ကြို့ပင်ကောက်မှာ အမျိူးသား ၁ ဦးရေနစ်သေဆုံး ၁ လကျော်တွင်း ၆ ဦးမြောက်သေဆုံးခြင်းဖြစ်
"သူနေတဲ့ အေးသန်းဆန်စက်ဝန်းထဲက ရေကန်ကြီးထဲမှာ ညအချိန်မတော် ရေဆင်းချိုးရင်း ဖြစ်တာပါ။ ရာသီဥတုကလည်း ပူတာလည်း ပါတာပေါ့။ ညတွင်းချင်းပဲ ဆယ်ယူခဲ့ပါတယ်''
"သူနေတဲ့ အေးသန်းဆန်စက်ဝန်းထဲက ရေကန်ကြီးထဲမှာ ညအချိန်မတော် ရေဆင်းချိုးရင်း ဖြစ်တာပါ။ ရာသီဥတုကလည်း ပူတာလည်း ပါတာပေါ့။ ညတွင်းချင်းပဲ ဆယ်ယူခဲ့ပါတယ်''
“ကျနော်တို့မြို့မှာက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတာ၊ မြို့ပေါ် ၉ ရပ်ကွက်မှာ တလတကြိမ် ပွဲရှိတယ်။ မြို့နယ်အတိုင်းတာမှာဆိုရင်တော့ တလလုံး မပျက်ဘူး။ ကျေးရွာတွေကို လှည့်လုပ်တာ၊ ခုဖောက်ခွဲခံရတဲ့ဝိုင်းက အရပ်သား လောင်းကစားဒိုင်ကိုင်တာ၊ အခုကတော့ ဝိုင်းတွေမရှိတော့ဘူး။ သင်္ကြန်ရက်ကြောင့် နားတာလည်း ဖြစ်နိုင်တယ်။ ဖောက်ခွဲခံရလို့ နားတာလည်း ဖြစ်နိုင်တယ်”
"စစ်တပ်စီးပွား ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာတန်းနဲ့အတူ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းရဲ့ ၇၆၄ ရက်မြောက်နေ့အဖြစ် ပြုလုပ်ခဲ့ရာ မြို့နယ်တွင်းက သပိတ်အင်အားစုတွေက လာရောက်ပူးပေါင်းခဲ့တယ်
"ဒီနေ့နံနက် ၇ နာရီမှာစပြီး ၇ ခွဲမှာပြီးတယ်ဗျ။ လမ်းမကြီးပေါ်မှာပါ လုံခြုံရေးအရမို့ပါ။ မုံရွာ-ယာကြီး-ကလေးဝ လမ်းက မဟာဗျူဟာကျတဲ့ လမ်းကြီးဆိုတော့ အချိန်ကြာကြာလုပ်ဖို့က အဆင်မပြေလို့ပါ။ အရင်နှစ်ကလည်း အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ပေးပါတယ်"
"သိရသလောက်က သူက ဘုရားဝင်းအတွင်း ဇောင်းတန်းမှာထိုင်ပြီး အခြားသူတွေနဲ့စကားပြောနေချိန် လာဝင်ပစ်သွားတယ်လောက်ပဲ သိရတယ်။ ကျည်ထိတာတော့ ၃ ချက်။ နေရာမှာပဲ သေသွားတယ်"
"ကျနော်တို့ ပထမရက် မုန့်ဟင်းခါးချက်တဲ့နေ့ကဆိုရင် မနက် ၆ နာရီကထဲက ပြင်ဆင်လိုက်တာ ၈ နာရီထိကြာသွားတယ်။ အရည်အတွက်လည်းများတာကို၊ ချက်ပြုတ်ပြီးတော့ ရွာသားတွေကို တအိမ်တက် တအိမ်ဆင်း လိုက်ဝေတယ်"
"မနက်က ဗုံးတွေ့တာလည်း ဟုတ်တယ်။ ဗုံးကွဲတာလည်း ဟုတ်တယ်။ အထုပ်တွေ့လို့ဆိုပြီးတော့ ရဲတွေကို လှမ်းခေါ်တာ။ အထုပ်တွေ့တော့ လမ်းကိုရှင်းထားပြီး စခန်းလှမ်းခေါ်တာ။ ရဲ ၅ ယောက် ၆ ယောက်လောက် လာတယ်။ ပထမ ရဲတွေက သေနက်နဲ့ဖောက်မယ်ဆိုပြီး လုပ်တာ။ ရဲတွေက ဗုံးကိုဝါးလုံးနဲ့ဆွတာမှာ ဗုံးကထကွဲတာ။ ဘယ်သူ့မှမရှိတဲ့အချိန်ကွဲတာ၊ထိခိုက်ဒဏ်ရာရရှိသူတော့မရှိဘူး။ အဲဒီပတ်ဝန်းကျင်က ဆိုင်ခန်းတံခါးတွေ မှန်တာတော့ရှိတယ်"
"စစ်ကောင်စီက သူအာဏာတည်မြဲဖို့ ဘာမဆိုလုပ်တော့မယ့် အခြေအနေမှာ ရှိတယ်။ အသက်ပေးလိုက်ရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ တော်လှန်ရေးက သွေးအေးသွားရင် ရက်စက်ယုတ်မာတာ။ လူအခွင့်အရေး ချိုးဖောက်တာတွေ ဒီထက်ပိုများနိုင်တယ်။ တတ်နိုင်သလောက် ပါဝင်ကူညီ လှူပေးဖို့လည်း တိုက်တွန်းချင်ပါတယ်”
"သူတို့လူ သူတို့ပဲ ပြည်သူတွေ မဝင်ရဲဘူး။ ဗုံးထိမှာ ကြောက်တာ။ ပြည်သူတွေ ဝင်မနွှဲတဲ့ပွဲ မသိရင် တပ်တွင်း သင်္ကြန် ကျရော။ တပ်ထဲမှာပဲ လုပ်သင့်တာ"
"လမ်းကဘယ်ရီဂိတ်တွေချထားတုန်းပဲ။ တခုပဲဖွင့်ပေးတာ၊ မဏ္ဍပ်ကိုသွားချင်ရင် ဘယ်ရီဂိတ်ကနေခြေလျင် သွားရတယ်။ ဆိုင်ကယ် စက်ဘီးမဝင်ရဘူး။ မဏ္ဍပ်မှာက ဘောမတွေပဲသွားတယ်။ သူတို့ကြည့်ရတာကြောက် နေပုံရတယ်။ လမ်းပေါ် ကလေးပဲရေကစားတာ။ တမြို့လုံး ဘယ်နေရာမှ ရေကစားမဏ္ဍပ် မရှိဘူး"
“ကန်သာယာ ပတ်ချာလည်မှာ လုံခြုံရေးတွေ ချထားတာ မနည်းဘူး။ သူတို့ဌာနဆိုင်ရာဝန်ထမ်းတွေကလွဲရင် ဘယ်သူမှ အဝင်မခံဘူး။ ပြောရရင် သူတို့လူတွေပဲ ရှိတာ။ ကျနော်တို့ ပြည်သူတွေ မရှိဘူး”
“စစ်ကောင်စီက လောင်းကစားဝိုင်းတွေနဲ့ ကျနော်တို့ပြည်သူတွေ နစ်မွန်းသထက် နစ်မွန်းအောင် ဒုက္ခပေးနေတယ်။ တော်လှန်ရေးမှာ အများပြည်သူတွေ မပါဝင်နိုင်အောင်အကြွေးဒုက္ခတွေနဲ့ လည်နေအောင် ဖျက်ဆီးနေတာ။ ထိုးသားပြည်သူတွေ ပြန်တဲ့အချိန်မှ ဦးဆောင်လုပ်တဲ့ပျူတွေကို မိုင်းဆွဲတိုက်ခိုက်တာပါ”
"အချိန်က မနက် ၇ နာရီမှာစပြီး ၇ နာရီ ၂ဝ မိနစ်မှာ ပြီးပါတယ်။ တူးမီးသပိတ် တူမီးသင်္ကြန်၊ အာဇာနည်စိတ်မွေး ဖက်ဒရယ်တည်ဆောက်၊ အလံမလိပ် အသံမတိတ် စခကျွန်မခံ ကနီသပိတ် ဘန်နာ စာသားတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးတရား ဟောပြောခဲ့ကြတယ်"
“သေဆုံးထဲမှာကို မိသားစုလိုက်ပါသွားတာ ရှိတယ်။ ပဇီကြီးက များတယ်။ တချို့ဆို ၄ ယောက်ပါတာ ရှိတယ်။ ၅ ယောက်ပါတာ ရှိတယ်။ တချို့မိသားစုဆို အမေတယောက်ကျန်တာ ရှိတယ်။ တချို့မိသားစုဆို အိမ်ထောင်ဦးစီးတယောက်ထည်း ကျန်တာတွေ ရှိတယ်။ တဦးတယောက် ကျန်တာက ကျနော် သိသလောက် ၃ ယောက် ရှိတယ်။ တချို့ဆို ရူးနေပြီလေ။ မနေ့တုန်းကကို ၂ ယောက်လောက် တွေ့ခဲ့တယ်။ အဲ့နားလေးမှာပဲ သူ့သားသူ့သမီးတွေရှိသေးဆိုတဲ့ ပုံစံမျိုးနဲ့ ပတ်သွားနေတာ။”
"သင်္ကြန်မှာ တခြားထွေထွေထူးထူးတော့ မရှိပါဘူး။ ပွဲကျင်းပတာတွေ ရေကစားတာတွေလည်း လုပ်ခွင့်မပြုထားပါဘူးခင်ဗျ။ သင်္ကြန်ကာလမှာ ဒုလ္လဘဝတ်ချင်တဲ့ ရဲဘော်တွေရှိရင် ဝတ်ခွင့်ပြုထားပါတယ်။ အရင်နှစ်တွေကလည်း ဒီတိုင်းပါပဲ"