သတင်းတို

မြိုင်နယ်၊ မန်ကျည်းလေးပင်ရွာက အိမ်တွေကို ပျူတွေ မီးထပ်ရှို့ပြန်

“ဖမ်းဆီးခံရတဲ့ပြည်သူတွေတော့ မရှိပါဘူး။ သားအမိနှစ်ယောက်ကတော့ လက်နက်အစ ထိမှန်သွားတာတော့ ရှိတယ်။ ရွာထဲကို မီးလာရှို့တာက ပျူတွေပဲ အင်အားဘယ်လောက်နဲ့ ဝင်လာလဲမသိရသေးဘူး”

သမချေးငွေပြန်မဆပ်နိုင်သူတွေရဲ့ ကလေးငယ်အပါအမျိုးသမီးအချို့ကို ဓါးစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီး

"အခုက နိုင်ငံရေးအခြေအနေကမကောင်း၊ လူတွေကလည်း လုပ်ရကိုင်ရတာ အဆင်မပြေကြဘူးဗျ။ ကျနော်တို့ဆိုရင် ၂ သိန်းချေးထားတာ။ တချို့ဆိုရင် ၅ သိန်း၊ ၆ သိန်းချေးကြတာပေါ့။ အဲတာကို ရဲ၊ စကစတွေက တောင်းတာဗျ။ လူတွေကလည်း ၁ သိန်းရှိတသိန်းပေးကြတယ်။ ၅ သောင်းရှိရင် ငါးသောင်းပေးကြတယ်ဗျ။ ဒါကိုအကြွေးမရလို့ဆိုပြီး ဖမ်းတာ။ ဖမ်းရင်လည်း ရိုက်နှက်ကြတယ်။ ဒါကြောင့် ပြေးနေရတာ"

ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများဟုဆို

"ချသမျှ ဗုံးသီးတွေကတော့ ကျကွဲပါတယ်။ ပထမတကြိမ် ဗုံးချတဲ့အကြိမ်မှာ စကစဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို မြေပြင်သတင်းပေးပို့ချက်တွေအရ ပြန်သိရတယ်။ နောက်တနေ့ နေ့လည်လောက်မှာ ဖြစ်တဲ့ဟာကျတော့ ထိခိုက်သေဆုံး ထပ်မသိရဘူး။ မြေပြင်နဲ့ အဆက်အသွယ် မရသေးလို့ပါ"

လေကြောင်းရန်တွေကြားက အကျဉ်းချုံးကျင်းပခဲ့တဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲနဲ့ ကတိသစ္စာဆိုပွဲ

“လေယာဉ်တွေဝဲနေတဲ့ကြားက ကျနော်တို့ရဲ့ အထိမ်းမှတ်နေ့လေးဖြစ်နေလို့ လုပ်ခဲ့တာ၊ သင်တန်းဆင်းပွဲမှာဆို ပထမဆုံး အမျိုးသမီးရဲဘော်တွေ ပါဝင်လာတယ်”

ပေါင်းတည် NLD မြို့နယ်အလုပ်မှုဆောင်တဦး ဖမ်းဆီးခံရပြီး ၁ ပတ်ကျော်အကြာမှာ သေဆုံး

"ကိုမြင့်ထွန်းသေဆုံးတဲ့သတင်းက မေလ ၂ ရက်ကတည်းက ပေါင်းတည်မြို့ထဲမှာ ပျံ့နေပြီ၊ မိသားစုက မသိဘူး။ မနေ့(ဧပြီလ ၃ ရက်)ကမှ သူ့မိသားစုကတဆင့် စကားကြားပြီး လိုက်စုံစမ်းမှ အလောင်းက ပြည်မြို့ကုတင် ၁၀၀ ဆေးရုံမှာ ရှိနေတယ်ဆိုတာသိရတာ။ သင်္ဂြိုလ်တဲ့အခါမှာလည်း မိသားစုဝင် ၂ ဦးပဲလာဖို့ စစ်အုပ်စုဘက်ကပြောလို့ မိသားစုက သင်္ဂြိုလ်တာကိုမသွားဘူး“

နောက်ကျန်ခံပစ်ရင်း သေဆုံးခဲ့တဲ့ရဲဘော်အတွက် ရက် ၆၀ ပြည့်ကုသိုလ်ကောင်းမှု ပြုလုပ်

"တခြားရဲဘော်တွေလွတ်ဖို့ ခံပစ်ရင်းကတိုက်ပွဲမှာ ကျခဲ့တာပါ။ စစ်ကူသွားရင်းလမ်းမှာ စကစ တွေရဲ့ချောင်းပစ်တာကို ခံရတယ်။ ကျဆုံးရဲဘော်ရဲ့အလောင်းတော့မရလိုက်ဘူး။ စကစ တွေမီးရှို့သွားတယ်။"

အရာတော်နယ်က ကြွေပုဂံရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

“တိုက်ပွဲမဖြစ်ပဲနဲ့ ရွာထဲကိုဝင်လာတယ်။ ပြီတော့ ရွာကိုမီးရှို့တယ်။ ဒီနေ့မနက်နေအိမ်တွေ မီးထဲဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်။ ရွာထဲကို မဝင်ကြသေးဘူး။ အခုချိန်ထိတော့ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိတယ်လို့မကြားမိသေးပါဘူး”

ရေတာရှည်မှာ နေအိမ်ထဲရှိနေတဲ့ လင်မယား ၂ ဦး ပစ်သတ်ခံရလို့ သေဆုံး

"ဖြစ်တဲ့အချိန်မှာ မယားဖြစ်သူက အိမ်ပေါက်ဝကို ကျောပေးထိုင်နေတာ။ လင်ဖြစ်သူက အိပ်နေတာ။ အဲဒါကို စိတ်ကြိုက်ဝင်ပစ်သွားတဲ့ သဘောပါ။ အလောင်းတွေနားမှာတော့ ကျည်ခွံ ၄ ခုတွေ့တယ်လို့တော့ သိရတယ်။ သူတို့က ရွာမှာ လယ်ပိုင်ယာပိုင်ဆိုတော့ ပိုက်ဆံရှိတဲ့အထဲပါတယ်။ အရင်ကတော့ NLD ပါတီဝင်ဖြစ်ခဲ့ဖူးတယ်လို့တော့ သိရတယ်။ ရပ်ကျေးအဆင့်ပေါ့။ ခုနောက်ပိုင်းတော့ ဘယ်လိုလဲဆိုတာတော့ မသိရဘူး။"

တိုက်ပွဲမရှိဘဲ စစ်တပ်ကဗုံးကြဲလို့ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါ ၆ ဦးသေဆုံး

“စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဘေးက အိမ်တွေကို လေယာဉ်နဲ့ ၃ ခေါက်တိတိ လာပစ်တာဆိုတော့ ပဇီကြီးလိုပဲလို့ ပြောလို့ရတယ်၊ ပထမတခေါက်လာကြဲတုန်းက ထွက်ပြေးတဲ့သူတွေက နောက်တခေါက်လာပစ်တဲ့ချိန်မှာ လွတ်သွားတာမျိုး၊ ဗုံးက တလုံးပဲချလို့ ဒီလောက်အသေပျောက်နည်းတာ၊ ပြီးတော့ ဂျက်ဖိုက်တာနဲ့ကြဲတယ်၊ သေတာက ကလေးပါမယ်၊ အဖွားအရွယ်ပါမယ်၊ လူလတ်ပိုင်းတွေ ပါမယ်၊ အရွယ်စုံတယ်ဗျ။”

တောင်ငူမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်

“ ရိက္ခာပို့တဲ့ကားတန်းထဲက ၁ စီးကို ကျနော်တို့က လက်နက်ငယ်တွေနဲ့ ၂ ဘက်ညှပ်ပစ်ကြတာ။ ကားတစီးလုံးလည်း စုတ်ပြတ်သွားတယ်။ ပစ်ခတ်ချိန်က ၅ မိနစ်လောက်ပဲရှိတာ၊ အဲ့အချိန်မှာ စစ်ယာဉ်တန်းကို လမ်းကင်းလုံခြုံရေးယူပေးနေတဲ့ စစ်သားတွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ဆုတ်ခွာခဲ့လိုက်ရတယ်။ ရိက္ခာကားပေါ်ကစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်"

ထီးလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦးခန့်သေဆုံးဟုဆို

“အောင်းမြောက်ရွာအရှေ့နား အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာ၊ တိုက်ပွဲချိန်က မိနစ် ၂၀ လောက် ကြာခဲ့တယ်၊ ၇ ဦးသေပြီး ဒဏ်ရာရရှိသူတွေရှိတယ်၊ တိုက်ပွဲဖြစ်ပွားချိန်မှာ ဂျက်ဖိုင်တာ ၁ စီး ဝဲလာတာကြောင့် အဖွဲ့တွေ အမြန်ဆုတ်ခွာခဲ့ရတယ်”

ပြည်ပရောက်မြန်မာတွေက ပုလဲနယ်ရှိ မီးဘေးသင့်ပြည်သူတွေကိုထောက်ပံ့လှူဒါန်း

"ကျနော်တို့အိမ်ကို မီးရှို့ခံရရင် ဘာတွလိုအပ်မလဲဆိုတာ စဥ်းစားမိလို့ ဒီပစ္စည်းတွေလှူဖြစ်တာဗျ။ မီးရှို့ခံရလို့ နေစရာမရှိတာက ဖြစ်သလိုနေလို့ရတယ်။ လူတွေက အသက်ရှင်ဖို့ နေ့တိုင်းစားနေရတာဗျ။ စားဖို့အတွက် ချက်ပြုတ်ရမဲ့အိုးခွက်တွေကအစ လိုအပ်နေတာကြောင့် လှူဖြစ်တာ"

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြေလတ်ဒေသမှာ လေပြင်းတိုက်၊မိုးသည်းထန်မှုတွေဖြစ်ပေါ်နိုင်

“လမ်းကြောင်းက အိန္ဒိယကမ်းခြေဘက်ကို ယိမ်းသွားရင် မုန်တိုင်းဒဏ် တိုက်ရိုက်ခံရတာသက်သာပြီး၊ ဆန့်ကျင်ဘက်အနေနဲ့ မုန်တိုင်းလမ်းကြောင်းက ရခိုင်ကမ်းရိုးတန်းဘက်ကို ရွေ့လာရင်တော့ မြန်မာနိုင်ငံအတွက် မုန်တိုင်းလေပြင်းတိုက်တဲ့ ဒဏ်နဲ့မိုးများလွန်းလို့ နောက်ဆက်တွဲဖြစ်လာမယ့် သဘာ၀ ဘေးအန္တရာယ် ဆိုးကျိုးတွေကို ခံစားရမယ်”

မုံရွာမြို့ မြဝတီဘဏ်ရှေ့က စစ်အုပ်စု အလစ်ဝင် တိုက်ခံရလို့ ၁ ဦးသေ (ရုပ်/သံ)

"ကျနော်တို့ မနေ့ကပစ်ခတ်ခဲ့တာမှာ တယောက်ခေါင်းထိပြီး ချက်ခြင်းသေမသွားဘူး။ မုံရွာ စစ်ဆေးရုံက သတင်းပြန်ရတာက ဒီနေ့ နေ့လယ်လောက်မှာပဲ သေသွားတယ်"

ကျောက်ကြီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို စစ်အုပ်စုက ပစ်သတ်

"စကစဘက်ကပစ်သတ်တာပါ သူ့တို့လမ်းကြောင်းထွက်လာတာကို ဆိုင်ကယ်မီးထွန်း မောင်းလာလို့ဆိုပြီး ဘလိုင်းပစ်သတ်ခံရတာပါ။ နတ်သံကွင်းကနေ ကျောက်ကြီးဘက်ကိုလာတဲ့ စစ်ကြောင်းကနေ ပစ်သွားတာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10