိုက်တယ်။ စိုက်ဧက ၁ ဧကပါပဲ”

စစ်ကိုင်း-မုံရွာကားလမ်းမှာ ညဘက်မောင်းလာတဲ့ စစ်ကောင်စီယာဉ်ကြောင်း မိုင်းဆွဲခံရ

"ကား ၃ စီးမှာ ၂ စီးကိုမိုင်းဆွဲနိုင်ခဲ့တာ။ ပထမ တစီးဆိုရင် ကားကထိုးရပ်သွားတယ်။ ၅မိနစ်လောက် ကြာတယ်။ ယာဥ်မောင်းထိသွားတဲ့သဘော။ ဒုတိယအစီးကျတော့ ထိထိမိမိဆွဲနိုင်ခဲ့ပေမယ့် ရပ်မသွားခဲ့ဘူး။ သေဆုံး၊ ဒဏ်ရာရတာတွေ များနိုင်တယ်ဗျ။ သေဆုံးမှုကိုတော့ ကျနော်တို့လည်း စုံစမ်းနေတယ်"

ပန်းတောင်းက မီးသဂြိုလ်စက် လုပ်ငန်းသုံးပစ္စည်းတချို့ ခိုးယူခံရ

"ဘယ်အချိန် ဖြုတ်ခိုးသွားမှန်းကို မသိဘူး။ ဒီပစ္စည်းတွေခိုးယူခံတော့ မီးသဂြိုလ်ရင်တံခါးကပိတ်မရတော့ မီးညွှန့်တွေက အပြင်ထွက်ကုန်တယ်။ အနံ့အသက်တွေလည်းအပြင်ကိုထွက်ကုန်တာ။ အနားကလုပ်ဆောင်ပေးနေရသူတွေရဲ့ ကျန်းမာရေးပါ ထိခိုက်နိုင်တာပေါ့"

လွတ်ငြိမ်းစာရင်းပါ ဆရာအတတ်သင်ကျောင်းသား ၂ ဦးကို ၅၀ ည နဲ့ ပန်းတောင်းအချုပ်မှာ ပြန်ဖမ်းထား

"သူတို့က ပညာရေးကောလိပ်က ကျောင်းဆရာပေါက်စလေးတွေပါ။ လွှတ်ပေးပြီးကာမှ ပန်းတောင်းစခန်းဘက်က ရဲတွေက ခေါ်ပြီး ခံဝန်နဲ့ပြတ်လွှတ်ပေးမယ်ပြောတယ်။ အခုတော့ မလွှတ်တော့ဘူး ပန်းတောင်းရဲအချုပ်မှာဖမ်းထားတယ်။ ပထမ ၅၀၅-က နဲ့အမိန့်ချပြီးသားကို ရဲတွေက ၅၀-ည နဲ့ ပြင်ဆင်ချက်တက်တယ်ဆိုလို့ မလွှတ်တော့ဘူး"

မြင်းခြံထောင်က နိုင်ကျဉ်း ၂၁၇ ဦးလွတ်၊ ပခုက္ကူနဲ့ မုံရွာက နိုင်ကျဉ်းတွေလည်းပါဝင်

“၅၀၅ သီးသန့်အကုန်လွှတ်မပေးဘူး၊ ကျန်ကာလ တနှစ်အောက်တွေကိုပဲ လွှတ်ပေးတာ၊ ထွက်လာသူတွေက ကျန်းမာရေးကောင်းကြပေမယ့် အထဲမှာက ဆေးဝါးလိုအပ်ချက်တွေ အများကြီးရှိနေတယ်၊ ဘာရောဂါဖြစ်ဖြစ် ဆေးတမျိုးပဲပေးတယ်”

သပိတ်ကျင်းမှာ လေပြင်းတိုက်ချိန် သစ်ပင်ပိလို့ ၃ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူ သေဆုံး

"ဖြစ်တဲ့အချိန်က ညဘက်လေထိလို့ အပင်က အိမ်ပေါ်ပြိုကျတယ်။ မယ်ဇလီပင်က အမြစ်ကလည်း မခိုင်ဘူးလေ။ အိမ်ကလည်း တဲအိမ်ခြေတံရှည် ထရံကာ၊ သွပ်ကိုတောင် ဝါးညှပ်မိုးထားရတာ။ ဖြစ်တဲ့အချိန်မှာလည်း သူ့အမျိုးသားက ရွှေမျော ညဆိုင်းသွားလို့ သားအမိနှစ်ယောက်တည်း အိမ်မှာရှိတာ။ တရွာလုံးမှာ သူတို့တအိမ်တည်း ဖြစ်သွားတာ"

လူသတ်လုယက်သူအမျိုးသားကို ပေါင်းတည်စစ်ခုံရုံးက ၁ လနဲ့အမှုစစ်ပြီး သေဒဏ်ချမှတ်

"ထောင်မှာ အသစ်ဆောက်ထားတဲ့ စစ်ခုံရုံးကနေ အမှုကိုတလအတွင်း အပြီးစစ်ပြီး သေဒဏ်ချလိုက်တာ။ မနေ့ကတခါတည်း သာယာဝတီထောင်ကို ပို့လိုက်တယ်။ သွားပို့တဲ့အချုပ်ကားတောင် ည ၈ နာရီ လောက်မှ ပြန်ရောက်တယ်"

သာယာဝတီထောင်မှ ၅၀၅-က နဲ့ နိုင်ကျဉ်း ၂၀၀ ကျော်လွတ်ပြီး CDM တချို့ကျန်နေသေး

"သာယာဝတီနယ်ကအတော်များများ လွတ်တယ်။ အဲ့ဒီအထဲမှာ ၅၀၅.က နဲ့အဖမ်းခံထားရတဲ့ ဆရာဆရာမ ၇ ဦး ပါတယ်။ ၂ ဦးက လွတ်တဲ့အထဲမပါဘဲ ကျန်နေသေးတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10