သတင်းတို

ကဝမြို့ပေါ်က ဖမ်းဆီးခံလူငယ် ၂ ဦး ၁၀ ရက်ကြာတဲ့အထိ အဆက်အသွယ်ပြတ်နေ

“သူတို့က မုဒုရွာကိုရောက်နေတဲ့အချိန် ဖမ်းခံလိုက်ရပြီး စစ်ကြောရေးပို့လိုက်တယ်လို့ဘဲ သိရတယ်။ ဘာကြောင့်ဖမ်းခံရတယ်ဆိုတာရော အခုထိအဆက်အသွယ်ပြတ်နေပြီး ဘာမှမသိရသေးဘူး။ သူတို့ရဲ့မိသားစုဝင်တွေလည်း တခုခုဖြစ်သွားမှာ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

ဆားတောင်ရဲစခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

“ရဲစခန်းထဲမှာ ရဲတွေတံမြက်စီးလှည်း သန့်ရှင်းရေးလုပ်နေတဲ့အချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာမှာ တံမြက်စီးလှည်းတဲ့နေရာနဲ့ ဘန်ကာအနီးကို ပဒေသာဗုံးသီး ၄ လုံးကျပေါက်ပြီးတော့ ၃ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်" လို့ Zero ပြောက်ကျားတပ်မဟာ - တပ်ရင်း ၇ - မြင်းခြံခရိုင် တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။

ရိက္ခာဖူလုံဖို့ တပိုင်တနိုင်စိုက်ပျိုး၊မွေးမြူရေးလုပ်ကိုင်နေတဲ့ ဂန့်ဂေါ PDF

"ရေရှည်စားဖို့ အခက်အခဲဖြစ်လာတာကနေ ဟင်းရည်သောက်တောင်မပါဘဲ ဖြစ်သလိုစားခဲ့ရတာတွေရှိလာတာရယ်၊ မိုးတွင်းဆိုရင် လမ်းခရီးကဆိုးတော့ ဝယ်ဖို့မလွယ်ဘူး။ မစိုက်ချင်ကျပေမယ့် ရှိတာနဲ့စားရတာကြာတော့စိုက်ခင်းလုပ်ဖို့ ဖြစ်လာတာ" လို့ ပြောပါတယ်။

ရေနံချောင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးဆိုသူ ရှင်းလင်းခံရ

“အဲဒီအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်ဟာ လက်ရှိရဲ* စစ်*တွေနဲ့ပေါင်းပြီးတော့ မီတာခတွေ အတင်းအဓမ္မကောက်တယ်၊ လောင်းကစားဝိုင်း လုပ်တယ်၊ ရေနံတွေ မှောင်ခိုလုပ်စားတယ်၊ အဲ့ဒါတွေကြောင့် မနေ့က ညက ၁၂ နာရီခွဲလောက်မှာ ၂ ဖွဲ့ပေါင်းပြီး သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ပြောပါတယ်။

လှေခွင်းတောင် အပန်းဖြေစခန်းအနီး ပေါင်းလောင်းမြစ်အတွင်း လူငယ် ၂ ဦး ရေနစ်သေဆုံး

"သူတို့ ၂ ယောက်က အခြားသူငယ်ချင်းတွေနဲ့အတူ ရေဆော့နေတာဘဲ။ အခြားအပန်းဖြေလာ သူတွေလည်း ရေကစားနေကြသူတွေ အများသားဘဲ။ အဲဒီမှာမှ သူတို့က ရေနက်တဲ့နေရာရောက်ပြီး နစ်သွားတာ။ တနာရီလောက်အကြာရှာဖွေပြီးမှအလောင်းပြန်ရတာ" လို့ ပြောပါတယ်။

ပဲခူးမှာ ညသန်းခေါင်ကျော် မီးလောင်မှုဖြစ်ပြီး နေအိမ် ၉ လုံးဆုံးရှုံး

"လူတွေအိပ်ကောင်းနေချိန် မီးထလောင်တာ။ မီးလောင်တဲ့အိမ်တွေက ပျဥ်ထောင်၊ပျဥ်ခင်းအိမ်တွေများတော့ လောင်စာကောင်းတော့ မီးကူးမြန်ပြီး အခြားအိမ်တွေလည်းကူးသွားတာပါ။ လူထိခိုက်တာတော့ မရှိဘူး" လို့ ပြောပါတယ်။

စစ်ကိုင်းမှာ UBP ပါတီ ကိုယ်စားလှယ်ဟောင်း သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

" သူနေတာက ရွာသစ်ကြီးမှာနေတာ။ ခုဖြစ်တာက ဆွမ်းချက် ရထားလမ်းအကျော်နားမှာဖြစ်တာ။ သူအလုပ်အကိုင်ကတော့ အရောင်းဝယ်လုပ်တယ်လို့တော့ သိရတယ်။ ကျန်တဲ့အခြေနေကတော့ သူဘာတွေလုပ်လဲဆိုတာမသိရဘူး"

ချောင်းဦးတွင် စစ်ကောင်စီက PDF ရဲဘော်နဲ့ ပြည်သူ ၈ ဦးကိုသတ်၊ ၅ ဦးကို ခေါင်းဖြတ်ခဲ့

“စစ်ကြောင်းက သူတို့ဆီဦးတည်လာတာ၊ ကြားမှာရှိတဲ့ ကင်းတွေနဲ့ကလည်း ထိတွေ့မှုဖြစ်နေပြီ၊ စခန်းကိုရောက်ဖို့ မိနစ်ပိုင်းပဲလိုတော့တဲ့အချိန် ချက်ချင်းဆုတ်ဖို့ ညွှန်ကြားချက်ပေးတယ်။ ဖြစ်ချင်တော့ သူက ဆုတ်တော့ဆုတ်မှာ မဆုတ်ခင်မှာ မိုင်းဆင်ခဲ့ဦးမယ်ဆိုပြီး မိုင်းတပ်ဆင်တဲ့အချိန် ပွိုင့်တပ်စိတ်နဲ့ တည့်တည့်ကြီးတွေ့ပြီး အဖမ်းခံလိုက်ရတာ၊ ဆုတ်ဖို့ ညွှန်ကြားချက်ပေးချိန် တခါတည်း တန်းဆုတ်သွားရင် အကုန်လွတ်တယ်၊ အမိန့်နာခံမှုအားနည်းတာ။ လုပ်ချင်ဇောကြီးသွားတာလို့ပဲ သုံးသပ်ရမယ်"

သမဝါယမမြေဟုဆိုပြီး မိသားစု ၁၈ စုရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဖိအားပေးဖယ်ရှား

"သူတို့တွေက ဒီနေရာမှာနေလာတာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီ။ သူတို့နေအိမ်တွေကို သမဝါယပိုင်မြေထဲမှာ ပါနေတယ်။ ဖယ်ရှားပေးရမယ်။ မဖယ်ရှားရင်ဖမ်းဆီးပြီး ထောင်ချလိုက်မယ်။ ထောင်တွေကို ချဲ့ပေးရမလားလို့ ပြောခဲ့တယ်။ လက်မှတ်ကိုလည်း အတင်းအဓမ္မထိုးခိုင်းလို့ထိုးခဲ့ရတယ်"

အမရပူရမြို့နယ် စစ်ကောင်စီလဝကရုံး ဗုံးပစ်ခံရလို့ ဝန်ထမ်း ၃ ဦး ဒဏ်ရာရ

"မနေ့ညနေပိုင်း လဝကရုံး ဗုံးပစ်ခံရတာကဟုတ်တယ်။ အမျိုးသမီးဝန်ထမ်း ၃ ဦးကတော့ ဗုံးစထိမှန် ဒဏ်ရာရသွားတာရှိတယ်"

သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ်ရှင်းလင်း

"သူ့မှာက စစ်တပ်ကပေးထားတဲ့ သေနတ်အတိုတလက်၊ အရှည်တလက် ၂ လက်ရှိတယ်ဗျ။ ပြီးတော့ သူ့သားတယောက်က စစ်ဗိုလ်ရှိတယ်။ အခုနေပြည်တော်မှာ တာဝန်ကျနေတယ်လို့ သိထားရတယ်။ သူ့ရဲ့ ဦးခေါင်းနဲ့ကျောကုန်းကို အနီးကပ်ပစ်ခတ်ခဲ့တာပါ"

ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံသူ ၅၀ ထက်မနည်းရှိလာပြီး အသက်မပြည့်သူ ၂ ဦးသာ ပြန်လွတ်

"စဖြစ်တဲ့နေ့ကတည်းက မနေ့ကထိဆို ဖမ်းဆီးခံရသူက ၅၀ ကျော်လောက်ရှိလာပြီ။ လူငယ် ၂ ဦးကိုဘဲ ပြန်လွှတ်သေးတယ်၊ အသက်မပြည့်သေးလို့။ ကျန်တဲ့သူတွေကိုတော့ ဆက်ဖမ်းထားသေးတယ်။ မိသားစုဝင်တွေနဲ့တော့ ဘယ်သူမှတွေ့ခွင့်မရသေးဘူး"

နောင်ကြီးအိုင်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေ ၁၂ ဦးဒဏ်ရာရပြီး Jammer စက်ပျက်စီးဟုဆို

"ကြဲချလိုက်တာမှာ အဆောက်အဦပေါ်တည့်တည့်ကျတယ်။ ဘန်ကာ‌ထဲကိုလည်း တည့်တည့်ကျတယ်။ အဆောက်အဦတွေလည်း အမိုးတွေလန်ပြီး ပျက်ဆီးသွားတယ်။ အဲ့ဒီအဆောက်အဦမှာတပ်ထားတဲ့ Jammer စက်ပျက်ဆီးသွားတယ်"

စစ်ကောင်စီသတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးကတိုင်လို့ စစ်ရှောင် ၄ ဦးဖမ်းဆီးခံရ

"အဖမ်းခံရသူတွေက စစ်ဘေးရှောင်တွေပါ။ သူတို့ကို ချစ်လွင်နဲ့သိန်းလွင်အပါအဝင် စကစလေးယောက်က နေအိမ်ကနေဖမ်းလာတာ။ ညောင်လေးပင်မြို့က စစ်တပ်ထဲကိုခေါ်သွားတာပါ။ အိမ်ပိုင်ရှင်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ ဒီလိုပဲ ချစ်လွင်နဲ့သိန်းလွင်က ပိုက်ဆံရဖို့ဆိုရင် ဘာမဆိုလုပ်နေကြတာ"

ယာဉ်ထိန်းရဲနဲ့ပေါင်းပြီး ဆိုင်ကယ်ကူဖမ်းပေးသူအမျိုးသား ဆိုင်ကယ်တိုက်လို့ သေဆုံး

“ဆိုင်ကယ်သမားက အဖမ်းမခံပဲ မောင်းပြေးတာ၊ အဲဒီလူက ဆိုင်ကယ်ရှေ့ ပိတ်ရပ်လိုက်တာ အဲတာကို အရှိန်ကအရမ်းပါနေတော့ တိုက်မိပြီ ဦးခေါင်းကွဲသွားတယ်။ သူက အဲလိုကူဖမ်းပေးနေတာကြာပြီ။ တချို့ကားသမားတွေ ကယ်ရီသမားတွေကအစ ကူဖမ်းပေးကြတာ။ သူတို့ကို ကူဖမ်းပေးရင် ပိုက်ဆံအချိုးကျပေးသလို၊ လုပ်ပိုင်ခွင့်တချို့ကိုလည်း ပေးတယ်လို့ကြားတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10